Categories
ဗုဒ္ဓဘာသာ သမိုင်းရေးရာ

သထုံ အထက (၂) ကျောင်းဆောင်သစ် အဆောက်အဦး ဆောက်လုပ်ရန် တူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ

သထုံ
၃၀.၉.၂၀၂၂

ယနေ့ နေ့လည်ပိုင်း သထုံမြို့၊ သိမ်ကုန်းရပ်ကွက် အ.ထ.က (၂) ကျောင်း၀င်းအတွင်း ကျောင်းဆောင်သစ်အဆောက်အဦး ဆောက်လုပ်ရန် တူးဖော်ရာ အနက် (၄) ပေခန့်လောက်တွင် ရှေးခေတ်လက်ရာများဖြစ်သည့် မုဒြာမျိုးစုံ အုတ်ခွက်ဘုရား (၂၁၀) ဆူ တွေ့ရှိခဲ့ပါသည်။

၎င်းအုတ်ခွက်ဘုရားများသည် AD – 7 ရာစုခန့် ရှေးခတ်လက်ရာများဖြစ်သည်ဟုခန့်မှန်း သိရှိရပါသည်။ တူးဖော်ရရှိသည့် အုတ်ခွက်ဘုရား အဆူ (၂၁၀) အား အ.ထ.က (၂) ကျောင်း၀င်း အတွင်းရှိ ဘုရားခန်းတွင် ပူဇော်ထားရှိထားပါသည်။

သတင်းရင်းမြစ်။ ။ ဝင်းဇော် ဦး

။ သုဓမ္မဝတီမြို့ခေါ်( သုဓုံ+ သထုံ) မြို့ဟာ အလွန်ရှေးကျသော ခေတ်ဦးကာလက ဗုဒ္ဓယဉ်ကျေးမှုထွန်းကားခဲ့ပြီးသားပါပဲ။ မင်းနဲ့ပြည်သူကြည်ဖြူစွာ ရှိနေကြစဉ်က ဘာသာယဉ်ကျေးမှု မည်သူမျှထိပါးခဲ့ကြတာမရှိပေမယ့် နယ်ချဲ့ပဒေသရာဇ်၊နယ်ချဲ့ကိုလိုနီခေတ်စတဲ့ခေတ်အဆက်ဆက်ကိုဖြတ်သန်းရင်း မူလယဉ်ကျေးမှုပစ္စည်းတွေဟာ ကျူးကျော်စစ်ရဲ့လက်အောက်သို့ရောက်ခဲ့ရတယ်။

။ အထူးသဖြင့် ဒီနေရာဟာ ဘာသာခြားတွေကအတင်းသိမ်းယူပြီး သူတို့ဘာသာဘုရားရှိခိုးကျောင်းဆောက်လုပ်ခဲ့တယ်။ မူလစေတီပုထိုးဟောင်းကိုဖျက်ဆီးပြီး မြေအောက်မှာ အများသူငါမသိအောင်လုပ်ခဲ့တယ်ဆိုတာ သက်သေပြစရာမလိုတော့အောင်ပါပဲ။

။ လက်ရှိမြင်တွေ့ရတဲ့ ရှေးအုတ်ခွက်ဘုရားလက်ရာဟာ ကရင်ပြည်နယ်အတွင်း လိုဏ်ဂူတော်တွေမှာ မြင်နိုင်တဲ့အပြင် ထိုင်း၊လော၊ကမ္ဗောဒီးယားနိုင်တွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်အတွင်းမှာတော့ ယဉ်ကျေးမှုနေရာဟောင်းတိုင်းမှာ မြင်တွေ့ရပါတယ်။ မြန်မာများ ပိုမိုလေ့လာရန်လိုပါတယ်။။

Pin Nya Tha Mi

Loading

Categories
ကရင်လူမျိုး တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ သမိုင်းရေးရာ

အရှေ့ပိုးကရင်လူမျိုးတို့၏ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့ 

အရှင်ပညာသာမိ၏ “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၆၆-၇၂၊ အခန်း (၃) ရိုးရာဓလေ့ထုံးစံ၊ ၃(က)။ လူနေမှုဓလေ့ထုံးစံ၊ ၃(က-၄)။​ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။

ပိုးကရင်လူမျိုးတို့သည် လူ၏ခန္ဓာကိုယ်တွင်ကပ်၍ ဝိညာဥ်လိပ်ပြာကောင်ရှိသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်တိုင်အောင် ဘိုးဘွားစဥ်ဆက် စွဲမြဲယုံကြည်လာခဲ့ကြသည်။ ပိုးကရင်ဘာသာဖြင့် ‘အဝီးအလာ’ ဟုခေါ်သော ဝိညာဥ်လိပ်ပြာကောင်သည် မိမိခန္ဓာကိုယ်နှင့် အမြဲမပြတ် နေထိုင်နေမှသာ ထိုသူသည် ကျန်းမာသန်စွမ်း၍ အသိပညာ တိုးပွားနိုင်သည်။ ဝိညာဥ်လိပ်ပြာကောင်သည် အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားပါက ထိုသူသည် လိပ်ပြာလွင့်စဥ်ပြီး ဖျားနာတတ်သည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် ပိုးကရင်လူမျိုးတို့သည် ရုတ်တရက် လန့်ဖျပ်သွားပါက တိုးတိုးတိတ်တိတ် အသံထွက်၍ဖြစ်စေ၊ စိတ်ထဲတွင်ဖြစ်စေ ‘ပလူးဝီးလာ ဟှယ့်ထိုင်ၯယ့်ထိုင်’ ဟုရွတ်တက်ကြသည်။

၁။ လန့်ဖျပ်သွားသော လိပ်ပြာကောင် ပြေးသွားမည်ကို ကြောက်၍ ဖလူးလိပ်ပြာရေ မပြေးပါနှင့် ပြန်လာပါ၊ ပြန်လာပါဟု ခေါ်ခြင်းဖြစ်သည်။ [ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂]

လိပ်ပြာကောင်သည် တစ်စုံတစ်ဦးနှင့် အတူတကွ အနေကြာလာသောအခါ မိမိမှီခိုနေထိုင်သူနှင့်သာမက ယင်းအိပ်ထောင်စုမှ ညီအစ်ကို မောင်နှမများနှင့်ပါ သံယောဇဥ်ရှိလာသည်။ ထို့နောက် လိပ်ပြာကောင်မှီနေသော သူသည် သေဆုံးသွားသောအခါတွင် အခြားအရပ်ဒေသသို့ မသွားတတ်ဘဲ သေဆုံးသူ၏ မိသားစုနှင့် ဆက်လက်နေထိုင်သွားတတ်သည်။ ထိုသေဆုံးသူ၏ မိသားစုနှင့် ဆက်လက်နေထိုင်သွားတတ်သည်။ ထိုသေဆုံးသူ၏ လိပ်ပြာကောင်သည် ကျန်ရှိသော မိသားစုအတွင်း မှီခိုတွယ်ကပ်နေခြင်းကြောင့် ငယ်ရွယ်သူများသည် မကြာခဏ လန့်ဖျပ်ခြင်း၊ ဖျားနာခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ပိုးကရင်လူမျိုးတို့သည် သေဆုံးသွားသူ၏ လိပ်ပြာနှင့် ကျန်ရစ်သူတို့၏ လိပ်ပြာအတူတကွမနေသင့်ဟု ယူဆပြီး လိပ်ပြာခွဲလေ့ရှိသည်။ ယင်းသို့ လိပ်ပြာခွဲရာတွင် နတ်စားသည့်အခါဖြစ်စေ၊ လက်ကြိုးချည် လိပ်ပြာခေါ်သည့် အခါတွင်ဖြစ်စေ ဓလေ့ထုံးစံအတိုင်း လိပ်ပြာခေါ်ယူ၍ ကျန်ရစ်သူ၏ လိပ်ပြာကို ခွဲထုတ်လိုက်ခြင်းဖြင့် ကျန်ရစ်သူမိသားစုတို့သည် ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြသည်ဟု အယူရှိကြသည်။

ပိုးကရင်လူမျိုးတို့၏ လိပ်ပြာခေါ် လက်ချည်သောဓလေ့မှာ ယေဘုယျအားဖြင့် သုံးမျိုးရှိသည်။ ၎င်းတို့မှာ (၁) လိပ်ပြာလွင့်၍ လက်ချည်ခြင်း၊ (၂) ဝါခေါင်လ လက်ချည်ခြင်းနှင့် (၃) မင်္ဂလာဆောင် လက်ချည်ခြင်းတို့ဖြစ်သည်။

၃။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၁-၂၁၂။ 

ကရင်ရိုးရာ လက်ချည်ခြင်းကို ‘လာဟှာခိုင်စူး’ ဟူ၍လည်းကောင်း၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်းကို ‘အောဂေါက်ခိုင်စူး’ သို့မဟုတ် ‘အောဂေါက်တိုင်ဂေခိုင်စူး’ ဟူ၍လည်းကောင်း၊ ဝါခေါင်လ လက်ချည်ခြင်းကို ‘လာခေါက်ခိုင်စူး’ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ လက်ချည်ခြင်းပြုလုပ်ရာတွင် ဒေသကိုလိုက်၍ လုပ်နည်းလုပ်ဟန် အယူအဆ အနည်းငယ်ကွဲလွဲသော်လည်း ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်။ 

၄။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 

ပိုးကရင်လူမျိုးတို့၏ ယုံကြည်မှုတစ်ရပ်မှာ လူတို့တွင် ရုပ်နှင့် ဒွန်တွဲနေသော ဝိညာဥ်လိပ်ပြာရှိသည်။ ယင်းလိပ်ပြာသည် ကြောက်မက်ဖွယ်မြင်ကွင်း၊ ထိတ်လန့်ဖွယ်မြင်ကွင်းတို့နှင့် ကြုံတွေ့ရသောအခါ လိပ်ပြာလွင့်သည်ဟု ယူဆကြသည်။ လိပ်ပြာလွင့်သူသည် ထိတ်လန့်၍ စိတ်အားငယ်တတ်သည်။ စိတ်ချောက်ချား၍ ကိုယ်လက်မအီမသာဖြစ်ကာ တဖြည်းဖြည်းပိန်ချုံးလာပြီး ရောဂါစွဲကပ်လာတတ်သည်။ သို့ဖြစ်၍ မူလအတိုင်း ပြန်လည်ကျန်းမာလာစေရန် ပိုးကရင်တို့၏ ဘိုးစဥ်ဘောင်ဆက် ရိုးရာဓလေ့တစ်ခုဖြစ်သော လိပ်ပြာခေါ်၍ လက်ချည်ခြင်းကို ပြုလုပ်ပေးရသည်။ ဝိညာဥ်လိပ်ပြာခေါ်ရာတွင် ညနေစောင်း အိပ်ရာဝင်ချိန်၌ အိမ်ပေါ်တွင်ရှိသော လှေကားဘောင်ကို ဖြည်းညင်းစွာခေါက်၍ ခေါ်ယူရသည်။ ယင်းသို့ ခေါ်ယူရာတွင် အောက်ပါအတိုင်း ရွတ်ဆိုပေးရသည်။ 

‘ဝိညာဥ်ရေ ပြန်လာပါ။ အိမ်တွင်ပြန်လာပါ။​ မိဘနှင့်အတူ ပြန်လာနေပါ။ ဖခင်နှင့်အတူ ပြန်လာနေပါ။ ညီအစ်ကို မောင်နှမနှင့်အတူ ပြန်လာနေပါ။ သုသာန်တွင် မနေပါနှင့်။ အရိုးကောက်နားတွင် မနေပါနှင့်။ နောင်းလော့၊ နောင်းခလော့ခေါ်သည့် နတ်မိစ္ဆာတို့၏စကားကို မယုံပါနှင့်။ အိမ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လာနေပါ။ ဝိညာဥ်ရေ ပြန်လာပါ။ ပြန်လာပါ’ ဟု ရွတ်ဆိုပေးရသည်။

၅။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 

ထိုသို့ ရွတ်ဆိုပြီးလျှင် မီးဖိုခန်းအဝင် တံခါးပေါင်၏ အပေါ်ဘက်ပေါက်ကို ယောက်မဖြင့် တစ်ဖန် ဖြည်းညင်းစွာခေါက်၍ ယခင်အတိုင်း ရွတ်ဆိုရပြန်သည်။​ ထို့နောက် သားသမီးများကို ဝိညာဥ်ခုနစ်ပါးအကုန်ပြန်ရောက်ပြီးလားဟု မေးရသည်။ ထိုအခါ သားသမီးတို့က အကုန်ပြန်ရောက်ပါပြီဟု ဖြေကြားရသည်။ ဤသို့ ဝိညာဥ်ပြန်လာရန် သုံးညတိုင်တိုင် ခေါ်ယူရသည်။ ဗျပ်ထဲ၌ ထမင်းခုနှစ်ဆုပ်၊ ပန်းခုနစ်ခက်၊ ကောက်ညှင်းထုပ်ခုနစ်ထုပ်နှင့် ချည်ဖြူနှင့် ရေတစ်ခွက်ကို ပြင်ဆင်ထားရသည်။​ လိပ်ပြာလွင့်သူ၏ ဝိညာဥ်လိပ်ပြာကို ပြန်ခေါ်ရန် လက်ချည်ရာတွင် လက်နှစ်ဖက်ကို ထမင်းဆုပ်၊ ကောက်ညှင်းထုပ်နှင့် ပန်းသုံးခက်ကိုင်ကာ လက်ကို ပက်လက်ထားပြီး ဆန့်ထားပေးရသည်။ ထိုအခါ လက်ချည်ပေးမည့် အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်နှစ်ဦးက ချည်ဖြူကို တစ်ယောက်တစ်မျှင်စီယူ၍ ချည်စကို ရေဖြင့်ဆွတ်ကာ လိပ်ပြာလွင့်သွားသူ၏ လက်ကောက်ဝတ်ကို ချည်ဖြူဖြင့် စွဲကပ်နေသော ဝေဒနာများ ကင်းစေရန် သပ်ချပေးရသည်။ ယင်းသို့ပြုလုပ်ချိန်တွင် လက်ချည်ပေးသူက လိပ်ပြာခေါ်သည့် ရွတ်ဆိုမှုမျိုးအတိုင်း ရွတ်ဆိုရပြန်သည်။ ထို့နောက် လက်ချည်ပေးသူသည် မိမိလက်တွင်ကိုင်ထားသော ချည်ဖြူဖြင့် လိပ်ပြာလွင့်သူ၏ လက်ကောက်ဝတ်ကို တစ်ယောက်တစ်ဖက်စီ လက်ယာရစ်သုံးပတ်တိတိ ကြိုးစနှစ်ခုကို မြဲအောင်ချည်ကာ ပိုနေသောကြိုးစနှစ်ခုကို ဆွဲဖြုတ်၍ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်နှင့် ပန်းတို့ကို အနည်းငယ်စီ ဖဲ့ယူကာချည်စနှစ်ခုနှင့်အတူ လက်ချည်ခံရသူ၏ ခေါင်းပေါ်သို့ တင်ပေးရသည်။

ထိုအခါ ‘လိပ်ပြာရေ ခေါင်းပေါ်ကဆံပင်များ ကြိုးစကဲ့သို့ အကုန်ဖြူသည်အထိပြန်လာနေပါ’ ဟု ရွတ်ဆိုပေးရသည်။ 

၇။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၂-၂၁၅။​ 

လိပ်ပြာခေါ် လက်ချည်သောဓလေ့သည် ဒေသကိုလိုက်၍ ကွဲပြားမှုရှိသည်။ အချို့ဒေသများတွင် ဗျပ်ထဲ၌ ထမင်းဆုပ်၊ ပန်း၊ ကောက်ညှင်းထုပ်တို့နှင့်အတူ  ချည်မျှင်ရှည်တစ်ချောင်းကို ကန့်လန့်ဖြတ်၍ ချထား၏။ ချည်စတစ်ဖက်မှာ ဗျပ်၏အပြင်ဘက်သို့ ရောက်သည်အထိ အရှည်ထားရ၏။ ထို့နောက် ဗျပ်ကို လိပ်ပြာလွင့်သူ ထိတ်လန့်ခဲ့သော၊ လဲကျခဲ့သော နေရာသို့ ယူသွား၍ ဗျပ်၏ အပြင်ဘက်ထွက်နေသောအစကို မီးဖြင့် အလယ်မှဖြတ်လိုက်သည်။ လိပ်ပြာကိုလည်း နှုတ်မှ ရေရွတ်ကာ ခေါ်ရသည်။ ထိုအခါ ဗျပ်ထဲတွင်ရှိသော ချည်မျှင်စဘက်သို့ မီးမကူးပါက လိပ်ပြာမလာသေးဟု ယူဆ၍ လိပ်ပြာမလာမချင်း ထပ်၍ လုပ်ရလေသည်။ အချို့ဒေသများတွင်မူ လိပ်ပြာလွင့်သူ ထိတ်လန့်ခဲ့နေရာ၊ လဲကျခဲ့သောနေရာသို့သွား၍ ငွေဒင်္ဂါးပြား ဒေါင်လိုက်ထားရသည်။ အချို့ဒေသများတွင် ကြက်ဥကို ထောင်ထားသည်။ ကြက်ဥသည် မတ်မတ်ရှိနေပါက လိပ်ပြာပြန်ပြီဟု ယူဆပြီး ကြက်ဥလဲကျပါက လိပ်ပြာပြန်မလာသေးဟု ယူဆကြသည်။ ဤသည်တို့ကား ပိုးကရင်လူမျိုးတို့၏ လိပ်ပြာလွင့်သူတို့ကို လိပ်ပြာခေါ်ပေးသည့် ယုံကြည်ချက်ဓလေ့တစ်မျိုး ဖြစ်သည်။ 

ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်ရှိ ကရင်လူမျိုးတို့၏ မင်္ဂလာလက်ချည်ပွဲမြင်ကွင်း
Photo Credit: Experiencing an Authentic Chiang Mai Hill Tribe Tour and Homestay – Tieland to Thailand

ပိုးကရင်လူမျိုးတို့၏ ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတို့သား၊ သတို့သမီးတို့ကို အကြင်လင်မယားအဖြစ် အသိအမှတ်ပြုခြင်းတို့နှင့်အတူ လက်ချည်ခြင်းတို့ဖြင့် ဆုတောင်းချီးမြှင့်ပေးခြင်း ဖြစ်သည်။​ တစ်နည်းအားဖြင့် ထိမ်းမြားမင်္ဂလာဆောင်သူတို့ကို ကာယသုခ၊ စိတ္တသုခ နှစ်ဖြာပြည့်ဝပြီး ရာသက်ပန်၊ သက်ဆုံးတိုင် ပေါင်းဖက်နိုင်စေရန် ဆုတောင်းပေးခြင်းလည်း ဖြစ်သည်။ ထိမ်းမြားမင်္ဂလာလက်ချည်ရာတွင် ဗျပ် သို့မဟုတ် လင်ပန်းကျယ်တစ်ချပ်တွင် ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ခေါပြင်နှင့် ပန်းများအပြင် မုန့်နှင့် စားသောက်ဖွယ်ရာမျိုးစုံကို ထည့်ထားရပြီး ချည်ဖြူများကို ဖြန့်ခင်းထားရသည်။ လက်ချည်ပေးရာတွင် ငယ်လင် ငယ်မယားအစုံသာ ချည်ပေးရသည်။ ထိမ်းမြားမင်္ဂလာလက်ချည်ရာတွင် လိပ်ပြာခေါ် လက်ချည်ပေးခြင်းမှ ရွတ်ဆိုမှုများပြုလုပ်ပေးခြင်း ဆိုဆုံးမစကား၊ ဆုတောင်းစကားတို့ပါ ချီးမြှင့်ပေးရသည်။ သို့ရာတွင် လိပ်ပြာခေါ် လက်ချည်ခြင်းကဲ့သို့ လှေကားနှင့် မီးဖိုအဝင်တံခါးပေါင်တို့၌ ယောက်မနှင့်ခေါက်၍ လိပ်ပြာခေါ်ခြင်း မရှိချေ။ သတို့သား၊ သတို့သမီးတို့ကလည်း မိမိတို့လက်ထပ်စဥ်က ဂုဏ်သရေရှိလူကြီးများက လက်ချည်ပေးခဲ့၍ သာယာသောအိမ်ထောင်ရေးကို ထူထောင်နိုင်မည်ဟု ယုံကြည်ကြသည်။

ဝါခေါင်လ လက်ချည်ခြင်း (သို့)
ဝါခေါင်လလိပ်ပြာခေါ်ခြင်း

ပိုးကရင်လူမျိုးတို့သည် ဝါခေါင်လရောက်လျှင် အချို့ဒေသများ၌ ရွာလုံးကျွတ်လက်ချည်ခြင်း ပြုလုပ်ကြသည်။ ဝါခေါင်လ လက်ချည်ခြင်းသည် ဝါခေါင်လလိပ်ပြာခေါ်ခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။ ပိုးကရင်လူမျိုးတို့သည် ဝါခေါင်လတွင် ယခင်လများထက်ပို၍ ထမင်းစားကြသည်။ ဝါခေါင်လသည် မကောင်းဆိုးဝါးများမြူးထူးပျော်ပါးကြသော လဖြစ်သည်ဟု ယုံကြည်ကြသည်။ ဝါခေါင်လတွင် ယခင်လများထက်ပို၍ ထမင်းစားနိုင်ခြင်းမှာ မကောင်းဆိုးဝါးတို့က မိမိတို့နှင့်အတူ ကပ်၍ စားသောက်ကြသည်ဟု ရှေးအချိန်ကာလကပင် ပိုးကရင်တို့ ယုံကြည်ထားကြသည်။ ထိုသို့ မကောင်းဆိုးဝါးများက လူနှင့်အတူကပ်စား၍ မိမိတို့သားသမီးများလိပ်ပြာသည် အဝေးသို့ ပျံ့လွင့်သွားမည်ကို စိုးရိမ်ကြသည်။​ထို့ကြောင့် မကောင်းဆိုးဝါးများ မှီခိုစားသောက်ခြင်းကြောင့် ဝိညာဥ်လိပ်ပြာကိုသော်လည်းကောင်း၊ မိမိတို့သားသမီးဆီ ပြန်လာရန်အတွက် ဝါခေါင်လ လက်ချည်ခြင်းဖြစ်သည်။​ ဤသို့ လိပ်ပြာခေါ်ပေးခြင်းဖြင့် သားသမီးများတွင် အနာရောဂါ မစွဲကပ်နိုင်ဘဲ ကျန်းမာသန်စွမ်းကြသည်ဟု ယုံကြည်ကြသည်။ ခေတ်အမြင်နှင့်ကြည့်လျှင် ကျန်းမာရေးကို ဂရုစိုက်ရန် ရှေးပိုးကရင် လူကြီးတို့က သားသမီးတို့ကို ပညာတစ်ရပ်အနေဖြင့် သတိပေးထားခြင်းဖြစ်သည်။ ဝါခေါင်လသည် မိုးများသောလ ဖြစ်သည်။ ရောဂါထူပြောသည်။ ရောဂါဘယသည် လူတို့ထံသို့ အလွယ်တကူစွဲကပ်နိုင်သော ကာလလည်းဖြစ်သည်။ ထို့ကြောင့် ရောဂါဘယ အလွယ်တကူ မစွဲကပ်နိုင်စေရန် အနေအထိုင်၊ အစားအသောက်များကို သတိဝီရိယနှင့် ဆင်ခြင်စားသောက် နေထိုင်ကြရန် သတိပေးခြင်းအားဖြင့် ဝါခေါင်လ လက်ချည်ပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။၁၀ 

ဝါခေါင်လ စုပေါင်းလက်ချည်ပွဲများသည် ကွဲကွာနေသော မိသားစုများ ပြန်လည်ဆုံတွေ့ရခြင်း၊ လူမှုရေးကိစ္စရပ်များကို ညှိနှိုင်းရခြင်းနှင့် လူငယ်များ သွေးစည်းချစ်ကြည်မှုလည်း ရရှိနိုင်ပေသည်။ မျက်မှောက်ခေတ်တွင် ဝါခေါင်လပြည့်နေ့ကျရောက်တိုင်း ပိုးကရင်လူငယ်များ ဦးဆောင်၍ လက်ချည်ပွဲကို ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အစဥ်အလာမပျက် နှစ်စဥ်ကျင်းပလေ့ရှိကာ ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းထားကြသည်။၁၁

အမေရိကန်ပြည်ထောင်စု၊ ဟူရွန်မြို့၊ တောင်ဒါကိုတာပြည်နယ်တွင် ရောက်ရှိနေထိုင်နေကြသော ကရင်လူမျိုးတို့၏ ရိုးရာလက်ချည်ပွဲ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား။ (08/11/2019)
Photo Credit: Karen Culture Organization of Omaha

ယှောတ်ဝိကိုဝ်လါ

ပြူး – ဝိနိုဲၯာ လာနိုဲၯာ၊ ၯယ့်ထါင် ၯယ့်ထါင်၊ ၯယ့်ထါင်အှ်ဍေ မောဝ်ႋ၊ ၯယ့်ထါင်အှ်ဍေဖါႋ၊ ၯယ့်ထါင်အှ်ဍေဖီ့၊ ၯယ့်ထါင်အှ်ဍေဖူ့၊ ၯယ့်ထါင်အှ်ဍေ ဖူႋဝဲါထီသိုဝ်၊ ၯယ့်ထါင်အှ်ေဍေၜုဂ်ထိင်ႋဆါင့်ဆာႋ။

ပြူး – လာၯယ့်ထါင်ႋ ၯယ့်ထါင်၊ ၯယ့်ထါင်အှ်လ်ုၯိင်း၊ ၯယ့်ထါင် အှ်လ်ုၰင့်၊ ၯယ့်ထါင်ပါတၠာက်ုဆင့်၊ ၯယ့်ထါင် ပါတၠာဝဝ်ၜိင်း၊ ၯယ့်ထါင်တာင်ဍောဟ်ၜူးမောဝ်ႋၜူးဖင့်၊ ၯယ့်ထါင် အှ်လ်ုၯိင်း ခၠံင်ႋထဝ့်ဖိုင်ယိုဝ်။

ပြူး – ဝိနိုဲၯာ လာနိုဲ့ၯာသီးၯေး ၯယ့်ထါင်၊ ၯယ့်ထါင်ပါတၠာက်ုသှ်ေ၊ ၯယ့်ထါင်ပါတၠာက်ုဆင့်၊ ၯယ့်ထါင်ပါတၠာ ၜူးမောဝ်ႋၜူးဖင့်၊ ၯယ့်ထါင်ပါတၠာ စေဝ်လူႋဓံင့်ဖဝ့်၊ ၯယ့်ထါင်ပါတၠာၰုဂ်ကၠေါဝ်။

ပြူး – လာၯယ့်ထါင် ၯယ့်ထါင်၊ နာန်ႋလဝ့်အင်းလိက်ဏယ်ၜးၰေဝ်၊ နာန်ခၠဝ်ႋအင်းလိက် ဏယ်ၜးၰေဝ်၊ ခၠုံးဆာင်းကျာမာန်ဏယ်ၜးၰေဝ်၊ ပြူးလာၯယ့်ထါင် ၯယ့်ထါင်၊ အှ်လ်ုဍုံဖိုင် ဌါန့်ဖိုင်၊ အှ်ၜးသွး ခေါဟ်ၰေဝ်၊ အှ်ၜးလံင့်ထာ်ၰေဝ်။

ပြူး – လာၯယ့်ထါင်၊ ၯယ့်ထါင်အှ်ဆံင်း၊ ၯယ့်ထါင်အှ်ခၠါင့်၊ အာင်းလုံႋထေံ၊ အာင်းထါခါႋ ဆံင်းၜေ့ခၠီး၊ ဖၠဲၜေဖၠာႋ၊ ယုက်ထဝ့်လာႋလ်ုယာလ်ုကါ။

ပြူး – လာၯယ့်ထါင် ၯယ့်ထါင်၊ ၯယ့်ထါင် ပါတၠါယုက်၊ ၯယ့်ထါင် ပါတၠာသာ၊ လ်ုအှ်လိုင် ဆ်ုစုဂ်ဆ်ုဆာ့၊ ပြူး လာၯယ့်ထါင်၊ ၯယ့်ထါင်၊ ခေါဟ်အွာယင်ႋလူးထိုဝ်၊ ပြူး လာၯယ့်ထါင် ၯယ့်ထါင်ခေါဟ်အွာယင်ႋလူးထိုဝ်။

ဆောဟ်ဖးဖှ်ေဝေ့ ၜေ့ဏှ်သိုဝ်ၯံင်၊ ဆောဟ်ဖ​ဖှ်ေဆာႋဏှ် “ဝိနိုဲ့ၯာ၊ လာနိုဲ့ၯာ၊ ၯယ့်ထာင်ထံင်ႋယုဂ်ၯး” သိုဝ်ထီးအင်းစာ ၜေ့ဏှ်တာႋ၊ ခါင်ႋစူးဆာႋဏှ်၊ ၜါ်ထင်းစူးဆီ့ၜံင်၊ “ၯယ့်ထာင်ယုဂ်” လဝ်ထင်းဖှ်ေထာင် မွာဲၜိုဝ်လှ်။

Wp/kjp/ဖၠုံလါခုဂ်ခါင်ႋစူး – Wikimedia Incubator Wikimedia ဖၠုံလါခုဂ်ခါင်ႋစူး စာမျက်နှာမှ ပြန်လည်ရေးသာဖော်ပြသည်။

ကျမ်းကိုးစာရင်း
(၃(က-၄)။​ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့)

၁။ လန့်ဖျပ်သွားသော လိပ်ပြာကောင် ပြေးသွားမည်ကို ကြောက်၍ ဖလူးလိပ်ပြာရေ မပြေးပါနှင့် ပြန်လာပါ၊ ပြန်လာပါဟု ခေါ်ခြင်းဖြစ်သည်။ [ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂]
၂။ ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂-၂၃၃။ 
၃။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၁-၂၁၂။ 
၄။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 
၅။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 
၆။ ခုနစ်ရက်သားသမီးတို့၏ ဝိညာဥ် သို့မဟုတ် လိပ်ပြာ။ 
၇။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၂-၂၁၅။​ 
၈။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၅-၂၁၆။​ 
၉။ နောင်၊ ပိုးကရင်၊ စာ ၃၅၄-၃၅၅။
၁၀။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၇-၂၁၈။​ 
၁၁။ နောင်၊​ ပိုးကရင်၊ စာ ၃၅၉။ 

Feature Image: Northwest Communities of Burma (NWCB)

မှတ်ချက် ။ ။ ကရင်ရိုးရာလက်ချည်သောဓလေ့နှင့်သက်ဆိုင်သည့် မိမိကိုယ်ပိုင်ဖန်တီးရိုက်ကူးထားသော ဓာတ်ပုံများရှိပါက ပေးပို့ဝေမျှနိုင်ပါသည်။

Loading

Categories
နိုင်ငံရေး သမိုင်းရေးရာ

။ အဆိုးဆုံးအတွက်ကို အကောင်းဆုံးပြင်ဆင်ထားပါပြီလား? ။

။ အဆိုးဆုံးအတွက်ကို အကောင်းဆုံးပြင်ဆင်ထားပါပြီလား? ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကားချီး

။ လက်နက်ချင်းနဲ့အနိုင်ယူကြရင် လက်နက်နဲ့အတူတူ အသက်ပေါင်းများစွာ သေကျေပျက်စီးကြရမယ်ဆိုတဲ့ စစ်အနိဋ္ဌာရုံကို သင်ခန်းစာမယူကြလေသမျှကာလပတ်လုံး စစ်တိုက်နေရင်းနဲ့မွဲသွားကြရတဲ့တိုင်းပြည် ကမ္ဘာပေါ်မှာ မရှားပါဘူးလို့ ပြောပါရစေ။

နိဒါန်း

။ ကမ္ဘာကျော်လာမယ့် လူတွေရဲ့ပြယုဂ်ဟာ စစ်စစ်ချင်းတိုက်ယူခြင်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ စစ်ရေးအမြင်ရှိကြတဲ့သူတွေရဲ့ နိုင်ငံရေးအပေါ် သူတို့ရဲ့အမြင်က တိုင်းပြည်ရဲ့အချုပ်အခြာအာဏာပါပဲ။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးကျူးကျော်စစ်ပြုကြရင်တော့ စစ်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ခံစားကြရမှာပါပဲ။

နွေဦးပေါက် တော်လှန်ရေး

။ ၂၄.၂.၂၀၂၂ ရက်နေ့ဟာ ယခင်ဆိုဗီယက်ယူနီယံပြည်ထောင်စုဝင် ရုရှားဖဒရေးရှင်းနိုင်ငံဟာ အနီးအနားမှာရှိတဲ့ ယူကရိန်းနိုင်ငံကိုတော့ စစ်ကြေညာပြီး စတင်တိုက်နေကြပြီးဆိုတာကို ပြည်သူတွေအသိပါပဲ။ ဒီစစ်ပွဲဟာ မြန်မာ့ရာသီဥတုနဲ့ယှဉ်ကြည့် ရင် နွေဦးသစ် သို့မဟုတ် နွေဦးပေါက်တော်လှန်ရေးလို့ တင်စားချင်ပါတယ်။

ဘာကြောင့်တိုက်ခိုက်

။ ရုရှားဟာ ဘာကြောင့်ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရပါလဲ? ဆိုတာကို လူတိုင်းအကုန်မသိနိုင်လောက်ပါဘူး။ ယူကရိန်းကလည်း ဘာကြောင့် ရုရှားစစ်ကို အတိုက်ခံချင်ရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲပေါ့။ အကြောင်းမဲ့စွာတော့ မတိုက်ကြသလို အကျိုးနည်းစွာလည်း စစ်အတိုက်အခံလုပ်မှာလည်းမဟုတ်ပါဘူး။ တစ်ခုခုတော့ အဖြေရှိလို့ပါပဲ။

ဘာအဖြေသိချင်ပါသလဲ?

။ ရုရှားက ယူကရိန်းကိုတိုက်ကြည့်မယ်။ ယူကရိန်းကလည်း တိုက်ကြည့်ချင်ရင်တိုက်လိုက်ပါနဲ့ တိုက်သူနဲ့အတိုက်အခံတို့ရဲ့ စစ်ပရိယာယ်ကို အဖြေတွေ့ကြရမယ်။ ဒီစစ်ကိုတိုက်ကြမှ ရုရှားနဲ့ယူကရိန်းတို့အကျိုးရှိကြမယ်လို့တော့ အရှင်တစ်ပါးတည်းအနေနဲ့မြင်ပါတယ်။ ဒါက သူတို့ရဲ့အဖြေလို့ ပြောပါရစေ။

ဘယ်သူခေါင်းထောင်လာမည်လဲ

။ ဒီစစ်ပွဲမှာ ယူကရိန်းက ပြန်တိုက်တိုက်မတိုက်တိုက်က အဓိကမဟုတ်သလို ရုရှားရဲ့အဖြေက ယူကရိန်းက ငါတို့ကို ပြန်တိုက်ဖို့ပါပဲ။ ဘယ်သူဝင်တိုက်မလဲ? ဘယ်သူဝင်ကူမလဲ? ဘယ်သူပါဝင်ကြမလဲ? ဆိုတဲ့အချက်က ရုရှားဘက်က အမှန်သိချင်တဲ့ မဟာအဖြေပါပဲ။ ဒါကြောင့် ရုရှားကို ဒီနေ့ပဲ နေတိုးအုပ်စုတိုင်းပြည်ကြီးတစ်ပြည်က ရုရှားတွေယူကရိန်းကနေထွက်ခွာဖို့ ရာဇသံပေးလိုက်တယ်ဆိုတာကို သိကြတဲ့အတိုင်းပါပဲ။

တကယ်တိုက်ခိုက်ကြမည်လား

။ ဒီစစ်ပွဲဟာ ယူကရိန်းနဲ့ရုရှားတို့ရဲ့အဖြေသက်သက်မဟုတ်ပါဘူး။ အခြားမဲ့နိုင်ငံရေးအဖြေတစ်ခုရဲ့အခြေအနေကို သိချင်ကြလို့ စမ်းသပ်နေတဲ့ စစ်ပွဲလေးလို့ပဲ မြင်ပါတယ်။ ဥပမာ ကမ္ဘာ့နည်းပညာရလဒ်တစ်ခုကို အဖြေရှာမယ့်စစ်ပွဲလို့ သိစေချင်ပါတယ်။ ဒါကြောင့် ဒီစစ်ပွဲကို ဘယ်သူတွေတိုက်ခိုက်ကြမည်လဲ? ဆိုတဲ့အဖြေကို သိချင်ကြတဲ့နိုင်ငံရေးနိုင်ကွက်ကို အဖြေရှာတဲ့စစ်ပွဲပါပဲ။

ရုရှားနဲ့ယူကရိန်းအခြေအနေ

။ ရုရှားနဲ့ယူကရိန်းတို့ဟာ ရန်သူလား? မုန်းကြတဲ့သူတွေလားလေ့လာကြည့်ပါ။ ရာဇဝင်သမိုင်းမှာ အစွန်းအထင်းတွေ များများစားစားမရှိကြပါဘူး။ အခြေအနေအချိန်အခါအရ တိုးတက်လာကြတဲ့သူတွေချည်းပါပဲ။ ယူကရိန်းက ပိုသာနေသလိုထင်မိကြတဲ့သူတွေရှိသလို ရုရှားလည်း အထင်သေးလို့မရပါဘူး။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်မှုတွေထဲက ထင်ရှားခဲ့ကြတဲ့ပုဂ္ဂိုလ်တွေရှိခဲ့တယ်မဟုတ်လား။

အကြောင်းပြ

။ ဒီကိစ္စအတွက် ရုရှားက ယူကရိန်းကို နေတိုးအုပ်စုထဲကိုအဝင်မခံဖို့အတွက်နဲ့စစ်ပွဲဆင်တယ်လို့ပဲ ပြောပါရစေ။ ယူကရိန်းကကော နေတိုးအုပ်စုထဲကို တကယ်ဝင်သွားပြီလား။ နေတိုးအုပ်စုထဲဝင်သွားရင် ရုရှားအတွက် ဘာတွေများစိုးရိမ်ထိတ်လန့်နေကြရပါလဲ? ဆိုတဲ့အဖြေတွေပါပဲ။

ပွဲကြည့်ပရိသတ်

။ စစ်ပွဲတွေမကြားမမြင်ရတာကြာပြီမို့ ဒီစစ်ပွဲကို လေ့လာကြည့်ကြရတာပေါ့။

၁) ရုရှားလိုချင်တဲ့အဖြေကဘာလဲ?

၂) ယူကရိန်းဖြစ်ချင်တဲ့ကိစ္စကဘာလဲ?

၃) စစ်ကူမယ့်သူက ဘာလုပ်ပေးကြမည်လဲ?

၄) ထဲထဲဝင်ဝင် ကယ်တင်ရှင်က ဘယ်သူတွေပါလဲ? ဆိုတာ ပရိသတ်များ အကဲခတ်ကြဖို့ပါ။

နိဂုံး

။ စစ်နဲ့အနိုင်ယူကြလေမျှ ဘယ်တော့မှမမျှတနိုင်ပါဘူး။ တရားသဖြင့်သာ (ဥပဒေဖြင့်သာ) ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အဆိုးဆုံးကို အကောင်းဆုံးပြင်ဆင်ထားကြဖို့ပါပဲ။

အဲးခိုး

(၂၅.၂.၂၀၂၂) ရက်နေ့နံနက်။

Original Post: Facebook

Loading

Categories
ဗုဒ္ဓဘာသာ သမိုင်းရေးရာ

။ မြရတနာစေတီတော် ။

။ ယခုမြင်လိုက်ရသည့် စေတီတော်မြတ်ဟာ တောင်ကလေးတောင်ထွဋ်မြတ်ပေါ်၌ တည်ထားသည့် မြရတနာစေတီတော်မြတ်ပါ။ မြရတနာစေတီတော်မြတ်ဟာ များသောအားဖြင့် မဖူးမြင်ကြရသူတွေ များကြပါတယ်။

။ သမိုင်းပညာရှင်တွေက စေတီတော်မြတ်ဟာ မနောဟရခေါ် မနူဟာမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မုတ္တမမိဖုရားကြီးက တည်ထားတော်မူသည့်စေတီတော်မြတ်တစ်ဆူဖြစ်ပါတယ်။ စေတီတော်ကို မူလအစက ဂဝံကျောက်သားများနဲ့တည်ထားခဲ့ပါတယ်။

။ မြရတနာစေတီတော်မြတ်ကို ဖူးမြော်ကန်တော့ကြသည့်သူတွေဟာ လိုရာဆုထူးတွေတောင်းကြလို့ ပြည့်ဝကြတဲ့သူတွေရှိပါတယ်။ ဒါက ယုံကြည်သူများပါ။

။ ကိုယ်တွေ့ အနေနဲ့ဖူးမြော်ကန်တော့ကြည့်ပါ။ လိုရာဆုလည်းတောင်းကြည့်ပါဦး။

ဦးရွှေအောင် (ချီမင်းဒို)

Loading

Categories
ကရင်လူမျိုး သမိုင်းရေးရာ အထွေထွေဗဟုသုတ

အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ

အက်ဒမန်ကျွန်း ပတ်လမ်း ကြမ်းကြမ်းပေါ်က မထင်မရှား လမ်းခွဲလေးကနေ ခွဲထွက်လာသော လမ်းကျဉ်းကလေးသည် ဘုရားကျောင်းများ၊ စိုက်ခင်းများ၊ လယ်ကွင်းဟောင်းများကို ကွေ့ ကောက်စွာ ဖြတ်သွားလေသည်။ ကားများ၏အလေးချိန်က သံတံတားကို တုန်သွားစေ၏။ တံတားအောက်က ချောင်းမှာ ပြည့်လျှံနေသော ရေများက မုတ်သုံမိုးကြောင့် နွံရောင်ထနေသည်။

အပူပိုင်းတောများက ချောင်းကမ်းနားများကို ခွေယှက်ဖြာကျနေပြီး ရွာကို ပတ်ပတ်လည် ဝန်းရံထားသည်။ သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် စတုရန်းပုံစံ အစိမ်းရောင် လယ်ကွင်းများကြားမှာ တည်ရှိသော ဝီဘီရွာမှာ အက်ဒမန်ကျွန်းအလယ်နှင့် အနောက်မြောက်ပိုင်းရှိ ကရင်လူမျိုး အ သိုင်းအဝိုင်းစုလေး နေထိုင်သည့် ရွာ ၁၂ ရွာအနက် တစ်ရွာဖြစ် သည်။

ခရီးသွားမြေပုံထဲမှာ ဝီဘီ ရွာက မပါပါ။ သို့သော်လည်း ဂျွန်အောင်သမ်၏ စိတ်ထဲမှာ အကြံဉာဏ်များဖြင့် စိတ်လှုပ်ရှားနေသည်။
‘‘ကျွန်တော်တို့ ရွှေ့ပြောင်း အခြေချလာပုံနဲ့ ယဉ်ကျေးမှုထုံးစံကို ပြောပြမယ့် ပြတိုက်တစ်ခုကို စလို့ရပြီ။ ရိုးရာကရင်အစားအစာ တွေနဲ့ စားသောက်ဆိုင်တစ်ခုလည်း စလို့ရတယ်။ လူတွေအနေနဲ့ ကျွန်တော်တို့အကြောင်းကို လေ့လာစေချင်တယ်’’

လွန်ခဲ့သော နှစ် ၉၀ ကျော် က ကရင်လူမျိုးများသည် မြန်မာပြည်ကနေ အက်ဒမန်ပင်လယ်ကိုဖြတ်ပြီး ပြောင်းရွှေ့လာကြသည်။ သုတေသီလက်ထောက်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် သမ်သည် သိပ္ပံပညာရှင်များကို အက်ဒမန်ကျွန်းစုက မရှာဖွေတွေ့ရှိရသေးသည့် ရောဂါမျိုးစိတ်များ ရှာဖွေရှာမှာ ကူညီပေးခဲ့ဖူးသည်။ ယနေ့တွင် သူသည် သူ၏ ဦးရေ ၂,၅၀၀ ရှိ ခိုင်မာသော ကရင်လူမျိုးစု အသိုင်းအဝိုင်းကို စောင့်ရှောက်ထိန်းသိမ်းဖို့ အလေးထား လုပ်နေ သည်။

သမ်သည် သူ့အိမ်ကိုတော့ ဟီး (ကျွန်းအိမ်)ဟု သူခေါ်သော ဧည့်သည်များ လာနေနိုင်သည့် အပန်းဖြေအိမ်အဖြစ် ပြောင်းလဲခဲ့ သည်။ အိမ်ကတန်းများပေါ်မှာ စာအုပ်များ၊ ကရင်လူမျိုးများအ ကြောင်းရေးထားသော ဆောင်းပါးတွေဖြင့် ပြည့်နေပြီးနံရံများမှာ မြန်မာမှာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်က သုံးခဲ့သည့် ရိုးရာခြင်း တောင်းများ၊ လှေများနှင့် စပါး လှေ့စက်များကို ချိတ်ဆွဲထား၏။ ထိုရွာမှာ သူ့အိမ်ကဲ့သို့ နယ်ဝေး ဧည့်သည်များလာလျှင် တည်းနိုင်သောအိမ်အဖြစ် ပြောင်းထားသည့် နောက်ထပ် အိမ်တစ်အိမ်လည်းရှိသည်။

တစ်နေ့တွင် သူတို့ရွာသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး အက်ဒမန်ကျွန်း၏ စီးပွားရေးကို တိုးတက်လာအောင် လုပ်ပေးနိုင်မည်ဟု ကရင်များက မျှော်လင့်ကြသည်။ ခရီးသွားဧည့် သည်များနှင့်အတူ လူမှုဘဝများရှိ လာမည်ဟု သူတို့သိကြသည်။

‘‘ကျွန်တော်တို့ ကမ္ဘာ့ခေတ် ရေစီးကြောင်းနဲ့ ခရီးသွားတွေဆီကို ရောက်ဖို့လိုတယ်။ ကျွန်တော် တို့ရဲ့ ရိုးရာနဲ့ယဉ်ကျေးမှုကို ငွေရရှိအောင် အမှီပြုရမယ်။ ဒါကို ကျွန်တော်တို့ ထိန်းသိမ်းစောင့် ရှောက်နိုင်မယ်’’ဟု သမ်ကပြော သည်။

ပုန်းနေသောရွာ
၁၉၆၀ ခုနှစ်များဆီက သူ့ဖခင် ဆောက်ခဲ့သော ပျဉ်နှင့်ကျူ ရွက်မိုး သမ်၏ ကရင်ရိုးရာနှစ်ထပ်အိမ် လသာဆောင်ကနေ ကြည့်လျှင် ဝီဘီရွာက လှပသောရှုမျှော်ခင်းနှင့် ထင်းနေသည်။

မူလအခြေချပြောင်းလာသူ များ မြန်မာပြည်ကနေ ယူဆောင် လာသည့် စပါးမျိုးစုံကို စိုက်ပျိုးထားသည့်လယ်ကွင်းများရှိသည်။ ထောင့်တစ်ခုမှာ ဆေးဖက်ဝင်သီး နှံပင်များနှင့် ဆေးပင်များကို စိုက်ထားသည့် ခြံလေးလည်းရှိ၏။ ဆေးဖက်ဝင်အပင်မျိုးစိတ်အများစုက မြန်မာပြည်ကဖြစ်၏။

ရွာကိုနှစ်ပိုင်းခြားထားသော လမ်းပေါ်တွင် ကလေးတွေက စက်ဘီးများ (သို့မဟုတ်) လမ်းလျှောက်ပြီး အိမ်ကိုပြန်လာနေကြသည်။ သူတို့အိတ်များထဲက ကျောင်းစာအုပ်များမှာ ကရင်ဘာသာဖြင့်ဖြစ်သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကရင်ဘာသာကို ကျောင်းနှစ်ကျောင်းတွင်သာ သင်ပါသည်။ ညနေစောင်းမှာပင် တစ်နေရာဆီက ကရင်စကားသံ များနှင့်အတူ ဘောလိဝုဒ်နှင့် အင်္ဂလိပ်သီချင်းများကို ကျွန်တော် ကြားနေရဆဲဖြစ်၏။

အနှစ် ၁၀၀ သက်တမ်းရှိ ဝီဘီ (ကရင်ဘာသာဖြင့် ပုန်းနေသည့်ရွာ) ရွာသည် ၁၉၅၂ က သည်ကျွန်းစုများပေါ်ကို အခြေချ အမြစ်တွယ်ခဲ့သည်။ မြန်မာပြည်ဟောင်းပုံစံ တစ်စိတ်တစ်ပိုင်းကို အသေအချာ စောင့်ရှောက်ထိန်းသိမ်းထားသည်။ အက်ဒမန်ကျွန်းများပေါ်သို့ ကရင်လူမျိုးများ ရောက်လာခြင်းက မထင်မှတ်ဘဲ ဖြစ်လာခြင်းပင်။

မြန်မာနိုင်ငံက ဗြိတိန်ဘုန်းကြီးတစ်ပါးသည် ၁၉၂၀ ခုနှစ် တွင် အမေရိကန်မှ သင်္ဘောဖြင့် ပြန်လာရင်း ကော်မရှင်နာမင်းကြီး ဖြစ်နေသော ညီအစ်ကိုဝမ်းကွဲတော်သူကို တွေ့ဆုံရန် ဘလဲယာ ဆိပ်ကမ်းတွင်နားဖို့ဆုံးဖြတ်ခဲ့၏။

မြန်မာပြည်သို့ သူပြန်ရောက်သောအခါတွင် ကျွန်းပေါ် တွင် စတင်လုပ်ကိုင်နေသည့် သစ်ကုန်သွယ်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရန် ပြောင်းရွှေ့လာသူ မည်သူမဆို တစ်နှစ်စာ ဗြိတိန်အစိုးရက ထောက်ပံ့ကြေး ပံ့ပိုးမည်ဆိုသော ကြေညာချက်တစ်စောင်ကို ဖြန့်ချိခဲ့သည်။

ထိုကြော်ငြာစာကို ဖတ်မိသူ တစ်ဦးမှာ ရီဗာရန်လုဂျီဖြစ်သည်။ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ဟု ဘုရားကျောင်းတက်ဖော် ကရင်လူမျိုးများကို စည်းရုံး၏။

‘‘မြန်မာပြည်မှာ ပင်ပင်ပန်းပန်း နေကြရသူတွေအတွက် ကောင်းတဲ့ အစပျိုးမှုတစ်ခုပဲလို့ သူကမြင်ခဲ့တယ်။ သူတို့တွေနဲ့ အတူ သူက ဒီကိုလာခဲ့တယ်။ မြေကလည်းကောင်းပြီး ဘဝအခြေချဖို့ ဘာမှလည်း ခြိမ်းခြောက်ခံရစရာ မရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်’’ဟု ဦးလုဂျီ၏မြေးဖြစ်သူ အသက် (၆၀)အရွယ် စောအက်ရှဝေရိုဂီက ပြောသည်။
အဘိုးဖြစ်သူ ၁၉၂၅ ခုနှစ် က တည်ထောင်ခဲ့သော ဘုရားကျောင်းမှာ သူက ဘုန်းတော်ကြီးဖြစ်နေသည်။ မြန်မာကနေပြောင်းလာသည့် ပထမဆုံးအသုတ်သည် ကျွန်းစုကမ်းခြေကို ရောက်လာကြသည်မှာ ထိုနှစ် ဧပြီလဖြစ်၏။

နောက်တစ်နှစ်အကြာတွင် နောက်ထပ် အိမ်ထောင်စု ၅၀ ထပ်ပြောင်းလာခဲ့သည်။ သစ်တောများ၊ မြစ်များဖြင့် ဝန်းရံထားသော ဝီဘီသည် သူ့ဘာသာ တစ်သီးသန့်ဆန်မှုကို ရွေးချယ်ခဲ့သည်။ သူတို့ရွာလူထုကို ရန်သူ ဟောင်းများနှင့် ရန်သူသစ်ဖြစ် လာနိုင်သူများဆီကနေ ဖုံးကွယ်လိုခဲ့သည်။

သူတို့၏ တစ်သီးတခြားရှိမှုနှင့် ရှက်ကြောက်သိမ်မွေ့မှုက ကျွန်းစုများကို ရိုက်ခတ်လာသော ကြမ်းတမ်းသောခေတ် သမိုင်းစဉ် ဆက်တစ်လျှောက် သူတို့၏ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်။ သူတို့သည် ရက်စက်မှုများ၊ သုံးနှစ်ကာလ ဖက်ဆစ်ဂျပန်အစိုးရအုပ်ချုပ်မှု၊ ပြည်မက အုပ်ချုပ်သူများ နှင့် တိုင်းရင်းသားသူပုန်များ၏ တိုက်ပွဲများ၊ ဗြိတိန်အစိုးရ ဆုတ်ခွာခြင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ် ရေးရပြီးနောက်ပိုင်း မြန်ဆန်လှသော အပြောင်းအလဲများနှင့် မထိတွေ့ခဲ့ရပါ။

မိခင်ဘာသာစကား
ယခုအခါ ကရင်လူမျိုးအ သိုင်းအဝိုင်းမှာ ၂,၆၀၀ ဦးဝန်းကျင် ထိ အင်အားတောင့်လာပြီး အက် ဒမန်အလယ်ကျွန်းစု မြောက်ပိုင်း နှင့် ကျွန်းစုမြောက်ပိုင်းပေါ်က ဒီ ဂယ်လ်ပူဝါအနီးရှိ ရွာတစ်ရွာထိပင် ပျံ့နှံ့ရောက်ရှိိလာပြီ။ သို့သော်လည်း လူငယ်မျိုးဆက်များ က အလုပ်အကိုင်အတွက် သူတို့၏ နာမည်ကြီး ရေငုပ်ကျွမ်းကျင်မှုကို အလိုရှိသည့် ခမ်းနားလှသော အပန်းဖြေစခန်းများနှင့် မြို့ကြီးများကို မျက်စိကျလာကြ သည်။

ကိုယ့်အသိုင်းအဝိုင်း ပြင်ပက လူများနှင့် အိမ်ထောင်ပြုသည်ကလည်း ထုံးစံလိုဖြစ်လာကြသည့်အတွက် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို စောင့်ရှောက်ထိန်းသိမ်းမည့် နည်းလမ်းများကို ကရင်လူမျိုးများက စတင်ရှာဖွေလာကြသည်။

ကျောင်းနံရံပေါ်မှာ အရောင်တောက်တောက် ကာတွန်းများနှင့် ဆုံးမစာများကို ရေးဆွဲ ထားသည့် အစိုးရအလယ်တန်းကျောင်းမှာ ကျွန်းပေါ်ကို စတင်အခြေချလာသော မိသားစုများကို ပညာသင်ပေးရန် ၁၉၂၈ ခုနစ်မှာ လုဂျီမိသားစုက စထောင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင် ထိုကျောင်း က သူတို့ ရိုးရာအမွေအနှစ်၏ သြဇာကြီးသော သင်္ကေတတစ်ခု ဖြစ်လာလေသည်။ နှစ်ပေါင်း ၅၀ ကြအောင် ကရင်ဘာသာစကား မှာ အိန္ဒိယမှာ တရားဝင်သင်ကြာ ခဲ့ခြင်းမရှိပါ။ အစဦးတုန်းကမူ ရွာမှ လူကြီးများက အိမ်မှာ ကရင်စကား ပြောနေကြသည့်အတွက်မူလကနဦး ပြောင်းရွှေ့လာသူများအတွက် ဘာသာစကားက ပြဿနာမဟုတ်ခဲ့ဟု အဆိုပါကျောင်းမှာ ကလေးဘဝကတည်းက ပညာသင်ခဲ့သည့် အသက်(၅၉)နှစ်အရွယ် စောမိုလိုကပြောကြား၏။

သို့သော် ၂၀၀၈ ခုနှစ်က သည်ကျောင်းမှာ စောမိုလို ဆရာအဖြစ် တာဝန်ကျသောအခါ လူငယ်မျိုးဆက်များကြားမှာ ကရင်စာကို မဖတ်တတ်၊ မရေးတတ် ဖြစ်နေသည်ကို သူရော လူအတော်များများ သိလာခဲ့ကြ၏။

‘‘လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ကရင်စကားကို ကျွန်တော် တို့ ကောင်းကောင်းထိန်းသိမ်းထားကြတယ်။ ဒါပေမဲ့ ပုံနှိပ်စာအုပ်တွေမရှိရင် ကရင်စာအရေးအဖတ် ပျောက်သွားတော့မှာ သေချာတယ်’’ဟု သူတို့၏ ဌာနေဟောင်း မြန်မာပြည်နှင့် လှိုင်းထန်လှသော အက်ဒမန်ပင်လယ်ကြီးခြားကာ ကီလိုမီတာများစွာ ခွဲခွာနေခဲ့ပြီး ယဉ်ကျေးမှုအပြောင်းအလဲမရှိခြင်းကြောင့် ဘာသာစကားဖွံ့ဖြိုးမှုက တန့်နေခဲ့သည်။ သူတို့၏ တစ်ခုတည်းသောဖတ်စာမှာ ကရင်ဘုရားကျမ်းစာ ဖြစ်သည်။ ကရင်ရိုးရာသီချင်းများကလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဖျော်ဖြေရေးက အိန္ဒိယဘောလိဝုဒ်သီချင်းများနှင့် ရုပ်ရှင်များသာဖြစ်သည်။

ထို့ကြောင့် စောမိုလိုနှင့် ဆရာအချို့က ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို စည်းရုံးကာ ကော်မတီတစ်ခုကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးကရင်ဘာသာဖြင့် ပုံနှိပ်ဖတ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်ကစပြီး နောက်ထပ်နှစ်မျိုးလောက် ထွက်လာခဲ့သည်။
ဝီဘီက အလယ်တန်းကျောင်းမှာ ရှစ်တန်းအထိ ကရင်စာကို တရားဝင် သင်ကြားပေး သည်။ ယနေ့အချိန်တွင် ကလေး ၇၈ ယောက် ကရင်ဘာသာစကားကို ထိုကျောင်းမှာ သင်နေကြသည်။ ကျောင်းသားများ အင်္ဂလိပ်စာနှင့် ဟိန္ဒူဘာသာဖြင့် ဂဏန်းအလီတွေကို ရွတ်ဆိုချိန်မှာ ကျောင်းတစ်နေရာမှ ကရင်သီချင်းနှင့် ကဗျာရွတ်သံကိုလည်း ကျွန်တော်ကြားရသည်။

လွတ်လပ်စွာ Share နိုင်ပါတယ်
Border Land
Credit: 7 Day News Journal

Loading

Categories
စကားလက်ဆောင် သမိုင်းရေးရာ

အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို
လိုလားနှစ်သက်သည်။
သတ္တဝါများအားလုံး ငြိမ်းချမ်း
သာယာပါစေ။

အဲခိုး
မြန်မာပြည်
ကရင်ပြည်
24/6/2018

ဓာတ်ပုံ ။ ။ အဲးခိုး
အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးချုပ်
(File:Panorama of the United Nations General Assembly, Oct 2012.jpg – Wikipedia)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး