မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး
    ဓာတ်ပုံ။ Rosatom Southeast Asia Facebook Page ပညာရေး အဖွဲ့အစည်းနှစ်ခုသည် နျူကလီးယားသိပ္ပံ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်။ စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဏုမြူသီတင်းပတ် (World Atomic Week) အပြည်ပြည်ဆိုင်ရာ ဖိုရမ်၏ ဆက်တွဲအစီအစဉ်အဖြစ် Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် နျူကလီးယားသိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများ တိုးချဲ့ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို Rosatom Technical Academy ၏… Read more: Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး
  • စကားသံဖြစ်အင်္ဂါများ (The Places of Articulation)
    အခန်း – ၁ စကားသံဖြစ်ပေါ်မှုနှင့် စကားသံသဘောတရား  စကားသံဖြစ်အင်္ဂါများ  လူ့နှုတ်မှထွက်၍ လူအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်သော အနက်အဓိပ္ပာယ်ရှိသည့် အသံကို စကားသံဟုခေါ်ပါသည်။ စကားသံသည် ပြောသူနှင့်နာသူတို့ကြား ထိရောက်သော ဆက်သွယ်ရေး ကြားခံဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် စကားသံကိုဖြစ်ပေါ်စေနိုင်သော အင်္ဂါအစိတ်အပိုင်းများရှိသည်။ စကားသံ ထုတ်လုပ်ရာတွင် အဆုတ်မှထွက်လာသောလေသည် ထိုအင်္ဂါအစိတ်အပိုင်းအသီးသီးကိုဖြတ်ကာ စကားသံကို ဖြစ်ပေါ်လာစေပါသည်။ အဆုတ်ထဲသို့ အသက်ရှူသွင်းပြီးပြန်ထုတ်လိုက်သောလေသည် အထက်သို့တက်လာရာ အသံကြိုးဟု ခေါ်သော လည်မျိုအတွင်းရှိ အမျှင်ကလေးနှစ်ခုကို ဖြတ်သန်းပြီးနောက် ခံတွင်းအတွင်းရှိ စကားသံဖြစ်အင်္ဂါ အစိတ်အပိုင်းများနှင့်ထိတွေ့ကာ စကားသံဖြစ်လာသည်။ ထိုသို့စကားသံများဖြစ်အောင် ဖန်တီးနိုင်သော အင်္ဂါ အစိတ်အပိုင်းများကို စကားသံဖြစ်အင်္ဂါဟုခေါ်ပါသည်။ စကားသံဖြစ်အင်္ဂါများသည် စကားသံဖြစ်ပေါ်စေရန်အတွက် သူ့အတိုင်းအတာနှင့်သူ လုပ်ဆောင် ပေးရသည်။ စကားသံဖြစ်အင်္ဂါများကို ယင်းတို့၏… Read more: စကားသံဖြစ်အင်္ဂါများ (The Places of Articulation)
  • ။ နှစ် ၄၀ ပြည့် အမှတ်တရ ။
    ။ အေဒီ ၁၉၈၂ ခုနှစ်ကစပြီး တပည့်များစွာအတွက် လောကီပညာနဲ့လောကုတ္တရာပညာများ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ ယနေ့ သက်တော်(၆၅) နှစ်ရောက်ခဲ့ပေမယ့် တပည့်တွေအတွက် အခြေခံပညာရေး ကြိုးစားဆောင်ရွက်အားထုတ်လမ်းညွှန်ပေးနေဆဲပါပဲ။ ။ သက်တော်ကြီးရင့်လာလို့ ပယ်ထားရတဲ့အချက်အလက်တွေလည်း များစွာရှိလာနေလို့ ( ဒေါ်မာမာအေး ပြောခဲ့သလို မောင်အရင်လိုမဟုတ်တော့ဘူး, ဆိုသလိုပါပဲ) အိုခြင်းရှိတဲ့ရုပ်နဲ့ အိုလာရတဲ့ရုပ်တွေအကြောင်း ကိုယ်တိုင်အသိပါပဲ။ ။ ငယ်ရွယ်သောကာလနဲ့ခုကာလနဲ့က တစ်ခြားဆီပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ မတူညီကြပါ။ ရုပ်တရားရဲ့ဖြစ်တည်နေမှုဟာ အိုသောခါမှပိုနားလည်မိတယ်။ နေ့စဉ်အသုံးပြုရတဲ့ပစ္စည်းတစ်ခုဟာ အသုံးပြုဖန်များရင် ပျက်စီးလာနေသလို ခန္ဓာရုပ်မှာလည်း အိုနာနေမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတယ်။ ။ တရားရစရာတွေတော့ အများကြီးပါပဲ။ စွန့်လွှတ်ရတာတွေ၊စွန့်ခွာရမှာတွေ၊စွန့်ပစ်ရတာတွေ၊စွန့်ပယ်ရမှာတွေ တဖြေးဖြေးပဲသိမြင်လာတော့ အမှားနဲ့အမှန်တွေရဲ့အဖြေဟာ သိလာတော့တာပါပဲ။ ။ လိုရင်းပြောလိုတာက နှစ်(၄၀) ကျော်တိုင်တိုင်… Read more: ။ နှစ် ၄၀ ပြည့် အမှတ်တရ ။
  • နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၅)(ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ်)
    ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန ပျော်ပျော်ပါးပါး မိုးရာသီ ကျောင်းတွင်းအားကစား နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ်) ကျား (၃) သင်းမ (၃) သင်းပတ်လည်စနစ် (၃) ရက်တိုင်တိုင် ညနေပိုင်း၆/၇/၈ – ၈ – ၂၀၂၅ (ညနေပိုင်း)။ ပထမနေ့ ဒုတိယနေ့ PEDU Channel – ဖလုံပညာ့
  • ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ဖိတ်ကြားလွှာ
    ၂၇၆၄ ခုနှစ်၊ တောင်ကလေး (ဖၠုံပညာ့တ်ုဝါန့်)၊ (၃၉) ကြိမ်မြောက် “ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား” ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် – ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ (၈-၈-၂၀၂၅) သောကြာနေ့။ အချိန် – နံနက် (၇:၀၀) နာရီ (အခမ်းအနားဖွင့်လှစ်ခြင်း) နေရာ – တောင်ကလေးနှစ်သစ်ကူးကွင်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်။ PEDU Channel – ဖလုံပညာ့ 

December 2025
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

Loading

Exit mobile version