Categories
ဖွံ့ဖြိုးရေး အလှူဒါန

တောင်ကလေးဆရာတော် ဝိဇာတမွေးနေ့ အထိမ်းအမှတ် “Car Parking” ဖွင့်ပွဲအခမ်းအနား (1)

၁၄.၇.၂၀၂၄ တနင်္ဂနွေနေ့ နံနက် (၈)နာရီဝန်းကျင်တွင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ပရိယတ္တိစာသင်တိုက်၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ လောကီလောကုတ္တရာပညာသင်ကြားရေးဌာန ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နာယကချုပ်ဆရာတော် ဒေါက်တာအရှင်ပညာသာမိ ၏ သက်တော်(၆၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မြတ် အထိမ်းအမှတ် ဩဝါဒကျောင်းဆောင်ရှေ့ Car Parking မော်တော်ယာဉ်များ ရပ်နားရန်နေရာ ဖွင့်ပွဲအခမ်းအနား ဖြစ်ပါသည်။

Loading

Categories
တောင်ကလေးဆရာတော် ပညာရေး ဗုဒ္ဓဘာသာ ရုပ်သံ အလှူဒါန

“စာအောင်ဆုနှင်းသဘင်အခမ်းအနားများ”တောင်ကလေးဆရာတော်ဝိဇာတမွေးနေ့ အထိမ်းအမှတ်

သာသနာတော်နှစ် – ၂၅၆၈ ခု၊
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာသက္ကရာဇ် – ၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း(၉)ရက်
(၁၄ – ၇ – ၂၀၂၄) တနင်္ဂနွေနေ့။
တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) ၏
(၆၄)နှစ်မြောက် ဝိဇာတမွေးနေ့ အထိမ်းအမှတ်
သာသနဓဇအသင်းကြီးက ကြီးမှူးကျင်းပသော ဒုတိယအကြိမ်
“စာအောင်ဆုနှင်းသဘင်”
တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
၁၄.၇.၂၀၂၄ တနင်္ဂနွေနေ့။

Loading

Categories
တောင်ကလေးဆရာတော် ဖွံ့ဖြိုးရေး ရုပ်သံ အလှူဒါန

Car Parking ဖွင့်ပွဲအခမ်းအနား

ကျေးဇူးတော်ရှင် သက်တော် (၆၄)နှစ်မြောက်
တောင်ကလေးဆရာတော် ဝိဇာတမွေးနေ့အလှူတော် အထိမ်းအမှတ်
ဩဝါဒအဆောင်ဘေးနားက Car Parking (ကားထားရာနေရာ)
ဖွင့်ပွဲအခမ်းအနား…
တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့။
14.7.2024 တနင်္ဂနွေနေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း ဗုဒ္ဓဘာသာ အလှူဒါန

။ အတိတ်ကာလ ဆွမ်းတစ်နပ်။~~~~~~~~~~~~~~~~~~

။ သည်နေ့ ဆက်ကပ်လှူဒါန်းသောဆွမ်းအလှူရှင်များကိုကြည့်လိုက်ရင် မမြဲခြင်းတရားသဘောအရ လှူသူမမြဲ၊ ယူသူမမြဲဆိုတဲ့အတိုင်းပါပဲ ဆွမ်းဒါယိကာမကြီးတစ်ဦးတည်းသာကျန်နေတော့ခြင်းကိုမြင်တွေ့ရတဲ့ဒီဓာတ်ပုံဟာ ကောင်းမှုကုသိုလ်ကိုအချိန်ပြခြင်းမြေပုံပါပဲ။

။ ဆွမ်းတော်ဘုဉ်းပေးကြတဲ့အရှင်တွေကလည်း ယနေ့မျက်မှောက်ကာလမှာတော့ တစ်ပါတည်းသာကျန်နေတော့ခြင်းကြောင့်လည်း တရားသဘောအရ အနိစ္စရဲ့ဖြစ်တည်မှုတွေပါပဲ။

။ အသက်ကရှည်ကြသူ၊တိုကြသူတွေကြောင့် ဒုက္ခများသူ၊နည်းသူစသဖြင့် အဖြေတွေများစွာဖြစ်လာပါတယ်။ တစ်နေ့တစ်ချိန်က အတူတကွသီတင်းအတူနေထိုင်ကြပေမယ့် ယခုကျတော့ ဝေးကြပျောက်ပြယ်ကြလို့ ကြယ်များကြွေကျနေသလိုပါပဲ။

။ သေနေ့စေ့တော့ သေကြ၊နေနေ့ရှိတော့ နေကြလို့ လောကမှာ အတက်အဆင်း၊အဆင်းအတက်တွေပါပဲ။ သူ့အလုပ်နဲ့သူ၊ သူ့အပုပ်နဲ့သူပါပဲ။ ဘယ်မှာလဲ အလကားဆိုတာ မရှိပါဘူး။ ဖြစ်ခြင်းတရားနဲ့ဖြစ်ကြောင်းတရားတွေနဲ့ပဲ ဘဝနယ်ကြီးချဲ့ထွင်နေကြတယ်မဟုတ်လား။

။ ပြုကြတဲ့ကံတွေ၊ ဖြစ်လာကြတဲ့စေတနာတွေ၊ ရလာကြတဲ့အကျိုးတရားတွေ မကုန်နိုင်ပေါ့။ မဆုံးနိုင်ပါပဲ။ ကံ,စေတနာအထောက်အမအားကောင်းလို့ ဒီဘဝအတွက်နဲ့နောင်ဘဝအတွက်တွေပါ အကျိုးဆက်တွေ ပေးလို့ကိုမဆုံးပါပဲ။

။ ပြုကြတဲ့ကံတွေအထဲက သန့်ရှင်းစင်ကြယ်တဲ့ကံအမှုတွေ လုပ်ဖြစ်ကြရဲ့လားပါပဲ။ ပြုမိကြတဲ့ကံက အဖြူအမည်းမသဲကွဲဘဲ ပြုမိသလိုနဲ့ပဲ အကျိုးပေးမှုတည်ငြိမ်နေမှာမဟုတ်ဘဲ ဟုတ်နိုးနိုးနဲ့ အကျိုးပေးချင်သလိုသာရမယ်ပေါ့။ ဒါကြောင့် ကံကိုပြုပြင်၊ စေတနာစင်ကြယ်ပါစေလို့ အမြဲလိုလိုပြောဖြစ်ပါတယ်။

။ နားထဲ၊ နှလုံးအိမ်ထဲဘဝင်မကျတဲ့သူတွေက ” အပြောတွေပါ၊ အပလေ၊ အပလာ၊အပလီ၊ အပလိန်း၊ အပြိန်း တွေပါ” ဆိုပြီး မကောင်းမှုဟစ်ကြော်ကြတဲ့ ထော်လော်ကန့်လန့်သမားတွေရဲ့ ဆဲဆိုခံခဲ့ရတဲ့အဖြစ်ကလည်း ဒီအရှင်ပါပဲ။ ဝဋ်မြစ်ဝဋ်နွယ်တွေက များလျားစွာများရှိနေခဲ့လို့ပဲနေမှာပါ။ ခုချိန်ထိတိုင်ထုချေလို့ကို မကုန်နိုင်အောင်ပါပဲ။

။ လိုရင်းကုန်ကုန်ပြောရရင်တော့ ဆွမ်းဝိုင်းထဲမှာ တစ်ပါးတည်းသာကျန်နေတော့တဲ့အရှင်က ဒီဆွမ်းဝိုင်းရဲ့အမှတ်တရက တစ်နေ့တစ်ချိန်ကဖြစ်နေခဲ့ပေမဲ့ ယနေ့အချိန်ထိ အနက်အဓိပ္ပာယ်ကောက်လို့ မကုန်နိုင်မခမ်းနိုင်သေးပါဘူး။ ဆွမ်းဒါယကာတွေက မသိပေမယ့် ရဟန်းတော်တို့ကိုလှူဒါန်းခဲ့ကြတဲ့ဒီဆွမ်းရဲ့အကျိုးဟာ ဒါယကာကြီး ဦးသုခရိုက်ပြတဲ့ရုပ်ရှင်ထဲက ဆွမ်းတော်တစ်နပ်ရဲ့အကျိုးပြမြေပုံပါပဲ။

။ ဒါကြောင့် လောကမှာ ဒါနနဲ့ပတ်သက်လာရင် နည်းများမဆို ကုသိုလ်ကံပြုနိုင်ကြလို့ အကုသိုလ်ကံကိုမပြုမိကြဖို့ ဆင်ခြင်ဉာဏ်ပြည့်စုံရမယ်။ ရဟန်းစားသောဆွမ်းတစ်နပ်ကြောင့် မိမိဘဝက ကြီးကျယ်စွာဒုက္ခမပေးသွားဘူးဆိုတာကိုနားလည်ရင်( သိရင်) မိမိပြုဖူးသောကုသိုလ်ကံကို အကြိမ်ကြိမ်အဖန်ဖန်( အခါခါ) အောက်မေ့လျက် ” ကုသိုလ်ပြုကံ၊ ကိုယ်ပိုင်ဉာဏ်၊ အမှန်အကျိုးအမြတ်” ပါကြောင်း မြတ်ဗုဒ္ဓက ချီးမြှင့်ဆုံးမဩဝါဒပေးခဲ့ပါတယ်လေ။

။ ရဟန်းတစ်နပ်
ဆွမ်းကပ်ခဲ့သူ
အပူကင်းကွာ
ငြိမ်းချမ်းသာကြောင်း
ပြောင်းလဲဘဝ
သုခရိပ်ငြိမ်
နိဗ္ဗာန်အိမ်သို့
တည်ငြိမ်အိမ့်အိမ့် ရောက်ရလိမ့်။

တောမှီရဟန်း
(၈.၇.၂၀၂၃) ရက်နေ့နံနက်။) 

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ လူမှုရေး အလှူဒါန

။ မှာခဲ့ပါရစေ ။

။ ငါသေသောခါ၊ ငါ့မသာကို
တန်ဆာပြုပြင်၊ ပွဲကြီးယင်၍
သဘင်ကချေ၊ ဆို ငို တွေနှင့်
ငွေကြေးကုန်ကျ၊ မပြုကြနှင့်
ဘာမျှအကျိုးမရှိပါ။

။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍
အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်
မဖွယ်မရာ၊ မပြုပါနှင့်
သံသာ ပစ္စုပ်၊ အကျိုးယုတ်​၏။

။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟု
စိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကို
တော်ရာဌာန၊ ဆောင်ယူကြလျှက်
ပြာချသင်္ဂြိုဟ်လိုက်ပါလေ။

။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်
ရှုဆင်ပွားကြ၊ အသုဘဟု
နှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍
ချုပ်ပျက်တင်ကာ၊ ဘာဝနာကို
နှစ်သာရပိုင်၊ ရယူနိုင်မှ
ဆုတ်ကိုင်ဖြည့်ဆည်း
နိဗ္ဗာန်နီးမည် …
ဘုန်ကြီးမှာခဲ့ပါရစေ။

သန်လျင် (ကရင်ဆိပ်ဆရာတော်)

။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။

။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ ကကြရွှင်ကြပျော်နေကြလို့ တီးကြခုန်ကြပျော်နေကြလို့နဲ့ ဆိုင်းဝိုင်း၊တီးဝိုင်း အစုံအလင်ပါပဲ။ ရှေးခေတ်က သာဓုကီဠန( သူတော်စင်များပျော်ရွှင်သည့်ပွဲ) လို့ သတ်မှတ်ခဲ့ကြပေမယ့် လူတွေက တကယ့်ကိုပျော်ရွှင်ပျကြတဲ့ ပွဲလမ်းသဘင်ကြီးလိုပါပဲ။

။ ဘုန်းတော်ကြီးဈာပနပွဲတွေမှာ မြင်ရတဲ့ဈာပနပွဲတွေဟာ ရွှေရောင်ငွေရောင်တောက်တဲ့ ပြာသာဒ်ဆောင်ကြီးငယ်တွေ ၊ ဇော်ဂျီ အနီအနက် အဖြူအဝါတွေ ကလို့ခုန်လို့ စုံလို့ပါပဲ။ ဧယင်ကျူးတဲ့အဖွဲ့၊ကခုန်တဲ့အဖွဲ့တွေကလည်း များစွာပါပဲ။ ဧယင်ကျူး မကျူးရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေရှိကြသလို ကကြခုန်ကြတဲ့ပျော်ရွှင်ကြတဲ့သူတွေကလည်း မကရမခုန်ရမပျော်ကြရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေလည်း အရှိရှိပါပဲ။

။ ကိုင်း……
ပြောပြချင်တာကတော့ ငွေကြေးကုန်ကြ၊ကျိုးမမြတ်တဲ့ ကုန်ကျပွဲတွေကို နည်းနည်းလျော့ရင်တော်မည်လားပါပဲ။
(မည်သည့် ဈာပနပွဲကိုမျှ မရည်ရွယ်ပါ)

အဲးခိုး
(၃.၇.၂၀၂၂) ရက်နေ့နံနက်)

Loading

Categories
စကားလက်ဆောင် ဘာသာရေး အလှူဒါန

အလှူရှင် အလိုရှိသည်

။ အလှူရှင်အလိုရှိပါသည် ။
~~~~~~
။ ကာလတစ်ခုတုန်းက တည်ရှိခဲ့သော ဤစေတီတော်မြတ်သည် မှုန်ဝါးဝါးအလင်းရောင်အဖြစ်တည်ရှိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့သည်။ ဤသည့်နောက်ပိုင်းတွင် ဤသို့စည်ကားသိုက်မြိုက်စွာရှိလာရာမှ စေတီရင်ပြင်ပေါ်တွင် ပေါက်ရောက်ခဲ့သည့် သမိုင်းဝင် ထန်းပင်သည် သဘာဝဘေးဒဏ်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ” ထန်းပင်လှူဒါန်းရန်” သတင်းပေးရခြင်းဖြစ်ပါသည်။

။ လှူဒါန်းစိုက်ထားနိုင်သည့် နေရာမှာ ဤမြင်တွေ့ရသည့်နေရာတွင်ဖြစ်သည်။

တိုက်တွန်းခြင်းပြုသူ
~~~~~~
တောင်ကလေးဆရာတော်
(၁၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် အလှူဒါန

မြရတနာရေကန်တော်

မြရတနာ ရေကန်တူးဖော်ခြင်း
~~~~~~~~

မိမိသဘောကို ဆောင်နိုင်သော
(မိမိသဘောအတိုင်း ထင်ရှားသော)
အရာကို ” ဓာတု= ဓာတ်” ဟု ခေါ်၏။

ပထဝီ = မြေဓာတ်၊
အာပေါ = ရေဓာတ်၊
တေဇော = အငွေ့ဓာတ်(မီးဓာတ်)၊
ဝါယော = လေဓာတ် ဟု
ဓာတ်ကြီးလေးပါးရှိရာတွင်
လေးပါးစလုံးညီညွတ်မျှတမှသာ
သက်ရှိရော သက်မဲ့ပါ
ရှည်ကြာစွာတည်တံ့နိုင်ရာ၏။

ယခုနှစ်နွေရာသီတွင်
မိမိတို့ဒေသ(ကရင်ပြည်နယ်မှာ)
ရေအရင်းအမြစ် အတော်နည်းပါးလာခဲ့သည်။
ရပ်ရွာအတော်များများရှိ
မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်တွေ
အတော်များများ ခမ်းခြောက်၍
ရေအခက်အခဲများဖြစ်နေကြကြောင်း
အင်တာနက်စာမျက်ပေါ်တွင်
လေ့လာဖတ်ရှုရပါသည်။

နောင်လာမည့်နှစ်များတွင်
ဒီထက်ပို၍သာ အခြေအနေဆိုးရွားလာဖွယ်ရှိ၏။
အဘယ်ကြောင့်ဆိုသော်
ကရင်ပြည်နယ်သည်
သစ်ပင်၊ သစ်တောများ၊ ထုံးကျောက်တောင်များ
တစ်နှစ်ထက်တစ်နှစ်ပို၍
ပြုန်းတီးမှုများလာသောကြောင့်ပင်။

ရေအခက်အခဲကို
တစ်ဖက်တစ်လမ်းက
အထောက်အကူဖြစ်စေရန့်
(ဖြေရှင်းပေးနိုင်ရန်)
တောင်ကလေးဆရာတော်၏
သြဝါဒကိုဦးထိပ်ပန်ဆင်ကာ
အလျားပေ ၄၀၀၊ အကျယ်ပေ ၁၀၀၊ အနက်ပေ ၃၀ ရှိ
မြရတနာရေကန်တော်ကြီးကို
တူးဖော်ခဲ့ရာတွင်
ယနေ့ ( 30 – 5 – 2020 ) မှာဆို
ရက်ပေါင်း ၆၀ ပြည့်၍
ရေကန်တော်ကြီးလည်း အောင်မြင်စွာ
ဖြစ်ပေါ်လာခဲ့ပါပြီ။

ရေကန်အလှူရှင် ၇ ရက်သားသမီးများနှင့်အတူ
မိမိတို့တစ်ထွေလည်း
လုပ်အားဒါနပါဝင်ခွင့်ရကြ၍
အထူးပင် ဝမ်းမြောက်လှပါကြောင်း
သာနုံး+ယသဝေါ်ရွာသူ/သားများကိုယ်စား
မှတ်တမ်းပြုပါ၏။

( 30 – 5 – 2020 )

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး