မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • ။ တရားအားထုတ်သူများ သတိထား ။
    ။ တရားအားထုတ်သူများ သတိထား ။ ~~~~~~~~~~~~~~~~~~~~~~~~~~~။ တရားအားထုတ်ကြသူတိုင်းသတိထားရမယ့်အရာသုံးမျိုးရှိပါတယ်။၁) ကာမဝိတက် = အရာဝတ္ထု တစ်ခုခုရလိုတာပဲဖြစ်ဖြစ်နှစ်သက်မှုပဲဖြစ်ဖြစ်ကြံစည်စိတ်ကူးမှု၊ ၂) ဗျာပါဒဝိတက်= မိမိနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်သူတစ်ပါးနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်တစ်ခုခုသောအရာဝတ္ထုကြောင့်ပဲဖြစ်ဖြစ်စိတ်ဆိုး၊စိတ်တိုစိတ်ပျက်၊အလိုမကျဆုတ်နစ်ကြောက်ရွံ့တာတွေတစ်ဖက်သားကို ပျက်စီးစေလိုတာတွေစပ်ဆိုင်တဲ့ကြံစည်စိတ်ကူးမှု၊ ၃) ဝိဟိံသာဝိတက်= တစ်ဖက်သားကိုနှိပ်စက်ဒုက္ခပေးလိုတဲ့အကြံအစည်စိတ်ကူးမှု ဆိုတဲ့သည်တရားသုံးပါးကိုဖျောက်ဖျက်ပယ်ပြုနိုင်မှတရားအားထုတ်လို့တရားထူးရလွယ်ပါတယ်။ ။ စိတ်ကူးနေမှုများနေတာကြောင့်သမာဓိအလွယ်မရကြဘဲရိပ်သာကနေအိမ်ကိုပြန်လာကြတယ်။အိမ်ပြန်ရောက်လည်းအဲဒီစိတ်ကူးနေတာနဲ့ပဲအချိန်တွေကုန်ခဲ့ကြတယ်။ ။ သည်လိုဖြစ်နေရင်အစားထိုးဖျောက်တဲ့နည်းသိထားသင့်မယ်ထင်ပါတယ်။ ။အကယ်၍ယောဂီမှာသတ္တဝါနဲ့စပ်ဆိုင်၍လိုချင်တပ်မက်မှုတွေစိတ်ကူးဝင်လာခဲ့မယ်ဆိုရင်၁) အသုဘကို နှလုံးသွင်းပါ။ဒါမှမဟုတ်အနိစ္စသဘော နှလုံးသွင်းပါ။ဒေါသထွက်လာရင်မေတ္တာပွားများပါ။အရာဝတ္ထုတစ်ခုခုဖြစ်ရင်ဓာတ်ကမ္မဋ္ဌာန်းပွားများပါ။မောဟနဲ့ပတ်သက်ရင်ဆွေးနွေးမေးမြန်းမှုပြုပါ။ဒါက အစားထိုးဖျောက်နည်းဖြစ်ပါတယ်။ ၂) အပြစ်ရှုဖျောက်နည်းအနေနဲ့ကကာမဝိတက်လောဘအတွက်စက်ဆုပ်ရွံရှာဖွယ်တွေ၊ကိုယ်ခန္ဓာအတွက်လောဘအပြစ်ဆင်ခြင်တာတွေ၊ဒေါသအပြစ်ဆင်ခြင်တာတွေပယ်ဖျောက်ရမယ်။ ၃) မေ့ပျောက်ရှောင်လွှဲနည်းအရစိတ်ကူးတာတွေကိုမေ့ဖျောက်ထားပြီးရသမျှတရားစာတွေကိုရွတ်အံပါဘုရားဂုဏ်တော်တရားဂုဏ်တော်သံဃာဂုဏ်တော်တပါးပါးကိုပွားများပြီးတော့နေထိုင်ပါ။ ၄) နောက်တစ်နည်းမှာကအကြောင်းရင်းကိုရှာဖွေပြီးဖျောက်တဲ့နာ်းပါပဲ၊ဖြစ်လာတဲ့စိတ်ကူးမြစ်ဖျားခံလာတဲ့အကြောင်းကိုရှာဖွေစစ်ထုတ်ပြီးကြည့်ပါသတိပွားများပြီးနေရမယ်။ ၅) နံပါတ်(၅) နည်းကတော့အရိုးကြေကြေအရေပြတ်ပြတ်အားအင်နဲ့ဖိနှိပ်အံကြိတ်ပြီးမနိုင်နိုင်အောင်ဖျောက်ဖျက်ပြစ်ရမယ်လို့စာကျမ်းဂန်ထဲမှာပြထားပါတယ်။ ။ တပည့်တို့မှာရိပ်သာမှာတရားအားထုတ်လို့စိတ်ကူးယဉ်များမိပြီးသမာဓိမရခဲ့သော်ဖော်ပြထားတဲ့စိတ်ကူးယဉ်ဖယ်ဖျောက်တဲ့နည်းတွေထဲကအတိုင်းတစ်ပါးပါကိုလေ့ကျင့်ယူကြည့်ပါလို့အကြံပေးပါတယ်။ တရားထူးမြတ်ရကြပါစေ။ တောင်ကလေးဆရာတော်(၂၈.၁၂.၂၀၂၄) ရက်နေ့။
  • ။ သည်နေ့အယောက်တိုင်းဆီသို့ကိုယ်စိတ်ချမ်းသာကြလျက်ဘေးရန်ကင်းကွာကြလျက်မိမိတို့အလိုရှိသမျှသောကောင်းကျိုးချမ်းသာဟူမျှမိမိတို့ အနီးအရပ်အထံအပါး၌ရောက်ရှိနိုင်ကြပါစေဟုဆုတောင်းပေးပါသည်ကျန်းမာချမ်းသာကြပါစေ။
    ။ သည်နေ့အယောက်တိုင်းဆီသို့ကိုယ်စိတ်ချမ်းသာကြလျက်ဘေးရန်ကင်းကွာကြလျက်မိမိတို့အလိုရှိသမျှသောကောင်းကျိုးချမ်းသာဟူမျှမိမိတို့ အနီးအရပ်အထံအပါး၌ရောက်ရှိနိုင်ကြပါစေဟုဆုတောင်းပေးပါသည်ကျန်းမာချမ်းသာကြပါစေ။ တောင်ကလေးဆရာတော်(၂၆.၁၂.၂၀၂၄) ရက်နေ့နံနက်။
  • ။ သတိရပါတယ် ပုဂံမြေ ။
    ။ သတိရပါတယ် ပုဂံမြေ ။~~~~~~~~~~~~~~~~~~~။ အနုပညာရှင်များဖန်ဆင်းထားကြတဲ့အနုပညာထဲကလက်မှုပညာဟာသေချာဂနလေ့လာကြည့်ရင်အရင်းအမြစ်တွေများစွာပါပဲ။ ။ မြန်မာပြည်မှာရှေးဟောင်းယဉ်ကျေးမှုသတ်မှတ်ထားကြတဲ့ပုဂံယဉ်ကျေးမှုဒေသဟာထူးခြားလှတဲ့ဒေသပါ။ ။ ယဉ်ကျေးမှုသမိုင်းရာဇဝင်သမိုင်းလူမှုသမိုင်းခေတ်ကာလပြသမိုင်းစတဲ့သမိုင်းဆိုင်ရာတွေများပြားလှတဲ့ပုဂံဟာယနေ့အရှင်တို့ရဲ့တိုင်းပြည်ရဲ့တမွတ်ဥသျှောင်ထိပ်ခေါင်ယဉ်ကျေးမှုဒေသပါ။ ။ ပုဂံရောက်ရင်ပုဂံခေတ်ကိုသတိရမိတာကမဆန်းဘူးများဆိုပေမယ့်တချိန်ကပုဂံခေတ်ကယဉ်ကျေးမှုရပ်ဝန်းဟာဘယ်လောက်များဆန်းပြားထူးထွေနေကြသလဲဆိုတာတွေးမိရင်းနဲ့ပုဂံနဲ့ပတ်သက်တဲ့တင်ပြချက်အကြောင်းတွေဖတ်မှတ်ခဲ့တာများစွာပါပဲ။ ။ ခုချိန်မှာပုဂံကိုပြန်မရောက်ဖြစ်သေးပေမယ့်ပုဂံရဲ့ပုဂံဒေသကိုတမ်းတမိသတိရမိနေမှာပါပဲ။ ။ နံနက်ချိန်နေညိုချိန်နေ့ခင်းချိန်ပုဂံကိုလည်ပတ်ခဲ့တဲ့အချိန်တိုင်းပုဂံတိုင်းရဲ့ရာဇဝင်ဖြစ်ရပ်အစုံကိုမလွမ်းဘယ်သူနေတတ်မည်မတမ်းဘယ်သူနေတတ်မည်မကျွမ်းဘယ်သူနေတတ်မည်လို့ပဲသတိရပါတယ် ပုဂံမြေ။ အဲမွန်ဒြာ( သီရိပစ္စယာ)
  • ။ အဖြေဆေးပေးပါ ။
    ။ မိသားစုများငြိမ်းအေးချင်ရင်မေတ္တာစိတ်နဲ့နေ။ ။ အများတကာအေးချမ်းချင်ရင်ခန္တီတရားနဲ့နေ။ ။ တစ်ယောက်တည်းသာငြိမ်းချမ်းချင်ရင်သတိတရားနဲ့နေ။ ။ သီတင်းကျွတ်လပြည့်နေ့ကဆရာတော်ကြီးတစ်ပါးရဲ့ဩဝါဒစကားကိုကြားနာခဲ့ရပါတယ်။ ။ အဲဒီဩဝါဒကိုသဘောကျမိတယ်နှစ်သက်မိတယ်မှတ်သားခဲ့တယ်။ ။ မှန်ပါတယ်မိသားစုများရှိလာကြပြီးဆိုရင်မေတ္တာတုံးလို့မဖြစ်ဘူးဒေါသကြီးလို့မရဘူးစိတ်ထားနုနုမေတ္တာစုပြီးနေမှအေးချမ်းမှုတွေရကြမယ်သည်အတွေးလက်ခံတယ်။ ။ နောက်ပြီးတော့အများတကာနဲ့နေရင်အများသဘောကိုသိမြင်နားလည်မှုထားရမယ်လေးစားသင့်တာလေးစားရမယ်တန်ဖိုးရှိတာတန်ဖိုးထားရမယ်အများတကာရဲ့အကျိုးကိုအပျက်အစီးမဖြစ်အောင်အရာခပ်သိမ်းကိုသည်းခံပေးတတ်ရမယ်။ ။ တစ်ခါတစ်ယောက်တည်းပဲနေရင်အမှားတွေမပြုမိဖို့အမှားတွေနှလုံးမသွင်းမိဖို့သတိပဋ္ဌာန်တရားနဲ့ပွားများပြီးနေမယ်ဆိုရင်အေးချမ်းနေမှာပါပဲ။ ။ ဒါကြောင့်မိသားစုတရားကမေတ္တာတရား၊အများနဲ့ဆိုင်တဲ့တရားကခန္တီတရား၊တစ်ယောက်နဲ့ဆိုင်တဲ့တရားကသတိတရားပါပဲဆိုတာကိုသိစေချင်ပါတယ်။ ။ ကဲ တပည့်တို့ရေမေတ္တာဘယ်လို ထားမည်လဲခန္တီဘယ်လို ပွားမည်လဲသတိဘယ်မှာ ထားမည်လဲဆိုတာကိုမေးပါရစေ။ တောင်ကလေးဆရာတော်(၁၈.၁၀.၂၀၂၄) ရက်နေ့။
  • ။ ပါရမီချစ် ။
    နိဒါန်း ။ လောက၌၁) ချစ်သူချစ်သော ချစ်ခြင်း၂) မိသားစုချစ်သော ချစ်ခြင်း၃) လောကချစ်သော ချစ်ခြင်းဟူ၍သုံးမျိုးရှိသည်။ တဏှာပေမချစ်ခြင်း။ တဏှာပေမသည်တဏှာအရင်းခံသော( အနင်းခံသော)ချစ်ခြင်းကိုခေါ်၏။အကုသိုလ်ဖြစ်၏။သံယောဇဉ်မကင်း။ချစ်ရသူသာ ရည်စူး၏။အကန့်အသတ်ထား၏။အငတ်ထား၏။လွှမ်းခြုံ၏။စိုးမိုး၏။ကာကွယ်၏။စောင့်ရှောက်၏။အသက်ပေး၏။ပံ့ပိုး၏။ပဋိပက္ခမွေးထုတ်၏။ငြိမ်းချမ်းမှုကိုဖျက်ဆီး၏။လောကသာယာမှုကိုနှောင့်ယှက်၏။ဟန့်တား၏။ပြိုကွဲ၏။ပြိုင်ဆိုင်၏။(တဏှာပေမသည်)အသိဉာဏ်မပါသောချစ်ခြင်းဖြစ်၏။ ပါရမီချစ်။ အချစ်အားလုံးသည်ကန့်သတ်ချက် မရှိရ။လွတ်လပ်စွာရှိသော( အသိတရားပါပါ)ချစ်ခြင်းဖြစ်ရမည်။ကန့်သတ်ချက်ထားသောချစ်ခြင်းသည်ကြောင်းကျိုးသဘောတရားကိုဖျက်ဆီး၏။မျက်နှာများ၏။ဂုဏ်မဲ့၏။ရှုထောင့်ပျက်၏။အရုပ်ဆိုး၏။ကိုယ်ကျင့်တရားပျက်၏။သိက်ခာကြ၏။မမြင့်မြတ်။ ဤခေတ်ချစ်ခြင်း။ ခုခေတ်ကာလ၌ချစ်ခြင်းတို့သည်မည်သို့ချစ်ခြင်းဟူ၍ခေါ်ဆိုနိုင်ပါမည်နည်း။ ။ နိဂုံးပါရမီအချစ်သည်ချစ်ရသူကိုလည်း ချစ်ရမည်မုန်းရသူကိုလည်း ချစ်ရမည်ဖြစ်ပါသတည်း။ တောမှီရဟန်း(၁၅.၁၀.၂၀၂၄) ရက်နေ့။

ဇန်နဝါရီ လ၊ 2025 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး