မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • ။ မန်းနဲစံ (ဖားအံ) ။
    ။ မြန်မာ့စာပေလောကမှာ၁) ပါရဂူ၂) မောင်မဲ၃) လူထု ဦးလှ၄) ဒဂု ဦးစန်းငွေ၅)ငွေတာရီ၆) ဦးရွှေအောင်၇) ရွှေဘို မိမိကြီး၇) ရွှေဘို ဦးသန်းထွန်း၈) ဆန်းထွန်း(မန်းတက္ကသိုလ်)၉) ငွေဥဒေါင်းတို့နဲ့အတူ ဗုဒ္ဓစာပန်းချီစာရေးဆရာကြီးထဲက စန္ဒန (ဖားအံ) ဟာ အရှေ့ပိုးကရင်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သည်အလျှောက် သက္ကတ၊ ဟိန္ဒီဘာသာပြန်ကျမ်းစာများလည်း ကျွမ်းကျင်တော်မူသော ဆရာတော်တစ်ပါးဖြစ်ပါတယ်။ (၂၅.၉.၁၉၉၂) ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေလည်း ယနေ့ချိန်တိုင် သတိရနေဆဲ ဖြစ်တော်မူပါသည်ဘုရား။ တောမှီရဟန်း(၃၁.၅.၂၀၂၅) ရက်နေ့။ ဝီကီပီဒီးယားတွင် ဆက်လက်ဖတ်ရှုရန် – စန္ဒန – ဝီကီပီးဒီးယား (wikipedia.org)
  • ထရမ့်အစိုးရ ကမ္ဘာတစ်ဝှမ်း ကျောင်းသားဗီဇာလူတွေ့ဆုံမေးမြန်းမှုများကို ယာယီရပ်ဆိုင်းကာ လူမှုကွန်ရက်စစ်ဆေးမှုများ တိုးမြှင့်မည်
    ထရမ့်အစိုးရသည် အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် ကျောင်းသားဗီဇာအသစ်များအတွက် လူတွေ့ဆုံမေးမြန်းမှုများကို ကမ္ဘာတစ်ဝှမ်း ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာကျောင်းသားထောင်ပေါင်းများစွာ၏ ပညာသင်ယူရေးအစီအစဉ်များကို ထိခိုက်နိုင်သည့် မူဝါဒပြောင်းလဲမှုကြီးတစ်ရပ်ကို ဆောင်ကျဉ်းလိုက်သည်။ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်တွင် ကြေညာခဲ့သည့် ဤဆုံးဖြတ်ချက်သည် အမေရိကန်တွင် ပညာသင်ကြားရန် လျှောက်ထားသည့် နိုင်ငံခြားသားများအား လူမှုကွန်ရက်မီဒီယာ စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဓိကမူဝါဒပြောင်းလဲမှုအချက်များ ဆောင်ရွက်ရခြင်းအကြောင်းရင်းနှင့် အကျိုးဆက်များ ဤမူဝါဒပြောင်းလဲမှုသည် အမေရိကန်အာဏာပိုင်များက ပြဿနာရှိသည်ဟုသတ်မှတ်ထားသော အစွန်းရောက်လှုပ်ရှားမှုများ သို့မဟုတ် ပါလက်စတိုင်းလှုပ်ရှားမှုများကို ထောက်ခံသည့် အွန်လိုင်းလှုပ်ရှားမှုများအား စိစစ်ရန် အမျိုးသားလုံခြုံရေးတိုးမြှင့်ရန် ရည်ရွယ်သည်။ မကြာသေးမီလများအတွင်း ထရမ့်အစိုးရသည် ဂျူးဆန့်ကျင်ရေး သို့မဟုတ် ကျောင်းဝင်းအတွင်း မငြိမ်သက်မှုများနှင့် သက်ဆိုင်သည်ဟုဆိုကာ ပါလက်စတိုင်းလှုပ်ရှားမှုတွင် ပါဝင်သည့်… Read more: ထရမ့်အစိုးရ ကမ္ဘာတစ်ဝှမ်း ကျောင်းသားဗီဇာလူတွေ့ဆုံမေးမြန်းမှုများကို ယာယီရပ်ဆိုင်းကာ လူမှုကွန်ရက်စစ်ဆေးမှုများ တိုးမြှင့်မည်
  • ဒေါသကိုထိန်း ဘေးရန်ငြိမ်း
    “ဒေါသကိုထိန်း – ဘေးရန်ငြိမ်း” ဆိုသဖြင့်၊ ဒေါသ အကြောင်းကို ရေးလျှင်၊ ဒေါသ၏ အပေါင်းအသင်း ရောင်းရင်းများ ဖြစ်ကြသော အဝိဇ္ဇာ တဏှာ၊ လောဘ၊ မောဟတို အကြောင်း မလွဲမရှောင်သာဘဲ၊ တွဲ၍ ပါရပေတော့မည်။ ကမ္ဘာဦးကျမ်း၌ ကမ္ဘာဦးအခါ လူတို့သည် ရသတဏှာမပေါ်မီက၊ “ကဗဋီကာဟာရ” ကိုမသုံးဆောင်မီ ကောင်းကင်၌ ပျံသန်းသွားလာ နိုင်ကြကုန်၏။ မိမိ၏ ကိုယ်ရောင်ဖြင့် ထွန်းလင်းတောက်ပလျက်၊ ဤလူ့ပြည်လောကမှာ သွားလာနေထိုင်ကြကုန်၏။ မြေဆီကိုအလုပ်အကျွေးပြု၍ သုံးဆောင်သောအခါမှစ၍၊ ထိုရသတဏှာကြောင့် လူတို့သည် ကိုယ်ရောင်ကိုယ်ဝါနှင့်တကွ၊ အခြားတန်ခိုး ဣဒ္ဓိပါတ်တို့သည် ပျောက်ကွယ်၍ သွားလေတော့၏။  ရသတဏှာ ၂မျိုး ရသတဏှာသည် ဤမျှလောက်တန်ခိုးအာနိသင်တို့ ညံ့ဖျင်းစေ၏။ ထို ရသတဏှာသည် အဝိညာဏက… Read more: ဒေါသကိုထိန်း ဘေးရန်ငြိမ်း
  • အဝိဟိံသာနိုင်ငံရေး (၁၇)
    အလိုကျ အကြိုက်ဆောင်တဲ့ နိုင်ငံရေး မရှိရ။ အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ် နိုင်ငံရေးဆိုတာ အပေါ်ယံသွားတဲ့အလုပ် မဟုတ်ပါ။ အနှစ်အသားပါတဲ့အလုပ်ပါ။ ဝါသနာပါတာတောင် အနစ်နာမခံနိုင်ရင် နိုင်ငံရေးစက်ကွင်းထဲကနေ ထွက်ခွာသွားရတာပါပဲ။ တိုင်းပြည်တစ်ခု တည်ထောင်ရင် ပြဋ္ဌာန်းထားတဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရပါတယ်။ အခွင့်အရေးဆိုတာ သုံးစွဲတတ်ဖို့၊ ကာကွယ် တတ်ဖို့ လိုပါတယ်။ အခွင့်အရေးရတိုင်း(ရှိတိုင်း) တာဝန်မယူဘဲ ရှောင်ဖယ်နေရင် အခွင့်အရေးဆိုင်ရာ ထိပါးလေမှာပဲ။အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ်ထိန်းသိမ်းရ မယ်။ တရားလက်လွတ်နည်းနဲ့ ရတဲ့ အခွင့်အရေးကို ကလဲ့စားချေတာ၊ အကြမ်းဖက်တာတွေ လုပ်လို့ကတော့ အခွင့်အရေးများ မပျောက်ဆုံးဘဲ မရှိပါ။ အခြေခံဥပဒေပါ လူ့ရဲ့အခွင့်အရေးကို ထိပါးကျူးကျော်ကြည့်ပါ။ ကျူးလွန်တဲ့သူ ရတဲ့အပြစ်ဟာ ရာဇဝတ်ဥပဒေအပြစ်… Read more: အဝိဟိံသာနိုင်ငံရေး (၁၇)
  • အဝိဟိံသာနိုင်ငံရေး (၁၆)
    ဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်လျှင် အမိန့်၊ အာဏာ ခိုင်းစေသော ဥပဒေပြုခြင်းမရှိစေရပါ။ ဥပဒေပြဋ္ဌာန်းခွင့်အာဏာအေဒီ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂)၊ ပုဒ်မ ၂၃ တွင် “မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ” ဟူသော နိုင်ငံတော် အခြေခံမူများ ရေးဆွဲတဲ့ ဥပဒေများ တွေ့ရသလို ၂၀၀၈ ခုနှစ် ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အခန်း ၁၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၃ အရ “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ဟူသော ရေးဆွဲတဲ့ဥပဒေ ပါရှိတာကို တွေ့ရပါတယ်။ ဥပဒေပြဋ္ဌာန်းခွင့် ဆိုတာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့သူကို ပြစ်မှုဆိုင်ရာဥပဒေ ဖြင့်သာ… Read more: အဝိဟိံသာနိုင်ငံရေး (၁၆)

ဇွန် လ၊ 2025 ခုနှစ်
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
30  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

33652 total views , 1 views today