Categories
ကရင်လူမျိုး အမျိုးသားရေး

စူႋယာ့ဆိုဒ်ဖဝ့်တိုင်

စဝ်ယှူးယှူးခၠိင်းခၠိင်း (တၟိုဝ်ဝါန်ႋ)

ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊
ဆင့်လေံသာ ယှဝ်ထဝ့်၊
ဆိုဒ်ၯင်ႋသာတဝ်၊
အဲစွးဍဝ်၊
ဏိင်းယိက်လာထဝ့်၊
နိုဲ့ဆီ့ယာဲ ပါင်ဖဝ်ႋ၊
ၜုံးဏိင်းသင့် ဖၠဟ်ထ်ုယဝ်ႋ။

ဆိုဒ်ဆ်ုမာ ဆ်ုၰီ့လာ၊
အ်ုတာအ်ှ ကုက်မာ၊
ၰူ့ၰင်လထာ၊
ဖၠုံကိုဝ်ၯာ၊
ခံင်ႋအယ်ဆ်ုမာ၊
ဆိုဒ်ၯင်ႋဍုဂ်ဏဲပျာ၊
ခေါဝ်ႋသိုဲ့ယွာ လ်ုပါကာ။

အ်ှဝယ်ယိက် ၜုံးဏိင်းသင့်၊
ခါင်ႋစူး ဆ်ုအာင်လင်၊
ထုင်းလီႋၰူ့ၰင်၊
အင်းၜူးသင့်၊
ထာင့်ခုက် ယောတ်လ်ုသင့်၊
ဏိင်းသင့်မင်္ဂလာ ၯေဝ်ထင့်။

ဆ်ုၰီ့လာ အ်ှဝယ်ယိုင်၊
လိက်လာဲ ထုဂ်ဖၠဟ်ဆိုင်၊
စူႋယာ့သာနိုင်၊
ပ္တဴဆိုင်
ၜံင်ထင်းလေင်ႋတိုင်၊
ဖၠုံယှင် ယုဂ်ယာန်းဆိုင်၊
စူႋယာ့ၯင်ႋ ဆိုဒ်ဖဝ့်တိုင်။

Loading

Categories
ကရင်လူမျိုး ဆောင်းပါး ပညာရေး အမျိုးသားရေး

ယနေ့ထက်တိုင် မမေ့နိုင်

မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး သူတစ်ပါးတို့အား အလင်းရောင်ကို ပေးလေ့ ရှိပါသည်။ 

သက်မဲ့သစ်ပင်တို့ မည်သည်မှာလည်း မိမိတို့၏ အသီးများကို ပြန်စားရိုး ထုံးစံမရှိဘဲ လူသားနှင့် တိရစ္ဆာန်သတ္တဝါတို့ စားဖို့ရန်အတွက်သာ အသီးများကို သီးပေးလေ့ရှိသလို မြစ်ပင်လယ် သမုဒ္ဒရာတို့ မည်သည်မှာလည်း မိမိတွင်ရှိသော ရေကို ပြန်သောက်ရိုး ထုံးစံမရှိဘဲ အများသတ္တဝါတို့ သောက်သုံးရန်အတွက်သာ ရေများကို စုစည်းပေးထားတာဖြစ်သည်။ 

ထိုနည်းတူစွာ-

လူတော်လူကောင်းတို့ မည်သည်မှာလည်း အခွင့်ထူးကို မယူဘဲ မိမိရသင့်ရထိုက်သော အခွင့်အရေးကိုသာ ယူကာ စိတ်ထားဖြောင့်မတ်စွာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် လေ့ရှိကြပါသည်။ ထို့ကြောင့် လူတော်လူကောင်း စာရင်းထဲပါဝင်သည့် ကျွန်ုပ်ဆရာကြီး မန်းညိမ်းဖေ၏ အကြောင်းကို အလျဉ်းသင့်လို့ ဖော်ပြပါရစေ။ 

ဆရာကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေနှင့် မနီးမဝေးရှိ ရဲသာ ကျေးရွာနေ မန်းဖိုးငွေ + နန်မုတူးတို့မှ ၁၉၄ဝ – ပြည့်နှစ်၊ မတ်လ ၁၄-ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ သော သားလှရတနာတစ်ဦး ဖြစ်ပြီး မွေးချင်းသုံးဦး အနက် အကြီးဆုံး သားဦးရတနာဖြစ်သည်။ 

ဆရာကြီးငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် မွေးရပ်မြေဖြစ်သော ရဲသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိတတန်းကိုလည်းကောင်း၊ ၁၉၅၂ – ခုနှစ်တွင် ဘားအံ (အထက) အခြေခံပညာ အထက်တန်းကျောင်း၌ စတုတ္ထတန်းနှင့် ပဉ္စမတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သဖြင့် ၁၉၅၄ – ၅၅ ပညာသင်နှစ်တွင် အစိုးရပညာသင်စရိတ်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော (ပင်လုံကျောင်းခေါ်) မရမ်းကုန်း မြို့နယ်၊ ၈ – မိုင်ရှိ ပြည်ထောင်စု အထက်တန်းကျောင်း၌ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမတန်း နှင့်တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါသည်။ 

၁၉၅၈ – ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် နယ်မြေသို့ အခြေချခဲ့သည်။ ၁၉၆၀ – ပြည့်နှစ်မှာ ဥပစာ သိပ္ပံ (I.SC=Institute of Science) အတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့၍ စက်မှုတက္ကသိုလ် အင်ဂျင်နီယာလိုင်းသို့ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ၁၉၆၁ – ၆၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ရှိ စက်မှုတက္ကသိုလ်၊ (ယခင်အခေါ်အဝေါ် (B.I.T) ယခု အခေါ်အဝေါ် R.I.T = Rangoon Institute of Technology. Y.I.T = Yangon Institute of Technology.) ၌ အင်ဂျင်နီယာ ပညာရပ်များကို တစ်နှစ်ဆည်းပူးရာ လိုအပ်သော စာအုပ်စာတမ်းနှင့် သင်ကြားမှု အထောက်အကူပြု ကိရိယာပစ္စည်းများ လုံလောက်အောင် မဝယ်ယူနိုင်သဖြင့် မမျှော်လင့်ဘဲနဲ့ ကျရှုံးခဲ့ရသည်။ 

ဆရာကြီးသည် “ခါချဉ်ကောင်မာန်ကြီးလို၊ တောင်ကြီးကို ဖြိုမည်ကြံ၊ ခါးကမသန်” ဆိုသလို အကြံရှိ ဉာဏ်ရှိပေမဲ့ ကျောထောက်နောက်ခံ အားနည်းမှုကြောင့် စက်မှုတက္ကသိုလ်မြေမှ မခွါချင်သော်လည်း မရသည့်အဆုံး လေးလံသောခြေလှမ်းများဖြင့် မတတ်သာ ဆုတ်ခွါ ခဲ့ရပါသည်။ 

စက်မှုတက္ကသိုလ်မြေမှ မလွဲသာဆုတ်ခွါခဲ့ရပေမဲ့ ကိုယ့်ရဲ့ပြည်နယ်သူ/သားများ ပညာမျက်စိ ဖွင့်ပေးရေးအတွက် ၁၉၆၂-ခုနှစ်၊ ဇွန်လ ၇ – ရက် နေ့တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် (အလက) ကျောင်း၌ တာဝန်ခံကျောင်းအုပ်အဖြစ် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလအတွင်း လောကီလူသားတို့ ဖြစ်ရိုး ဖြစ်စဉ်အလျောက် ဆရာမကြီး နန်းခင်ညွန့်နှင့် အကြောင်းဆုံကာ အိမ်ထောင်ပြုပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တံခွန်တိုင်ရွာတွင် အခြေချနေထိုင်ခဲ့ပါသည်။  

၁၉၆၄ – ခုနှစ်သို့ ရောက်သောအခါ (၂) နှစ်မျှ တာဝန်ထမ်းဆောင် ပြီးချိန်ဖြစ်၍ ရန်ကုန် ဝိဇ္ဇာ – သိပ္ပံတက္ကသိုလ်၌ သိပ္ပံဘွဲ့ (သင်္ချာအဓိက) ဖြင့် (၂) နှစ်ဆက်လက် ပညာဆည်းပူး ခဲ့ပြန်သည်။ တက္ကသိုလ်ဘွဲ့ကို ရရှိပြီးနောက် ၁၉၆၇ – ခုနှစ်၊ ဖေဖော်ဝါရီလ ၁ – ရက်နေ့ တွင် ရွှေဂွန်းရွာ (အထက) သို့ အထက်တန်းပြ ဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိအခြေချခဲ့သည့် ခလယ်တံခွန်တိုင် (အထက) မှာ အထက်တန်းပြ ဆရာအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ ခဲ့ပြန်သည်။ ဆရာကြီးသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ခလယ်၊ တံခွန်တိုင်၊ ဖားပြနှင့် ကျုံခဝန်အုပ်စု အတွင်းရှိ ကျေးရွာ လူကြီးမင်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ တွဲဘက် အ.ထ.က ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၆၉ – ၇ဝ စာသင်နှစ်တွင် တွဲဘက်အထက်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နဝမတန်းအဆင့်အထိ စတင်လက်ခံသင်ကြားပေးခဲ့သည်။ 

သင်ကြားမှုအပိုင်း အားနည်းချက် ရှိသဖြင့် တက္ကသိုလ်ဘွဲ့ရ ခလယ် – တံခွန်တိုင် ကျောင်းသားဟောင်း ဆရာစောညွန့်သောင်း (တက္ကသိုလ်မော်ကွန်းထိန်းအဆင့် (၁) မော်လမြိုင်) နှင့် ဆရာစောဘထူး (အငြိမ်းစား၊ တက္ကသိုလ်လက်ထောက်နည်းပြ၊ မော်လမြိုင်) တို့က ပါဝင်အားဖြည့်ပေးနေရသည်။ 

ယင်းတွဲဘက် (အငှား) ဆရာများ၏ လစာ အတွက်ကို ကျောင်းသားများထံမှ အနည်းငယ်မျှသာ ကောက်ခံပြီး ခလယ် – တံခွန်တိုင်ခွင်ရှိ လူထု၊ ကျောင်းသားမိဘများမှ ပညာပါရမီ ဖြည့်ကျင့်နိုင်ရန် (ထည့်ဝင်နိုင်ရန်) အတွက် ဆရာကြီးမန်းညိမ်းဖေကပင် ကျေးရွာ လူကြီးမင်းများကို နားချစည်း ရုံးခဲ့ရပြန်သည်။ ခလယ် – တံခွန်တိုင်နယ်မြေအတွင်း ပညာရေးတိုးတက် မြင့်မားလာစေရန် – အ.မ.က ကျောင်းများ၏ မိဘဆရာနှစ်ပတ်လည် ဆုပေးပွဲများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း ဟောပြောခဲ့ပါသည်။

ဆရာကြီးသည် ပညာရေးလုပ်ငန်းများတွင် သာမကဘဲ ပါတီကောင်စီ လုပ်ငန်းများကိုလည်း နိုးကြားတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ရာ ၁၉၇၄ – ခုနှစ် တွင် ပထမအကြိမ် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် ကရင်ပြည်နယ်၊ ပြည်သူ့ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ထိုမှတဆင့် ၁၉၇၆ – ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးအနေဖြင့် ခလယ် – တံခွန်တိုင်မှ ဘားအံမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်သက်တမ်း ကုန်ဆုံး၍ ၁၉၇၈ – ခုနှစ်သို့ ရောက်သောအခါ မိခင်ပညာရေးဌာနသို့ ပြန်လည်ရောက်ရှိပါသည်။

ထိုအချိန်မှစ၍ ၁၉၇၈ – ခုနှစ်တွင် ခလယ် တံခွန်တိုင် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၃ – ခုနှစ်တွင် တောင်ပေါက် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၆ – ခုနှစ်တွင် ခလယ် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၂ – ခုနှစ်တွင် ကော့ကရိတ်မြို့ အ.ထ.က (၂) ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၆ – ခုနှစ်တွင် ခလယ်တံခွန်တိုင် အ•ထ•က ကျောင်းအုပ်တာဝန်ကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီးသည် ခလယ် – တံခွန်တိုင်နယ်မြေတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ကျင်းပ နိုင်ရေးအတွက် လက်ထောက်မြို့ပိုင် ဦးအောင်ခိုင်နှင့် ဒေသခံ ကျေးရွာလူကြီးများ နားလည် သဘောပေါက် သိရှိနိုင်ရန်အတွက် ဟောပြောခဲ့ခြင်း၊ ကရင်စာပေ သင်ကြားနိုင်ရေးအတွက် တံခွန်တိုင် အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စဝ်ဝါန်-ရင်အွာ) အား အမှူးထား၍ မန်းဌေးလှိုင် (တံခွန်တိုင်ရွာ)၊ ဆရာမကြီး နန်းခင်ညွန့် (တောင်ဒီး)၊ ဆရာမကြီးနန်းတင်လေး (ခလယ်)၊ ဆရာကြီးမန်းသိန်းတင် (ဖာသိမ်) တို့နှင့် စိတ်ပါဝင်စားသူ လူငယ်များတို့ကို စည်းရုံးကာ ဘားအံမြို့နယ်၊ ရေတံခွန် ပရဟိတဘုန်းတော်ကြီး၌ ဖွင့်လှစ်သည့် ပထမဆုံးအပတ်စဉ် နွေရာသီ ကရင်စာပေ ဆရာဖြစ်သင်တန်းသို့ စေလွှတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် ကျောင်းသူ/သားများကို မိမိ တို့ဗီဇအလျောက် ဝါသနာပါရာဘက်သို့ အခြေခံ၍ စိုက်ရေးသိပ္ပံ၊ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလက်မှုတက္ကသိုလ်စသည့် ကျောင်းများသို့ တက်ရောက်နိုင်ရန်အတွက်လည်း လမ်းညွန်မှုပေးခဲ့သည်။ 

အဆိုပါ ကျောင်းများမှ ဒီပလိုမာဘွဲ့ စသည်တို့ ရရှိသူများ ပေါ်ထွန်းခဲ့ပါသည်။ ဖွံ့ဖြိုးရေးသိပ္ပံ၊ တက္ကသိုလ်သို့လည်း တက်ခွင့်ရအောင် လမ်းညွန်ပေးခဲ့မှုကြောင့် ဖွံ့ဖြိုးရေး သိပ္ပံသင်တန်း အပတ်စဉ် (၁) မှ စ၍ စေလွှတ်နိုင်ခဲ့သည်။

ယင်းသင်တန်းအပတ်စဉ် (၁) တွင် ဆရာမန်းလှမြင့်စ၍ နှစ်စဉ် ခလယ် – တံခွန်တိုင် ဒေသမှ ကျောင်းသား/သူများ သွားရောက် တက်နေကြပါသည်။

ဆရာကြီးသည် အသက် (၆ဝ) ပြည့်၍ အငြိမ်း စားပင်စင် ယူခါနီးတွင် သားသမီးရတနာ (၅) ဦး ထွန်းကားခဲ့ပြီး အကြီးဆုံး (၃) ဦးမှာ မိန်းကလေးများ ဖြစ်၍ အငယ် (၂) ဦးမှာ ယောက်ျားလေးများ ဖြစ်ပါသည်။ 

ဆရာကြီးသည် ပညာရေးဌာနသို့ စတင် ရောက်ရှိသည့် အချိန်မှ ခရစ် ၂ဝဝဝ – ပြည့်နှစ် အငြိမ်းစားယူပြီးနောက် (၁၉-၆-၂၀၁၂) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ပညာရေးလုပ်သက် (၃၅) နှစ်နှင့် (၆) လ တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ယင်း နှစ်ပေါင်းများအနက် ခလယ် – တံခွန်တိုင်ဒေသတွင် နှစ်ပေါင်း (၃၀) တိုင်တိုင် ထမ်းဆောင်ခဲ့သည့်အတွက် ဆရာကြီးနှင့် ခလယ် – တံခွန်တိုင်၊ ခလယ် – တံခွန်တိုင်နှင့် ဆရာကြီးသည် တစ်သွေးတစ်သားတည်း ခွဲခြား၍ မရသည့် အခြေအနေသို့ သက်ရောက်ခဲ့ရပါသည်။ 

ခလယ် – တံခွန်တိုင်ဒေသတွင် ပညာတတ် မြောက်များစွာ ပေါ်ထွက်နိုင်ခဲ့ခြင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်လာခြင်း၊ ဘွဲ့ရဆရာ/မများ ဌာန မျိုးစုံသို့ ရောက်ရှိနေကြခြင်းသည် များသောအားဖြင့် ဆရာကြီး၏ ကျေးဇူးတွေချည်းသာ။ 

ဆရာကြီးသည် တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိစား၍ အားရှိကာ ဖြူစင်သန့်ရှင်းသော စိတ်ထားဖြင့် ပညာပေးဝေ ဖြန့်ဖြူးခဲ့သည်။

၁၉-၆-၂၀၀၂ ဆုံးသွားရှာသော ဆရာကြီးမန်းညိမ်းဖေသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးနှင့် စီးပွားရေး၊ သာသနာရေး ပါမကျန် ကျရာတာဝန်များကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည်ကို စံနမူနာပြု အတုယူ နေထိုင် သွားရန်နှင့် ဆရာ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ လူနေမှုအဆင့် မြင့်မားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရင်းနဲ့ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ဒီမြေ၏အကျိုးတိုးတက်ရာ တိုးတက် ကြောင်း၊ ဒီမြေ၏အလှအပကို ဖန်တီးပေးသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဘဝတစ်ပါးသို့ သွားရှာလေသူ လူတော်လူကောင်း ဖြစ်သည့် ကျွန်ုပ်၏ ဆရာကြီးမန်းညိမ်းဖေအား ပြန်လည် တမ်းတသတိရ၍ ယနေ့ထက်တိုင် မမေ့နိုင်သောကြောင့် ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်။

တပည့် – မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

Loading

Categories
နိုင်ငံရေး အမျိုးသားရေး

ပြည်သူပြည်သားတာဝန်

ယဉ်ကျေးသောလူတိုင်းတွင် တာဝန်ဝတ္တရားအသီးသီးရှိလေသည်။ မိဘ၌ ဝတ္တရားရှိသကဲ့သို့ သားသမီးများမှာလည်း ဝတ္တရားရှိသည်။ ထို့အတူ ဆရာ၏ ဝတ္တရား၊ တပည့်၏ဝတ္တရား၊ လင်ယောက်ျား၏ ဝတ္တရား၊ အိမ်သူဇနီး၏ဝတ္တရားစသည်ဖြင့် တာဝန်အသီးသီးရှိကြရာ တိုင်းပြည်အတွက် ပြည်သူပြည်သားတို့ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများလည်းရှိလေသည်။ တိုင်းပြည်တစ်ပြည်၏ အစိုးရသည် မည်မျှလောက်ပင် တိုင်းပြည်ကောင်းစားရေးကို စီမံအုပ်ချုပ်လုပ်ကိုင်သော်လည်း တိုင်းသူပြည်သားများက ဆောင်ရွက်ရမည့် ဝတ္တရားများကို ကျေပွန်စွာ မဆောင်ရွက်ဘဲ ပျက်ကွက်နေပါက အဆိုပါတိုင်းပြည်သည် တိုးတက်ကြီးပွားခိုင်ခံ့တည်မြဲရန် မဖြစ်နိုင်ပေ။

၁။ ပြည်သူပြည်သားများ လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများမှာ မိမိတိုင်းပြည်အပေါ်၌ သစ္စာတရားစောင့်ထိန်းရခြင်း၊ တိုင်းပြည်အား ထိခိုက်နစ်နာစေမည့် ဘေးအန္တရာယ်များ ပေါ်ပေါက်လာသောအချိန်တွင် မိမိတိုင်းပြည်အတွက် မျိုးချစ်စိတ် ထက်သန်စွာ ထောက်ခံခြင်း၊ ခုခံတိုက်ခိုက်ခြင်းများ ပြုလုပ်ပေးရမည်။ ထို့ပြင် တိုင်းပြည် နစ်နာစေမည့် စကားများကိုလည်းကောင်း၊ အလုပ်ကိုလည်းကောင်း မပြောဆို မလုပ်ကိုင်မိ အောင် စောင့်ထိန်းပေးရမည်။ 

၂။ မိမိတိုင်းပြည်၏ ဥပဒေစည်းမျဉ်းများကို ရိုသေလေးစားစွာ မလိုက်နာဘဲ ဥပဒေချိုးဖောက် သူများအား အားပေးအားမြှောက်မပြုသင့်။ ရာဇဝတ်မှုကျူးလွန်သူများကို ဥပဒေကသာ စီရင်စေသင့်ပေသည်။ 

၃။ ရာဇဝတ်မှုနှိမ်နင်းရာ၌လည်းကောင်း၊ ရာဇဝတ်မှုကျူးလွန်သူများအား ဖမ်းဆီးရာ၌လည်းကောင်း၊ အစိုးရအားတတ်နိုင်သမျှ အကူအညီပေးရန် ဖြစ်သည်။ အစိုးရဆိုသည်မှာ ပြည်သူလူထုက တင်မြှောက်ထားသောအဖွဲ့ဖြစ်သည်။ ပြည်သူလူထု၏ ကူညီထောက်ခံမှုမရရှိပါက မည်သည့် အစိုးရမျှ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ရရှိနိုင်ရန်မှာ ပြည်သူလူထု၏ အကူအညီရရှိရန် လိုအပ်ပေသည်။ 

၄။ မိမိတိုင်းပြည် နိုင်ငံရေးပြဿနာများကို စိတ်ပါဝင်စားခြင်း၊ မိမိတိုင်းပြည်အတွက် အကောင်းဆုံး နိုင်ငံရေးလမ်းစဉ်များကို ချမှတ်နိုင်ရန် နိုင်ငံရေးလုပ်ငန်းများ၌ စိတ်အားထက်သန်စွာ ပါဝင် ဆောင်ရွက်ခြင်း ပြုရလေသည်။ မိမိတိုင်းပြည်နှင့် ပတ်သက်၍ တိုးတက်ကြီးပွားအောင် ဆောင်ရွက်သင့်သည့် အချက်အလက်တို့ကိုလည်း သဘောပေါက်နားလည်ထားသင့်သည့် ပြင် မိမိယူဆချက် အကောင်အထည်ပေါ်ရန်ကိုလည်း တတ်နိုင်သမျှကြိုးစား ဆောင်ရွက်ရမည်။ 

ဤတာဝန်ဝတ္တရား လေးမျိုးမှာ ပြည်သူပြည်သားတိုင်း အမှန်မုချ လိုက်နာရမည့် တာဝန်ဝတ္တရားများ ဖြစ်ပေသည်။ ဤတာဝန်ဝတ္တရားများကို ထမ်းရွက်ရန် ပျက်ကွက်နေပါက မိမိတိုင်းပြည် သည် အမှန်ပင် အောက်ကျနောက်ကျ ဖြစ်သွားပေလိမ့်မည်။ မိမိတိုင်းပြည်နစ်နာက မိမိမှာလည်း ပြည်သူပြည်သားများအနက် တစ်ယောက်အပါအဝင်ဖြစ်သည့်အတိုင်း ထိခိုက်နစ်နာမည်မှာ မလွဲပေ။

ဒေါ်သန်းတင် (၂ဝ ရာစု) (လွတ်လပ်ရေးခေတ်) 

“ပြည်သူပြည်သားတာဝန်”ကို ဒေါ်သန်းတင်ရေးသော “ဘဝရတနာ”စာအုပ်မှ ကောက်နုတ်သည်။

Loading

Categories
စကားလက်ဆောင် အမျိုးသားရေး အဲးခိုး

။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။

မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်

။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်
နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။

။ မြန်မာနိုင်ငံသည်
၁၉၄၈-ခုနှစ်
ဇန်နဝါရီလ (၄)ရက်နေ့တွင်
စစ်မှန်သောလွတ်လပ်ရေး
ကိုရရှိခဲ့သည်။

နယ်ချဲ့တိုင်းတစ်ပါးတို့၏
စိုးမိုးအုပ်ချုပ်မှုအောက်မှ
လွတ်မြောက်လာခဲ့သော
တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်သည့်နေ့ကို
“ လွတ်လပ်ရေးနေ့” ဟူ၍
အသိအမှတ်ပြုထားကြသည်။

။ လွတ်လပ်ရေးနေ့
အင်္ဂလိပ်: Independence Day

ကမ္ပည်းစိုက်ထူ

။ ခရစ်နှစ် ၁၉၄၈ ခုနှစ်
ဇန်နဝါရီလ ၄ ရက်
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်
ပြာသိုလဆုတ် (၉ )ရက်
တနင်္ဂနွေနေ့ကား
မြန်မာနိုင်ငံသည်
လုံးဝလွတ်လပ်သော
အချုပ်အခြာအာဏာပိုင်
သမ္မတနိုင်ငံတော်အဖြစ်သို့
ကောင်းစွာရောက်ရှိသောနေ့
ဖြစ်လေသည်။

။ ထိုနေ့သည်
ပြည်ထောင်စု
မြန်မာနိုင်ငံသားများအဖို့
ထူးမြတ်သော
နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ရွာများတွင်
ထိုနေ့ကို
မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ
စိုက်ထူကြပြီးလျှင်
အောက်ပါအတိုင်း
ကမ္ဗည်း ရေးထိုးထားကြသည်။

“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ”

ဆင်ယင်ကျင်းပ

။ မြန်မာနိုင်ငံ အောက်ပိုင်း၌
နှစ်ပေါင်း ၁ဝဝ မျှ
မြန်မာနိုင်ငံ အထက်ပိုင်း၌
နှစ်ပေါင်း ၆ဝကျော်မျှ
နိုင်ငံခြားသားတို့၏
အချုပ်အခြာကို
ခံခဲ့ကြရပြီးနောက်
မြန်မာခေါင်းဆောင်ကြီးများ၏
အမျိုးမျိုးသော
ကြိုးပမ်းမှု တို့ကြောင့်
ရရှိခဲ့သော ဤလွတ်လပ်ရေးကို
တည်တံ့ခိုင်မြဲစေရန်နှင့်
ပြည်ထောင်စုကြီး
တိုးတက်ဖွံ့ဖြိုးစေရန်မှာ
ပြည်ထောင်စုသားအားလုံး၏
တာဝန်ဖြစ်သည်နှင့်အညီ
နှစ်စဉ်နှစ်တိုင်း
သတိရ ကြစေရန်
သတိပေးနှိုးဆော်သည့်အနေဖြင့်
နှစ်စဉ်ထိုနေ့တွင်
လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။

ဘွဲ့ထူးဂုဏ်ထူး

။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့်
လွတ်လပ်ရေး ကျောက်တိုင်၌
စုဝေးကြ၍
ပြည်ထောင်စုတည်မြဲရေး
တိုးတက်ရေးကို
မမေ့ မလျော့ဆောင်ရွက်ရန်
အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။

။ ပျော်ပွဲရွှင်ပွဲနှင့်
ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း
တစ်ခမ်းတစ်နား
ဆင်ယင်ကျင်းပကြ၍
အစိုးရကလည်း
နိုင်ငံ၏တာဝန်ကို
ထူးချွန်စွာထမ်းဆောင်သူတို့အား
ဘွဲ့ထူး ဂုဏ်ထူးနှင့်
ဆုလာဘ်များ
ပေးအပ်ချီးမြှင့်လေသည်။

” လွတ်လပ်ရေးနေ့
တို့မမေ့ပြီ
တို့ရှေ့ကောင်းခြင်းရောက်ပါစေ” ဟု
အဓိဋ္ဌာန်ပြုပါသတည်း။

အဲးခိုး
(၃.၁.၂၀၂၄) ရက်နေ့။

Loading

Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (နောက်ဆုံးပိုင်း)

အဲးခိုး

အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ။ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်အပတ်မှအဆက်)

မဖြတ်နိုင်တဲ့အရာ 

ခေတ်အဆက်ဆက်က အရှက်တရား၊ အကြောက်တရားနဲ့ဆိုင်တဲ့ လူမှုရေးတရား ထိန်းသိမ်းနေထိုင်လာခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အခုတော့ အမြင်မတော်၊ အကြားမတော်တဲ့ နေရာတွေမှာ ကိုယ့်ကိုယ်ကို ကျွန်လုပ်စားနေကြတဲ့အဖြစ်ဟာ မဖြစ်သင့်တာ အမှန်ပါပဲ။ ဒီလို (ခုလို) ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်ရင်လည်း မိမိတို့ရဲ့ တိုင်းပြည်အပေါ်မှာ ဦးဆောင်ဦးရွက်ကြတဲ့ သူတွေရဲ့ သတိမမူနိုင်မှု တွေပါပဲ။

လိင်ကျွန်၊ ငွေကျွန်၊ လူမှုကျွန် နစ်ကျွံနေကြရတဲ့ အရှင်တို့ရဲ့ မြန်မာလူမှု ဘဝအရေးဟာ အရေးမစိုက်လို့ မရတော့ပါဘူး။ အဆိုးဘက်ကို အားကြီးသွားတဲ့ လူမှုရေးကို အကောင်းဘက်ကို မတည့်ပေးနိုင်ရင် အနာဂတ် အရှင်တို့ရဲ့ မြန်မာလူမှုရေးဟာ ကြီးကျယ်တဲ့ ခက်ခဲမှုတွေ ရင်ဆိုင်နေရ လိမ့်မယ်။

ဒီရင်ဆိုင်ချက်ဟာ အပျက်ရာ အားလုံးထဲက မဖျက်နိုင်တဲ့ အရာတွေ ဖြစ်လို့ သတိကြီးစွာထား အားထုတ်ရတော့မယ်။ စာရေးနေရင်းနဲ့ ဒီအကြောင်းအရာဘက်ကို ရောက်သွားလို့ စေတနာအပိုလို့ပဲ မှတ်စေချင် ပါတယ်။

ငွေကျွန်သမားဘဝ 

စီးပွားရေးအကြောင်းကို ပြန်ပြောပြပါမယ်။ အရှင်တို့ မြန်မာ့စီးပွားရေးတွေ အောင်မြင်ဖို့ မြန်မာပြည်ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ကောင်းကောင်းရဖို့ အရေးကြီးပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အဆင့်အတန်းမြင့်မားဖို့ အာမခံနိုင်ဖို့ (ပေးဖို့) လိုပါတယ်။

ကုန်ချောတစ်ခု (တစ်မျိုး) ထုတ်လုပ်လို့ မြန်မာပြည် ဈေးကွက်ဟောင်းနဲ့ အောင်မြင်တဲ့စီးပွားရေးတစ်ခု (တစ်ရပ်) လို့ မယူဆနိုင်သေးပါဘူး။ အပြည်ပြည် အရပ်ရပ်က လက်ခံသုံးစွဲတဲ့ ပစ္စည်းတစ်ခုဖြစ်မှ ဈေးကွက်ကောင်းရတဲ့ ကုန်ပစ္စည်းတစ်ခုလို့ သတ်မှတ်လို့ရမယ်။

ယနေ့ မြန်မာပြည်တွင်းဖြစ် ထုတ်လုပ်မှု ကုန်ပစ္စည်းတွေဟာ မြန်မာပြည် တစ်ပြည်လုံးက လက်ခံသုံးစွဲနေကြပြီလား ဆိုတာကို လေ့လာကြည့်ပါ။ မိမိ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲကို အများသူငှာ သုံးစွဲနေပြီ ဆိုပေမယ့် မိမိကိုယ်ပိုင် အရင်းအနှီးတစ်ခု မိမိ ထုတ်လုပ်မယ့် (မည့်) ပစ္စည်းရဲ့တန်ဖိုးကို ငွေအား (ရင်းအား) တောင့်တင်းခိုင်မာ ပြည့်စုံ ဖို့လိုပါတယ်။ ဈေးကွက်ကောင်း တစ်ခုဖြစ်လာတဲ့ (ဝင်လာတဲ့) ပစ္စည်းဟာ နည်းဗျူဟာအဆင့် ရောက်အောင် ဈေးကွက်ဖြန့်တတ် (ရှာတတ်) ဖို့လည်း လိုပါတယ်။ ဈေးကွက်ရပေမယ့် အကြိမ် ၁၀ (တစ်ဆယ်) လောက် ဈေးကျခံရရင် အဲဒီစီးပွားရေးလုပ်ငန်းဟာ ဈေးကွက်စီးပွားရေးဖြစ်ပြီလို့သာ သိရမယ်။

ဈေးကွက်ပျက်ရင် ရှေ့ဆက်ဖို့ အားမရှိပါ။ အဲဒီလို ဈေးကွက်တစ်ခုမှာ ဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်တွေ့ မဟာဗျူဟာ ကျင့်သုံးရမယ်။ စီးပွားရေးအရ နည်းပြန် စစ်ဆေးရမယ်။ ဈေးကွက်ရှာတဲ့၊ ကြေညာတဲ့လုပ်ငန်းတွေကို ရပ်ထားရမယ်။ ဒါမှမဟုတ် အရင်းစိုက်ထားတဲ့ ငွေအားလုံးကို ဘဏ်မှာ ရပ်ထားရမယ်။ ငွေအားသာရှိပြီး ပစ္စည်းတန်ဖိုး ဈေးကွက်ပျက်ရင် အမြတ်ပျက်တဲ့ လုပ်ငန်းလို့သာ သိထားရမယ်။ 

ဒါကြောင့် ယနေ့ မြန်မာပြည်မှာ ရှိကြတဲ့ ကုန်သည်တွေဟာ ဈေးကွက်ရှာ ကုန်သည်ကြီးတွေ မဖြစ်ကြသေးတော့ စီးပွားရေးအရ မပင်ပန်းကြပါဘူး။ ထုတ်လုပ်ကုန်ပစ္စည်းလုပ်ပြီး ဈေးကွက်ရှာတဲ့ ကုန်သည်ဖြစ်ရင်တော့ ပင်ပန်းကြမှာပါပဲ။ ဈေးကွက်မရမချင်း နားလို့မရပါဘူး။ ကုန်ပစ္စည်း နားထားပေမယ့် အရင်းငွေမြှုပ်ပြီး အတိုးငွေ မနိုင်ကြလို့ စီးပွားကူးသန်းကြတဲ့သူတွေ (တစ်နည်း) ဈေးကွက်ရှာတဲ့ စီးပွားရေးသမားတွေ ငွေကျွန်သမားဘဝနဲ့ အချိန်ကုန်သွားတတ်ပါတယ် ဆိုတာကို သတိပေးပါရစေ။

နိဂုံး

  • စကားများသော နိုင်ငံရေးသမား။
  • ဈေးကွက်ရှာသော ကုန်သည် 
  • မာနကြီးသော ပညာရှိ 
  • အမှားများသော ပုဂ္ဂိုလ်တွေကို

နီးနီးဝေးဝေးမပေါင်းအပ်သလိုပဲ စကား၊ ချေး၊ မာန၊ အမှားတွေ မများကြဘဲ ဆင်ခြင်ဉာဏ်အား နှလုံးသွင်းတတ်ဖို့ လိုပါတယ်။

သင်သာကောင်းရင် နောက်လိုက် မကောင်းစရာမရှိသလိုဘဲ လုပ်ရပ်မှန်ရင် ဘေးရန်မရှိ (မမည်) ပါဘူး။ စနစ်ကောင်းရင် ဘယ်တိုင်းပြည်မဆို မဆင်းရဲနိုင်ပါဘူး။ တိုင်းပြည်အကျိုးကို ငဲ့ကွက်ရင် ဘယ်တိုင်းပြည်အကျိုးမှ မပြည့်စုံတာ မရှိပါဘူး။ ဒါကြောင့် အရှင်တို့ရဲ့ ချစ်လှစွာသော မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင့်တော်ဆုံးသော နိုင်ငံရေးမူဝါဒ၊ အကောင်းဆုံးသော လွှတ်တော်၊ အတော်ဆုံးသောအစိုးရ၊ အကြီးအမြတ်ဆုံးသော စီးပွားရေး၊ ဘယ်နေ့၊ ဘယ်ကာလ၊ ဘယ်အချိန်လောက်မှာ ပြီးပြည့်စုံလေမည်လဲ ဆိုတာကိုပဲ မြင်ချင်ပါတော့တယ်။ စာဖတ်ကြသူများ ကိုယ်စိတ်အေးမြကြပါစေ။ 

အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၃) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၄) – မဟာပညာ (mahar.asia)

Loading

Categories
ကရင်လူမျိုး နိုင်ငံရေး အမျိုးသားရေး

ကရင်ပြည်နယ် အလံ၊ တံဆိပ်၊ ဆောင်ပုဒ်

ပြည်နယ်အလံ

ပြည်နယ်တံဆိပ်

ပြည်နယ်ဆောင်ပုဒ်

“ ဆ်ုတဝ်ဆ်ုလံင်ယ်ုအဲလ်ှ”

“ ဖြောင့်မတ်ခြင်းကိုငါတို့ချစ်မြတ်နိုးသည်။”

“ The Rectitude We Love”

Loading

Categories
ဆောင်းပါး နိုင်ငံရေး အမျိုးသားရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (နောက်ဆုံးပိုင်း)

အဲးခိုး

မြန်မာလူမှုရေးဟာ တစ်စုတစ်စည်းတည်း ပြန်ရောက်ဖို့. … ကောင်းမွန်သောအချင်းချင်း သင့်မြတ်ရေးအတွက် အရှင်တို့မဖြစ်မနေ ဆောင်ရွက်လုပ်ကိုင်ရမယ်။ အရေးကြီးတဲ့အရေးကို အရေးမစိုက်ကြဘဲ ဖြစ်နေ (ရှိနေ) ရင် အရှင်တို့ မြန်မာပြည်ဟာ စရိုက်ကြမ်းတဲ့ ဥပဒေမဲ့ပြုမူချက် မူဝါဒရှင်တွေ များစွာဖြစ်လာမှာပါပဲ … 

အတွဲ(၁၁)၊ အမှတ်(၃၇)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လပြည့်ကျော် ၂ ၊ ၉ – ၁၂- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

သတိပြုစရာအချက်များ

လူဆိုတာ ကြွယ်ဝချမ်းသာရေးကို မလိုလားတဲ့သတ္တဝါတွေ မဟုတ်ကြပါ။ လူတန်းစားတူညီတဲ့ သာတူညီမျှရှိတဲ့ အလေ့အကျင့်နဲ့ ကိုယ်ကျိုးစွန့်တဲ့အလေ့ အထရှိတဲ့လူသားတွေပါ။ ဒီလို အကြောင်းအရာတွေဟာ လူသားတွေရဲ့ မူလရည်ရွယ်ချက် ခေတ်စနစ်ပါလို့ ဒီခေတ်ကြီးမှာ ဘယ်လိုပြောပြော၊ ကိုယ်တွေ့အားဖြင့် ဘယ်သူမှ လိုက်လျောကျင့်သုံး ဆောက်တည်လိုကြတဲ့ ဆန္ဒတွေမရှိကြပါ။ လူ့အဖွဲ့အစည်းကို သဘောတရားမဲ့၊ ဝါဒမဲ့ခြင်းကိုသာ အလေးထားချင်ကြတယ်။ အမျိုးသားရေးဝါဒကို ကြိုးစားကာကွယ် ထိန်းသိမ်းရမယ်လို့ပြောရင် ယုံကြည်မှုမရှိကြဘဲ ကဲ့ရဲ့ပြစ်တင်လို့ မဆုံးအောင် ပါပဲ။ ဒီသဘောတရားမျိုးဟာ မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့လူမှုလောကမှာ အများဆုံးမြင်တွေ့ရပါတယ်။ အဲဒီ အတွေးအမြင်တွေကြောင့် မြန်မာဟာ သင့်တင့်လျောက်ပတ်တဲ့ဘဝ မရောက်ကြဘဲ လူတစ်စုသား (လူတစ်စုစား) ထိန်းချုပ်ထားတဲ့ နိုင်ငံရေးလောက ရောက်ခဲ့ရတယ်။ သတိပြုပေါ့ ပြည်သူတို့ရယ်။ 

ကမ္ဘာသိ လူသိဖြစ်လာမည် 

မြန်မာပြည်ဟာ သဘာဝအရင်းအမြစ်တွေလည်း တဖြည်းဖြည်း ရှားပါးလာနေကြပြီ။ အခွင့်ကောင်းယူနိုင်တဲ့ တိုင်းပြည်တွေကလည်း နိုင်ငံပိုင်နက်ထဲမှာ ဝင်လာပြီး အခွင့်အလမ်းကောင်းတွေကို ယူကြလို့ အကြောက်အရွံ့မဲ့ပါပဲ။ လိုချင်တဲ့အတိုင်းရနေတော့ မြန်မာ့စီးပွားရေးဟာ ခေါင်းပုံဖြတ်ခွင့်ပေးတဲ့ အခွင့်အလမ်းတွေ ပေးနေသလိုမျိုးပဲ ၂၀၁၅ မှ ၂ဝ၂ဝ ပြည့်နှစ်တိုင်အောင် တွေ့မြင်ရတယ်။ တချို့အရပ်ဒေသတွေမှာ (ဒေသအချို့) မှာ စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။

နိုင်ငံတော်အတွင်းမှာရှိတဲ့ ဒေသန္တရအရေးကို စုပေါင်းကာကွယ်ရမယ် ဆိုတာကို မသိသလိုလုပ်လို့ ပြင်ပတိုင်းပြည်ကလာတဲ့ အခွင့်ကောင်း ယူချင်တဲ့သူတွေနဲ့ စားကွက်တွေ ဖန်တီးဖော်ဆောင်ပေးကြတယ်။ ဒီကြားမှာ ဘာသာရေးအောင်ပွဲ ဆင်ယင်နေတဲ့သူတွေအတွက် အစိုးရအဖွဲ့အစည်းကိုယ်တိုင်က အခွင့်အရေး ပေးထားတဲ့အတိုင်းပဲ အားမနာတမ်း အခွင့်အရေးတွေ ယူဆောင်ကြတယ်။ နိုင်ငံရေးဈေးကွက်ကို မျက်စိကျနေတဲ့ သူတို့တွေက ငွေရင်းနဲ့ရနိုင်တဲ့ နည်းပညာနဲ့ အစိုးရကို ချည်းကပ်ထားတယ်။ အစိုးရအဖွဲ့အစည်းတွေကလည်း ကြောက်မက်ဖွယ် (ကြောက်မက်စရာ) ဖြစ်တဲ့သူတို့ရဲ့ ချဉ်းကပ်မှုကို မသိမမြင်ကြတော့ နောက်ဆုံးတော့ အရှင်တို့ မြန်မာပြည်ဟာ သမားရိုးကျ ဒီမိုကရေစီကို လိုလားတဲ့ဘဝကို စွန့်လွှတ်ခဲ့ရတဲ့ အခြေအနေအထိ ရောက်ခဲ့ရတယ်။

ယခု ဖော်ပြခဲ့တဲ့ အချက်တွေဟာ ဒီအချိန်မှာ လူတိုင်းလက်မခံနိုင်ပါဘူး။ သို့သော် နောင်တစ်ချိန်မှာ ကမ္ဘာသိ လူသိ ဖြစ်လာမှာပါပဲ။ 

ကစားကွက်ကြီးဒဏ် 

ခေတ်ကာလ အခြေအနေဟာ လည်မျို ညှစ်ထားနိုင်ရေး အတွက်ကို ကြည့်ပြီး ဖြစ်နိုင်သည့်နည်းလမ်းတွေနဲ့ အရာရာတိုင်းကို (လိုချင်တိုင်းကို) စီးပွားရေးမျက်နှာ ဖွင့်ထားကြတယ်။ ပဋိပက္ခတွေကလည်း ကြာလေ ထုထည်ကြီးလေတော့ ပြဿနာပေါင်းစုံလာနေတယ်။ မြန်မာပြည် အခြေအနေကတော့ အဆိုးဆုံးပါပဲ။ ရှည်ကြာသည့် နိုင်ငံရေး ကစားကွက်တွေဟာ နိုင်ငံတိုင်းလိုလို ဖြစ်လာတယ်။

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ တိုင်းပြည်တွေက နိုင်ငံရေးကစားကွက်ကြီးတဲ့ နိုင်ငံတွေရဲ့ဒဏ်ကို ခံစားလာကြရတယ်။ ဘယ်လို ခံစားနေကြရသလဲဆိုရင် ခုခံ တိုက်ခိုက်နေတဲ့အုပ်စုကို ကူညီထောက်ပံ့ အားပေးအားမြှောက်တဲ့ ဒဏ်၊ အတိုင်းအဆမရှိ ငွေထောက်ပံ့ပေးတဲ့ ဒဏ်၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး နည်းပေါင်းစုံ စွက်ဖက်စေတဲ့ဒဏ်အပြင် ဒီမိုကရေစီနိုင်ငံရေးကို ဖယ်ရှားဖို့ ကြိုးစားစေတဲ့ဒဏ်နဲ့ ဒါတွေမကဘဲ ယုတ်စွအဆုံး အခြေခံကျတဲ့ အမျိုးသားအကျိုး စီးပွားကာကွယ်ရေးကို ရှုပ်ထွေးအောင် ဖျက်ဆီးစေတဲ့ဒဏ်ပါ ခံစားလာကြရတယ်။ ဒီလို အမျိုးသားရေးအပေါ် ခေါင်းပုံဖြတ် အသုံးချလာနိုင်တာကြောင့် နိုင်ငံတိုင်းလိုလိုဟာ အမျိုးသားရေး အကျိုးတွေ တဖြည်းဖြည်းနဲ့ စွန့်လွှတ်လာခဲ့ကြရတယ်။ မြန်မာပြည် အနေနဲ့ကတော့ တားမနိုင် ဆီးမရလောက်အောင်ပါပဲ။

နိုင်ငံရေးအဖျက်ကျွမ်းကျင်တဲ့ ရှုပ်ထွေးမူဒဏ်ဟာ တဖြည်းဖြည်း ဆိုက်ရောက်လာတဲ့ ကမ္ဘာကြီးဟာ အနာဂတ်ကာလ အဓိပ္ပာယ်မဲ့စွာ အချည်းနှီး ဖြစ်ကြတော့ မည်လားဆိုတာကို တွေးမိပါလေရဲ့။ 

နိုင်ငံရေးနိမိတ်သစ်

အရှင်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာကြီးတစ်ပြင်လုံး စစ်တလင်းပြင်ကြီး ဖြစ်လာအောင် ပုံစံသစ် စစ်ပွဲတွေ ကြိုးစားနေကြပြီလားဆိုတာကို တွေးမိကြမှာပါ။ စာရေးဆရာတစ်ဦးက “စစ်ပွဲ ဆိုသည်မှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရသော သာမန်ထူးခြားသည့် လူသတ်ပွဲကြီးဖြစ်သည်” ဟု ‘George Friedman’s The Next 100 Year’ ဆိုထားခဲ့တာ မြင်ရတယ်။ ခေတ်သစ်ကာလမှာ အကယ်၍ ကမ္ဘာ့စစ်ပွဲကြီးများ ဖြစ်လာခဲ့ရင် လူ့အဖွဲ့အစည်းတွေဟာ စစ်အောင်နိုင်ရေးအတွက် ဘယ်လောက်များ သေကျေပျက်စီး ကြရမည်လဲဆိုတာကို ဆန်းသစ် တီထွင်ထားကြတဲ့ အဏုမြူလက်နက်ကို ကြည့်ရင်သိနိုင်ပါတယ်။ အာကာသထဲ စစ်ရေးလှုပ်ရှားပိုင်ခွင့်ရချင်တဲ့ နိုင်ငံတွေက ကြိုတင် ပြင်ဆင်ထားကြတယ်။

စစ်ပွဲရဲ့အရေးကြီးတဲ့ အကျိုးသက်ရောက်မှု ငြိမ်းချမ်းရေး သဘောတူစာချုပ်တွေကိုလည်း လေးစားလိုက်နာမှု မပြုချင်ကြဘဲ အကျိုးစီးပွားရရေးအတွက်ကိုပဲ အရေးစိုက်ကြမယ်။ လူမှုရေးတွေဟာ တဖြည်းဖြည်း မတည်ငြိမ်ကြတော့ဘဲ မိသားစုနေထိုင် မှုပုံစံအဖုံဖုံ ပေါ်ပေါက်လာနိုင်ပြီး ယဉ်ကျေးမှုတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ ပျောက်ကွယ်သွားကြမယ်။ အချင်းချင်း သဘောတရားတွေ တင်းမာကြမယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားနိုင်သူတွေကို ရန်သူကြီးလို မြင်ကြမယ်။

ယုတ်စွအဆုံး ကြမ်းကြုတ်သူကို မိတ်ဆွေ၊ သစ္စာဖောက်သူကို ကယ်တင်ရှင်ကြီးပမာ အားထားကြမယ်လို့ ဆိုတဲ့အကြောင်း မဖြစ်သေးတဲ့နိုင်ငံရေး နိမိတ်သစ်တွေ ကြိုတင်ခန့်မှန်း ထားကြတယ်။ 

နောက်နှစ်ပေါင်း ၅ဝဝ ထက် 

၂ဝ၇ဝ ပြည့်နှစ်ကာလကြရင် ရွှေခေတ်ကြီး ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ထားတဲ့နိုင်ငံက ခေတ်မီစမ်းသပ်မှုတွေ၊ ချုပ်ကိုင်မှုတွေ၊ ခြေလှမ်းကျဲကျဲနဲ့ ကြိုးစားနေကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုအလွှာသစ် တစ်မျိုး ဖြစ်အောင်လည်း ဆွဲဆောင်မှုအပြည့်နဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်။ ဒီမိုကရေစီ ကမ္ဘာ့နိုင်ငံရေးဖြစ်ဖို့ (ကမ္ဘာဆန်သည့် နိုင်ငံရေးဖြစ်ဖို့) ပြိုင်ဆိုင်မှု အပြည့်နဲ့ တီထွင်ဖန်တီးထားတယ်။ ယုံကြည် အားကိုးထိုက်တဲ့ နိုင်ငံရေးဖြစ်တယ်ဆိုပြီး တရားမမျှတတဲ့ တက်ကြွမှုတွေ ယှဉ်ပြိုင်စေတယ်။ ထိခိုက်နစ်နာမှုတွေ မြန်ဆန်လာတယ်။ ဆိုးကျိုးရတဲ့ ကြိုးပမ်းချက်ဖြစ်တယ်လို့ ပြောလို့လည်းမရဘဲ ဆိုးသွမ်းတဲ့ နိုင်ငံရေးဂယက်ကို အမျိုးမျိုးလှုံ့ဆော်စေတယ်။

နိုင်ငံရေး ကိုယ်ကျိုး စီးပွားဆန်လာတဲ့ ဒီခေတ်အခြေအနေကို အရှင်တို့ မြန်မာတွေ သတိမထားဘဲရှိနေ (ဖြစ်နေ) ရင် အကျမျိုးစုံနဲ့ ခံစားကြရမှာပါပဲ။ ပိတ်ဆို့တား မြစ်မှုပေါင်းစုံလာတဲ့ မြန်မာပြည်ဟာ အတင်းအကျပ် ပြစ်မှုဒဏ်တွေ ပိုပြီးတော့ များလာတယ်။ နိုင်ငံရေးကြောင့် စီးပွားရေးပိတ်ဆို့ခံရတဲ့ အရှင်တို့တိုင်းပြည်ဟာ ထိခိုက်ဆုံးရှုံးမှု ကြီးမားနေပါပြီ။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာ့နိုင်ငံရေးလို ယှဉ်လို( သွားလို) သော ဆန္ဒကြောင့် မြန်မာဟာ ကမ္ဘာပေါ်မှာ အထိအနာဆုံးပါပဲ။

ဒါကြောင့် ရွှေခေတ်ကြီးကို မြန်မာတွေ မျှော်မှန်းချက်များ ရှိခဲ့မယ်ဆိုရင် နောက် (နောင်) နှစ်ပေါင်း ၅ဝဝ ထက်ကပဲ မျှော်မှန်းပါပေတော့။ သို့သော် မျှော်ရည်မှန်းသလိုတော့ မုချ ဖြစ်ချင်မှ (ရချင်မှ) ဖြစ်မယ်လို့ပဲ ဆိုပါရစေ။ 

‘ကမ္ဘာမကျေ၊ မြန်မာပြေ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတဲ့ နိုင်ငံတော်သီချင်း (အမျိုးသားသီချင်း) ကို သတိရတိုင်း သီဆိုဖြစ်ခဲ့တဲ့ (ရွတ်ဆိုဖြစ်ခဲ့တဲ့) အရှင်တို့တွေဟာ သည်နေ့ (ယနေ့၊ ဒီနေ့) အတွက် နက်ဖြန် (မနက်ဖြန်) ကို တို့ဘိုးဘွားအမွေစစ်မို့ မြတ်နိုးခဲ့တဲ့ နိုင်ငံချစ်စိတ်တွေဟာ အရှင်တို့ မြန်မာ့လူမှုရေးဟာ တစ်စုတစ်စည်းတည်း ပြန်ရောက်ဖို့ ဘယ်လိုများ သင့်မြတ်ရေး ဖြစ်အောင် လုပ်ကြမည်လဲဆိုတာကို စဉ်းစားခဲ့တဲ့ စဉ်းစားချက်တွေ အမျိုးမျိုး အထွေထွေပါပဲ။

ကောင်းမွန်သော မြန်မာဖြစ်ရေးနဲ့ ကောင်းမွန်သော အချင်းချင်း သင့်မြတ်ရေးအတွက် အရှင်တို့ မဖြစ်မနေ ဆောင်ရွက်လုပ်ကိုင်ရမယ်။ အရေးကြီးတဲ့ အရေးကို အရေးမစိုက်ကြဘဲ ဖြစ်နေ (ရှိနေ) ရင် အရှင်တို့ မြန်မာပြည်ဟာ စရိုက်ကြမ်းတဲ့ ဥပဒေမဲ့ပြုမူချက် မူဝါဒရှင်တွေများစွာ ဖြစ်လာမှာပါပဲ။ ဒါကြောင့် ဒီဆောင်းပါးရဲ့ သုံးသပ်ချက် အချုပ်ဟာ တို့ဘိုးဘွားအမွေစစ်ကို တို့တစ်တွေ ဘယ်လိုချစ်မြတ်နိုးကြမည်လဲ ဆိုတာကိုပဲ သတိပေးရေးသားရတာပါ။ စာရှုသူများ တို့ဘိုးဘွားရဲ့ အမွေစစ်ကို ချစ်မြတ်နိုးတတ်ပါစေ။

အဲးခိုး
(၁၈-၁၁-၂၀၂၁)

စာရေးသူကိုယ်ရေး 

ဆောင်းပါးရှင် “အဲးခိုး” သည် ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေး ပရိယတ္တိ ပဋိပတ္တိကျောင်းတိုက် မဟာနာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ (သီရိပျံချီဘွဲ့ရ) ဒေါက်တာ ဘဒ္ဒန္တပညာသာမိ တောင်ကလေး ဆရာတော်ဘုရား ဖြစ်ပြီး သက်တော် ၆၂ နှစ်၊ သိက္ခာတော် ၄၂ ဝါ ရှိပြီဖြစ်ပါသည်။

တို့ဘိုးဘွားအမွေစစ်မို့ (၉) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၈) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၇) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဖွံ့ဖြိုးရေး ရိုးရာဓလေ့ လူမှုရေး အမျိုးသားရေး

။ ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း ။

          ။ အစ္စရေး လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနှိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဉာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။  

       ။၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေ ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ဝ.၂ % ရှိတဲ့ ဂျူးလူမျိုးဟာ…. ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိူဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစာရင်းထဲက ၅၀ % ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀ % ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ  ၆၀ % ၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀ % ၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။ သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~

            ။ ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က    ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။ 

၂ ။  စာအုပ်ချစ်တဲ့ဓလေ့ 

~~~~~~~~~~~~~~~~

 ။ ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။

၃။  ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  ။ ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဉာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။ 

၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  ။ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။  ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။  ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။ 

၅။  တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။ 

~~~~~~~~~~~~~~~~~~~~~~~~~~~

            ။ ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယဝင်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။  

မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

Ref: WeChat
Credit;Sayar Aung Ko Latt

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Categories
ကရင်လူမျိုး အမျိုးသားရေး

တောင်ကလေးဆရာတော် (အဲးခိုး) ထံသို့ မြန်မာသံတော်ဆင့် လာရောက်လျှောက်ထားမေးမြန်း (၂၀၁၅) 

၁၉၉၀ ပြည့်မှ နှစ်ပေါင်း ၂၅ နှစ်၊ ၂၀၁၅ ငွေရတုနိုင်ငံရေး ဆန္ဒမဲပေးတဲ့အချိန်မှာ ပြည်သူတွေ နီနီရဲရဲတို့ အောင်ပွဲဆိုပြီး အပြတ်လှဲထုတ်လိုက်တာ သဘောကျမိ … အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ တောင်ကလေးဆရာတော်

ပြည်သူတွေကို အပူပေးတဲ့ အစိုးရက ရင်တပူပူ၊ ရင်တမမနဲ့ ဖျာသိမ်းခိုင်းရတာပါပဲ …။ မဖြစ်နိုင်တာ ဆရာတော်ရယ် ဆိုပြီးတော့ စောဒကတက်တဲ့ ဝန်ကြီးအကြီးကြီးတွေ နိုဝင်ဘာလ ၈ ၊ ၉ ၊ ၁၀ ရက်နေ့မှာ ဆရာတော်ဘုရား ကယ်တော်မူပါ။ ဦးဇင်းကယ်လို့မရဘူး ဒါပြည်သူတွေက ဒကာကြီးတို့ကို ကယ်လိုက်တာလို့ …

တတိယနိုင်ငံရောက် ကရင်တိုင်းရင်းသားအားလုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ တိုက်တွန်း … တောင်ကလေးဆရာတော်

~~~~~~~~~

ဘားအံ၊ ဒီဇင်ဘာ ၈

● ဆရာတော် အမေရိကားကို ရက်အကြာ ကြီးကြွသွားတာ ကရင်အမျိုးသားရေး လုပ်ငန်းတွေ ဆရာတော် အောင်မြင်ခဲ့တယ်လို့ မိန့်ထားတယ်။ ဆရာတော် ဘာတွေများ သွားပြီးတော့ လုပ်ဆောင်ခဲ့တာလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်သွားကြတဲ့ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးများနဲ့ အခြားသော မြန်မာပြည်ရှိ မြန်မာ တိုင်းရင်းသား လူမျိုးတွေ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောက်သွားတယ်။ သူတို့တွေ ဘယ်လိုနေထိုင် စားသောက် သွားကြသလဲဆိုတဲ့ သူတို့ရဲ့ ဘဝဖြစ်စဉ်တွေကို သွားရောက်ပြီးတော့ လေ့လာတာပါ။ အဲဒီမှာ အထူးသဖြင့်ကတော့ ကရင်တိုင်းရင်းသား လူမျိုးတွေ အမေရိကန် ပြည်ထောင်စု ရောက်လာတာ သူတို့တွေ လူမှုရေးကိစ္စ၊ ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ နေထိုင်သွားကြတဲ့ သူတို့ရဲ့ဘဝရဲ့ အခြေအနေ ဆရာတော် လေ့လာတယ်။

● ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လားဘုရား။
♦ အဲဒါတွေနဲ့တော့ မဆိုင်ပါဘူး။ ဆရာတော်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ပဲ။

● ဆရာတော်တစ်ခါရေးဖူးတဲ့ နေရပ်စွန့်ခွာပြန်လာကြဖို့ဆိုတဲ့ ဆောင်းပါးနဲ့ရော ပတ်သက်လားဘုရား။
♦ ပတ်သက်ပါတယ်။ တတိယနိုင်ငံကို ရောက်သွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေ မြန်မာပြည်၊ မိမိရဲ့ တိုင်းပြည်ထဲကို ပြန်လာလိုတဲ့သူတွေ များစွာရှိပါတယ်။ အဲဒီအထဲမှာ အထူးသဖြင့် နေရပ်စွန့်ခွာပြီးတော့ ထွက်ခွာသွားရတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေဟာ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကို ရောက်သွားပေမယ့် သူတို့တွေဟာ တချို့များကျတော့ သွားလိုတဲ့ဆန္ဒ မရှိပါဘူး။ ဘဝရဲ့ အခြေအနေကြောင့် ရောက်သွားကြရတာပါ။ အဲဒီလို သူတို့ရောက်သွားကြပေမယ့် မိမိရဲ့တိုင်းပြည်ကို ပြန်လာချင်ကြ တဲ့သူ တွေကတော့ အတော်များများပါပဲ။

● အမေရိကန်မှာ ကရင်တိုင်းရင်းသားဦးရေ ဘယ်လောက် များများ ရောက်နေတယ်လို့ ဆရာတော်ခန့်မှန်း မိပါသလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာ ကရင်တိုင်းရင်းသား လူမျိုးတွေ အနည်းဆုံး ၃- ၄-၅ သောင်းလောက် ရောက်သွားပါပြီ။ တချို့ ဒါယကာတွေ တောင်ကလေး ဆရာတော်နဲ့ ပတ်သက်တာတွေ ကြားခဲ့ဖူးတယ်ဆိုတော့ ရောက် လာတယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာ ရှိကြပါတယ်။

● အမေရိကန်အစိုးရ တာဝန်ရှိသူတွေကရော ဆရာတော့်ကို လာရောက်တွေ့ဆုံ ပါလားဘုရား။
♦ မရှိပါဘူး။

● လွှတ်တော်ပိုင်းဆိုင်ရာတွေကရောဘုရား။
♦ လွှတ်တော်ပိုင်းဆိုင်ရာလည်း မရှိပါဘူး။ ဆရာတော်ကတော့ သူတို့ရဲ့လွှတ်တော်ရဲ့ အခင်းအကျင်းလေးတွေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ လွှတ်တော်အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ သွားရောက်ပြီးတော့ လေ့လာပါတယ်။

● အမေရိကန်မှာ ဆရာတော်အဓိက ဘယ်နေရာတွေကို ရောက်ခဲ့ပါလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာတော့ ၁၈ ပြည်နယ် ရောက်ပါတယ်။ ဆရာတော် အမေရိကန် ပြည်ထောင်စုကို ရောက်တာ အထူးသဖြင့် ဒီမိုကရေစီ တိုင်းပြည်တစ်ပြည် တည်ထောင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု က မြန်မာနိုင်ငံ ဒီမိုကရေစီတိုင်းပြည် တည်ထောင်မယ်ဆိုတော့ ဘယ်လိုများ ကွာခြားမှုရှိသလဲ ဆိုတဲ့ အကြောင်းရင်းကို သွားရောက်ပြီးတော့ လေ့ လာတယ်။ အဓိကကတော့ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံလူမှုရေး အစီအစဉ်အရင် စတင်ပြီးတော့ လေ့လာပါတယ် အပိုင်း(၁)မှာ။ လူမှုရေးအစီအစဉ် ဘယ်လို လေ့လာသလဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ မူရင်း တိုင်းရင်းသား လူမျိုးတွေ ဘယ်လိုနေထိုင် စားသောက်ကြသလဲ အရင်လေ့လာတယ်။

အဲဒီထဲမှာ နတ်ဗဂျိုး လူမျိုး၊ ရိဒ်လူမျိုး၊ ဝေါလူမျိုးစတဲ့ လူမျိုးစု ၃-၄-၅ စုအကြောင်းကို သူတို့နေထိုင်တဲ့ နေရပ်ဒေသအားလုံး သွားရောက်ပြီးတော့ လေ့လာပါတယ်။ အဲဒီလူမျိုးစုတွေက ယနေ့ ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့ရဲ့ ဘ၀ တစ်ခုလုံးဟာ အကုန်လုံး ပြတိုက်လူသား ဖြစ်သွားတယ်။ သူတို့ရဲ့ဘဝတစ်ခုလုံး ဟာ ပြတိုက်ထဲမှာပဲ ပြသခံရတဲ့ လူမျိုး ဖြစ်သွားတယ်။ မေးလိုက်ပါ တယ်။ ပြတိုက်တစ်ခုမှာ ဝဲလ်ဖလိုးဆိုတဲ့ လူမျိုးတစ်စုအကြောင်း ကို လေ့လာရင်းနဲ့ အဲဒီဝဲလ်ဖလိုးဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံပါတယ်။ သူတို့စာပေ၊ သူတို့စကား၊ သူတို့ဘာသာ၊ သူတို့ယဉ်ကျေးမှု အကြောင်းတွေကို သေသေချာချာ လေ့လာပြီးတော့ အဲဒီကလေးမလေးနဲ့ ဆရာတော်နဲ့ စကားပြောဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မူရင်း စကားကိုလည်း သူတို့ မတတ်တော့ဘူး။ သူတို့စာလည်း သူတို့ မတတ်တော့ဘူး။ သူတို့ယဉ်ကျေးမှု ပြခန်းပြတိုက်ထဲမှာပဲ သူတို့တွေဟာ ပြသခံရတဲ့ လူမျိုးဖြစ်သွားတယ်။ အဲဒါမျိုး တွေ့ရတယ်။

နောက်တစ်ခုကတော့ ဒီမိုကရေစီတိုင်းပြည် တစ်ပြည် တည်ထောင်လာလို့ လူမျိုးစုငယ်၊ လူမျိုးစုကြီးတွေ ပျောက်ဆုံးကြရတာဟာ ဘာအတွက်လဲ၊ ဘာကြောင့်လဲဆိုတာကို ဆရာတော်က မေးဖြစ် လိုက်ပါတယ်။ အခြေခံ အကြောင်းရင်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးမှာ တိုင်းရင်းသား လူမျိုးတွေ အခြေခံပညာရပ် အားနည်းတဲ့အချိန်အခါမှာ လူမျိုးစုတစ်စုနဲ့တစ်စု ရန်ပွဲမပြီးဆုံးတဲ့ အစီအစဉ်ကြောင့် ဒီကြားထဲက ပညာတတ်တဲ့ အလွှာတွေက စက်လှည့်ပုံစံ လှည့်ပြီးတော့ကို သူတို့ရဲ့ နိုင်ငံရေး ပုံစံရအောင် တွန်းလိုက်တဲ့အခါကျတော့ ဒီလူမျိုးတွေဟာ အကုန်လုံး ပျောက်သွားတယ်။

● ဒီနိုင်ငံက ရောက်သွားတဲ့ တိုင်းရင်းသားတွေက ဘယ်လိုအလုပ်တွေ လုပ်ကိုင်စားသောက်နေတာ ဆရာတော် တွေ့ခဲ့လဲ။
♦ အမေရိကန် ပြည်ထောင်စုကို ရောက်သွားတဲ့ မြန်မာတိုင်းရင်းသား လူမျိုးတွေကတော့ အထူးသဖြင့် သားသမီးတွေကို ပညာသင်ကြားတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တာတွေကတော့ ကုမ္ပဏီ လုပ်ငန်းတွေ လုပ်ကိုင် နေကြပါတယ်။

● အဲဒီကိုရောက်သွားတဲ့ တိုင်းရင်းသားတွေက စစ်ဘေးတွေ များလားဘုရား။
♦ စစ်ဘေးစစ်ဒဏ်နဲ့ ရောက်သွားကြတဲ့ လူတွေ၊ မြန်မာပြည် စစ်ဘေး စစ်ဒဏ်ကြောင့် ရောက်သွားကြတဲ့ ပုဂ္ဂိုလ်တွေက များပြားပါတယ်။ ရိုးရိုးသာမန်အားဖြင့် သွားရောက်တဲ့လူတွေ နည်းပါးပါတယ်။

● အခုဒီမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကရင်အဖွဲ့တွေနဲ့ရော ပတ်သက်လားဘုရား။
♦ အဲဒါတွေကျတော့ မပတ်သက်တော့ဘူး။ ကရင်ပြည်နယ်မှာ၊ မြန်မာပြည်မှာ လုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ မပတ်သက်ပါဘူး။

● သူတို့တွေ အကုန်လုံးကို ဆရာတော်ပေးခဲ့တဲ့ ဆုံးမသြဝါဒစကား အနှစ်ချုပ်လေး တပည့်တော်ကို မိန့်ပေးပါဘုရား။
♦ ဦးဇင်းရဲ့ ဆုံးမစကား အနှစ်ချုပ်ကတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်လာကြတဲ့ တိုင်းရင်းသား၊ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ မူလမိမိတို့ မျိုးနွယ်က ရှိပါတယ်ဆိုတဲ့ အကြောင်း၊ ဒီအမေရိကန် ပြည်ထောင်စုကို ရောက်လာကြပေမယ့် အမေရိကန် ပြည်ထောင်စုမှာ ရောက်လာတဲ့ မိမိတို့ရဲ့လူမျိုးတွေ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာထုံးတမ်းစဉ်လာ ဓလေ့တွေ မမေ့ဖို့ ပထမဦးဆုံး သူတို့ ကိုသတိပေးပါတယ်။ ဒုတိယအချက်ကတော့ တတိယနိုင်ငံ ကို ရောက် လာကြတဲ့ မိမိတို့ ကရင် တိုင်းရင်းသား လူမျိုးတွေအားလုံးဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက် လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ကို တိုက်တွန်းတယ်။ တတိယက အဲဒီအစီအစဉ် အကုန်လုံး အောင်မြင်ပြီးသွားရင် သူတို့တွေ ပြုံးပြုံးပျော်ပျော် ရွှင်ရွှင်လန်းလန်းနဲ့ ပြန်လာကြဖို့ ပျော်ရွှင်နေ ကြတယ်ဆိုတဲ့ အကြောင်း။

ဦးဇင်းရဲ့ ဆုံးမစကား အနှစ်ချုပ်ကတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်လာကြတဲ့ တိုင်းရင်းသား၊ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ မူလမိမိတို့ မျိုးနွယ်က ရှိပါတယ်ဆိုတဲ့ အကြောင်း၊ ဒီအမေရိကန် ပြည်ထောင်စုကို ရောက်လာကြပေမယ့် အမေရိကန် ပြည်ထောင်စုမှာ ရောက်လာတဲ့ မိမိတို့ရဲ့လူမျိုးတွေ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာထုံးတမ်းစဉ်လာ ဓလေ့တွေ မမေ့ဖို့ ပထမဦးဆုံး သူတို့ ကိုသတိပေးပါတယ်။ ဒုတိယအချက်ကတော့ တတိယနိုင်ငံ ကို ရောက် လာကြတဲ့ မိမိတို့ ကရင် တိုင်းရင်းသား လူမျိုးတွေအားလုံးဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက် လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ကို တိုက်တွန်းတယ်။ တတိယက အဲဒီအစီအစဉ် အကုန်လုံး အောင်မြင်ပြီးသွားရင် သူတို့တွေ ပြုံးပြုံးပျော်ပျော် ရွှင်ရွှင်လန်းလန်းနဲ့ ပြန်လာကြဖို့ ပျော်ရွှင်နေ ကြတယ်ဆိုတဲ့ အကြောင်း။

● ဖက်ဒရယ် ပြည်ထောင်စုစနစ်က ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိပါ့မလားဘုရား။
♦ ဖက်ဒရယ်ပြည်ထောင်စုက ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိသလား ဆိုတဲ့ ဒီမေးခွန်းက နည်းနည်းတော့ ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ဦးဇင်းအနေနဲ့ ဆွေးနွေး တင်ပြချင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်လိုကြတယ်၊ တည်ဆောက်ကြမယ်ဆိုရင် အဓိကက တိုင်းရင်းသား တစ်ရပ်လုံးရဲ့ အခွင့်အရေး ကိုတော့ ပိုပြီးတော့ နားလည်ပေးဖို့လိုပါတယ်။

တိုင်းရင်းသား အခွင့်အရေးတွေကို နားမလည်ဘဲနဲ့ မိသားစု အခွင့်အရေးပဲ၊ ဒါမှ မဟုတ်ဘဲနဲ့ အုပ်စု တစ်စု၊ နှစ်စု၊ သုံးစု အခွင့်အရေးလောက်ပဲ လုပ်မယ့် ဖက်ဒရယ်ဆိုရင် တော့ မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

● အခုငြိမ်းချမ်းရေး ဆွေးနွေးနေတာကရော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ အစမဟုတ်ဘူးလားဘုရား။
♦ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အစီအစဉ်ဟာ ဖက်ဒရယ် ပြည်ထောင်စု အစလို့ဆို နိုင်ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစီအစဉ် မရောက်သေး ပါဘူး။ သူတို့အပစ်အခတ် ရပ်စဲရေး အစီအစဉ်လောက်ပဲ ရှိနေ ပါသေးတယ်။ ဆရာတော် ဒီတိုင်းပဲမြင်ပါတယ်။

● ငြိမ်းချမ်းရေးလမ်းစအထိ မရောက်သေးဘူးပေါ့။
♦ ငြိမ်းချမ်းရေးလမ်းစ မရောက်သေးပါဘူး။

ရင်းမြစ် ။ ။ Myanmarthandawsint Newspaper (https://www.facebook.com/photo/?fbid=924222434339383&set=a.245215715573395)

Loading

Categories
ကရင်လူမျိုး အမျိုးသားရေး

တောင်ကလေးဆရာတော်၏ အမေရိကန် အလည်အပတ်ခရီးစဉ် အမျိုးသားရေးအတွက်ဟုဆို

ဩဂုတ် ၂၇ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)သည် စက်တင်ဘာလ ၁ရက်နေ့မှစ၍ အမေရိကန်နိုင်ငံ သို့ ကြွရောက်မည်ဖြစ်ပြီး ထိုနိုင်ငံရောက် ကရင်လူမှုအသိုင်းအဝိုင်းများနှင့် အမျိုးသားရေးဆိုင်ရာ တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

“သွားမှာက အဲဒီမှာရှိတဲ့ ကရင်တွေအားလုံးနဲ့ တွေ့မယ်။ အမျိုးသားရေးသက်သက်ပဲ။ နိုင်ငံရေးမပါဘူး။ ဦးဇင်းကိုယ်တိုင်သွားတဲ့ အလည်အပတ် ခရီးစဉ်ပါပဲ။ အေးမြပါစေ။”ဟု ဆရာတော်အရှင်ပညာသာမိက ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။
အဆိုပါခရီးမှာ ဆရာတော်၏ ကိုယ်ပိုင် အလည်အပတ် ခရီးစဉ်သဘောမျိုးသာဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုပြည် နယ်သို့ ဦးဆုံးရောက်ရှိမည်ဟုသိရပြီး အခြားပြည်နယ်တိုင်းသို့လည်း ဆက်လက် ကြွရောက်ကာ ကရင်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန် အမေရိကန်ရောက်မှသာ ဆက်လက် စီစဉ်သွားမည်ဖြစ်သည်ဟုလည်း အရှင်ပညာသာမိက မိန့်ကြားသည်။
တက္ကစက်(Texas)ပြည်နယ်၊ Port Lavaca မြို့နေ နော်ကပေါ်စေးက “ဆရာတော်လာမယ်ဆိုတာကြားတော့ ဝမ်းသာပါတယ်။ ဘယ်လိုခရီးစဉ်မျိုးလဲ အတိအကျ မသိပေမဲ့ သူ့ရဲ့ ယခုခရီးစဉ်ကတဆင့် ပြည်တွင်းပြည်ပ ကရင်အမျိုးသားတွေ ချိတ်ဆက်မှု ပိုမိုရှိလာနိုင်ပြီး နားလည်မှု၊ စည်းလုံးမှုမှသည် ကျမတို့ ကရင်တစ်မျိုးသားလုံး လိုလားတောင့်တနေတဲ့ ရည်မှန်းချက်ပန်းတိုင်အ တွက် အထောက်အကူပြုစေမဲ့ လမ်းစပေါင်းများစွာထဲက တစ်ခုဖြစ်လာနိုင်တယ်လို့လည်း မျှော်လင့်မိပါတယ်။”ဟု ပြောသည်။
နယူးယော့ခ်ပြည်နယ်သို့ ရောက်ရှိနေထိုင်သူ ကရင်တေးရေးဆရာ စောဒါးဘူက ၎င်းတို့မြို့တွင် ကရင်လူမျိုး များပြားသော်လည်း ဗုဒ္ဓဘာသာဝင် နည်းပါးသည့်အတွက် ဘုန်းကြီးကျောင်းရရှိရန် စတင် ကြိုးစားနေဆဲဖြစ်ရာ ဆရာတော်အနေဖြင့် နားလည်ပေး နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆရာတော်ကိုယ်တိုင်လည်း တွေ့ဆုံရန် ဆန္ဒရှိသည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူ ကြောင်း ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၁၃နှစ်ကလည်း ဆရာတော်အနေဖြင့် သြစတြေးလျားနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ကြွမြန်းကာ သြစ တြေးလျားရောက် ကရင်မိသားစု၊ အသိုင်းအဝိုင်းများနှင့်လည်း တွေ့ဆံ့ခြင်းရှိခဲ့ပြီး ယခု အမေရိကန်ခရီးစဉ်မှာ ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်း ဆရာတော်အရှင်ပညာသာမိက ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။

Source: https://mkba2015.blogspot.com/2015/08/blog-post.html

Loading