Categories
အထွေထွေဗဟုသုတ

။ Kushinagar Airport ကုသိနဂရလေဆိပ် ။

။ အဓိက ဗုဒ္ဓဘာသာ ဘုရားဖူးနေရာများသို့ ဆက်သွယ်ပေးမည့်ကုသိနဂရလေဆိပ် ။

🇮🇳 အိန္ဒိယနိုင်ငံ၊ဥတ္တရ ပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပြီဆိုတဲ့သတင်းကို ကြားမိလိုက်တာနဲ့ပဲ ဤအရှင်ဟာ ကုသိနာရာကို အလွန်လေးကို သတိရလိုက်မိပါလေရဲ့။ ဗုဒ္ဓဘာသာဝင်တွေဟာ ကုသိနာရုံကို အရေးပါသော ဗုဒ္ဓဘာသာနေရာတစ်ခုဖြစ်ပြီး ဂေါတမ ဗုဒ္ဓရဲ့နောက်ဆုံး ပရိနိဗ္ဗာန်ပြုခဲ့ရာနေရာဖြစ်တယ်။

။ ၁) လုမ္ဗိနီ (နီပေါနိုင်ငံ)
၂)ဆာရနတ် (ဗာရာဏသီ မိဂဒါဝုန်)နဲ့
၃) ဗုဒ္ဓဂါယာတို့ ပါ၀င်တဲ့နေရာတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ခရီးသွား ဧည့်သည်တွေရဲ့ ဗဟိုဌာနပါပဲ။ ဒါနဲ့အပါအဝင် အနီးအနားမှာရှိကြတဲ့ ဗုဒ္ဓဘာသာ နေရာများဖြစ်သော နာလန္ဒ၊သာဝတ္ထိနဲ့ကပိလဝတ္ထုတွေလည်း ပါဝင်တယ်။

။ Kushinagar Airport ကုသိနာရုံ လေဆိပ်ဟာ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ဥတ္တရ ပရာဒေ့ရှ်ရှိ Kushinagar ခရိုင်၊Kushinagar ကုသိနာရုံ အရပ်မှာတည်ရှိသော နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်တယ်။

။ လေဆိပ်ဟာ Gorakhpur ဂေါက္ခပုရ် လေဆိပ်ရဲ့အရှေ့ဘက် ၅၂ ကီလိုမီတာ၊ Gorakhpur ဂေါရက္ခပုရ်မြို့ရဲ့အရှေ့ဘက် ၄၇ ကီလိုမီတာ၊ Deoria ဒေဝိုးရီးယား မြို့ရဲ့မြောက်ဘက် ၃၄ ကီလိုမီတာ၊ Bettiah ဘက်တီးဟမြို့ရဲ့အနောက် တောင်ဘက် ၆၀ ကီလိုမီတာနဲ့Gopalganj ဂိုပါဂန်ဂျ်မြို့ရဲ့အနောက်ဘက် ၆၄ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။

။ ဥတ္တရ ပရာဒေ့ရှ် ပြည်နယ် Uttar Pradesh ၀န်ကြီးချုပ် Yogi Adityanathယောဂီ အဓိတရနာထဟာ ဗုဒ္ဓဟူးနေ့က (Wed, Oct 20, 2021) Kushinagar ကုသိနာရုံမှာ အပြည်ပြည် ဆိုင်ရာ လေဆိပ်ဖွင့်လှစ်နိုင်ခဲ့တာကို ချီးကျူးခဲ့ပြီး သူ့ရဲ့ပြည်နယ်အတွက် သာမက တိုင်းပြည် အတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ပြောကြားခဲ့တယ်။

။ လေဆိပ်ကို
> ဝန်ကြီးချုပ် Narendra Modi နရိန္ဒရာ မိုဒီက ဖွင့်လှစ်ခဲ့တယ်။
> ဖွင့်လှစ်သည့် ရက်စွဲ – ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်၊
> ပိုင်ရှင်ဟာ အိန္ဒိယနိုင်ငံ၊ လေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဖြစ်ပါတယ်။
(Thu, Oct 21, 2021)။

။ မရောက်တာကြာပြီဖြစ်တဲ့ ကုသိနာရာ( ကုသိနာရုံ) ကို ဘုရားဖူးပြန်သွားလိုကြတဲ့သူများရှိခဲ့ရင်ပေါ့ ပြန်သွားလည်ပတ်လို့ အဆင်ပြေနေပါပြီ။ ကုသိနာရုံကို ✈️ လေယာဉ်နဲ့သွားလို့ရပါပြီ။

တောမှီရဟန်း
(၂၂.၁၀.၂၀၂၁) ရက်နေ့။

 2,384 total views

Categories
နိုင်ငံရေး ဗုဒ္ဓဘာသာ အထွေထွေဗဟုသုတ

။ ဘူတန်နိုင်ငံကိုရောက်ဖူးလား ။

။ ဘူတန်နိုင်ငံကိုရောက်ဖူးကြလားပါ။ ဘူတန်နိုင်ငံမှာ အမျိုးသား ၃၀% လောက်ဟာဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာအမှုတစ်မှုပဲရှိခဲ့ပါတယ်။

။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကိုဖိနပ်စီးပြီး ဝင်မိတာပါတဲ့။

။ ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပေ့်မှာ အပျော်ရွှင်ဆုံးနိုင်ငံများမြေပုံမှာ ပဉ္စမနေရာကိုယူခဲ့တာပါ။ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းက ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိပါတယ်။ လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော်သာ ရှိပြီး ဘူတန်လူမျိုး (၅ဝ%)နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) နဲ့နေထိုင်ကြတယ်။ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်ကြတယ်။

။ အေဒီ ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်လို့ မြို့တော်က (Thimphu )ဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်တွေမှာ လမ်းမှာတောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်တွေမရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကိုမမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံလေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ အရက်ဆိုင်လည်း မရှိဘူး။
မြို့တော် (Thimphu ) မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။

။ ဘူတန်က နေထိုင်ကြတဲ့ အမျိုးသား အမျိုးသမီးတွေအားလုံးဟာ ရိုးရာဝတ်စုံကိုသာဝတ်ဆင် ကြတယ်။ အမျိုးသားတွေက (gol) လို့ခေါ်တဲ့ဒူးထိရှည်လျှားတဲ့ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိထိဖုံးတဲ့ ဝတ်စုံ ၃ ထည်ကို ဝတ်ဆင်ကြတယ်။

။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို မေးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။

။ အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊
ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။

။ ရိုးရာဝတ်စုံနဲ့ ဘူတန်ဘုရင် ( Jigme Singye Wangchuck ) က မိမိရဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ် တည်ထောင်နိုင်ခဲ့သူပါပဲ။

။ Jigme Singye မင်းသားဟာ ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် (၁၇) နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့သူပါ ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်လာခဲ့သူပါ။ ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။

။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး (၁၄)နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။

။ ဘူတန်တိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ လက်နက်အားမကိုးဘူး။ လူတန်းစားမရွေး ဘဲ ပြည်သူတိုင်းအခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။

။ ဘူတန်မှာ စာတတ်သူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။

။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။

။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်းပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ၇၂% က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ပန်းခြံအဖြစ် ထားရှိခဲ့တယ်။

။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။

။ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး။

။ ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ်တုန်းကမှ သူ့သဘောနဲ့သူ သက်ဦးဆံပိုင် ဘုရင်စနစ် ကနေ စည်းမျဉ်းခံ ဘုရင်စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်။

။ ပုံပြင်ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ်မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

။ အဲဒီအခါ မင်းသားက “ မင်းလည်း အရွယ်ရောက်အိမ်ထောင်မရှိတဲ့အခါ ငါလည်း အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်” လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက အသက် (၃၁) နှစ် မိဖုရားက (၂၁) နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။

။ ဘူတန်ဘုရင်လိုပဲ ကိုယ်လည်းငယ်ငယ်ကစဉ်းစားခဲ့ဖူးတယ်။ မိမိနေထိုင်တဲ့တိုင်းပြည်ကိုပေါ့။ ခုတော့ ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားတော့ စိတ်ကူးခဲ့တာတွေ အားလုံးအလွဲပါပဲ။ မလွဲတာကတော့ ရဟန်းဖြစ်သွားလို့ပါပဲလေ။

အဲးခိုး( ၁၃.၄.၂၀၂၁) ရက်နေ့နံနက်။

Featured image: His Majesty With His People | His Majesty Jigme Khesar Namgy… | Flickr

 62 total views

Categories
ကရင်လူမျိုး သမိုင်းရေးရာ အထွေထွေဗဟုသုတ

အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ

အက်ဒမန်ကျွန်း ပတ်လမ်း ကြမ်းကြမ်းပေါ်က မထင်မရှား လမ်းခွဲလေးကနေ ခွဲထွက်လာသော လမ်းကျဉ်းကလေးသည် ဘုရားကျောင်းများ၊ စိုက်ခင်းများ၊ လယ်ကွင်းဟောင်းများကို ကွေ့ ကောက်စွာ ဖြတ်သွားလေသည်။ ကားများ၏အလေးချိန်က သံတံတားကို တုန်သွားစေ၏။ တံတားအောက်က ချောင်းမှာ ပြည့်လျှံနေသော ရေများက မုတ်သုံမိုးကြောင့် နွံရောင်ထနေသည်။

အပူပိုင်းတောများက ချောင်းကမ်းနားများကို ခွေယှက်ဖြာကျနေပြီး ရွာကို ပတ်ပတ်လည် ဝန်းရံထားသည်။ သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် စတုရန်းပုံစံ အစိမ်းရောင် လယ်ကွင်းများကြားမှာ တည်ရှိသော ဝီဘီရွာမှာ အက်ဒမန်ကျွန်းအလယ်နှင့် အနောက်မြောက်ပိုင်းရှိ ကရင်လူမျိုး အ သိုင်းအဝိုင်းစုလေး နေထိုင်သည့် ရွာ ၁၂ ရွာအနက် တစ်ရွာဖြစ် သည်။

ခရီးသွားမြေပုံထဲမှာ ဝီဘီ ရွာက မပါပါ။ သို့သော်လည်း ဂျွန်အောင်သမ်၏ စိတ်ထဲမှာ အကြံဉာဏ်များဖြင့် စိတ်လှုပ်ရှားနေသည်။
‘‘ကျွန်တော်တို့ ရွှေ့ပြောင်း အခြေချလာပုံနဲ့ ယဉ်ကျေးမှုထုံးစံကို ပြောပြမယ့် ပြတိုက်တစ်ခုကို စလို့ရပြီ။ ရိုးရာကရင်အစားအစာ တွေနဲ့ စားသောက်ဆိုင်တစ်ခုလည်း စလို့ရတယ်။ လူတွေအနေနဲ့ ကျွန်တော်တို့အကြောင်းကို လေ့လာစေချင်တယ်’’

လွန်ခဲ့သော နှစ် ၉၀ ကျော် က ကရင်လူမျိုးများသည် မြန်မာပြည်ကနေ အက်ဒမန်ပင်လယ်ကိုဖြတ်ပြီး ပြောင်းရွှေ့လာကြသည်။ သုတေသီလက်ထောက်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် သမ်သည် သိပ္ပံပညာရှင်များကို အက်ဒမန်ကျွန်းစုက မရှာဖွေတွေ့ရှိရသေးသည့် ရောဂါမျိုးစိတ်များ ရှာဖွေရှာမှာ ကူညီပေးခဲ့ဖူးသည်။ ယနေ့တွင် သူသည် သူ၏ ဦးရေ ၂,၅၀၀ ရှိ ခိုင်မာသော ကရင်လူမျိုးစု အသိုင်းအဝိုင်းကို စောင့်ရှောက်ထိန်းသိမ်းဖို့ အလေးထား လုပ်နေ သည်။

သမ်သည် သူ့အိမ်ကိုတော့ ဟီး (ကျွန်းအိမ်)ဟု သူခေါ်သော ဧည့်သည်များ လာနေနိုင်သည့် အပန်းဖြေအိမ်အဖြစ် ပြောင်းလဲခဲ့ သည်။ အိမ်ကတန်းများပေါ်မှာ စာအုပ်များ၊ ကရင်လူမျိုးများအ ကြောင်းရေးထားသော ဆောင်းပါးတွေဖြင့် ပြည့်နေပြီးနံရံများမှာ မြန်မာမှာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်က သုံးခဲ့သည့် ရိုးရာခြင်း တောင်းများ၊ လှေများနှင့် စပါး လှေ့စက်များကို ချိတ်ဆွဲထား၏။ ထိုရွာမှာ သူ့အိမ်ကဲ့သို့ နယ်ဝေး ဧည့်သည်များလာလျှင် တည်းနိုင်သောအိမ်အဖြစ် ပြောင်းထားသည့် နောက်ထပ် အိမ်တစ်အိမ်လည်းရှိသည်။

တစ်နေ့တွင် သူတို့ရွာသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး အက်ဒမန်ကျွန်း၏ စီးပွားရေးကို တိုးတက်လာအောင် လုပ်ပေးနိုင်မည်ဟု ကရင်များက မျှော်လင့်ကြသည်။ ခရီးသွားဧည့် သည်များနှင့်အတူ လူမှုဘဝများရှိ လာမည်ဟု သူတို့သိကြသည်။

‘‘ကျွန်တော်တို့ ကမ္ဘာ့ခေတ် ရေစီးကြောင်းနဲ့ ခရီးသွားတွေဆီကို ရောက်ဖို့လိုတယ်။ ကျွန်တော် တို့ရဲ့ ရိုးရာနဲ့ယဉ်ကျေးမှုကို ငွေရရှိအောင် အမှီပြုရမယ်။ ဒါကို ကျွန်တော်တို့ ထိန်းသိမ်းစောင့် ရှောက်နိုင်မယ်’’ဟု သမ်ကပြော သည်။

ပုန်းနေသောရွာ
၁၉၆၀ ခုနှစ်များဆီက သူ့ဖခင် ဆောက်ခဲ့သော ပျဉ်နှင့်ကျူ ရွက်မိုး သမ်၏ ကရင်ရိုးရာနှစ်ထပ်အိမ် လသာဆောင်ကနေ ကြည့်လျှင် ဝီဘီရွာက လှပသောရှုမျှော်ခင်းနှင့် ထင်းနေသည်။

မူလအခြေချပြောင်းလာသူ များ မြန်မာပြည်ကနေ ယူဆောင် လာသည့် စပါးမျိုးစုံကို စိုက်ပျိုးထားသည့်လယ်ကွင်းများရှိသည်။ ထောင့်တစ်ခုမှာ ဆေးဖက်ဝင်သီး နှံပင်များနှင့် ဆေးပင်များကို စိုက်ထားသည့် ခြံလေးလည်းရှိ၏။ ဆေးဖက်ဝင်အပင်မျိုးစိတ်အများစုက မြန်မာပြည်ကဖြစ်၏။

ရွာကိုနှစ်ပိုင်းခြားထားသော လမ်းပေါ်တွင် ကလေးတွေက စက်ဘီးများ (သို့မဟုတ်) လမ်းလျှောက်ပြီး အိမ်ကိုပြန်လာနေကြသည်။ သူတို့အိတ်များထဲက ကျောင်းစာအုပ်များမှာ ကရင်ဘာသာဖြင့်ဖြစ်သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကရင်ဘာသာကို ကျောင်းနှစ်ကျောင်းတွင်သာ သင်ပါသည်။ ညနေစောင်းမှာပင် တစ်နေရာဆီက ကရင်စကားသံ များနှင့်အတူ ဘောလိဝုဒ်နှင့် အင်္ဂလိပ်သီချင်းများကို ကျွန်တော် ကြားနေရဆဲဖြစ်၏။

အနှစ် ၁၀၀ သက်တမ်းရှိ ဝီဘီ (ကရင်ဘာသာဖြင့် ပုန်းနေသည့်ရွာ) ရွာသည် ၁၉၅၂ က သည်ကျွန်းစုများပေါ်ကို အခြေချ အမြစ်တွယ်ခဲ့သည်။ မြန်မာပြည်ဟောင်းပုံစံ တစ်စိတ်တစ်ပိုင်းကို အသေအချာ စောင့်ရှောက်ထိန်းသိမ်းထားသည်။ အက်ဒမန်ကျွန်းများပေါ်သို့ ကရင်လူမျိုးများ ရောက်လာခြင်းက မထင်မှတ်ဘဲ ဖြစ်လာခြင်းပင်။

မြန်မာနိုင်ငံက ဗြိတိန်ဘုန်းကြီးတစ်ပါးသည် ၁၉၂၀ ခုနှစ် တွင် အမေရိကန်မှ သင်္ဘောဖြင့် ပြန်လာရင်း ကော်မရှင်နာမင်းကြီး ဖြစ်နေသော ညီအစ်ကိုဝမ်းကွဲတော်သူကို တွေ့ဆုံရန် ဘလဲယာ ဆိပ်ကမ်းတွင်နားဖို့ဆုံးဖြတ်ခဲ့၏။

မြန်မာပြည်သို့ သူပြန်ရောက်သောအခါတွင် ကျွန်းပေါ် တွင် စတင်လုပ်ကိုင်နေသည့် သစ်ကုန်သွယ်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရန် ပြောင်းရွှေ့လာသူ မည်သူမဆို တစ်နှစ်စာ ဗြိတိန်အစိုးရက ထောက်ပံ့ကြေး ပံ့ပိုးမည်ဆိုသော ကြေညာချက်တစ်စောင်ကို ဖြန့်ချိခဲ့သည်။

ထိုကြော်ငြာစာကို ဖတ်မိသူ တစ်ဦးမှာ ရီဗာရန်လုဂျီဖြစ်သည်။ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ဟု ဘုရားကျောင်းတက်ဖော် ကရင်လူမျိုးများကို စည်းရုံး၏။

‘‘မြန်မာပြည်မှာ ပင်ပင်ပန်းပန်း နေကြရသူတွေအတွက် ကောင်းတဲ့ အစပျိုးမှုတစ်ခုပဲလို့ သူကမြင်ခဲ့တယ်။ သူတို့တွေနဲ့ အတူ သူက ဒီကိုလာခဲ့တယ်။ မြေကလည်းကောင်းပြီး ဘဝအခြေချဖို့ ဘာမှလည်း ခြိမ်းခြောက်ခံရစရာ မရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်’’ဟု ဦးလုဂျီ၏မြေးဖြစ်သူ အသက် (၆၀)အရွယ် စောအက်ရှဝေရိုဂီက ပြောသည်။
အဘိုးဖြစ်သူ ၁၉၂၅ ခုနှစ် က တည်ထောင်ခဲ့သော ဘုရားကျောင်းမှာ သူက ဘုန်းတော်ကြီးဖြစ်နေသည်။ မြန်မာကနေပြောင်းလာသည့် ပထမဆုံးအသုတ်သည် ကျွန်းစုကမ်းခြေကို ရောက်လာကြသည်မှာ ထိုနှစ် ဧပြီလဖြစ်၏။

နောက်တစ်နှစ်အကြာတွင် နောက်ထပ် အိမ်ထောင်စု ၅၀ ထပ်ပြောင်းလာခဲ့သည်။ သစ်တောများ၊ မြစ်များဖြင့် ဝန်းရံထားသော ဝီဘီသည် သူ့ဘာသာ တစ်သီးသန့်ဆန်မှုကို ရွေးချယ်ခဲ့သည်။ သူတို့ရွာလူထုကို ရန်သူ ဟောင်းများနှင့် ရန်သူသစ်ဖြစ် လာနိုင်သူများဆီကနေ ဖုံးကွယ်လိုခဲ့သည်။

သူတို့၏ တစ်သီးတခြားရှိမှုနှင့် ရှက်ကြောက်သိမ်မွေ့မှုက ကျွန်းစုများကို ရိုက်ခတ်လာသော ကြမ်းတမ်းသောခေတ် သမိုင်းစဉ် ဆက်တစ်လျှောက် သူတို့၏ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်။ သူတို့သည် ရက်စက်မှုများ၊ သုံးနှစ်ကာလ ဖက်ဆစ်ဂျပန်အစိုးရအုပ်ချုပ်မှု၊ ပြည်မက အုပ်ချုပ်သူများ နှင့် တိုင်းရင်းသားသူပုန်များ၏ တိုက်ပွဲများ၊ ဗြိတိန်အစိုးရ ဆုတ်ခွာခြင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ် ရေးရပြီးနောက်ပိုင်း မြန်ဆန်လှသော အပြောင်းအလဲများနှင့် မထိတွေ့ခဲ့ရပါ။

မိခင်ဘာသာစကား
ယခုအခါ ကရင်လူမျိုးအ သိုင်းအဝိုင်းမှာ ၂,၆၀၀ ဦးဝန်းကျင် ထိ အင်အားတောင့်လာပြီး အက် ဒမန်အလယ်ကျွန်းစု မြောက်ပိုင်း နှင့် ကျွန်းစုမြောက်ပိုင်းပေါ်က ဒီ ဂယ်လ်ပူဝါအနီးရှိ ရွာတစ်ရွာထိပင် ပျံ့နှံ့ရောက်ရှိိလာပြီ။ သို့သော်လည်း လူငယ်မျိုးဆက်များ က အလုပ်အကိုင်အတွက် သူတို့၏ နာမည်ကြီး ရေငုပ်ကျွမ်းကျင်မှုကို အလိုရှိသည့် ခမ်းနားလှသော အပန်းဖြေစခန်းများနှင့် မြို့ကြီးများကို မျက်စိကျလာကြ သည်။

ကိုယ့်အသိုင်းအဝိုင်း ပြင်ပက လူများနှင့် အိမ်ထောင်ပြုသည်ကလည်း ထုံးစံလိုဖြစ်လာကြသည့်အတွက် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို စောင့်ရှောက်ထိန်းသိမ်းမည့် နည်းလမ်းများကို ကရင်လူမျိုးများက စတင်ရှာဖွေလာကြသည်။

ကျောင်းနံရံပေါ်မှာ အရောင်တောက်တောက် ကာတွန်းများနှင့် ဆုံးမစာများကို ရေးဆွဲ ထားသည့် အစိုးရအလယ်တန်းကျောင်းမှာ ကျွန်းပေါ်ကို စတင်အခြေချလာသော မိသားစုများကို ပညာသင်ပေးရန် ၁၉၂၈ ခုနစ်မှာ လုဂျီမိသားစုက စထောင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင် ထိုကျောင်း က သူတို့ ရိုးရာအမွေအနှစ်၏ သြဇာကြီးသော သင်္ကေတတစ်ခု ဖြစ်လာလေသည်။ နှစ်ပေါင်း ၅၀ ကြအောင် ကရင်ဘာသာစကား မှာ အိန္ဒိယမှာ တရားဝင်သင်ကြာ ခဲ့ခြင်းမရှိပါ။ အစဦးတုန်းကမူ ရွာမှ လူကြီးများက အိမ်မှာ ကရင်စကား ပြောနေကြသည့်အတွက်မူလကနဦး ပြောင်းရွှေ့လာသူများအတွက် ဘာသာစကားက ပြဿနာမဟုတ်ခဲ့ဟု အဆိုပါကျောင်းမှာ ကလေးဘဝကတည်းက ပညာသင်ခဲ့သည့် အသက်(၅၉)နှစ်အရွယ် စောမိုလိုကပြောကြား၏။

သို့သော် ၂၀၀၈ ခုနှစ်က သည်ကျောင်းမှာ စောမိုလို ဆရာအဖြစ် တာဝန်ကျသောအခါ လူငယ်မျိုးဆက်များကြားမှာ ကရင်စာကို မဖတ်တတ်၊ မရေးတတ် ဖြစ်နေသည်ကို သူရော လူအတော်များများ သိလာခဲ့ကြ၏။

‘‘လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ကရင်စကားကို ကျွန်တော် တို့ ကောင်းကောင်းထိန်းသိမ်းထားကြတယ်။ ဒါပေမဲ့ ပုံနှိပ်စာအုပ်တွေမရှိရင် ကရင်စာအရေးအဖတ် ပျောက်သွားတော့မှာ သေချာတယ်’’ဟု သူတို့၏ ဌာနေဟောင်း မြန်မာပြည်နှင့် လှိုင်းထန်လှသော အက်ဒမန်ပင်လယ်ကြီးခြားကာ ကီလိုမီတာများစွာ ခွဲခွာနေခဲ့ပြီး ယဉ်ကျေးမှုအပြောင်းအလဲမရှိခြင်းကြောင့် ဘာသာစကားဖွံ့ဖြိုးမှုက တန့်နေခဲ့သည်။ သူတို့၏ တစ်ခုတည်းသောဖတ်စာမှာ ကရင်ဘုရားကျမ်းစာ ဖြစ်သည်။ ကရင်ရိုးရာသီချင်းများကလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဖျော်ဖြေရေးက အိန္ဒိယဘောလိဝုဒ်သီချင်းများနှင့် ရုပ်ရှင်များသာဖြစ်သည်။

ထို့ကြောင့် စောမိုလိုနှင့် ဆရာအချို့က ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို စည်းရုံးကာ ကော်မတီတစ်ခုကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးကရင်ဘာသာဖြင့် ပုံနှိပ်ဖတ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်ကစပြီး နောက်ထပ်နှစ်မျိုးလောက် ထွက်လာခဲ့သည်။
ဝီဘီက အလယ်တန်းကျောင်းမှာ ရှစ်တန်းအထိ ကရင်စာကို တရားဝင် သင်ကြားပေး သည်။ ယနေ့အချိန်တွင် ကလေး ၇၈ ယောက် ကရင်ဘာသာစကားကို ထိုကျောင်းမှာ သင်နေကြသည်။ ကျောင်းသားများ အင်္ဂလိပ်စာနှင့် ဟိန္ဒူဘာသာဖြင့် ဂဏန်းအလီတွေကို ရွတ်ဆိုချိန်မှာ ကျောင်းတစ်နေရာမှ ကရင်သီချင်းနှင့် ကဗျာရွတ်သံကိုလည်း ကျွန်တော်ကြားရသည်။

လွတ်လပ်စွာ Share နိုင်ပါတယ်
Border Land
Credit: 7 Day News Journal

 60 total views

မဟာပညာသို့ဝင်ခဲ့ပါ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
မဟာပညာသို့ဝင်ခဲ့ပါ။