ဓမ္မကိုနှလုံးသွင်းခြင်း
။ မတရားတာ မလုပ်ပါနှင့် ။
။ ပြည်သူကို နည်းပညာအမျိုးမျိုးသုံးပြီး ကိုယ်ယောင်ဖျောက်လိမ်လည်လှည့်ဖြားသည့် နိုင်ငံရေးသမားကို သတိပြုပါ။ ဒီခေတ်မှာ ပိုများလာနေတာကို သတိပြုပါ။
။ ဓမ္မကို နှလုံးသွင်းခြင်း ။
မေတ္တာပါမှ
သစ္စာတရားအရိပ်၌နေပါ။
။ အမှားနည်းပါစေ ။
။ နံနက်ခင်းဩဝါဒကထာ(စကား) ။~~~~~~~
။ အမှားနည်းအောင် နေတတ်ပါစေ။
။ အမှားကြောင့် မပြောင်းလဲနိုင်ဘူး။
။ အမှားဆိုတာ အပြစ်ကိုကျူးလွန်ခြင်းပဲ။
။ အပြစ်ရှိရင် လူမကြည်လင်ဘူး။
။ အပြစ်ကို မပြုဖြစ်ပါစေနှင့်။
။ နေ့စဉ်နှင့်အမျှ စိတ်ကိုအမှားနှင့် မထိခိုက်စေနှင့်။
။ စိတ်အနှောင့်အယှက်ကြောင့် အမျိုးမျိုးခက်ခဲပင်ပန်းမည်။
။ အခက်အခဲရှိနေရင် ထူထဖို့မလွယ်ဘူး။
။ လွယ်လွယ်ကူကူနှင့် အပြစ်ကို မကျူးလွန်မိပါနှင့်။
။ ဤနေ့သည် သင့်အတွက် တကျက်ကျက်မဖြစ်ပါစေနှင့်။
တောင်ကလေးဆရာတော်
(၁၈.၆.၂၀၂၀) ရက်နေ့နံနက်။
။ သစ္စာတရားများနှင့်နေပါ။
။ သစ္စာမဖောက်ဖျက်ပါနှင့်။
။ သစ္စာတရားသည်လူတို့၏တန်ဖိုး။
။ လူဟာ စိတ်အစဉ်ကြည်လင်ရမယ်။
။ စိတ်အစဉ်ကြည်လင်မှ သစ္စာအရိပ်ထင်မယ်။
။ သံသယဖြစ်စိတ် ကင်းမယ်။
။ မိမိစိတ်ကို သစ္စာနှင့် အမြဲတမ်းယှဉ်ပါစေ။
။ အရာရာတိုင်းမှာ သစ္စာနှင့်သာမှန်ကန်တယ်။
။ သစ္စာနှင့်သာ ဆုံးဖြတ်ပါ။
။ သစ္စာနှင့်သာ လုပ်ဆောင်ပါ။
။ သစ္စာတရားနှင့်သာ လောကအကျိုးပွားပါ။
။ သစ္စာရှိခြင်းဟာ ” ဆုတ်နစ်” သူမဖြစ်ပါ။
တောင်ကလေးဆရာတော်
(၂၉.၆.၂၀၂၀) ရက်နေ့နံနက်။
။ ဆုံဖြစ်သောဘဝကို ရင်ဆိုင်ရဲပါစေ။
။ ဆုံရသည့်ဘဝကို မငြီးငွေ့ပါနှင့်။
။ အကျိုးဖြစ်ရာအတိုင်း နားလည်သိမြင်ပါစေ။
။ အရာရာတိုင်းဟာ အကြောင်းမဲ့မဟုတ်ပါ။
။ သူ့အစီအစဉ်နှင့်သူ ပတ်သက်ပြီးသားပါဲ။
။ အမျိုးမျိုးအဖုံဖုံ ဖြစ်ရ။
။ အဖန်တလဲလဲ ဖြစ်နေရ။
။ မမြင်ချင်အဆုံး မကြားချင်အဆုံးပါပဲ။
။ ဖြစ်ပျက်တဲ့အတိုင်း လက်ခံပါ။
။ ဒေါသစိတ်နှင့် မဆုံးဖြတ်ပါနှင့်။
။ မကျေနပ်နိုင်တာလည်း မဖြစ်ပါစေနှင့်။
။ သေချာသည့်ဆုံးဖြတ်ချက် ရှိပါစေ။
။ မြင့်မြတ်အောင်သာ နေတတ်ပါစေ။
တောင်ကလေးဆရာတော်
(၂၈.၆.၂၀၂၀) ရက်နေ့နံနက်။
။ မသိတတ်သူနှင့်မပေါင်းသင်းပါနှင့်။ ကြီးကျယ်ခမ်းနားမှုလည်း မနေပါနှင့်။ အလိုဆိုးသူနှင့် ဝေးပါစေ။ တွေဝေနေသူများနှင့် မတွဲနှင့်။ စိတ်ကို အမြဲတမ်းနိုင်ပါစေ။ ပတ်ဝန်းကျင်ကို ကြည့်ပြီးနေတတ်ပါစေ။ သူတစ်ပါးအကျိုးကောင်း မဖျက်ဆီးပါနှင့်။ မိမိအကျိုးကောင်းကိုလည်း မပျက်စီးစေပါနှင့်။ နေ့နေ့ညည သတိမြဲပါစေ။ အကျင့်သိက္ခာ ထိန်းနိုင်ပါစေ။ အခက်အခဲကို သတိကြီးစွာ ကျော်ဖြတ်တတ်ပါစေ။