မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • အဝိဟိံသာနိုင်ငံရေး (၃၇)
    အမူအကျင့်ကောင်း မကျင့်နိုင်လို့ မရပါ။ လွတ်လပ်ရေးတိုင်းပြည် ရှိတဲ့သူတိုင်း စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လို့ မဖြစ်ပါ။ ကမ္ဘာစစ်ကြီးမွေးထုတ်သူဘယ်သူမဆို လွတ်လပ်မှု (လွတ်လပ်ရေး၊ လွတ်လပ်စွာ)တို့ကို လိုချင်၊ နေချင်ကြ တာချည်းပါပဲ။ လှောင်ချိုင့်တွင်းနေရတဲ့ ငှက်၊ ပခြုပ်တွင်း နေရတဲ့မြွေ၊ အကျဉ်းခံနေရတဲ့ အကျဉ်းသမား လွတ်လပ်မှုကို မလိုချင်ဘဲ မရှိပါ။ လူတိုင်း လွတ်လပ်မှုကို ဘာဖြစ်လို့ လိုချင်ကြပါသလဲ။ ဘာကြောင့် လွတ်လပ်ခြင်းကို မြတ်နိုးကြင်နာကြရပါသလဲ။အရှင်တို့ မြန်မာပြည်ဟာ လွတ်လပ်ရေးရတာ ကြာပါပြီ။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ အတတ်ပညာရေးက လွဲချော်နေကြတယ်။ ရှေးခေတ်ကာလက လွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ပညာကို စစ်ပညာလို့ သတ်မှတ်ကြတယ်။ သခင်ပညာလို့လည်း ခေါ်တယ်။ တိုင်းပြည်အတွက် အသက်ပေးတဲ့သူကို သားကောင်းရတနာများ ဆိုပြီး… Read more: အဝိဟိံသာနိုင်ငံရေး (၃၇)
  • အဝိဟိံသာနိုင်ငံရေး (၃၆)
    လူတိုင်း စွမ်းရည်သတ္တိ ကြီးမားရမည်။ အကျိုးပြုလုပ်ငန်း မဟုတ် မျက်စိနဲ့ မြင်နိုင်တဲ့လောကကို ကြည့်ရုံလေးနဲ့ ဒီလောကအားလုံးကို သိမြင်နိုင်မယ် မဟုတ်ပါ။ ကောင်းသူ၊ ဆိုးသူတွေရဲ့ အပြုအမူ၊ အကျင့်တရားတွေဟာလည်း သာမန်မျက်စိ ကြည့်ရုံလေးနဲ့ မသိမြင်နိုင်သလို နိုင်ငံရေးမျက်နှာပြင်ပေါ်မှာ ပေါ်ပေါက်လာတဲ့အမိန့် (ပေါ် ပေါက်ခဲ့မည့်အမိန့်) တွေဟာလည်း နိုင်ငံရေးသမားမဟုတ်တဲ့သူတွေ နားလည်နိုင်ကြမှာ မဟုတ်ပါ။ နိုင်ငံရေးလောကထဲက ထွက်ပေါ်လာတဲ့ အမိန့်၊ အာဏာ၊ အုပ်ချုပ်မှု၊ စီမံမှုတွေ ဟာ နှိပ်စက်မှု၊ ညှဉ်းပန်းမှု ကင်းလွတ်ခြင်း မရှိရင် လူသားအတွက် အကျိုးပြုလုပ်ငန်းလို့ မဆိုနိုင်ပါ။ ပျက်သုဉ်းစေပါတယ် ယနေ့ ကမ္ဘာ့နိုင်ငံရေးကျက်သရေဟာ အခွင့်အရေးဆိတ်သုဉ်းရေးပြဿနာ၊ တန်းတူ ရေးပြဿနာ၊ မညီမျှရေးပြဿနာ၊ မညီညွတ်ရေးပြဿနာ သက်သက်မျှသာ ပြသနိုင်ပါတယ်။… Read more: အဝိဟိံသာနိုင်ငံရေး (၃၆)
  • အဝိဟိံသာနိုင်ငံရေး (၃၅)
    နိုင်ငံရေးကို ယုံကြည်ချက်ထားမှန်ရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး လူသားအတွက် တည်ဆောက်ပေးနိုင်ပါတယ်။ ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ ယနေ့ ကမ္ဘာမှာ နိုင်ငံရေးမျက်နှာစာတွေ အမျိုးမျိုး ပြောင်းလဲလာပါပြီ။ ငြိမ်းချမ်း ရေးနဲ့ လွတ်မြောက်ရေးအတွက် နားလည်လာကြပါပြီ။ ငြိမ်းချမ်းတဲ့ လောကသားဘဝ ရောက်အောင် (ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရောက်အောင်) လွတ်လပ်ခွင့်၊ မျှတခွင့်၊ ညီမျှခွင့်တွေ ကို စနစ်ကျကျ နေထိုင်စားသောက်နိုင်ကြပြီ။ လွတ်လပ်မှုကို အလိုရှိကြတဲ့ အသိစိတ်ဟာ အကျင့်ကောင်း၊ အကျင့်မြတ်တရား ရရန်(ရဖို့) အခြေခံရပိုင်ခွင့်လို့ ခေါ်နိုင်ပါတယ်။ လူတွေ ဟာ မလေးစားခြင်းကို အလွန် ရွံမုန်းကြပါတယ်။ လေးစားမှုရှိခြင်းကို တန်ဖိုးထားကြတယ်။ လူတွေ တန်ဖိုးထားတဲ့အရာတိုင်းဟာ ဘယ်အရေးမဆို မြင့်မားမှုဖြစ်လာတာပါပဲ။ လူမှုဘဝကို ငြိမ်းချမ်းရေးနဲ့… Read more: အဝိဟိံသာနိုင်ငံရေး (၃၅)
  • အဝိဟိံသာနိုင်ငံရေး (၃၄)
    လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစားတတ်မှု၊ တာဝန်ယူတတ်မှု နဲ့ အမှားအမှန် ရွေးချယ်တတ်မှု ရှိရမယ်။ လွှတ်တော်အမတ်များ ဖြေကြည့်ပါ ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံရေး ဥပဒေစနစ်တစ်ခုရဲ့ ဥပစာတိုင်းမှာ တန်းတူညီမျှ ရေးအတွက် အာသီသဆန္ဒတွေ ထားကြတယ်။ စိတ်အားထက်သန်ကြတယ်။ စိတ်ကျေနပ် ဖွယ်ရာ ထားကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် နိုင်ငံအဆင့်အုပ်ချုပ်ရေး၊ အခြေခံပြည်သူ့ အခွင့်အရေး ထားပုံထားနည်း၊ လုပ်ပုံလုပ်နည်း သိထားကြပေမယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေး အမြင်တွေ သိထားဖို့ လိုတယ်။ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေ၊ မရှိတဲ့သူတွေကို ဖော်ပြတဲ့ မေးခွန်းတွေကို မေးလိုက်မယ်။ ဖြေဆိုနိုင်ပါတယ်။ (၁) ဥပမာ- သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့်… Read more: အဝိဟိံသာနိုင်ငံရေး (၃၄)
  • အဝိဟိံသာနိုင်ငံရေး (၃၃)
    ခွဲခြားဆက်ဆံရေးဟာ ခေတ်နောက်ကျတဲ့ အပြုအမူပါပဲ၊ ယနေ့ နိုင်ငံရေးကမ္ဘာ (ကမ္ဘာ့နိုင်ငံရေး) ကို လေ့လာကြည့်ရင် အားရစရာ ဘာတစ်ခုမှ မတွေ့ရပါ။ အသက်နဲ့ထပ်တူ စောင့်ထိန်းတဲ့ နိုင်ငံရေး မတွေ့မမြင်ရလို့ပါ။ ဖျတ်လတ်တဲ့ စိတ်တွေ ထားကြပေမယ့် သူတော်ကောင်း စိတ်တွေမပါဘဲ တစ်ယောက်နဲ့ တစ်ယောက် (တစ်ဖွဲ့နဲ့ တစ်ဖွဲ့)ချေမှုန်းနေကြ တာကို တွေ့ရတယ်။ ဒီပြုမူမှုဟာ နိုင်ငံရေးကောင်းစားဖို့မဟုတ်ပါ။ ကမ္ဘာ့ပြည်သူတွေဟာ အရာခပ်သိမ်းကို မပိုင်စိုးရပေမယ့် ငြိမ်းချမ်းရေးကိုတော့ ပိုင်စိုးလိုကြတာ အမှန်ပါပဲ။ ကိုယ်၊ စိတ်မငြိမ်းချမ်းရတဲ့လောကနဲ့ နေထိုင်ကြရတဲ့ လူသားတွေကို တစ်ခုအနေနဲ့ လုပ်ပေး လိုတဲ့ ဆန္ဒရှိကြမယ်ဆိုရင် အကြမ်းမဖက်တဲ့ နိုင်ငံရေးအတွက် လုပ်ပေးရမယ်။ (လုပ်ပေးပါ)။ အစဉ်တစိုက် လိုက်ဖို့ လူအချင်းချင်း အနိုင်ကျင့်ကြတာဟာ… Read more: အဝိဟိံသာနိုင်ငံရေး (၃၃)

ဇူလိုင် လ၊ 2025 ခုနှစ်
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

Loading