Categories
ကရင်လူမျိုး အမျိုးသားရေး

စူႋယာ့ဆိုဒ်ဖဝ့်တိုင်

စဝ်ယှူးယှူးခၠိင်းခၠိင်း (တၟိုဝ်ဝါန်ႋ)

ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊
ဆင့်လေံသာ ယှဝ်ထဝ့်၊
ဆိုဒ်ၯင်ႋသာတဝ်၊
အဲစွးဍဝ်၊
ဏိင်းယိက်လာထဝ့်၊
နိုဲ့ဆီ့ယာဲ ပါင်ဖဝ်ႋ၊
ၜုံးဏိင်းသင့် ဖၠဟ်ထ်ုယဝ်ႋ။

ဆိုဒ်ဆ်ုမာ ဆ်ုၰီ့လာ၊
အ်ုတာအ်ှ ကုက်မာ၊
ၰူ့ၰင်လထာ၊
ဖၠုံကိုဝ်ၯာ၊
ခံင်ႋအယ်ဆ်ုမာ၊
ဆိုဒ်ၯင်ႋဍုဂ်ဏဲပျာ၊
ခေါဝ်ႋသိုဲ့ယွာ လ်ုပါကာ။

အ်ှဝယ်ယိက် ၜုံးဏိင်းသင့်၊
ခါင်ႋစူး ဆ်ုအာင်လင်၊
ထုင်းလီႋၰူ့ၰင်၊
အင်းၜူးသင့်၊
ထာင့်ခုက် ယောတ်လ်ုသင့်၊
ဏိင်းသင့်မင်္ဂလာ ၯေဝ်ထင့်။

ဆ်ုၰီ့လာ အ်ှဝယ်ယိုင်၊
လိက်လာဲ ထုဂ်ဖၠဟ်ဆိုင်၊
စူႋယာ့သာနိုင်၊
ပ္တဴဆိုင်
ၜံင်ထင်းလေင်ႋတိုင်၊
ဖၠုံယှင် ယုဂ်ယာန်းဆိုင်၊
စူႋယာ့ၯင်ႋ ဆိုဒ်ဖဝ့်တိုင်။

Loading

Categories
ကရင်လူမျိုး ဆောင်းပါး ပညာရေး အမျိုးသားရေး

ယနေ့ထက်တိုင် မမေ့နိုင်

မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး သူတစ်ပါးတို့အား အလင်းရောင်ကို ပေးလေ့ ရှိပါသည်။ 

သက်မဲ့သစ်ပင်တို့ မည်သည်မှာလည်း မိမိတို့၏ အသီးများကို ပြန်စားရိုး ထုံးစံမရှိဘဲ လူသားနှင့် တိရစ္ဆာန်သတ္တဝါတို့ စားဖို့ရန်အတွက်သာ အသီးများကို သီးပေးလေ့ရှိသလို မြစ်ပင်လယ် သမုဒ္ဒရာတို့ မည်သည်မှာလည်း မိမိတွင်ရှိသော ရေကို ပြန်သောက်ရိုး ထုံးစံမရှိဘဲ အများသတ္တဝါတို့ သောက်သုံးရန်အတွက်သာ ရေများကို စုစည်းပေးထားတာဖြစ်သည်။ 

ထိုနည်းတူစွာ-

လူတော်လူကောင်းတို့ မည်သည်မှာလည်း အခွင့်ထူးကို မယူဘဲ မိမိရသင့်ရထိုက်သော အခွင့်အရေးကိုသာ ယူကာ စိတ်ထားဖြောင့်မတ်စွာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် လေ့ရှိကြပါသည်။ ထို့ကြောင့် လူတော်လူကောင်း စာရင်းထဲပါဝင်သည့် ကျွန်ုပ်ဆရာကြီး မန်းညိမ်းဖေ၏ အကြောင်းကို အလျဉ်းသင့်လို့ ဖော်ပြပါရစေ။ 

ဆရာကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေနှင့် မနီးမဝေးရှိ ရဲသာ ကျေးရွာနေ မန်းဖိုးငွေ + နန်မုတူးတို့မှ ၁၉၄ဝ – ပြည့်နှစ်၊ မတ်လ ၁၄-ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ သော သားလှရတနာတစ်ဦး ဖြစ်ပြီး မွေးချင်းသုံးဦး အနက် အကြီးဆုံး သားဦးရတနာဖြစ်သည်။ 

ဆရာကြီးငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် မွေးရပ်မြေဖြစ်သော ရဲသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိတတန်းကိုလည်းကောင်း၊ ၁၉၅၂ – ခုနှစ်တွင် ဘားအံ (အထက) အခြေခံပညာ အထက်တန်းကျောင်း၌ စတုတ္ထတန်းနှင့် ပဉ္စမတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သဖြင့် ၁၉၅၄ – ၅၅ ပညာသင်နှစ်တွင် အစိုးရပညာသင်စရိတ်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော (ပင်လုံကျောင်းခေါ်) မရမ်းကုန်း မြို့နယ်၊ ၈ – မိုင်ရှိ ပြည်ထောင်စု အထက်တန်းကျောင်း၌ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမတန်း နှင့်တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါသည်။ 

၁၉၅၈ – ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် နယ်မြေသို့ အခြေချခဲ့သည်။ ၁၉၆၀ – ပြည့်နှစ်မှာ ဥပစာ သိပ္ပံ (I.SC=Institute of Science) အတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့၍ စက်မှုတက္ကသိုလ် အင်ဂျင်နီယာလိုင်းသို့ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ၁၉၆၁ – ၆၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ရှိ စက်မှုတက္ကသိုလ်၊ (ယခင်အခေါ်အဝေါ် (B.I.T) ယခု အခေါ်အဝေါ် R.I.T = Rangoon Institute of Technology. Y.I.T = Yangon Institute of Technology.) ၌ အင်ဂျင်နီယာ ပညာရပ်များကို တစ်နှစ်ဆည်းပူးရာ လိုအပ်သော စာအုပ်စာတမ်းနှင့် သင်ကြားမှု အထောက်အကူပြု ကိရိယာပစ္စည်းများ လုံလောက်အောင် မဝယ်ယူနိုင်သဖြင့် မမျှော်လင့်ဘဲနဲ့ ကျရှုံးခဲ့ရသည်။ 

ဆရာကြီးသည် “ခါချဉ်ကောင်မာန်ကြီးလို၊ တောင်ကြီးကို ဖြိုမည်ကြံ၊ ခါးကမသန်” ဆိုသလို အကြံရှိ ဉာဏ်ရှိပေမဲ့ ကျောထောက်နောက်ခံ အားနည်းမှုကြောင့် စက်မှုတက္ကသိုလ်မြေမှ မခွါချင်သော်လည်း မရသည့်အဆုံး လေးလံသောခြေလှမ်းများဖြင့် မတတ်သာ ဆုတ်ခွါ ခဲ့ရပါသည်။ 

စက်မှုတက္ကသိုလ်မြေမှ မလွဲသာဆုတ်ခွါခဲ့ရပေမဲ့ ကိုယ့်ရဲ့ပြည်နယ်သူ/သားများ ပညာမျက်စိ ဖွင့်ပေးရေးအတွက် ၁၉၆၂-ခုနှစ်၊ ဇွန်လ ၇ – ရက် နေ့တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် (အလက) ကျောင်း၌ တာဝန်ခံကျောင်းအုပ်အဖြစ် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလအတွင်း လောကီလူသားတို့ ဖြစ်ရိုး ဖြစ်စဉ်အလျောက် ဆရာမကြီး နန်းခင်ညွန့်နှင့် အကြောင်းဆုံကာ အိမ်ထောင်ပြုပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တံခွန်တိုင်ရွာတွင် အခြေချနေထိုင်ခဲ့ပါသည်။  

၁၉၆၄ – ခုနှစ်သို့ ရောက်သောအခါ (၂) နှစ်မျှ တာဝန်ထမ်းဆောင် ပြီးချိန်ဖြစ်၍ ရန်ကုန် ဝိဇ္ဇာ – သိပ္ပံတက္ကသိုလ်၌ သိပ္ပံဘွဲ့ (သင်္ချာအဓိက) ဖြင့် (၂) နှစ်ဆက်လက် ပညာဆည်းပူး ခဲ့ပြန်သည်။ တက္ကသိုလ်ဘွဲ့ကို ရရှိပြီးနောက် ၁၉၆၇ – ခုနှစ်၊ ဖေဖော်ဝါရီလ ၁ – ရက်နေ့ တွင် ရွှေဂွန်းရွာ (အထက) သို့ အထက်တန်းပြ ဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိအခြေချခဲ့သည့် ခလယ်တံခွန်တိုင် (အထက) မှာ အထက်တန်းပြ ဆရာအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ ခဲ့ပြန်သည်။ ဆရာကြီးသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ခလယ်၊ တံခွန်တိုင်၊ ဖားပြနှင့် ကျုံခဝန်အုပ်စု အတွင်းရှိ ကျေးရွာ လူကြီးမင်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ တွဲဘက် အ.ထ.က ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၆၉ – ၇ဝ စာသင်နှစ်တွင် တွဲဘက်အထက်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နဝမတန်းအဆင့်အထိ စတင်လက်ခံသင်ကြားပေးခဲ့သည်။ 

သင်ကြားမှုအပိုင်း အားနည်းချက် ရှိသဖြင့် တက္ကသိုလ်ဘွဲ့ရ ခလယ် – တံခွန်တိုင် ကျောင်းသားဟောင်း ဆရာစောညွန့်သောင်း (တက္ကသိုလ်မော်ကွန်းထိန်းအဆင့် (၁) မော်လမြိုင်) နှင့် ဆရာစောဘထူး (အငြိမ်းစား၊ တက္ကသိုလ်လက်ထောက်နည်းပြ၊ မော်လမြိုင်) တို့က ပါဝင်အားဖြည့်ပေးနေရသည်။ 

ယင်းတွဲဘက် (အငှား) ဆရာများ၏ လစာ အတွက်ကို ကျောင်းသားများထံမှ အနည်းငယ်မျှသာ ကောက်ခံပြီး ခလယ် – တံခွန်တိုင်ခွင်ရှိ လူထု၊ ကျောင်းသားမိဘများမှ ပညာပါရမီ ဖြည့်ကျင့်နိုင်ရန် (ထည့်ဝင်နိုင်ရန်) အတွက် ဆရာကြီးမန်းညိမ်းဖေကပင် ကျေးရွာ လူကြီးမင်းများကို နားချစည်း ရုံးခဲ့ရပြန်သည်။ ခလယ် – တံခွန်တိုင်နယ်မြေအတွင်း ပညာရေးတိုးတက် မြင့်မားလာစေရန် – အ.မ.က ကျောင်းများ၏ မိဘဆရာနှစ်ပတ်လည် ဆုပေးပွဲများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း ဟောပြောခဲ့ပါသည်။

ဆရာကြီးသည် ပညာရေးလုပ်ငန်းများတွင် သာမကဘဲ ပါတီကောင်စီ လုပ်ငန်းများကိုလည်း နိုးကြားတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ရာ ၁၉၇၄ – ခုနှစ် တွင် ပထမအကြိမ် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် ကရင်ပြည်နယ်၊ ပြည်သူ့ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ထိုမှတဆင့် ၁၉၇၆ – ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးအနေဖြင့် ခလယ် – တံခွန်တိုင်မှ ဘားအံမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်သက်တမ်း ကုန်ဆုံး၍ ၁၉၇၈ – ခုနှစ်သို့ ရောက်သောအခါ မိခင်ပညာရေးဌာနသို့ ပြန်လည်ရောက်ရှိပါသည်။

ထိုအချိန်မှစ၍ ၁၉၇၈ – ခုနှစ်တွင် ခလယ် တံခွန်တိုင် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၃ – ခုနှစ်တွင် တောင်ပေါက် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၆ – ခုနှစ်တွင် ခလယ် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၂ – ခုနှစ်တွင် ကော့ကရိတ်မြို့ အ.ထ.က (၂) ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၆ – ခုနှစ်တွင် ခလယ်တံခွန်တိုင် အ•ထ•က ကျောင်းအုပ်တာဝန်ကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီးသည် ခလယ် – တံခွန်တိုင်နယ်မြေတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ကျင်းပ နိုင်ရေးအတွက် လက်ထောက်မြို့ပိုင် ဦးအောင်ခိုင်နှင့် ဒေသခံ ကျေးရွာလူကြီးများ နားလည် သဘောပေါက် သိရှိနိုင်ရန်အတွက် ဟောပြောခဲ့ခြင်း၊ ကရင်စာပေ သင်ကြားနိုင်ရေးအတွက် တံခွန်တိုင် အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စဝ်ဝါန်-ရင်အွာ) အား အမှူးထား၍ မန်းဌေးလှိုင် (တံခွန်တိုင်ရွာ)၊ ဆရာမကြီး နန်းခင်ညွန့် (တောင်ဒီး)၊ ဆရာမကြီးနန်းတင်လေး (ခလယ်)၊ ဆရာကြီးမန်းသိန်းတင် (ဖာသိမ်) တို့နှင့် စိတ်ပါဝင်စားသူ လူငယ်များတို့ကို စည်းရုံးကာ ဘားအံမြို့နယ်၊ ရေတံခွန် ပရဟိတဘုန်းတော်ကြီး၌ ဖွင့်လှစ်သည့် ပထမဆုံးအပတ်စဉ် နွေရာသီ ကရင်စာပေ ဆရာဖြစ်သင်တန်းသို့ စေလွှတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် ကျောင်းသူ/သားများကို မိမိ တို့ဗီဇအလျောက် ဝါသနာပါရာဘက်သို့ အခြေခံ၍ စိုက်ရေးသိပ္ပံ၊ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလက်မှုတက္ကသိုလ်စသည့် ကျောင်းများသို့ တက်ရောက်နိုင်ရန်အတွက်လည်း လမ်းညွန်မှုပေးခဲ့သည်။ 

အဆိုပါ ကျောင်းများမှ ဒီပလိုမာဘွဲ့ စသည်တို့ ရရှိသူများ ပေါ်ထွန်းခဲ့ပါသည်။ ဖွံ့ဖြိုးရေးသိပ္ပံ၊ တက္ကသိုလ်သို့လည်း တက်ခွင့်ရအောင် လမ်းညွန်ပေးခဲ့မှုကြောင့် ဖွံ့ဖြိုးရေး သိပ္ပံသင်တန်း အပတ်စဉ် (၁) မှ စ၍ စေလွှတ်နိုင်ခဲ့သည်။

ယင်းသင်တန်းအပတ်စဉ် (၁) တွင် ဆရာမန်းလှမြင့်စ၍ နှစ်စဉ် ခလယ် – တံခွန်တိုင် ဒေသမှ ကျောင်းသား/သူများ သွားရောက် တက်နေကြပါသည်။

ဆရာကြီးသည် အသက် (၆ဝ) ပြည့်၍ အငြိမ်း စားပင်စင် ယူခါနီးတွင် သားသမီးရတနာ (၅) ဦး ထွန်းကားခဲ့ပြီး အကြီးဆုံး (၃) ဦးမှာ မိန်းကလေးများ ဖြစ်၍ အငယ် (၂) ဦးမှာ ယောက်ျားလေးများ ဖြစ်ပါသည်။ 

ဆရာကြီးသည် ပညာရေးဌာနသို့ စတင် ရောက်ရှိသည့် အချိန်မှ ခရစ် ၂ဝဝဝ – ပြည့်နှစ် အငြိမ်းစားယူပြီးနောက် (၁၉-၆-၂၀၁၂) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ပညာရေးလုပ်သက် (၃၅) နှစ်နှင့် (၆) လ တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ယင်း နှစ်ပေါင်းများအနက် ခလယ် – တံခွန်တိုင်ဒေသတွင် နှစ်ပေါင်း (၃၀) တိုင်တိုင် ထမ်းဆောင်ခဲ့သည့်အတွက် ဆရာကြီးနှင့် ခလယ် – တံခွန်တိုင်၊ ခလယ် – တံခွန်တိုင်နှင့် ဆရာကြီးသည် တစ်သွေးတစ်သားတည်း ခွဲခြား၍ မရသည့် အခြေအနေသို့ သက်ရောက်ခဲ့ရပါသည်။ 

ခလယ် – တံခွန်တိုင်ဒေသတွင် ပညာတတ် မြောက်များစွာ ပေါ်ထွက်နိုင်ခဲ့ခြင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်လာခြင်း၊ ဘွဲ့ရဆရာ/မများ ဌာန မျိုးစုံသို့ ရောက်ရှိနေကြခြင်းသည် များသောအားဖြင့် ဆရာကြီး၏ ကျေးဇူးတွေချည်းသာ။ 

ဆရာကြီးသည် တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိစား၍ အားရှိကာ ဖြူစင်သန့်ရှင်းသော စိတ်ထားဖြင့် ပညာပေးဝေ ဖြန့်ဖြူးခဲ့သည်။

၁၉-၆-၂၀၀၂ ဆုံးသွားရှာသော ဆရာကြီးမန်းညိမ်းဖေသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးနှင့် စီးပွားရေး၊ သာသနာရေး ပါမကျန် ကျရာတာဝန်များကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည်ကို စံနမူနာပြု အတုယူ နေထိုင် သွားရန်နှင့် ဆရာ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ လူနေမှုအဆင့် မြင့်မားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရင်းနဲ့ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ဒီမြေ၏အကျိုးတိုးတက်ရာ တိုးတက် ကြောင်း၊ ဒီမြေ၏အလှအပကို ဖန်တီးပေးသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဘဝတစ်ပါးသို့ သွားရှာလေသူ လူတော်လူကောင်း ဖြစ်သည့် ကျွန်ုပ်၏ ဆရာကြီးမန်းညိမ်းဖေအား ပြန်လည် တမ်းတသတိရ၍ ယနေ့ထက်တိုင် မမေ့နိုင်သောကြောင့် ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်။

တပည့် – မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

Loading

Categories
ကရင်လူမျိုး ပညာရေး ဘောလုံး အားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၅)(ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ်)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန

ပျော်ပျော်ပါးပါး မိုးရာသီ ကျောင်းတွင်းအားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ်)

ကျား (၃) သင်း
မ (၃) သင်း
ပတ်လည်စနစ်

(၃) ရက်တိုင်တိုင် ညနေပိုင်း
၆/၇/၈ – ၈ – ၂၀၂၅ (ညနေပိုင်း)။

ပထမနေ့

ဒုတိယနေ့

PEDU Channel – ဖလုံပညာ့

Loading

Categories
ကရင်လူမျိုး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် ရိုးရာဓလေ့

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ဖိတ်ကြားလွှာ

၂၇၆၄ ခုနှစ်၊ တောင်ကလေး (ဖၠုံပညာ့တ်ုဝါန့်)၊ (၃၉) ကြိမ်မြောက်
“ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား” ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် –၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ (၈-၈-၂၀၂၅) သောကြာနေ့။
အချိန် –နံနက် (၇:၀၀) နာရီ (အခမ်းအနားဖွင့်လှစ်ခြင်း)
နေရာ –တောင်ကလေးနှစ်သစ်ကူးကွင်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်။

PEDU Channel – ဖလုံပညာ့ 

Loading

Categories
ကရင်လူမျိုး စကားလက်ဆောင် ပညာသာမိ

။ ချည်ဖြူဖွဲ့မင်္ဂလာတော်နေ့ ။

~~~~~~~~~~~~~~~~~~~~

( မင်္ဂလာ လာခုဂ်ခါင်.စူး )

။ လှပကြည်ဖြူ
စိတ်ရင်းဖြူကြ
ချည်ဖြူမင်္ဂလာ ဝါခေါင်လ။

။ မြတ်မေတ္တာနေ့
မြတ်ဓလေ့မို့
ပျော်မွေ့မင်္ဂလာ ဝါခေါင်လ။

။ ဘေးကင်းရန်ကွာ
စိတ်ချမ်းသာစေ
သူငါဆုပေး ဝါခေါင်လ။

။ ကရင့်မျိုးနွယ်
လှမျိုးကြွယ်သည်
တင့်တယ်ပေါင်းစည်း ဝါခေါင်လ။

( ဝါခေါင်လပြည့် ကရင်အမျိုးသား ချည်ဖြူဖွဲ့မင်္ဂလာနေ့သို့ ရည်စူးဖွဲ့ဆိုပါသည်။)

တောင်ကလေးဆရာတော်
(၃.၈.၂၀၂၅) ရက်နေ့ ။

Loading

Categories
ကရင်လူမျိုး တောမှီရဟန်း

။ မန်းနဲစံ (ဖားအံ) ။

။ မြန်မာ့စာပေလောကမှာ
၁) ပါရဂူ
၂) မောင်မဲ
၃) လူထု ဦးလှ
၄) ဒဂု ဦးစန်းငွေ
၅)ငွေတာရီ
၆) ဦးရွှေအောင်
၇) ရွှေဘို မိမိကြီး
၇) ရွှေဘို ဦးသန်းထွန်း
၈) ဆန်းထွန်း(မန်းတက္ကသိုလ်)
၉) ငွေဥဒေါင်းတို့နဲ့အတူ ဗုဒ္ဓစာပန်းချီစာရေးဆရာကြီးထဲက စန္ဒန (ဖားအံ) ဟာ အရှေ့ပိုးကရင်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သည်အလျှောက် သက္ကတ၊ ဟိန္ဒီဘာသာပြန်ကျမ်းစာများလည်း ကျွမ်းကျင်တော်မူသော ဆရာတော်တစ်ပါးဖြစ်ပါတယ်။

(၂၅.၉.၁၉၉၂) ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေလည်း ယနေ့ချိန်တိုင် သတိရနေဆဲ ဖြစ်တော်မူပါသည်ဘုရား။

တောမှီရဟန်း
(၃၁.၅.၂၀၂၅) ရက်နေ့။

ဝီကီပီဒီးယားတွင် ဆက်လက်ဖတ်ရှုရန် – စန္ဒန – ဝီကီပီးဒီးယား (wikipedia.org)

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမီဘိဝံသ၏ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သာသနဓဇဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဝိနယပါရဂူ (ဘီအေ)
ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမီဘိဝံသ၏ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သက်တော် – ၅၄ – နှစ်၊ သိက္ခာတော် – ၃၅ – ဝါ

“ဖွားမြင်တော်မူခြင်း”

ဆရာတော် – ဘဒ္ဒန္တဝေဒေဟသာမီဘိဝံသသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းရွာ၊ ခမည်းတော် – ဦးမောင်ကောက် (ဝါ) ဦးစိန်၊ မယ်တော် – ဒေါ်မြသင်းတို့မှ၊  ၁၃၀၄ – ခု၊ တန် ဆောင်မုန်းလပြည့်ကျော် (၃) ရက် (၂၅.၁၀.၁၉၄၂) ဗုဒ္ဓဟူးနေ့တွင်၊ မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။ မွေးချင်း (၄) ယောက်အနက် – အတိဇာတ၊ ဇေဌပုတ္တသားကြီး ဩရသရတနာဖြစ်သည်။ ငယ်နာမည်မှာ “စောရင်အေး” ဖြစ်ပါသည်။

“ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း”

ဆရာတော်လောင်းလျာသည် အသက် – (၉) နှစ်အရွယ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟဖြင့် – ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့တော်မှာ “ရှင်ဝေဒေဟသာမိ” ဖြစ်ပါသည်။

တစ်ဖန် – ဆရာတော်လောင်းလျာရှင်ဝေဒေဟသာမိသည် ၁၃၂၃ – ခုနှစ်၊ ကဆုန်လဆန်း (၄) ရက်၊ နံနက် (၈) နာရီ – ၁၅ မိနစ်အချိန်တွင်၊ ကော့ဝန်းကျောင်းခဏ္ဍသိမ်၌၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို၊ ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကို ခံယူပြန်ကာ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ တဖန်၊ ရဟန်း (၄) ဝါအရတွင်၊ ပြည်မြို့၊ ရွှေဟင်္သာမြို့သစ်၊ ဓမ္မိကာရုံစာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာနန္ဒီနှင့် မိဘဆွေမျိုးများက၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြီး၊ ၁၃၄၆ – ခုနှစ်တွင်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အာဇာနည်လမ်း၊ ဦးအောင်ကြည် နှင့် ဒေါ်အေးမြင့်မိသားစုတို့က သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသည်။ ယ္ခုနှစ်ဝိဇာတမင်္ဂလာနေ့တွင် ဆရာငြိမ်းမိသားစု၊ ဦးလပြည့်မိသားစုနှင့် ဒေါ်မြစိန်မိသားစုတို့က၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသည်။

“စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း”

ဆရာတော်လောင်းလျာသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်း ကျောင်းဆရာတော် – ဘဒ္ဒန္တဝိသုဒ္ဓါစာရ၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်အရှေ့ဘက်ကမ်း၊ ဓမ္မာရာမစာသင်တိုက် –  ဆရာတော် – ဘဒ္ဒန္တ – မုနိန္ဒ၊ စာချဆရာတော် – ဘဒ္ဒန္တ သောဘိတ၊ ဘဒ္ဒန္တ ဇနိတ၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ ဒေဝသာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် – နာယကဆရာတော်နှင့် စာချဆရာတော်များ၊ ရန်ကုန်မြို့၊ ဗဟန်း (၃) လမ်း၊ သုဓမ္မဝတီပွဲစားကြီးကျောင်း၊ နာယကဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့ တောင်ပြင်ရွှေရေး ဆောင်တိုက် – ဆရာတော် ဦးပဏ္ဍဝ၊ ထီးလင်းတိုက်၊ ဇောတိထါရုံအုဋ္ဌ်ကျောင်း ပဌာန်းအကျော် – ဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဓမ္မိကာရုံတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ တောင်ပြင်ဘုရားကြီးတိုက် – ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ နာယကဆရာတော်နှင့် စာချဆရာတော်များထံတွင် ပိဋကတ်အခြေခံမှ စ၍ ပါဠိ – အဌကထာ – ဋီကာစသည်များကို သင်ယူခဲ့ပါသည်။

“အောင်မြင်ခဲ့သော စာမေးပွဲများ”

ရန်ကုန်မြို့၊ သာမဏေစာမေးပွဲ၌၊ သာမဏေကျော်ဘွဲ့၊ အစိုးရစာမေးပွဲ၌၊ ဓမ္မာစရိယဘွဲ့၊ ရန်ကုန်မြို့၊ ဝိနယာနုဂ္ဂဟအသင်းစာမေးပွဲ၌၊ ဝိနယပါရဂူဘွဲ့၊ ရန်ကုန်မြို့ နိကာယ်ထွန်းကားရေးအသင်းစာမေးပွဲ၌ ဒီဃဘာဏကဘွဲ့ နှင့် လောကဓါတ်စာပေ၌၊ ဘီအေဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့ပါသည်။

“စာပေကျမ်းဂန်သင်ကြားပို့ချတော်မူခြင်း”

ဆရာတော်သည်၊ ရဟန်း (၃) ဝါအရွယ်ခန့်မှစ၍၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်တော်ကူးကျောင်း၊ ဇာတိချက်မြုပ်ရာ ကော့ဝန်းကျောင်းနှင့်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်တို့တွင်၊ စာမေးပွဲဆိုင်ရာ ကျမ်းစာများကို ယနေ့တိုင်အောင် ပို့ချလျှက်ရှိပါသည်။

“ကြည်ညိုဖွယ်ရာထူးခြားသော ဂုဏ်ရည်များ”

ဆရာတော်သည်၊ ကြီးငယ်မတူ၊ ဆက်ဆံရာ၌၊ အမြဲပြုံးရွှင်လျှက်ရှိခြင်း၊ ပစ္စည်းလေးပါးတို့၌၊ ရောင့်ရဲတင်းတိမ်လွယ်ခြင်း၊ ဂုဏ်မာနမရှိခြင်း၊ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာ၌ မဖြစ်မနေ ပြီးစီး အောင်မြင်အောင် ဇွဲလုံးလထက်သန်ခြင်း၊ အနာဂတ်တိုးတက်အောင်မြင်ရေးအတွက် “သွေးသမျှတမြမြ – နေသေးသပါ့ – ချုံထဲက” ဟု စိတ်ဓာတ်အမြဲမွေးမြူလျက်ရှိခြင်း၊ စသောထူးခြားသောဂုဏ်ရည်များကြောင့် နီးဝေးဝန်းကျင် လူရှင်ရဟန်းတို့၏ လေးစားကြည်ညိုခြင်းကို ခံယူရရှိတော်မူပါသည်။

“ ဂုဏ်ပြုအပူဇော်ခံယူတော်မူရခြင်း”

ဤသို့လျှင်၊ ဆရာတော်သည်၊ သာသနာတော်၏ အကျိုးစီးပွားစသည်များကို သယ်ပိုးဆောင်ရွက် တော်မူခြင်း၊ စသောဂုဏ်ရည်များကြောင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်မှာပင် ‘နှစ်ကြိမ်’ တိုင်တိုင် ဂုဏ်ပြုအပူဇော် ခံယူခဲ့ရပြီး ဖြစ်ပါသည်။ ယခုအချိန်အခါတွင်မူကား ကရင်ပြည်နယ် အထူးအားဖြင့် လှိုင်းဘွဲမြို့ ရဟန်းဒါယကာကြီး လူပြန်တော်မင်္ဂလာဦးအောင်ကြည်က ဦးဆောင်ဦးရွက် ပြုပြီး၊ ပြည်နယ်သူသားများနှင့် ရန်ကုန်မြို့ရှိ၊ ဒါကာ – ဒါယိကာမအပေါင်းတို့က – ယခုနှစ် တတိယ အကြိမ်မြောက်အနေဖြင့် ဤဂုဏ်ပြုပူဇော်ပွဲကို ခံယူတော်မူရခြင်းဖြစ်ပါသဖြင့် ဝမ်းမြောက်နူမော်သာဓု ခေါ်ဆိုလိုက်ရပါသတည်း။

ခြောက်ထပ်ကြီး(ရန်ကုန်) ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်းတချို့

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဘဒ္ဒန္တစန္ဒန၏ ဘဝမှတ်တမ်း

ဆရာတော်ဘဒ္ဒန္တ စန္ဒနငယ်နာမည် စောစံတင်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရွာနေ ခမည်းတော် ဦးဘို့နေ မယ်တော် ဒေါ်မုသိန်တို့မှ ၁၂၈၈ ခု ၊ တော်သလင်းလဆန်း (၁၀) ရက်၊ အင်္ဂါနေ့ နံနက် (၄)နာရီအချိန်တွင် ဖွားမြင်ပြီး ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၅) ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်ကို ရရှိခဲ့သည်။

ဆရာတော်သည် လောကုတ္တရာပရိယတ်စာပေ၊ ဟိန္ဒီစာပေ၊ သက္ကဋစာပေတို့ကို ကော့ကရိတ်မြို့၊ မော်လမြိုင် မြို့၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတို့တွင် လေ့လာသင်ယူခဲ့ပါသည်။

၁၃၂၉ ခုနှစ်တွင် ဘားအံမြို့နယ် ကမော့ကစင်ရွာသစ်ကျောင်း၌ သီတင်းသုံး၍ လိက်ထူ့လီရှေးဟောင်း ကရင်စာပေ ဖော်ထုတ်ရေး (သံဃာကော်မတီ) အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး တိမ်မြုပ်နေသော  လိက်ထူ့လီပိုးကရင်     စာပေပြန်လည်ထွန်းကား ပြန့်ပွားရေးကို ဆောင်ရွက်တော်မူယင်း မန်းနဲစန်၊ စန္ဒန (ဘားအံ) ကလောင်အမည်များဖြင့် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ကျမ်းပေါင်းဆယ့်တစ်ကျမ်းနှင့် ဝတ္ထု၊ ဆောင်းပါးအမြောက် အမြားကို ရေးသားပြုစုခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဂျဗလ်ပူမြို့တွင် ကျင်းပသော ဗောဓိဓျာခေါ် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။ 

အမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက်ဆောင်ရွက်ယင်း ၁၃၅၄ – ခု၊ တော်သလင်းလဆုတ် (၁၄)ရက် သောကြာနေ့တွင် တစ်ဘဝခန္တာကို ရုပ်သိမ်းတော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်း
ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ
ကျောက်စာတော်

         ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်းကားရေးကို ပျံလွန်တော်မူသည်အထိ တစိုက်မတ်မတ်ဆောင်ရွက် တော်မူသော ဆရာတော်ဦးစန္ဒနသည် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ မြန်မာသက္ကရာဇ် – ၁၂၈၈ ခု၊ တော်သလင်း လဆန်း(၈)ရက်၊ (၁၄-၁၀-၁၉၂၆) အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေနှင့် ဒေါ်မုသိန်ဖြစ်သည်။

         ငယ်စဉ်က တောင်ကြာအင်းရွာ ဆရာတော်ကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ၊ ကော့ကရိတ်မြို့၊ ရှမ်းကြီးကုန်းရပ် ဆရာကြီးဦးအောင်ရွှေ၏ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့သည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် တောင်ကြာအင်းကျောင်း ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

         မြန်မာသက္ကရာဇ် – ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ (၁၉-၁၁-၁၉၄၅)၊ နံနက်(၁၀)နာရီတွင် တောင်ကြာအင်းရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဥပဇ္ဈာယ်ဆရာတော်မှာ တောင်ကြာအင်းရွာကျောင်းဆရာတော်ဦးဇဝနဖြစ်ပြီး ပစ္စယာနုဂ္ဂဟရဟန်းဒါယကာ၊ ဒါယိကာမမှာ မိဘနှစ်ပါးပင် ဖြစ်သည်။

         လောကုတ္တရာပညာ၊ ပရိယတ္တိစာပေအခြေခံကို တောင်ကြာအင်းရွာကျောင်း၊ ဆရာတော်ဦးဇဝနထံတွင် သင်ကြားပြီးနောက် မော်လမြိုင်မြို့၊ ရတနာဘုံပျံကျောင်းဆရာတော်၊ ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်တွင် ပထမဆုံး၊ ပထမကျော်အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးတေဇဝန္တတို့ထံတွင်လည်းကောင်း၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်ဆရာတော် ဦးဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဇောတိကာရုံကျောင်းဆရာတော် ဦးနာရဒ(အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပုသိမ်ကျောင်းဆရာတော်ဦးသီလစာရ ထံတို့တွင် အထက်တန်းပရိယတ္တိစာပေများကို သင်ယူပြီး၊ မန္တလေးတက္ကလိုလ်၊ မြန်မာစာကထိကဆရာကြီး ဆန်းထွန်းထံတွင် ဟိန္ဒိစာပေကို သင်ယူခဲသည်။ ထို့နောက် အိန္ဒိယပြည်သို့ကြွ၍ မိဂဒါဝုန်ရှိ မဟာဗောဓိအသင်းတိုက်၊ ဟိန္ဒီပဏ္ဍိ၏ ဗုဒ္ဓ ဘာသာရဟန်းတော်ဦးကစ္စနယထံ၌ ဟိန္ဒီစာပေ ဆက်လက်သင်ကြားသည်။

         မြန်မာပြည်သို့ပြန်လာပြီးနောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း ဆရာတော်ဦးဓမ္မာဝုဓ၊ ဦးစန္ဒဝ့သတို့ ထံတွင် သက္ကတဘာသာကို နည်းခံသင်ယူသည်။ မော်လမြိုင်မြို့၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် ပ-ဒု-တ အဆင့်များ နှင့် သထုံမြို့၊ သုဝဏ္ဏဘူမ္မိပရိယတ္တိသာသနဂိတအသင်းစာမေးပွဲတွင် “မဟာဝေယျာကရဏိက” တန်းကို နှစ်ချင်း ပေါက် အောင်မြင်သည်။ အစိုးရပထမမြန်မာစာမေးပွဲတွင် ပထမလတ်တန်းအထိ အောင်မြင်ခဲ့သည်။

         မြန်မာသက္ကရာဇ် ၁၃၂၉-ခုနှစ်တွင် မော်လမြိုင်မြို့၊ တောင်စွန်းကျောင်း၌ စာသင်သားရဟန်းသာမဏေ များအား စာပေပို့ချနေစဉ် ကရင်ပြည်နယ်အစိုးရဥက္ကဋ္ဌ၊ ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ ဘားအံမြို့ အနီး ကမော့ကစင်ရွာသစ်ကျောင်းကြီးကို အလှူခံ၍ ပရိယတ္တိစာပေပို့ချသည်။ ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်း ကားရေးအတွက် သင်တန်းများပို့ချသည်။ စာတန်းများတင်သွင်းဖတ်ကြားသည်။ ကရင်ဘာသာဖြင့် အိန္ဒိယပြည်ကုသိ နာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်၊ ခန္ဓာပူရကျမ်းစသည်တို့ကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေ၊ ကရင့်ဖားစည်၊ ဇွဲကပင်စေတီတော်သမိုင်းကို ပြုစုတော်မူသည်။

         ဒေါက်တာအမ်(မ)ဘောယာ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်၊ ဂျေပူလ်မြို့တွင် အိန္ဒိယပြည် ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူးကျင်းပသော “ ဗောဓိဓျာ” ခေါ် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူပွဲသို့ မြန်မာပြည်မှ ကိုယ်စာလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ဆရာတော်ဦးစန္ဒနသည် ကရင်အမျိုးသားများ ဗုဒ္ဓဓမ္မကို နှစ်နှစ်ကာကာ သိနားလည်ရေးကို ကြိုးပန်းရင်း မြန်မာသက္ကရာဇ် – ၁၃၅၄ ခု၊ တော်သလင်းလပြည့်ကျော်(၁၄)ရက် (၁၂-၉-၉၂) သောကြာနေ့၊ မွန်းလွဲ(၁၂း၂၀)မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းကြီး၌ သက်တော်(၆၆)၊ ဝါတော်(၄၆) ဝါအရ ပျံလွန်တော်မူပါသည်။

         ဆရာတော်သည် အေဒီ ၁၉၅၉၊ ၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဘားအံ မြို့နယ်သံဃသမ္မုတိန သံဃာ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၊ ဘားအံမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟို သံဃာ့နာယကအဖြစ် လည်းကောင်း သာသနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သည်။

Loading

Categories
ကရင်လူမျိုး

ကျာ်

ကျာ်
…….
ပါဠိရင်းမြစ်*” စေတိယ”
…ကရင်လူမျိုးတို့သည် စာပေအရေးအရ” လိက်ထူ့လီ” ရှေးဟောင်းစာပေတွင်
“ စ” ဗျည်းသံ ကို စာအသံအားဖြင့်/ စ/ ဟုရွတ်ဖတ်သော်လည်း
အပြောဘာသာစကား၌
“ စ “ ကို>/ကျ/သံ ဖြင့်
ပြောဆိုတတ်ကြလေ့ရှိသည်။
….ပါဠိ” စေတိယ” မှ
မြန်မာ “ စာတီ” ….(ပင်းယခေတ် မြင်စိုင်းရွှေပြည်ကဗျာပါ၊တောင်ထွက်ဖျားဆီရွှေစာတီ)….အသုံးကဲ့သို့ ဖြစ်လာကာ ထိုမှတစ်ဆင့်
“ စေတီ” ဝေါဟာရ ဖြစ်လာပုံကိုတွေ့ရသည်။
ပါဠိ” ​စေတိယ” >

မြန်မာ “ စာတီ” >
ထိုမှတစ်ဆင့်” စေတီ” ဟူ၍
ဝေါဟာရကို အဆင့်ဆင့်လေ့လာမိသည်။
……..
*ထိုဝေါဟာရ အစဉ်သက်လာသကဲ့သို့ပင်
ပါဠိ” စေတိယ” မှ>>

“ စာတီ” ကရင်အပြောဘာသာစကားအသံ
/ကျာတီ/
ထို/ကျာတီ/အသံမှ
/ကျာ်တီ/ဟူ၍
ကရင်ဝေါဟာရဖြစ်စဉ်ကို
လေ့လာသိရသည်။
“ စာ” အသံမှ /ကျာ/
/ကျာ/အသံမှ/ကျာ်/
အဆင့်ဆင့်ဖြစ်လာကြောင်းလေ့လာသိမိ
သုံးသပ်ရပါသည်။
…..ထိုဖြစ်စဉ်ကို
အထောက်အထားမဲ့စွာဆိုခြင်းမဟုတ်။
ကရင့်ဝေါဟာရ၌
“ ကၠံင်ကျာ်တီ” ဟူသောဝေါဟာရရှိခဲ့ပေသည်ကိုထောက်ထား၍ချင့်ချိန်နိုင်သည်။
….ယခုခေတ်လူငယ်များအကြား၌မူ
“ ကၠံင်ကျာ်တီ” ဆိုသည်ကို
ကြားဖူးကောင်းကြားဖူးနိုင်ပါပေဦးမည်။
……
ကရင့်ရှေးဝေါဟာရအသုံး စေတီကိုခေါ်ဝေါ်သောအသုံး၌ “ က္လံင်ကျာ်တီ” အသုံးရှိခဲ့သလို အချို့ကရင့်ရပ်ရွာများ၌ပင် “ က္လံင်ကျာ်တီ” ရှေးဟောင်းစေတီများကျန်ရှိနေပေသေးသည်။ …..အချုပ်ဆိုရသော်
*ပါဠိ” စေတိယ” မှ” စေတီ”
ထိုမှ
*” စာတီ” =ကျာတီ
*” ကျာတီ” မှ” ကျာ်၊

စေတိယ>စေတီ>စာတီ

ကျာတီ>ကျာ်တီ>ကျာ်
“ ……ဟူ၍
ကရင့်ဝေါဟာရအဆင့့်ဆင့်ကို လေ့လာသုံးသပ်မိသည်။
*” ကျာ်” ဆိုသည်မှာ
ပါဠိရင်းမြစ်
“ စေတိယ” မှလာ၍
“ စေတီ” ကို ခေါ်ဝေါ်ခြင်း
ဖြစ်သလို
ကရင့်ဝေါဟာရစစ်စစ်
စေတီကိုခေါ်ဝေါ်သည့်
​စကားလုံး
“ ကၠံင်”

ဆိုသည်နှင့် ရှေးက့တွဲသုံးလာခဲ့ကြသည်။
*ကၠံင်+ကျာ်တီ=ကၠံင်ကျာ်တီ။
*နောင်အခါ
ကရင့်ဝေါဟာရစစ်စစ်
စေတီ ကိုခေါ်ဝေါ်သည့်အသုံး/ကၠံင်/ကသာ
“ စေတီ “ ဟူသောအနက်ဖြင့်ဆက်လက်သုံးစွဲလာခဲ့ပြီး
/ကျာ်တီ/ဟူသောစေတီအနက်ပြ
ပါဠိရင်းမြစ်စကားလုံးက
“ ဘုရား” ဟူသော
အနက်အဓိပ္ပါယ်/ကျာ်/အဖြစ်သို့
ကရင်တို့ရောနှောအမှတ်ပြုသုံးနှုန်းလာခဲ့ရာသည်ဟု
သုံးသပ်မိပါသည်။
*အဘယ့်ကြောင့်ဆိုသော်
လိက်ထူ့လီ ကရင်ရှေးဟောင်းပေစာများမှာ
“ ဘုရား” အနက်ပြ စကားလုံး ကရင်ဝေါဟာရစစ်စစ်ကိုလေ့လာတွေ့ရခြင်းကြောင့်ဖြစ်ပေသည်။
…သို့ဆိုလျှင်
ရှေးကရင့်ဝေါဟာရ
“ ဘုရား” အနက်ပြစကားလုံးက ပသို့ နည်းကို ရှာဖွေထောက်ရှုပြရသော်
*ရှေးဟောင်းပေစာအသုံးများ၌
“ ဖူဆီ မင်ယွာ” ဆိုသည့့်စကားလုံးရှိခဲ့သလို၊ “ ယွာ” ၊” ” က်ုဆာႋယွာ” အသုံးနှုန်းတို့ကို ဆင်ခြင်အောင့်မေ့ကြရန်သင့်ပေသည်။
…….” ကျာ်” ဆိုသည်မှာအမှန်မူလက
စေတီကိုခေါ်ဝေါ်ခြင်းသာဖြစ်သည်ဟု
ကောက်ချက်မိပါပေသည်။
…..ကၠံင်
….ယွာ
…ဖူဆီမင်ယွာ ဟူသော
ကရင်စကားလုံးတို့နှင့်ပက်သက်၍ အကျယ်ကို
ဆက်လက်တင်ပြပါဦးမည်။
…..ယခုတင်ပြသည်မှာ
အမှန်အမှားအငြင်းပွားလို၍မဟုတ်ဘဲ
ကရင်ဘာသာစကား၊
ဘာသာစကား၏
ယုတ်လျော့မှုဘာသာစကား၏တိုးပွားမှု ဘာသာစကားတို့၏သဘောတရားကို ပြဆိုခြင်းသာဖြစ်ပါကြောင်း သတိချပ်ရန်သင့်ပါသည်။

စောဝဏ္ဏထွန်း

Loading