မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • ။ တကယ်အမြတ် ထာဝရ ။
    ။ တကယ်အမြတ် ထာဝရ ။~~~~~~~~~~~~~~~~~~~ ။ လသာပါတယ်ချိန်တန်ကွယ်ရမကွယ်ပါနှင့် တားမရ။ ။ ရုပ်လှပါတယ်ချိန်တန်ပယ်ရမပယ်ပါနှင့် တားမရ။ ။ မေတ္တာရှိတယ်ချိန်တန်ဖယ်ကြကြဉ်ဖယ်ပါနှင့် တားမရ။ ။ မြတ်နိုးကြတယ်ချိန်တန်လှယ်ကြခြယ်လှယ်ပါနှင့် တားမရ။ ။ သစ္စာရှိတယ်ချိန်တန်လည်ကြလှည့်လည်ပါနှင့် တားမရ။ ။ သီလကိုးကွယ်မြင့်မြတ်ခြယ်သတကယ်အမြတ် ထာဝရ။ တောမှီရဟန်း(၉.၉.၂၀၂၄) ရက်နေ့။)
  • ။ ခွင့်လွှတ်တတ်ခြင်း ။
    ။ ခွင့်လွှတ်တတ်ခြင်း ။~~~~~~~~~~~~~~~~။ ခွင့်လွှတ်တတ်ခြင်းခွင့်လွှတ်နိုင်ခြင်းခွင့်လွှတ်ပေးခြင်းဆိုတဲ့သည်စကားဟာအရှင့်ဘဝနဲ့နေ့စဉ်ကျင့်သုံးခဲ့ရတဲ့စံ စကားတစ်နည်း စံတရားပါ။ ။ လူအကြောင်းကိုလေ့လာကြည့်ရင်(ပေါင်းကြည့်ရင်)လူတွေရဲ့သဘောထားလူတွေရဲ့အပြုအမူလူတွေရဲ့စေတနာစိတ်တွေအနည်းနဲ့အများသိမြင်နိုင်ကြပါတယ်။ ။ လူဆိုတာသူတစ်ပါးကိုမနာလိုရရင်မနေနိုင်တဲ့သတ်တဝါပါ။ ။ လူအချို့မိမိနဲ့မဆီမဆိုင်ဘဲနဲ့သူတစ်ပါးမကောင်းကြောင်းကိုအားမနာတမ်းဝေဖန်ရှတ်ချကဲ့ရဲ့ပြစ်တင်ခဲ့ရရင်အလွန်ပျော်တတ်ကြလေရဲ့။ ။ တစ်ဖက်သတ်တစ်ဖက်သားကိုကြီးကျယ်စွာပုတ်ခတ်ပြောဆိုတတ်ပြီးသူသာတော်သူသူသာတတ်သူသူသာကဝိရှင်သူသာပညာတတ်သူသာ လူစွမ်းလူစလူစွာလူစစ်ဆိုပြီးကြီးမားတဲ့အပြစ်ဆိုခြင်းအကုသိုလ်ကံတွေရဲရဲကြီးယူနေကြတာကိုတွေ့ရတယ်။ ။ မိဘဆရာသမားကျေးဇူးရှင်ရဟန်းရှင်လူဘယ်သူဘယ်ဝါမဆိုထင်သလိုအမြင်ပေါက်ပြီးအောက်တန်းကျတဲ့အောက်ရတဲ့အပြုအမူတွေရက်ရက်စက်စက်ပြုမူကြတာရှိတယ်။ ။ အဲဒီလိုပုဂ္ဂိုလ်တွေနဲ့မြင်ဖူး,ဆုံဖူးကြုံဖူးလာကြရဲ့လား!ဒါမှမဟုတ်မိမိကိုအပုပ်အကြပ်တွေအခတ်တွေအမျိုးမျိုးပေးပြီးခံရဖူးပါသလား! ပါ။ ။ ဤအရှင်ကတော့ဤရွေ့ဤမျှမကရက်ရက်စက်စက်ဆဲခံဆူခံနှိပ်စက်ဒဏ်တွေကြီးကျယ်စွာခံစားခဲ့ရဖူးပါတယ်။ ။ ပစ္စုပ္ပန်ဘဝမှာမှတ်မိသလောက်အတော်လေးကိုခက်ခက်ခဲခဲပဲအသက်ဆုံးရှုံးရတဲ့အထိအထိနာအကျနာမျိုးစုံစွာခံစားတွေ့မြင်ခဲ့ရပါတယ်။ ။ ကုန်ကုန်ပြောရရင်အသားလွတ်ကြီးနစ်နစ်နာနာဆူဆဲကြိမ်းမောင်းဒေါသထောင်းထောင်းနဲ့မကောင်းကြောင်းပါလုပ်ကြံနှောင့်ယှက်မှုတွေအမျိုးမျိုးခံခဲ့ရပါတယ်။ ။ ဒီလိုဒီပုံဖြစ်ရဆုံရကြုံတွေ့ရတာဟာအမှားကံတွေရဲ့အကျိုးဆက်ပဲလို့ခံယူခဲ့ပါတယ်။ ။ ဘယ်သူ့ကိုမှအပြစ်မဆိုပါဘူးကိုယ်ပိုင်ပြုခဲ့လို့ကိုယ်ခံရတာပဲကိုယ်ခံဆေးအားကောင်းဖို့ပဲလိုတယ်မဟုတ်လား။ ။ နောက်ဆုံးတော့အရှင်ဟာငယ်ငယ်ရွယ်ရွယ်ကကောင်းမှုကုသိုလ်နဲ့လိမ်လိမ်မာမာပြုလာခဲ့လို့ပစ္စုပ္ပန်စေတနာစိတ်ကိုသည်းခံခြင်းတရားထားပြီးမိမိအပေါ်ပြုမူလာတဲ့အပြစ်များစွာကိုအပြစ်မယူမငြူစူဘဲကြည်ကြည်ဖြူဖြူနဲ့သည်းခံကျေအေးခွင့်လွှတ်ပေးခဲ့တဲ့အဲဒီအကျင့်တရားတွေကြောင့်ပဲယနေ့မိမိအပေါ်ကိုပြုမူခဲ့ကြတဲ့အပြစ်တွေကိုခွင့်လွှတ်တတ်ခြင်ခွင့်လွှတ်နိုင်ခြင်းခွင့်လွှတ်ပေးခြင်းတွေနဲ့ပဲမိမိဘဝကိုရှင်သန်နေတာပါ။ ။ ကိုင်း တပည့်တို့ရေအမြင်မတိုစိတ်ကိုဆုံးမကျင့်မြတ်နေထိုင်တိမ်းမယိုင်ဘဲတတ်နိုင်သည်းခံ ပိုင်ပါစေ။ တောင်ကလေးဆရာတော်(၆.၉.၂၀၂၄) ရက်နေ့။)
  • ပြည်သူပြည်သားတာဝန်
    ယဉ်ကျေးသောလူတိုင်းတွင် တာဝန်ဝတ္တရားအသီးသီးရှိလေသည်။ မိဘ၌ ဝတ္တရားရှိသကဲ့သို့ သားသမီးများမှာလည်း ဝတ္တရားရှိသည်။ ထို့အတူ ဆရာ၏ ဝတ္တရား၊ တပည့်၏ဝတ္တရား၊ လင်ယောက်ျား၏ ဝတ္တရား၊ အိမ်သူဇနီး၏ဝတ္တရားစသည်ဖြင့် တာဝန်အသီးသီးရှိကြရာ တိုင်းပြည်အတွက် ပြည်သူပြည်သားတို့ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများလည်းရှိလေသည်။ တိုင်းပြည်တစ်ပြည်၏ အစိုးရသည် မည်မျှလောက်ပင် တိုင်းပြည်ကောင်းစားရေးကို စီမံအုပ်ချုပ်လုပ်ကိုင်သော်လည်း တိုင်းသူပြည်သားများက ဆောင်ရွက်ရမည့် ဝတ္တရားများကို ကျေပွန်စွာ မဆောင်ရွက်ဘဲ ပျက်ကွက်နေပါက အဆိုပါတိုင်းပြည်သည် တိုးတက်ကြီးပွားခိုင်ခံ့တည်မြဲရန် မဖြစ်နိုင်ပေ။ ၁။ ပြည်သူပြည်သားများ လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများမှာ မိမိတိုင်းပြည်အပေါ်၌ သစ္စာတရားစောင့်ထိန်းရခြင်း၊ တိုင်းပြည်အား ထိခိုက်နစ်နာစေမည့် ဘေးအန္တရာယ်များ ပေါ်ပေါက်လာသောအချိန်တွင် မိမိတိုင်းပြည်အတွက် မျိုးချစ်စိတ် ထက်သန်စွာ ထောက်ခံခြင်း၊ ခုခံတိုက်ခိုက်ခြင်းများ ပြုလုပ်ပေးရမည်။ ထို့ပြင် တိုင်းပြည်… Read more: ပြည်သူပြည်သားတာဝန်
  • ။ တရားအဆီ မနောကြည်ပြီ ။
    ။ တရားအဆီ မနောကြည်ပြီ ။~~~~~~~~~~~~~~~~~~~~~~။ ( အရင်တုန်းကဘီယာဆိုင်သွားနေကြခုခြေတော်ရာမှာတရားထိုင်နေပီဆရာ) ။ ။ ယခုဖော်ပြသောတပည့်နှစ်ဦး( နှစ်ယောက်) ဟာငယ်ငယ်ကတည်းကရှင်သာမဏေဘဝနဲ့တောင်ကလေးတောရကျောင်းမှာအတူတူရှင်ပြုကြပြီးအတူတူတောရွာမှာလာနေကြတဲ့တပည့်ရင်းတွေပါ။ ။ ခုတော့ဘီယာ 🍺အရက် 🥃တွေကင်းလာကြပြီးတောတောင်တွေထဲမှာတပအကျင့်တွေကျင့်လာကြလို့နေလာကြပြီးဆိုတာကိုမြင်ရလို့ဝမ်းသာကြည်နူးမိပါတယ်။ ။ များသောအားဖြင့်အရှင်နဲ့ပတ်သက်တဲ့တပည့်တိုင်းအားလုံးနီးပါးဟာတစ်ဖက်သတ်လမ်းကိုပစ်ပယ်နိုင်ကြပြီးအလယ်အလတ်လမ်းကိုနှစ်သက်ကြတာများပါတယ်။ ။ သူတို့မှာသရဏဂုံမြဲတယ်အယူသီလစင်ကြယ်ကြတယ်ဘာသာတရားလေးစားကြတယ်အဆုံးအမနာခံကြပြီးသီလရှင်လူသူတော်ရသေ့သိက္ခမန်သာမဏေရဟန်းသံဃာတော်တို့ကိုရိုသေလေးမြတ်ကြတယ်။ ။ သည်နေ့တပည့်နှစ်ဦးရဲ့တောတောင်ရိပ်မှာတောကိုမှီပြီးတောရမှီပွားများတဲ့အကျင့်တွေကိုကျင့်နေကြတာကိုမြင်ရလို့ဘီယာဆိုင်ကလူတွေတော့အတော်လေးဝမ်းသာကြမယ်ထင်ပါလေရဲ့။( 🤣🤣🤣😃😃) ။ ကဲဖိုးဇော်နဲ့ဖိုးကျော်တို့နှစ်ဦးဉာဏ်အနှစ်ထူးကိုထူးထူးကဲကဲနဲ့သတိပဋ္ဌာန်တရားရဲ့အရသာကိုသိမြင်ကြရပါစေလို့အားပေးလိုက်ပါပြီ။ ( တရားအဆီ၊ မနောကြည်၊ ရပြီတပည့်ရေ။) တောမှီရဟန်း(၄.၉.၂၀၂၄) ရက်နေ့။
  • ။ ဖားအံမြို့ကိုရောက်ဖူးလား ။
    ။ ဖားအံမြို့ကိုရောက်ဖူးလား ။~~~~~~~~~~~~~~~~~~~~~~။ မြန်မာပြည်နယ်မြေဒေသအသီသီးထဲက ကရင်ပြည်နယ်ဖားအံမြို့နယ်( ဖားအံဒေသ)ဖားအံမြို့ကိုအလည်လာဖို့ဖိတ်မန္တကပြုပါရစေ။ ။ ဖားအံမြို့ကိုရောက်ရင်လည်ပတ်စရာနေရာတွေအများကြီးပါ။၁) ရှေးဟောင်းလိုဏ်ဂူတော်နေရာ၊၂) ရိုးရာယဉ်ကျေးမှုရွာ၊၃) သာမန်သဘာဝကျကျနေရာ၊၄) ခံစားကြည့်ရှုနိုင်တဲ့ရှုမျှော်ခင်းနေရာတွေ များစွာရှိကြတဲ့အပြင်သမိုင်းဦးလူသားတွေနေထိုင်တဲ့နေရာသမိုင်းဝင်နေရာတွေအထင်အရှားရှိကြပါတယ်။ ။ ဖားအံမြို့ဟာမိုးလရာသီချိန်မှာနေရာတိုင်းကိုကြည့်လိုက်ရင်ကြည်အေးမြကြပြီးပျော်ရွှင်စရာကောင်းတဲ့ငြိမ်းချမ်းသာယာတဲ့ဒေသတစ်ခုပါပဲ။ ။ ဖားအံနယ်မှာနေထိုင်ကြတဲ့ဌာနေတိုင်းရင်းသားနဲ့အခြေချလာရောက်နေထိုင်ကြတဲ့သူတွေကရိုးယဉ်ရိုးစဉ်ကြလို့ဖော်ရွေကြတဲ့သူတွေပါ။ ။ ဧည့်ကိုမြင်ရင်ကြည်သစ်တဲ့သူတိူ့ရဲ့နှုတ်ဆက်မှုကြောင့်ဧည့်သည်မိတ်ဆွေများရင်ထဲက“အော်ဖားအံရယ်ပါပဲ”မယုံရင် လာလည်ခဲ့ပါ။ ။ ဖားအံမှာရှိတဲ့ဇွဲကပင်တောင်ရဲ့အလှဟာအနှိုင်းမဲ့ပါသာယာလို့လှပလို့ပါ။ ။ သူနဲ့ယှဉ်ပြီးတွဲနေတဲ့ကြအင်းတောင်ဆိုရင်လည်းဘဝင်အေးမြအဖုံဖုံလှပနေတာပါ။ ။ ကမ္ဘာပေါ်မှာမြစ်ကြီးထဲကရှည်လျားစွာစီးဆင်းလာတဲ့သံလွင်မြစ်ဟာရန်ကုန်ကနေလာရင်လေးနာရီခရီးနဲ့မြင်နိုင်တဲ့နေရာဟာဖားအံမှာရှိတဲ့သံလွင်မြစ်ပဲပေါ့။ ။ မိုးတွင်းချိန်မှာမြစ်ရေကဝါဖန့်ဖန့်ဖြစ်ပြီးနွေရာသီမှာကြည့်သန့်သန့်ပေါ့ချိုးကြည့်လိုက်ဦးအေးမြရင်မှာစွဲလို့သာပါပဲ။ ။ ခုချိန်မှာဖားအံကိုရောက်ရင်ရေပြာအိုင်ရေတံခွန်တစ်ချိန်ကငါးပွင့်တစ်ခိုင်ရုပ်ရှင်ရိုက်ခဲ့တဲ့နောင်လုံတောင်ကြားနောင်လုံတံတားဆဒ္ဒန်ဆင်အိုင်ဒေါနတောင်ပေါ်ကတသွင်သွင်စီးဆင်းလာတဲ့ထူးမြတ်ရေတံခွန်ကြီးတွေနဲ့အတူနေမကူးစေတီထူးဖူးသူလွန်ချမ်းသာတဲ့ဆုတောင်းပြည့်စေတီတော်မြတ်လေးဆူလည်းရှိသလိုဖူးလို့မဝတဲ့မြရတနာစေတီတော်လည်းအရှိရှိပါပဲ။ ။ ကဲရေးပြမယ်ဆိုရင်မကုန်နိုင်မပြီးနိုင်ဘူးလေတောခရီးအဖြစ်ပြာသိုလရောက်ရင်ဒေါနတောင်ကိုကျော်ပြီးမော်ဖိုးကေဒေသနဲ့သဇင်ပန်းအလှကိုကြည့်ချင်ကြရင်ဖားအံကိုလာလည်ပါလို့ပဲ။ တောမှီရဟန်း(၃.၉.၂၀၂၄) ရက်နေ့။

စက်တင်ဘာ လ၊ 2024 ခုနှစ်
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
30  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး