Categories
ကရင်လူမျိုး ဆောင်းပါး ပညာရေး အမျိုးသားရေး

ယနေ့ထက်တိုင် မမေ့နိုင်

မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး သူတစ်ပါးတို့အား အလင်းရောင်ကို ပေးလေ့ ရှိပါသည်။ 

သက်မဲ့သစ်ပင်တို့ မည်သည်မှာလည်း မိမိတို့၏ အသီးများကို ပြန်စားရိုး ထုံးစံမရှိဘဲ လူသားနှင့် တိရစ္ဆာန်သတ္တဝါတို့ စားဖို့ရန်အတွက်သာ အသီးများကို သီးပေးလေ့ရှိသလို မြစ်ပင်လယ် သမုဒ္ဒရာတို့ မည်သည်မှာလည်း မိမိတွင်ရှိသော ရေကို ပြန်သောက်ရိုး ထုံးစံမရှိဘဲ အများသတ္တဝါတို့ သောက်သုံးရန်အတွက်သာ ရေများကို စုစည်းပေးထားတာဖြစ်သည်။ 

ထိုနည်းတူစွာ-

လူတော်လူကောင်းတို့ မည်သည်မှာလည်း အခွင့်ထူးကို မယူဘဲ မိမိရသင့်ရထိုက်သော အခွင့်အရေးကိုသာ ယူကာ စိတ်ထားဖြောင့်မတ်စွာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် လေ့ရှိကြပါသည်။ ထို့ကြောင့် လူတော်လူကောင်း စာရင်းထဲပါဝင်သည့် ကျွန်ုပ်ဆရာကြီး မန်းညိမ်းဖေ၏ အကြောင်းကို အလျဉ်းသင့်လို့ ဖော်ပြပါရစေ။ 

ဆရာကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေနှင့် မနီးမဝေးရှိ ရဲသာ ကျေးရွာနေ မန်းဖိုးငွေ + နန်မုတူးတို့မှ ၁၉၄ဝ – ပြည့်နှစ်၊ မတ်လ ၁၄-ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ သော သားလှရတနာတစ်ဦး ဖြစ်ပြီး မွေးချင်းသုံးဦး အနက် အကြီးဆုံး သားဦးရတနာဖြစ်သည်။ 

ဆရာကြီးငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် မွေးရပ်မြေဖြစ်သော ရဲသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိတတန်းကိုလည်းကောင်း၊ ၁၉၅၂ – ခုနှစ်တွင် ဘားအံ (အထက) အခြေခံပညာ အထက်တန်းကျောင်း၌ စတုတ္ထတန်းနှင့် ပဉ္စမတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သဖြင့် ၁၉၅၄ – ၅၅ ပညာသင်နှစ်တွင် အစိုးရပညာသင်စရိတ်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော (ပင်လုံကျောင်းခေါ်) မရမ်းကုန်း မြို့နယ်၊ ၈ – မိုင်ရှိ ပြည်ထောင်စု အထက်တန်းကျောင်း၌ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမတန်း နှင့်တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါသည်။ 

၁၉၅၈ – ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် နယ်မြေသို့ အခြေချခဲ့သည်။ ၁၉၆၀ – ပြည့်နှစ်မှာ ဥပစာ သိပ္ပံ (I.SC=Institute of Science) အတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့၍ စက်မှုတက္ကသိုလ် အင်ဂျင်နီယာလိုင်းသို့ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ၁၉၆၁ – ၆၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ရှိ စက်မှုတက္ကသိုလ်၊ (ယခင်အခေါ်အဝေါ် (B.I.T) ယခု အခေါ်အဝေါ် R.I.T = Rangoon Institute of Technology. Y.I.T = Yangon Institute of Technology.) ၌ အင်ဂျင်နီယာ ပညာရပ်များကို တစ်နှစ်ဆည်းပူးရာ လိုအပ်သော စာအုပ်စာတမ်းနှင့် သင်ကြားမှု အထောက်အကူပြု ကိရိယာပစ္စည်းများ လုံလောက်အောင် မဝယ်ယူနိုင်သဖြင့် မမျှော်လင့်ဘဲနဲ့ ကျရှုံးခဲ့ရသည်။ 

ဆရာကြီးသည် “ခါချဉ်ကောင်မာန်ကြီးလို၊ တောင်ကြီးကို ဖြိုမည်ကြံ၊ ခါးကမသန်” ဆိုသလို အကြံရှိ ဉာဏ်ရှိပေမဲ့ ကျောထောက်နောက်ခံ အားနည်းမှုကြောင့် စက်မှုတက္ကသိုလ်မြေမှ မခွါချင်သော်လည်း မရသည့်အဆုံး လေးလံသောခြေလှမ်းများဖြင့် မတတ်သာ ဆုတ်ခွါ ခဲ့ရပါသည်။ 

စက်မှုတက္ကသိုလ်မြေမှ မလွဲသာဆုတ်ခွါခဲ့ရပေမဲ့ ကိုယ့်ရဲ့ပြည်နယ်သူ/သားများ ပညာမျက်စိ ဖွင့်ပေးရေးအတွက် ၁၉၆၂-ခုနှစ်၊ ဇွန်လ ၇ – ရက် နေ့တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် (အလက) ကျောင်း၌ တာဝန်ခံကျောင်းအုပ်အဖြစ် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလအတွင်း လောကီလူသားတို့ ဖြစ်ရိုး ဖြစ်စဉ်အလျောက် ဆရာမကြီး နန်းခင်ညွန့်နှင့် အကြောင်းဆုံကာ အိမ်ထောင်ပြုပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တံခွန်တိုင်ရွာတွင် အခြေချနေထိုင်ခဲ့ပါသည်။  

၁၉၆၄ – ခုနှစ်သို့ ရောက်သောအခါ (၂) နှစ်မျှ တာဝန်ထမ်းဆောင် ပြီးချိန်ဖြစ်၍ ရန်ကုန် ဝိဇ္ဇာ – သိပ္ပံတက္ကသိုလ်၌ သိပ္ပံဘွဲ့ (သင်္ချာအဓိက) ဖြင့် (၂) နှစ်ဆက်လက် ပညာဆည်းပူး ခဲ့ပြန်သည်။ တက္ကသိုလ်ဘွဲ့ကို ရရှိပြီးနောက် ၁၉၆၇ – ခုနှစ်၊ ဖေဖော်ဝါရီလ ၁ – ရက်နေ့ တွင် ရွှေဂွန်းရွာ (အထက) သို့ အထက်တန်းပြ ဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိအခြေချခဲ့သည့် ခလယ်တံခွန်တိုင် (အထက) မှာ အထက်တန်းပြ ဆရာအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ ခဲ့ပြန်သည်။ ဆရာကြီးသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ခလယ်၊ တံခွန်တိုင်၊ ဖားပြနှင့် ကျုံခဝန်အုပ်စု အတွင်းရှိ ကျေးရွာ လူကြီးမင်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ တွဲဘက် အ.ထ.က ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၆၉ – ၇ဝ စာသင်နှစ်တွင် တွဲဘက်အထက်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နဝမတန်းအဆင့်အထိ စတင်လက်ခံသင်ကြားပေးခဲ့သည်။ 

သင်ကြားမှုအပိုင်း အားနည်းချက် ရှိသဖြင့် တက္ကသိုလ်ဘွဲ့ရ ခလယ် – တံခွန်တိုင် ကျောင်းသားဟောင်း ဆရာစောညွန့်သောင်း (တက္ကသိုလ်မော်ကွန်းထိန်းအဆင့် (၁) မော်လမြိုင်) နှင့် ဆရာစောဘထူး (အငြိမ်းစား၊ တက္ကသိုလ်လက်ထောက်နည်းပြ၊ မော်လမြိုင်) တို့က ပါဝင်အားဖြည့်ပေးနေရသည်။ 

ယင်းတွဲဘက် (အငှား) ဆရာများ၏ လစာ အတွက်ကို ကျောင်းသားများထံမှ အနည်းငယ်မျှသာ ကောက်ခံပြီး ခလယ် – တံခွန်တိုင်ခွင်ရှိ လူထု၊ ကျောင်းသားမိဘများမှ ပညာပါရမီ ဖြည့်ကျင့်နိုင်ရန် (ထည့်ဝင်နိုင်ရန်) အတွက် ဆရာကြီးမန်းညိမ်းဖေကပင် ကျေးရွာ လူကြီးမင်းများကို နားချစည်း ရုံးခဲ့ရပြန်သည်။ ခလယ် – တံခွန်တိုင်နယ်မြေအတွင်း ပညာရေးတိုးတက် မြင့်မားလာစေရန် – အ.မ.က ကျောင်းများ၏ မိဘဆရာနှစ်ပတ်လည် ဆုပေးပွဲများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း ဟောပြောခဲ့ပါသည်။

ဆရာကြီးသည် ပညာရေးလုပ်ငန်းများတွင် သာမကဘဲ ပါတီကောင်စီ လုပ်ငန်းများကိုလည်း နိုးကြားတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ရာ ၁၉၇၄ – ခုနှစ် တွင် ပထမအကြိမ် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် ကရင်ပြည်နယ်၊ ပြည်သူ့ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ထိုမှတဆင့် ၁၉၇၆ – ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးအနေဖြင့် ခလယ် – တံခွန်တိုင်မှ ဘားအံမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်သက်တမ်း ကုန်ဆုံး၍ ၁၉၇၈ – ခုနှစ်သို့ ရောက်သောအခါ မိခင်ပညာရေးဌာနသို့ ပြန်လည်ရောက်ရှိပါသည်။

ထိုအချိန်မှစ၍ ၁၉၇၈ – ခုနှစ်တွင် ခလယ် တံခွန်တိုင် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၃ – ခုနှစ်တွင် တောင်ပေါက် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၆ – ခုနှစ်တွင် ခလယ် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၂ – ခုနှစ်တွင် ကော့ကရိတ်မြို့ အ.ထ.က (၂) ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၆ – ခုနှစ်တွင် ခလယ်တံခွန်တိုင် အ•ထ•က ကျောင်းအုပ်တာဝန်ကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီးသည် ခလယ် – တံခွန်တိုင်နယ်မြေတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ကျင်းပ နိုင်ရေးအတွက် လက်ထောက်မြို့ပိုင် ဦးအောင်ခိုင်နှင့် ဒေသခံ ကျေးရွာလူကြီးများ နားလည် သဘောပေါက် သိရှိနိုင်ရန်အတွက် ဟောပြောခဲ့ခြင်း၊ ကရင်စာပေ သင်ကြားနိုင်ရေးအတွက် တံခွန်တိုင် အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စဝ်ဝါန်-ရင်အွာ) အား အမှူးထား၍ မန်းဌေးလှိုင် (တံခွန်တိုင်ရွာ)၊ ဆရာမကြီး နန်းခင်ညွန့် (တောင်ဒီး)၊ ဆရာမကြီးနန်းတင်လေး (ခလယ်)၊ ဆရာကြီးမန်းသိန်းတင် (ဖာသိမ်) တို့နှင့် စိတ်ပါဝင်စားသူ လူငယ်များတို့ကို စည်းရုံးကာ ဘားအံမြို့နယ်၊ ရေတံခွန် ပရဟိတဘုန်းတော်ကြီး၌ ဖွင့်လှစ်သည့် ပထမဆုံးအပတ်စဉ် နွေရာသီ ကရင်စာပေ ဆရာဖြစ်သင်တန်းသို့ စေလွှတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် ကျောင်းသူ/သားများကို မိမိ တို့ဗီဇအလျောက် ဝါသနာပါရာဘက်သို့ အခြေခံ၍ စိုက်ရေးသိပ္ပံ၊ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလက်မှုတက္ကသိုလ်စသည့် ကျောင်းများသို့ တက်ရောက်နိုင်ရန်အတွက်လည်း လမ်းညွန်မှုပေးခဲ့သည်။ 

အဆိုပါ ကျောင်းများမှ ဒီပလိုမာဘွဲ့ စသည်တို့ ရရှိသူများ ပေါ်ထွန်းခဲ့ပါသည်။ ဖွံ့ဖြိုးရေးသိပ္ပံ၊ တက္ကသိုလ်သို့လည်း တက်ခွင့်ရအောင် လမ်းညွန်ပေးခဲ့မှုကြောင့် ဖွံ့ဖြိုးရေး သိပ္ပံသင်တန်း အပတ်စဉ် (၁) မှ စ၍ စေလွှတ်နိုင်ခဲ့သည်။

ယင်းသင်တန်းအပတ်စဉ် (၁) တွင် ဆရာမန်းလှမြင့်စ၍ နှစ်စဉ် ခလယ် – တံခွန်တိုင် ဒေသမှ ကျောင်းသား/သူများ သွားရောက် တက်နေကြပါသည်။

ဆရာကြီးသည် အသက် (၆ဝ) ပြည့်၍ အငြိမ်း စားပင်စင် ယူခါနီးတွင် သားသမီးရတနာ (၅) ဦး ထွန်းကားခဲ့ပြီး အကြီးဆုံး (၃) ဦးမှာ မိန်းကလေးများ ဖြစ်၍ အငယ် (၂) ဦးမှာ ယောက်ျားလေးများ ဖြစ်ပါသည်။ 

ဆရာကြီးသည် ပညာရေးဌာနသို့ စတင် ရောက်ရှိသည့် အချိန်မှ ခရစ် ၂ဝဝဝ – ပြည့်နှစ် အငြိမ်းစားယူပြီးနောက် (၁၉-၆-၂၀၁၂) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ပညာရေးလုပ်သက် (၃၅) နှစ်နှင့် (၆) လ တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ယင်း နှစ်ပေါင်းများအနက် ခလယ် – တံခွန်တိုင်ဒေသတွင် နှစ်ပေါင်း (၃၀) တိုင်တိုင် ထမ်းဆောင်ခဲ့သည့်အတွက် ဆရာကြီးနှင့် ခလယ် – တံခွန်တိုင်၊ ခလယ် – တံခွန်တိုင်နှင့် ဆရာကြီးသည် တစ်သွေးတစ်သားတည်း ခွဲခြား၍ မရသည့် အခြေအနေသို့ သက်ရောက်ခဲ့ရပါသည်။ 

ခလယ် – တံခွန်တိုင်ဒေသတွင် ပညာတတ် မြောက်များစွာ ပေါ်ထွက်နိုင်ခဲ့ခြင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်လာခြင်း၊ ဘွဲ့ရဆရာ/မများ ဌာန မျိုးစုံသို့ ရောက်ရှိနေကြခြင်းသည် များသောအားဖြင့် ဆရာကြီး၏ ကျေးဇူးတွေချည်းသာ။ 

ဆရာကြီးသည် တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိစား၍ အားရှိကာ ဖြူစင်သန့်ရှင်းသော စိတ်ထားဖြင့် ပညာပေးဝေ ဖြန့်ဖြူးခဲ့သည်။

၁၉-၆-၂၀၀၂ ဆုံးသွားရှာသော ဆရာကြီးမန်းညိမ်းဖေသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးနှင့် စီးပွားရေး၊ သာသနာရေး ပါမကျန် ကျရာတာဝန်များကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည်ကို စံနမူနာပြု အတုယူ နေထိုင် သွားရန်နှင့် ဆရာ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ လူနေမှုအဆင့် မြင့်မားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရင်းနဲ့ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ဒီမြေ၏အကျိုးတိုးတက်ရာ တိုးတက် ကြောင်း၊ ဒီမြေ၏အလှအပကို ဖန်တီးပေးသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဘဝတစ်ပါးသို့ သွားရှာလေသူ လူတော်လူကောင်း ဖြစ်သည့် ကျွန်ုပ်၏ ဆရာကြီးမန်းညိမ်းဖေအား ပြန်လည် တမ်းတသတိရ၍ ယနေ့ထက်တိုင် မမေ့နိုင်သောကြောင့် ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်။

တပည့် – မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

Loading

Categories
နည်းပညာ ပညာရေး အနာဂတ်ကာလ

Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး

ဓာတ်ပုံ။ Rosatom Southeast Asia Facebook Page

ပညာရေး အဖွဲ့အစည်းနှစ်ခုသည် နျူကလီးယားသိပ္ပံ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဏုမြူသီတင်းပတ် (World Atomic Week) အပြည်ပြည်ဆိုင်ရာ ဖိုရမ်၏ ဆက်တွဲအစီအစဉ်အဖြစ် Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် နျူကလီးယားသိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများ တိုးချဲ့ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို Rosatom Technical Academy ၏ အဓိပတိဖြစ်သူ Yuri Seleznev နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာလှမိုးထွန်း တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် ပူးပေါင်းပညာရေးအစီအစဉ်များ ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးပစ္စည်းများ ဖလှယ်ခြင်းအပြင် မျှော်မှန်းချက်ရှိသော နျူကလီးယားစနစ်များဆိုင်ရာ ပူးပေါင်းသုတေသနပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည်။

“နျူကလီးယားစွမ်းအင်ကို တည်ထောင်ဖို့ဆိုရင် ဘယ်လိုမှ မလွဲမသွေ လိုအပ်တာက ကျွမ်းကျင်သူတွေပါပဲ။ ဒါ့ကြောင့် နျူကလီးယားပညာရေးကို စနစ်တကျ ထူထောင်ဖို့က အရမ်းအရေးကြီးပါတယ်။ ရုရှားတက္ကသိုလ်တွေမှာ ကျောင်းသားတွေကို လေ့ကျင့်ဖို့ပို့တာနဲ့အတူ ကိုယ်ပိုင် နျူကလီးယားပညာရေး အစီအစဉ်တွေကိုပါ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ဟာ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ကျွမ်းကျင်သူတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အုတ်မြစ်ချလိုက်တာပါပဲ။ ကျွန်တော်တို့ Rosatom အနေနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကို သင်ကြားရေးနည်းစနစ်တွေသာမက နျူကလီးယားစီမံကိန်းကြီးတွေ အကောင်အထည်ဖော်ရာမှာ ရထားတဲ့ လက်တွေ့အတွေ့အကြုံတွေကိုပါ မျှဝေဖို့ အသင့်ရှိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကနေ တဆင့် မြန်မာနိုင်ငံမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို စိတ်ချလုံခြုံပြီး ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် ခိုင်မာတဲ့ ပညာရေးစနစ်တစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော၊ နိုင်ငံတကာဆက်ဆံရေး ခိုင်မာစေဖို့အတွက်ပါ ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာပါ။” ဟု Yuri Seleznev က ပြောကြားခဲ့သည်။

Rosatom သတင်းဌာန၏ ဆောင်းပါးမှဘာသာပြန်ဆိုသည်။ Atom Media | Press releases | Rosatom Technical Academy and Yangon Technological University (Myanmar) sign memorandum of cooperation

အခြားဆက်စပ်သတင်းဆောင်းပါးများ။

ရန်ကုန်နည်းပညာတက္ကသိုလ် ကို အဆင့်မြင့်စေမည့် MOU ကို ရုရှားနိုင်ငံမှ Rosatom Technical Academy လက်မှတ်ရေးထိုး (npnewsmm.com)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက် (myanmar.gov.mm)

Loading

Categories
ကရင်လူမျိုး ပညာရေး ဘောလုံး အားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၅)(ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ်)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန

ပျော်ပျော်ပါးပါး မိုးရာသီ ကျောင်းတွင်းအားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ်)

ကျား (၃) သင်း
မ (၃) သင်း
ပတ်လည်စနစ်

(၃) ရက်တိုင်တိုင် ညနေပိုင်း
၆/၇/၈ – ၈ – ၂၀၂၅ (ညနေပိုင်း)။

ပထမနေ့

ဒုတိယနေ့

PEDU Channel – ဖလုံပညာ့

Loading

Categories
ပညာရေး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူ ဝိပ္ပံဘာသာတွဲမှ မယွန်းယမုံကျော် နှင့် တွေ့ဆုံမေးမြန်းချက်

Source: https://t.me/mrtvnews/270702

Loading

Categories
တောင်ကလေးဆရာတော် ပညာရေး

စုအိအိသွန်း

စုအိအိသွန်း

Dr နော်မေရီယံရွှေသာရဲ့မြေး

ဆွေမျိုးထဲကသွေး

အဲးခိုးတို့ရဲ့မြေးပေါ့ကွယ်။

တောင်ကလေးဆရာတော်
(၂၇.၇.၂၀၂၅) ရက်နေ့။

Loading

Categories
တောင်ကလေးဆရာတော် ပညာရေး

အိမြခြယ်

အိမြခြယ်

သည်နာမည်

ဂုဏ်တင့်လှပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၇.၂၀၂၅) ရက်နေ့။

Loading

Categories
ပညာရေး

၂၀၂၅ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်)

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Department of Myanmar Examinations, Ministry of Education, Myanmar.

(ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ)

၂၀၂၅ – တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း

၁။ အထက (၁) ဘားအံစာစစ်ဌာန (လဘအ)

၂။ အထက (၂) ဘားအံစာစစ်ဌာန (လဘအ)

၃။ အထက (၃) ဘားအံစာစစ်ဌာန (လဘအ)

၄။ အထက (၄) ဘားအံစာစစ်ဌာန (လဘအ)

၅။ အထက၊ လှိုင်းဘွဲ့စာစစ်ဌာန (လလဘ)

၆။ အထက၊ ရွှေဂွန်း (လှိုင်းဘွဲ့) စာစစ်ဌာန (လလဘ)

၇။ အထက၊ ဘုရင့်နောင်တပ် (လသတ)

၈။ အထက၊ လိပ်သို (သံတောင်ကြီး)စာစစ်ဌာန (လသတ)

၉။ အထက၊ ကမမောင်းစာစစ်ဌာန (ဖာပွန်) (လဖပ)

၁၀။ အထက (၂) ကော့ကရိတ်စာစစ်ဌာန (လကရ)

၁၁။ အထက၊ ကြာအင်းဆိပ်ကြီးစာစစ်ဌာန (လကအ)

၁၂။ အထက (၁) မြဝတီစာစစ်ဌာန (လမဝ)

Original Source:

၂၀၂၅ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်) (myanmarexam.org) Copyright © Ministry of Education 2025

Loading

Categories
နိုင်ငံတကာရေးရာ ပညာရေး

ထရမ့်အစိုးရ ကမ္ဘာတစ်ဝှမ်း ကျောင်းသားဗီဇာလူတွေ့ဆုံမေးမြန်းမှုများကို ယာယီရပ်ဆိုင်းကာ လူမှုကွန်ရက်စစ်ဆေးမှုများ တိုးမြှင့်မည်

ထရမ့်အစိုးရသည် အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် ကျောင်းသားဗီဇာအသစ်များအတွက် လူတွေ့ဆုံမေးမြန်းမှုများကို ကမ္ဘာတစ်ဝှမ်း ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာကျောင်းသားထောင်ပေါင်းများစွာ၏ ပညာသင်ယူရေးအစီအစဉ်များကို ထိခိုက်နိုင်သည့် မူဝါဒပြောင်းလဲမှုကြီးတစ်ရပ်ကို ဆောင်ကျဉ်းလိုက်သည်။ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်တွင် ကြေညာခဲ့သည့် ဤဆုံးဖြတ်ချက်သည် အမေရိကန်တွင် ပညာသင်ကြားရန် လျှောက်ထားသည့် နိုင်ငံခြားသားများအား လူမှုကွန်ရက်မီဒီယာ စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဓိကမူဝါဒပြောင်းလဲမှုအချက်များ

  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က F, M နှင့် J ဗီဇာအမျိုးအစားများအတွက် လူတွေ့ဆုံမေးမြန်းမှုများ ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်ပြန်။
  • ယခုရပ်ဆိုင်းမှုသည် အချိန်ဇယားသစ်များအတွက်သာ သက်ရောက်ပြီး၊ ကြိုတင်ချိန်းဆိုထားသည့် လူတွေ့ဆုံမေးမြန်းမှုများ ဆက်လက်ပြုလုပ်မည်။
  • ဤရပ်နားမှုသည် ကျောင်းသားဗီဇာလျှောက်ထားသူများ၏ လူမှုကွန်ရက်မီဒီယာစစ်ဆေးမှုလုပ်ငန်းစဉ်များ တိုးချဲ့အကောင်အထည်ဖော်ရန် အချိန်ရရှိစေရန်ဖြစ်။
  • နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများအား လာမည့်ရက်များတွင် လမ်းညွှန်ချက်အသစ်များ ထုတ်ပြန်မည်ဟု ဆို။

ဆောင်ရွက်ရခြင်းအကြောင်းရင်းနှင့် အကျိုးဆက်များ

ဤမူဝါဒပြောင်းလဲမှုသည် အမေရိကန်အာဏာပိုင်များက ပြဿနာရှိသည်ဟုသတ်မှတ်ထားသော အစွန်းရောက်လှုပ်ရှားမှုများ သို့မဟုတ် ပါလက်စတိုင်းလှုပ်ရှားမှုများကို ထောက်ခံသည့် အွန်လိုင်းလှုပ်ရှားမှုများအား စိစစ်ရန် အမျိုးသားလုံခြုံရေးတိုးမြှင့်ရန် ရည်ရွယ်သည်။ မကြာသေးမီလများအတွင်း ထရမ့်အစိုးရသည် ဂျူးဆန့်ကျင်ရေး သို့မဟုတ် ကျောင်းဝင်းအတွင်း မငြိမ်သက်မှုများနှင့် သက်ဆိုင်သည်ဟုဆိုကာ ပါလက်စတိုင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းသားများ၏ ဗီဇာများကိုပါ ပယ်ဖျက်ခဲ့သည်။

နိုင်ငံတကာကျောင်းသားများသည် ဗီဇာအတည်ပြုခံရန် အမေရိကန်သံရုံးများတွင် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခံရန် လိုအပ်ပြီး၊ ဗီဇာလျှောက်ထားမှုအထွတ်အထိပ်ရောက်နေသည့် ယခုအချိန်တွင် ဤမူဝါဒသစ်သည် လာမည့်ပညာသင်နှစ်အတွက် ကျောင်းစတင်ရန် မျှော်လင့်ထားသည့် ကျောင်းသားများအား ကြီးမားသောနှောင့်နှေးမှုများ ဖြစ်စေနိုင်သည်။

အမေရိကန်အဆင့်မြင့်ပညာရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှု

ဤဆုံးဖြတ်ချက်သည် တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အကျိုးသက်ဆိုင်သူများအကြား စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် အမေရိကန်တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသား ၁.၁ သန်း မှီတင်းနေထိုင်ကာ၊ နှစ်စဉ် ဒေါ်လာ ၄၃.၈ ဘီလီယံခန့် စီးပွားရေးအထောက်အကူပြုပြီး အလုပ်အကိုင် ၃၈၀,၀၀၀ ခန့်ကို ထောက်ပံ့ပေးနေသည်။ ဤကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်လာပါက နိုင်ငံတကာကျောင်းသားများ လျော့နည်းလာနိုင်ပြီး တက္ကသိုလ်များ၏ ဘဏ္ဍာရေးအခြေအနေကို ထိခိုက်စေနိုင်သည်။

အကျိုးသက်ဆိုင်သူများ၏ တုံ့ပြန်မှုများ

ပညာရေးခေါင်းဆောင်များနှင့် လှုပ်ရှားသူများက ကျောင်းသားများအား သည်းခံစောင့်ဆိုင်းရန်၊ လူမှုကွန်ရက်တွင် မည်သို့ပြုမူရမည် နှင့် အွန်လိုင်းလှုပ်ရှားမှုများ၏ အန္တရာယ်များကို နားလည်ရန် အကြံပြုထားသည်။ အချို့က ဤမူဝါဒ၏ အချိန်ကာလနှင့် အတိုင်းအတာ ကို ဝေဖန်ကာ၊ အမေရိကန်ပညာရေး၏ ရေရှည် ဂုဏ်သတင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ရှေ့လုပ်ငန်းစဉ်

ယခုရပ်ဆိုင်းမှုသည် လူမှုကွန်ရက်စစ်ဆေးမှုစနစ်အသစ် စတင်သည်အထိ ယာယီသာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေ့ဆုံမေးမြန်းမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို အတိအကျ ဖော်ပြခြင်းမရှိသေးသဖြင့် ကျောင်းသားများနှင့် တက္ကသိုလ်များ မရေရာမှုအခြေအနေတွင် ရှိနေသည်။

“ နိုင်ငံတွင်းသို့ဝင်ရောက်လာသူများအား စိစစ်ရေးလုပ်ငန်းစဉ်ကို အလွန်အရေးကြီးသည်ဟု ကျွန်ုပ်တို့ယူဆပြီး ထိုသတ်မှတ်ချက်များကို ဆက်လက်ထိန်းသိမ်းသွားမည်”  ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ် က ပြောကြားခဲ့သည်။

ထရမ့်အစိုးရက ၎င်း၏ စိစစ်ရေးလုပ်ငန်းစဉ်များကို အပြီးသတ်နေစဉ်၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေးအသိုင်းအဝိုင်းက နောက်ထပ်အချက်အလက်များနှင့် လမ်းညွှန်ချက်များအတွက် စောင့်ကြည့်လျက်ရှိသည်။

ရင်းမြစ်။

Politico တွင် ဦးစွာဖော်ပြခဲ့ပြီး Guardian မှလည်း အတည်ပြုထားသော ဤမူဝါဒညွှန်ကြားချက်သည် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေပြီး တက္ကသိုလ်များ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု သိရသည်

Department Press Briefing – May 27, 2025 – United States Department of State

Loading

Categories
ဒီဂျစ်တယ်စာတတ်မြောက်မှုနှင့်စမ်းသပ်ထုတ်ကုန်ဖန်တီးခြင်းသင်တန်း (၂၀၂၅) နွေရာသီအထူးသင်တန်း ပညာရေး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်

သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း

ဒစ်ဂျစ်တယ်စာတတ်မြောက်မှုနှင့် စမ်းသပ်ထုတ်ကုန်ဖန်တီးခြင်းသင်တန်း (Digital Literacy and Building Minimum Viable Products 2025) သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း

ဒစ်ဂျစ်တယ်စာတတ်မြောက်မှုနှင့် စမ်းသပ်ထုတ်ကုန်ဖန်တီးခြင်းသင်တန်းဆင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ချီးမြှင့်အားပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

အချိန်နေ့လည် (၁) နာရီ
နေ့ရက်၂၅ – ၅ – ၂၀၂၅ (တနင်္ဂနွေနေ့)
နေရာအနုသာသနီကျောင်းဆောင်၊ တောင်ကလေးပရိယတ္တိစာသင်တိုက်

Loading

Categories
ဒီဂျစ်တယ်စာတတ်မြောက်မှုနှင့်စမ်းသပ်ထုတ်ကုန်ဖန်တီးခြင်းသင်တန်း (၂၀၂၅) နွေရာသီအထူးသင်တန်း ပညာရေး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်

ဒစ်ဂျစ်တယ်စာတတ်မြောက်မှုနှင့် စမ်းသပ်ထုတ်ကုန်ဖန်တီးခြင်း နွေရာသီသင်တန်းတွင် ပန်းကန်ဆေးရည်ပြုလုပ်နည်း လက်တွေ့သင်ကြားပေး

ဖားအံမြို့နယ်၊ ကရင်ပြည်နယ် – Phlon Education Development Unit (PEDU) အဖွဲ့မှ စီစဉ်သော Digital Literacy and Minimum Viable Product (MVP) 2025 နွေရာသီသင်တန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကလေးကျေးရွာရှိ တောင်ကလေးကျောင်းတိုက်တွင် ပန်းကန်ဆေးရည်ပြုလုပ်နည်း လက်တွေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကျေးရွာမှ ဧည့်သည်တော် ဒေါ်နန်းခင်သက်မာဝင်း က စာသင်သားများအား သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပန်းကန်ဆေးရည်ပြုလုပ်နည်းကို လက်တွေ့သင်ကြားပေးခဲ့သည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် စီးပွားရေးစွမ်းရည်များ ပေါင်းစပ်သင်ကြားပေးသည့် သင်တန်း၏ ရည်ရွယ်ချက်များနှင့်အညီ လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများကို မျှဝေရန် ရည်ရွယ်ခဲ့သည်။ ဒေါ်နန်းခင်သက်မာဝင်းက ပါဝင်သူများအား ကုန်ကျစရိတ်သက်သာပြီး ထိရောက်သော ပန်းကန်ဆေးရည်ကို သဘာဝပစ္စည်းများဖြင့် ဘယ်လိုရောစပ်ရမည်ဆိုသည့် အဆင့်ဆင့်နည်းလမ်းများကို ရှင်းလင်းပြသပေးခဲ့သည်။ ဤကျွမ်းကျင်မှုသည် ကိုယ်တိုင်အသုံးပြုရန်သာမက အနာဂတ်တွင် ကနဦးစီးပွားရေးလုပ်ငန်းငယ်များ စတင်နိုင်ရန်အတွက်ပါ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

သင်တန်းသားအများစုမှာ ရှင်သာမဏေများနှင့် သီလရှင်များဖြစ်ပြီး သူတို့သည် စိတ်ဝင်စားစွာဖြင့် မေးမြန်းရင်း၊ မှတ်စုများရေးမှတ်ကာ ပါဝင်သင်ယူမှတ်သားကာ လက်တွေ့ပြုလုပ်ခဲ့ကြသည်။ ဤအစီအစဉ်သည် သူတို့အား ကျွမ်းကျင်မှုအသစ်တစ်ခုသာမက ရေရှည်တည်တံ့သော နည်းလမ်းများနှင့် ကိုယ်တိုင်အားကိုးတတ်စေရန်အတွက်ပါ အားပေးရန်ဖြစ်သည်။

PEDU အဖွဲ့မှ တောင်ကလေးကျောင်းတိုက်တွင် ဖွင့်လှစ်သော Digital Literacy and MVP 2025 သင်တန်းသည် ရိုးရာပညာရေးနှင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ၊ စီးပွားရေးစွမ်းရည်များကို ပေါင်းစပ်သင်ကြားပေးလျက် ဆန်းသစ်သောသင်ယူမှုအတွေ့အကြုံများကို ဆက်လက်ပေးစွမ်းသွားမည်ဖြစ်သည်။

အောက်ပါဓာတ်ပုံများသည် အလုပ်ရုံဆွေးနွေးပွဲမှ အထင်ကရအခိုက်အတန့်များဖြစ်ပါသည်

စိတ်ပါဝင်စားစွာ ဂရုတစိုက် နားထောင်နေကြသည့် သင်တန်းသားများ
ပန်းကန်ဆေးရည်ပြုလုပ်နည်းကို ရှင်းပြသင်ကြားပေးနေသည့် ဒေါ်နန်းခင်သက်မာဝင်း
ပါဝင်ပစ္စည်းများကို ဂရုတစိုက်ရောစပ်နေသည့် သင်တန်းသားများ

ဤကြိုးပမ်းမှုသည် ဒစ်ဂျစ်တယ်နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပညာရေးကို ပေါင်းစပ်လျက် လူမှုအသိုက်အဝန်း၏ ပညာရေးဆိုင်ရာဦးတည်ချက်ကို ထင်ဟပ်စေပါသည်။ သင်တန်း၏ နောက်ထပ်အစီအစဉ်များအတွက် ဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

— သတင်းဖော်ပြချက်။ မဟာပညာ၊ ဖားအံမြို့နယ်၊ ကရင်ပြည်နယ်။

Loading