Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃)

အရှင်တို့ရဲ့လူနေကမ္ဘာကြီးကို ပိုမိုပြီး မေတ္တာတရားနဲ့ သနားကြင်နာမှ ရှိတဲ့ လူ့ကမ္ဘာကြီးအဖြစ် တည်ဆောက်ချင်ကြတယ်ဆိုရင် သူတစ်ပါးအပေါ် မိမိတို့ရဲ့ တာဝန်ရှိမှု အသိပညာကို တိုးချဲ့ဖွင့်လှစ်ပေးရမယ်။

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ

ယနေ့ မြန်မာပြည်နဲ့ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့လူတွေဟာ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှု ကို လိုချင်ကြတဲ့သူတွေ များတယ်။ ဒီတောင်းဆိုမှုဟာ လူသားတို့ရဲ့ဆန္ဒပါ။ ဒီအခြေခံဟာ လည်း လူသားတွေရဲ့ အခြေခံစိတ်ဓာတ်ပါ။ လူတွေရဲ့ စိတ်နှလုံးသားဟာ အဆင့်ဆင့် သန့်ရှင်း စင်ကြယ်မှု အဆက်မပြတ်ဖြစ်ရမယ်။ လူအချင်းချင်းစိတ်နှလုံးသားတွေ ထိတွေ့နိုင်ဖို့ စည်းကမ်းရှိခြင်း၊ စိတ်ချုပ်တည်းခြင်းတရားတွေကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားရမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ ယခုလို တိုးတက်မှုတွေ နှေးကွေးရတာဟာ အချင်းချင်း ကွဲပြားနေလို့သာ ဖြစ်ကြတာပါ။

အကယ်၍ အရှင်တို့ဟာ ကျယ်ပြန့်တဲ့ ညီညွတ်မှု၊ ခိုင်မာမှုတွေကို တည်ဆောက်နိုင် ကြပြီဆိုရင် စုပေါင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လက်ခံအသိအမှတ်ပြုကြမှာ ဖြစ်ပါတယ်။ အရှင်တို့အချင်းချင်း ခြားနားတဲ့စိတ်တွေ မွေးမြူနေကြတာဟာ စိတ်ခံစားမှု၊ နာကြည်းမှုတရား တွေ များများထားကြလို့သာ ဖြစ်ကြတာပါ။ ဒီနာကြည်းမှုတရားကို ကြပ်ကြပ်လေး သတိ ထားပြီး နေကြမယ် ဆိုရင် အရှင်တို့ရဲ့ အသိတရားဟာ တကယ့်မြင့်မြတ်တဲ့ နှလုံးသား တရားတွေ ဖြစ်လာမှာပါ။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပြီဆိုရင် တစ်ဦးနဲ့တစ်ဦး အသိအမှတ်ပြုချင်ကြတဲ့ ယုံကြည်မှုစိတ်တွေ အားသစ်လောင်းပြီး နားလည်လာကြမှာပါ။

ရှောင်ကြဉ်ရမယ့်တရား

အချင်းချင်း ဆန့်ကျင်ကြတဲ့အလုပ်ဟာ ရေရှည်ခံနိုင်တဲ့အလုပ် မဟုတ်ပါ။ လူမှုရေး အရ၊ ဒါမှမဟုတ် နိုင်ငံရေးသဘောတရားအရ ဝိုင်းပယ်ခြင်း၊ ကြဉ်ခြင်းစတဲ့ အပြုအမူအလုပ် ဟာလည်း ထိပ်ဆုံးက ရှောင်ကြဉ်ရမယ့်တရားပါ။ အရှင်တို့ဟာ ပြည်သူလူထုကို ချုပ်တည်း နိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ပါ။

အရှင်တို့ဟာ စုပေါင်း(ပူးပေါင်း) ဆောင်ရွက်မှုကို ငြင်းပယ်ကြတဲ့သူတွေ မဟုတ် ပါ။ ချစ်ကြည်မှုတရားတွေကို နှလုံးသွင်းနိုင်ကြတဲ့သူတွေ မဟုတ်လား။ မုန်းတီးရွံရှာတဲ့ တရားတွေကြောင့်၊ ဒါမှမဟုတ် အဲဒီတရားတွေကို လက်ခံထားရှိကြလို့သာ မပူးပေါင်းနိုင်ကြ တာပါ။ မုန်းတီးမှုကြောင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ကြမယ်ဆိုရင် တရားမျှတမှု၊ မှန်ကန်မှုတရားတွေ တည်ဆောက်နိုင်ကြမှာ မဟုတ်ပါ။

အရှင်တို့ဟာ မုန်းတီးမှုနဲ့ ကြမ်းတမ်းမှု တရားအားလုံးကို ငြိမ်းချမ်းမှုတရား နဲ့ ချစ်ကြည်မှု တရားအောက်ကို မရောက်ရောက်အောင် ကြိုးစားပြီး သွင်းယူရမှာ ဖြစ်ပါ တယ်။ လူတွေရဲ့ လုပ်ရပ်ဟာ တရားမျှတမှု မရောက်ရောက်အောင် စိတ်အေးလက်အေး နဲ့ ဆောင်ရွက်လုပ်ကိုင်ပေးကြမယ် ဆိုရင် မအောင်မြင်တဲ့အရာတွေ အလိုလို ဖယ်ရှားသွား မှာပါ။

အပြစ်မရှိတဲ့ အတတ်ပညာ

အရှင်တို့ဟာ လူတွေရဲ့အားနည်းချက်ကို နည်းလမ်းပေးနိုင်အောင် နည်းလမ်းကောင်း အတတ်ပညာကို ရှာကြပြီး အသိပညာ၊ အတတ်ပညာ ပေးရဲရမယ်။ အမှားပါတဲ့ အရေခြုံတဲ့ ပညာရပ်တွေ သင်မပေးကြဖို့ စုပေါင်းကာကွယ်တိုက်တွန်းရမယ်။ ကြောက်မက်ဖွယ်ဖြစ်တဲ့ အစဉ်အလာပညာရပ်တွေကိုလည်း သင်ယူမှုမပြုနိုင်အောင် တားဆီးမှုပြုရမယ်။ တကယ်တော့ လူ့အဖွဲ့အစည်းဟာ အပြစ်မရှိတဲ့ အတတ်ပညာအားလုံးကို သင်ယူကြရမှာ ဖြစ်ပါတယ်။ အပြစ်ရှိ(အပြစ်ပါ)တဲ့ အတတ်ပညာကို သင်ယူပေးခဲ့တာကြောင့် လူသားတွေဟာ သိက္ခာ စောင့်ထိန်းမှု အားနည်းလာတာပါ။

ကျင့်ဝတ်စည်းကမ်း

လူတွေဟာ လူမှုကိစ္စအမျိုးမျိုးကို လုပ်ကြတဲ့သူတွေပါ။ လူမှုကိစ္စကို ဆောင်ရွက် လုပ်ကိုင်ကြလို့ လူတွေရဲ့အကြောင်းကို၊ ဒါမှမဟုတ် လူတွေရဲ့အခြေအနေတွေကို ကောင်း၊ မကောင်း သိနေကြမှာပါ။ လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့် လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့လို

လူတွေဟာ မျက်နှာချင်း မဆိုင်နိုင်ကြအောင် ခါးသီးတဲ့ ဝိရောဓိတရားတွေ မထား ရပါ။ သည်းမခံမှုနဲ့ ဆန္ဒစောနေမှုဟာ အချင်းချင်း အမုန်းပွားမှုကြီး ဖြစ်ပွားစေနိုင်ပါတယ်။ ဒီပုံဒီနည်းနဲ့ နေကြတဲ့သူတွေဟာ အရာခပ်သိမ်း နစ်နာမှု ဖြစ်ရတယ်။ ဆုတ်ယုတ်မှု တွေ့ရ တယ်။ အရှင်တို့ရဲ့ မြန်မာပြည်လူထုတွေဟာ ခါးသီးတဲ့စိတ် မရှိပါ။ ခါးသီးအောင် လုပ်လိုတဲ့ သူတွေရဲ့ အမူအကျင့်နဲ့သာ တိုင်းပြည်ဆုတ်ယုတ်မှု ဖြစ်ခဲ့ရတာပါ။ တကယ်တော့ အရှင်တို့ရဲ့ တွေ့ကြုံရတဲ့ ဆင်းရဲမှုဟာ ကန့်သတ်ချက်အပြည့်အဝရှိတဲ့ ဆင်းရဲမှု မဟုတ်ပါ။ ပြောင်းလဲမှ အပြည့်အဝပါတဲ့ ဆင်းရဲမှုပါ။ အဲဒီလို စိတ်ထားဖြူစင်ပြီး ရိုးသားမှုအပြည့်ရှိတဲ့ မြန်မာလူမှု နယ်ပယ်ကို သမိုင်းတင်ကာလမှာ ယနေ့တိုင်အောင် ဖဲ့ချိုးဖျက်ဆီးမယ့်သူများ မအောင်မြင်နိုင် ကြတာဟာ အရှင်တို့ရဲ့ခိုင်မြဲတဲ့ စိတ်နှလုံးသားရဲ့ သီလ၊ သမာဓိပါ။ အရှင်တို့ဟာ တွေဝေ ထိုင်းမှိုင်းနေတဲ့၊ ထင်ရာမြင်ရာလုပ်တတ်တဲ့ နိုင်ငံရေးလမ်းစဉ်ကို မလိုက်မိဖို့ အရေးကြီးတယ်။ အရှင်တို့ရဲ့ နေ့စဉ်အမြဲ အသက်ရှင်အောင် လှုပ်ရှားနေတဲ့ အပြုအမူဟာ အသိတရား မြဲမြံဖို့ လိုတယ်။ သမာဓိ တည်ကြည်ဖို့ လိုတယ်။ စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့ လိုတယ်။

သူတော်ကောင်းတိုင်းပြည်

အရှင်တို့ရဲ့ နေ့စဉ်ပွားများတဲ့ မေတ္တာတရားဟာ လူသားတွေရဲ့ နှလုံးသားထဲက အလိုလို ဖြစ်လာတဲ့တရားပါ။ နက်ရှိုင်းမှု အပြည့်အဝထားတဲ့ မေတ္တာတရားနဲ့ အရှင်တို့ တိုင်းပြည်ကို တည်ဆောက်ကြရမှာပါ။ နက်ရှိုင်းတဲ့ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာ မိတ်ဆွေ၊ ရန်သူ မရှိပါ။ နောက်ဆုံး ဒီတိုင်းပြည်ကို ချမ်းသာသုခ ဖြစ်စေနိုင်မယ့် စိတ်ဓာတ်တွေ မွေးထုတ်ပြီး သူတော်ကောင်းတိုင်းပြည် ဖြစ်အောင် တည်ထောင်ကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းတိုင်းပြည်ဖြစ်မှ အေးချမ်းသာယာမှာ ဖြစ်ပါတယ်။

တရားမျှတမှု ရှိရမယ်

အရှင်တို့ဟာ နယ်ချဲ့တွေရဲ့ အနှောင်အဖွဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ပြီးတဲ့သူ တွေပါ။ နယ်ချဲ့တွေပညာရပ်ကြောင့် နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း စာမျက်နှာပေါင်းများစွာ မှတ်တမ်းအမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် မဟာလူသားဆန်တဲ့ မှတ်တမ်းမျိုး မရခဲ့ပါ။ အချင်းချင်း အပြန်အလှန် ပဋိပက္ခ (နှစ်စု၊ နှစ်ဖွဲ့)ကွဲဖို့ကိုသာ ရခဲ့ကြပါတယ်။ အဲဒီအတွက်နဲ့ နောင်တနဲ့သင်ခန်းစာ မရခဲ့ကြသေးပါ။ အချင်းချင်း ပဋိပက္ခဖြစ်အောင် စီမံလုပ်ကိုင်ထားပေးတဲ့ သူတို့ရဲ့စီမံတတ်တဲ့ပညာကို ခုချိန်ခါကြီးမှာ အချင်းချင်း နားလည်ပေးကြဖို့ သင့်ပါပြီ။

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိနေဖို့ စကားတစ်ခွန်း ပြောချင်ပါ တယ်။ လူတိုင်း လူတိုင်းဟာ တရားမျှတမှု ရှိရမယ်။ တရားမျှတမှုအကြောင်းကို ကွင်းဆင်း ပြီး လူမှုဆက်သွယ်တဲ့ နည်းလမ်း(မီဒီယာဝါဒ)နဲ့ လုပ်စရာမလိုတဲ့ ခေတ်ကြီးမှာ ကိုယ်၊ စိတ် ပင်ပန်းအောင် အော်ကြီးဟစ်ကျယ်နဲ့ လိုက်လံပြောဟောစရာမလိုပါ။ လူမှုဆက်သွယ်တဲ့ နည်းပညာ(မီဒီယာ)နဲ့ တစ်ခဏအတွင်းမှာ လုပ်ဖို့ ရှိတာတွေကို လူထုကို အလွယ်တကူနဲ့ အသိပေးနိုင်ပါတယ်။ အဲဒီလို ပေးသိတဲ့အသိမျိုးထဲက မိမိ ပေးသိလိုတဲ့အကြောင်းအရာဟာ ဘယ်လိုမျိုး အကြောင်းအရာတွေပါလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ တရားမျှတမှုအကြောင်း ပြောကြားလိုတယ်ဆိုရင် ပုံကားကြီးချဲ့ပြီး ပြောကြားဖို့ မလိုပါဘူး။ လူတွေဟာ တရားမျှတမှု ရှိရမယ်ဆိုတာ နဂိုက နားလည်ထားကြတဲ့သူတွေပါ။ 

ပေါင်းသင်းနေထိုင်ရေးနည်းလမ်း

လူတွေဟာ တရားမျှတမှုသာ ရှိနေပါ။ တရားမျှတမှုသာ ရှိနေမယ်ဆိုရင် စည်းလုံး ညီညွတ်မှုရှိနေဖို့ ပြောဟောစရာမလိုပါ။ လူတွေကို စိတ်ချအာမခံမှုရှိတဲ့ တရားမျှတမှုရှိမယ် ဆိုရင် အရှင်တို့ရဲ့ မြန်မာပြည်ဟာ ခွဲထွက်တဲ့အက်ကြောင်းတွေ ပေါ်လာနိုင်စရာမရှိပါ။ အားလုံး ကျေကျေနပ်နပ်နဲ့ တိုင်းပြည်ကြီးကို ချစ်ကြမယ့်စိတ်ဓာတ် ရှိနေမှာပါပဲ။ အရှင်တို့ဟာ မကောင်းမှုလုပ်ခဲ့တာတွေကို မေ့ပစ်လိုက်ဖို့၊ ဒါမှမဟုတ် နောက်ဆက်မလုပ်ဖို့ မိမိစိတ်ကို သွန်သင်ရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့တိုင်းပြည်ဟာ လူထုအားနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုတိုင်းပြည် ပါ။ တစ်ပြည်ထောင်တိုင်းပြည် မဟုတ်ပါ။ စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ တိုင်းပြည်ကြီး ရောက်အောင် အားသွန်ကြိုးပမ်းကြတဲ့အချိန်မှာ အားနည်းစေမယ့်လုပ်ရပ်တွေ မဖန်တီးသင့်ပါ။ အရှင်တို့ရဲ့ တိုင်းပြည်ဆက်ဆံရေးဟာ နိုင်ငံခြားအင်အားတွေကို အလွန်အမင်း အားထားတဲ့ တိုင်းပြည်မဟုတ်ပါ။ နိုင်ငံကောင်းအောင် ပေါင်းသင်း ဆက်ဆံရမယ့် နည်းလမ်းရှိလို့သာ နိုင်ငံရပ်ခြားတိုင်းပြည်တွေနဲ့ ဆက်ဆံနေတာပါ။ နိုင်ငံကို ကောင်းကျိုးမဖြစ်စေတဲ့သူတွေ တိုင်းပြည်တွေ အရှင်တို့ကို လိုလိုလားလားနဲ့ လက်ခံအားပေးတာ မဟုတ်တာကြောင့် အဆိုးတရားအမျိုးမျိုး ပေါ်လာနိုင်တဲ့အလုပ်မျိုး တိုင်းပြည်မှာ မပေါက်ပွားလာအောင် ပေါင်းသင်းနေထိုင်ရေးနည်းလမ်းကို အရှင်တို့မှာ နားလည်ထားရမယ်။ အရှင်တို့တိုင်းပြည်ဟာ လူများစု၊ လူနည်းစု ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့သလို တရားမျှတမှုကို လေးစားတန်ဖိုးထား တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒီတန်ဖိုးကို အရေးတကြီး တည်ဆောက်စရာလည်း မလိုသလို ပုံမှန်အားဖြင့် တည်ဆောက်နိုင်တဲ့ အလုပ်မျိုးသာ ဖြစ်တယ်။ ဒါကြောင့် ဘယ်အရာမဆို နည်းလမ်းမကျတဲ့ လူများစု၊ လူနည်းစုစကားတွေ မြန်မာ့တိုင်းရင်းသားလောကမှာ ပုံကြီးချဲ့ပြီး ဆိုမှတ်ပြုစရာ မလိုကြောင်း ဖြစ်ပါတယ်။ 

စိတ်

အရှင်တို့ရဲ့စိတ်ဟာ ရိုင်းစိုင်းအောင်၊ ကောင်းအောင် အမျိုးမျိုး လုပ်နိုင်ပါတယ်။ ချမ်းသာသူတွေကို ဆင်းရဲအောင်၊ ဆင်းရဲသူတွေကို ချမ်းသာအောင် ဖန်တီးနိုင်ပါတယ်။ ထိန်းချုပ်မှုမရှိတဲ့စိတ်ဟာ ဆိုးရွားတဲ့အကျင့်ပိုင်ရှင်အဖြစ်ကို ပို့ပေးနိုင်ပါတယ်။ ရွံရှာခြင်း ဘောင်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ စိတ်ဆိုတာ ခံစားမှုနဲ့ အတွေးတွေအပေါ်ကို လိုက်ပြီး ပြောင်းလဲတတ်တဲ့သဘောရှိကြောင်းကို သိထားရမယ်။ ဒါကြောင့် စိတ်ကို ချစ်ခင် စိတ်ပွားများလာအောင် ကျင့်ကြံယူရမှာ ဖြစ်ပါတယ်။ မိမိစိတ် မိမိ ဖြေရှင်းနိုင်ကြပြီဆိုရင် မိမိကိုယ်ပိုင်နိုင်ငံရေးပဋိပက္ခများကိုလည်း ဖြေရှင်းရန် ခက်ခဲလိမ့်မယ် မထင်ပါ။ 

အရှင်တို့ဟာ စိတ်ဓာတ်ထကြွလှုပ်ရှားတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားကြပါသလား။ အရှင်တို့ရဲ့ အသိစိတ်ဟာ အကျယ်အဝန်း၊ အတိုင်းအတာ ရှိပါသလား။ သုံးသပ်ပြီးပြန်လေ့လာသင့်တယ်။ အရှင်တို့စိတ်ကြောင့် အကြိမ်ပေါင်း မြောက်များစွာ သွေးမြေစွန်းခဲ့ပြီး ဖြစ်ပါတယ်။ အရှင်တို့ဟာ သနားကြင်နာမှု၊ ကိုယ်ချင်းစာမှုတရားတွေ ထားကြပါသလား။ မျှော်မှန်းတဲ့ အေးချမ်းသာယာတဲ့ မြန်မာ့လောကမျိုး တည်ဆောက်ရန် ရှိပါသလား။ အမှန်တရားရဲ့ လွတ်လပ်တဲ့သဘောထားတွေကို ကိုယ်စီ နှလုံးသွင်း ပွားများခဲ့ကြပြီလား။ ခြားနားတဲ့ သူနဲ့ငါ အမြင်တွေ လျော့ပါးသွားကြပြီလား။ ပုဂ္ဂိုလ်ရေးကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မေတ္တာစိတ်နဲ့ လမ်းပြဆွဲဆောင်နိုင်ပြီလား။ တိုင်းပြည်အတွက် ကိုယ်စီတာဝန်ရှိကြတာကို နိုင်ငံရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ကြပြီလား။ အသစ်အဆန်း မဟုတ်တဲ့ ငါတို့ရဲ့ ခံယူချက်စိတ်ဓာတ်တွေ အမြဲတမ်း ရှင်သန်နေပြီလားဆိုတဲ့ မေးခွန်းတွေဟာ အရှင်တို့ အတိအကျ အဖြေပေးရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့ အသိစိတ်ဓာတ်ဟာ စွန့်ပစ်ဖို့၊ တီထွင်ဖို့ မဟုတ်ပါ။ တစ်နေ့တခြား ကောင်းမွန်အောင် ပြုပြင်ကြရမှာပါ။ အရှင်တို့ဟာ လူလူချင်း ဆက်စပ်မှုရှိတဲ့ အခြေခံ စိတ်ဓာတ်ကောင်း ရှိဖို့လိုတယ်။ လူလူချင်း ဆက်စပ်မှုမရှိတဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ညစ်ညမ်းနေမှာပါပဲ။ လူသားအကျိုးကောင်းတရားကို ဖျက်ဆီးတဲ့စိတ်ထားဟာ ဝေဒနာ အမျိုးမျိုး ကူးစက်သွားမှာပါပဲ။ အရှင်တို့ဟာ တရားမျှတပြီး ခွဲခြားမှုမပါ (မရှိ)တဲ့ အကျင့် တရားနဲ့ စုပေါင်းလုပ်ဆောင်၊ စုပေါင်းနေထိုင်ကြဖို့ အရေးကြီးတယ်။

– သင်ဟာ မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို မိတ်ဆွေပြုနိုင်ခဲ့ပြီလား။

– သင့်ပတ်ဝန်းကျင်၊ အိမ်နီးချင်းတွေက သင့်ကို ချစ်လို့ လေးစားတာလား။ ဒါမှမဟုတ် ကြောက်လို့လား။ (မြှောက်ပေးနေတာလား)။ 

လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့်လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၀-၉၅၊ အဝိဟိံသာနိုင်ငံရေး (၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
ကရင်လူမျိုး ဆောင်းပါး ရိုးရာဓလေ့

ပြည်နယ်ကျက်သရေကျောင်း ဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးစီးကြီးမှူးကျင်းပခဲ့သော ခြောက်ထပ်ကြီး(ရန်ကုန်) ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်းတချို့ (၂၀၁၀)

ကရင့်မာန် Blogspot မှပြန်လည်မျှဝေဖော်ပြခြင်း။

ဒီလက်ချီပွဲကိုတော့ ပြည်နယ်ကျက်သရေကျောင်း ဆရာတော် ဘုရားကြီးကိုယ်တိုင် ဦးစီးပြီးတော့ ကျင်းပတာဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီကရင့်ရိုးရာ လက်ချီပွဲကို လပြည့်နေ့နဲ့ အနီးစပ်ဆုံး Sunday မှာ ကျင်းပ ပြုလုပ်ပါတယ်။

(၂၂.၀၈.၂၀၁၀) ရက်မှာ ကရင့်ရိုးရာ လက်ချီပွဲကို ကျင်းပ ပြီးစီးသွားတာဖြစ်ပါတယ်။ ဒီ link ကို လာလည်တဲ့ မိဘ ပြည်သူ အပေါင်းတို့ လက်လှမ်းမီသလောက် ဓါတ်ပုံကို မျှ၀ေတင်ပြပေးလိုက်ပါတယ် (စောအဲ့ကလို)

ဆရာတော် ဘုရားကြီးကိုယ်တိုင် ကရင့်အမွေအနှစ်ကို တန်ဖိုးထား လေးစားပြီး ကိုယ်တိုင်ပါဝင်ဆင်နွဲတဲ့ မြင်ကွင်း (ခြောက်ထပ်ကြီး)
ခြောက်ထပ်ကြီးက ကျင်းပပြီးစီးသွားတဲ့ ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း
ခြောက်ထပ်ကြီး (ရန်ကုန်)
ကရင့်ရိုးရာ လက်ချီပွဲ မြင်းကွင်း
ကရင့် မောင်မယ် ညီအစ်ကို မောင်နှမ များကို ဖျော်ဖြေရေးနှင့် တပျော်တပါး (ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း)
ကရင့်ရိုးရာ မုန့်ဟင်းခါးနဲ့ ပရိတ်သတ် အားလုံးကို ကြိုဆိုတဲ့ မြင်ကွင်း
(ခြောက်ထပ်ကြီး ကရင့်ရိုးရာလက်ချီပွဲမြင်ကွင်း)
ကရင့် ရိုးရာကို တန်ဖိုးထား မြတ်နိုးတဲ့ ကရင့် မောင်မယ် များရဲ့ ချစ်စရာ မြင်ကွင်း (ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲမှ မြင်ကွင်း)
ကရင့်ဒုံးအကနဲ့ စည်စည်ကားကား (ခြောက်ထပ်ကြီးကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း)
အားကြိုးမာန်တက် သီဆိုဖျော်ဖြေနေတဲ့ မြင်ကွင်း
(ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲ )

Posted by ပန်းသတင်းလေညှင်းဆောင် at 6:00 AM

ရင်းမြစ်။ ။

ကရင့်မာန် (koedetharr.blogspot.com)

http://koedetharr.blogspot.com/2010/08/sunday.html

Loading

Categories
ကရင်လူမျိုး ရိုးရာဓလေ့ ရုပ်သံ

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)
(ဖၠုံပညာ့တ်ုဝါန့်၊ ဍုံထ်ုအင်၊ ဖၠုံထီ့ခါန်ႋ)

၁၅ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား (၂၇၄၆)
(တောင်ကလေးကျေးရွာ၊ ဘားအံမြို့၊ ကရင်ပြည်နယ်)

15th Happy Karen New Year Celebrations (2746)
(Taunggalay Village, Hpa-An, Kayin State)

ဩစတြေးလျနိုင်ငံသား Ludo Kuipers ဘားအံမြို့၊ တောင်ကလေးကျေးရွာသို့ ၂၀၀၆ ခုနှစ်တွင် ရောက်ခဲ့စဥ်အခါက ရိုက်ကူးခဲ့သော ကရင်နှစ်သစ်ကူးနေ့ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ

Images: Karen New Year | Myanmar | Photos | OzOutback

Feature Image: Music and dancing | Karen New Year | Myanmar | OzOutback

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

သားသမီးနှင့် မိဘ

တောမှီရဟန်း

စာမျက်နှာ ၅၀ – ၅၄၊ သားသမီးနှင့် မိဘ၊ တောင်ကလေး ဓမ္မစာပေတိုက်၊ ၂၀၀၈ ခုနှစ်။

ခုခေတ်ကလေးတွေဟာ ဂရုစိုက်ယုယလွန်းတဲ့ မိဘတွေကို မပေါင်းချင် (အတူတူ) မနေချင်ကြပါ။ လွတ်လွတ်လပ်လပ်နဲ့ မိဘနဲ့ ဝေးသထက် ဝေးအောင် ကင်းသထက် ကင်းအောင်နေလိုကြတယ်။

မိဘက သားသမီးတွေ အပေါ်မှာ ပိုပိုပြီးချစ်တာကို (နားမလည်ဘဲ) အပြစ်တွေမြင်တတ်တဲ့ သားသမီးတွေက ချုပ်ခြယ်တယ်လို့ ဆိုပြီးတော့ မိဘတွေက ထိန်းထိန်းသိမ်းသိမ်း အကြံပေး၊ ဥာဏ်ပေး ပြောပြဆုံးမတာကို သူတို့တွေ ဘဝင်မကျပါ။

မိဘအုပ်ထိန်းမှုဒဏ်ကို သူတို့တွေခံရလို့ သူတို့ရဲ့ စိတ်တွေဟာ မွမ်းကြပ်ပြည့်သိပ် နေကြတယ်။ စိတ်ဖိစီးမှု ဒဏ်ခံရတယ်ဆိုပြီး လုပ်ချင်တာတွေလုပ်၊ ကောင်းမကောင်း အခွင့်ရရင် ရသလိုလုပ်နေပြီး လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ လိုက်ပြီး လုပ်ကြတဲ့အခါ နောက်ဆုံးတော့ အမှားကြီးတွေနဲ့ ရင်ဆိုင်တွေ့ဆုံလာခဲ့ရတယ်။

အသက်ငယ်ငယ် ကျူးလွန်ပြစ်မှားလာတဲ့ပြစ်မှုက ကြီးကြီးဖြစ်တော့ ပိုပြီးတော့ စိတ်ဖိစီးမှုဒဏ်တွေ ခံစားလာရတယ်။ တချို့မိဘတွေ အပေါ်မှာတောင် ပြန်ပြီးတော့ အပြစ်မြင်တတ်ပါတယ်။ 

“(သား) သမီးအပေါ် ဂရုစိုက်ယုယလွန်းသော မိခင်များသည်၊ တကယ်တော့ ၄င်းတို့၏ စိတ်မူမမှန်သော လိုအပ်ချက်များကို မကျေနပ်မှုရအောင် ဖြည့်တင်းနေသူများ ဖြစ်သည်” လို့စိုးမိုးခြယ်လှယ်သော မိခင် (မိဘ) အဖြစ်နဲ့ ဝေဖန်ခံရတယ်။ 

ဗုဒ္ဓတရားတော်မှာ သားသမီးတွေအပေါ် စိုးမိုးခြယ်လှယ်တဲ့ မိခင်မရှိပါ။ (မတွေ့ဘူးပါ) သားသမီးတွေက မိဘကို အဲဒီလိုပုံစံမျိုးနဲ့ မြင်မယ်ဆိုရင် သားသမီးမွေးမြူရတဲ့ မိဘတွေအဖို့ တာဝန်ကျေသူ ဖြစ်ပေမယ့် လောကကဲ့ရဲ့စရာတွေ များစွာပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

အနောက်တိုင်းသားတွေက သူတို့ရဲ့ဓလေ့လား၊ ထုံးစံလားတော့ မသိပါ။ သားသမီးအသက် ၁၈-နှစ် ကျော်သွားပြီးဆိုရင် မိဘအုပ်ထိန်းမှု အောက်ကနေ လွတ်မြောက်သွားတယ်၊ သူတို့ကိုယ်သူတို့ ရပ်တည် နေနိုင်အောင် ကြိုးစားကြတယ်။ တချို့မိဘတွေက တကွဲတပြားဖြစ်လို့ ပြန်ဆုံဖို့အတွက်ကို သားသမီးနဲ့ မိဘ ပြန်လည်ဆုံဆည်း ကြတဲ့ပွဲတွေ ပြုလုပ်ကြတယ်။ 

မိဘတွေဟာ မိမိမွေးမြူပြုစုလာခဲ့ရတဲ့ သားသမီးတွေကို ဘယ်တော့မှ လူကြီးတစ်ယောက်လို သူတို့မမြင်ပါ။ ကလေးလေးလိုပဲ မြင်ပါတယ်။

“သင့်မိခင်သည် သင့်အပေါ် ကာကွယ်စောင့်ရှောက်မှု ပိုလွန်ပါက သင်က ကွဲသွားသော ဓာတ်ပြားတစ်ချပ်လို ပြုမူပါ” ဆိုပြီးတော့ မိသားစုရေးရာ အတိုင်းပင်ခံ လုပ်ငန်းရဲ့အတိုင်ပင်ခံ အနောက်နိုင်ငံ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။ 

နောက်ပြီးတော့ “မိခင်ရဲ့ပေးစွမ်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ ဒါပေမယ့် ယခု (အခု) ချိန်ကစပြီး မိခင်ရဲ့အကြံဉာဏ်တွေ သင်လက်မခံတော့ဘူးလို့ တစ်လက်စတည်း ဖွင့်ပြောလိုက်ပါ’” ဆိုပြီးတော့ “နင်ဟာအခုထိ ငါ့ကလေးပဲ”လို့ ပြောတဲ့မိခင်ကို အဲဒီအတိုင်းလုပ်ဖို့ သူအကြံပြုခဲ့တယ်။ 

တချို့မိဘတွေ သားသမီးအလုပ်လုပ်တာကို ဘယ်တော့မှ မချီးမွမ်းပါ။ ဒီမိဘမျိုးဟာ များသောအားဖြင့် သားသမီးတွေ မခံနိုင်ပါ။ 

တချို့သိက္ခာလိုက်ချတဲ့ မိဘတွေရှိသေးတယ်။ သားသမီးတွေ ဘာလုပ်လုပ် ရှေ့ကနေ လိုက်ပြီးတော့ ကာတယ်။ ဘာကြောင့်ဒီလို လုပ်ရသလဲလို့ သူတို့ကိုမေးရင်သူတို့ အဖြေက “အလုပ်နဲ့ သူတို့နဲ့ မတန်လို့ဘဲ” ဖြေဆိုကြပါတယ်။ 

အနောက်တိုင်းသားတွေက “ဗိုလ်ကျအနိုင်ကျင့်တဲ့ မိဘတွေကို သူတို့ကိုပြက်လုံး (ထုတ်ပြီး) ပြောပြီးအနိုင်ယူပါ” ဆိုပြီးတော့ စာရေးဆရာမ တစ်ဦးက အကြံဉာဏ်ပေးပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် မနေ့ကသမီး (သား) ကို အပြစ်ခုနစ်မျိုးပဲ ပြောခဲ့တယ်၊ ဒီနေ့ဆိုရင် သုံးမျိုးပဲ ပြောရသေးတယ်၊ အမေ့စံချိန်မမီ (မပြည့်) သေးဘူး ဆိုတာမျိုးတွေလို ပြောပါတဲ့။

မြန်မာမိသားစုတွေမှာလည်း အဲဒီလိုမျိုးတွေရှိပါတယ်။ အပြစ်ပြောစရာ ကုန်ပြီးလား၊ ဘာပြောချင်သေးလဲ ဆိုတာမျိုးလိုပေါ့ အဲဒီလိုမိဘနဲ့ သားသမီးတွေ အမြင်အတွေးတွေ လွဲချော်လာကြပြီးဆိုရင် အရှင်ရဲ့ ကိုယ်တွေ့က အပျော်ခရီးတွေထွက်သွားကြပြီး မိသားစုပျော်ပျော်ပါးပါးနဲ့ စားကြသောက်ကြ လုပ်လိုက်ကြရင် အပြစ်မြင်တတ်တဲ့ မိဘတွေက ကိုယ့်ရဲ့ သားသမီးအကြောင်းကို အပျော်သွားတတ်တဲ့ ခရီးထဲမှာ သဘောကျစရာလေးတွေ တွေ့မြင်မှာပါပဲ။ အဲဒီလို မိမိရဲ့သားသမီး အဖြစ်လိုတဲ့ဆန္ဒ၊ လုပ်ချင်တဲ့ ဆန္ဒလေးတွေကိုတွေ့ရင် ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို ပေးသာပေးလိုက်ပါ။ 

မိဘဆိုတာ သားသမီးတွေကို အလွန်သံယောဇဉ်ရှိလို့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာစိတ်ဟာ မပြောင်းလဲတတ်ပါ။ မပြောင်းလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်ဓာတ်ကို တချို့သားသမီးတွေက နားမလည်တော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အပြောင်းအလဲတွေ လုပ်ကြတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ စိတ်ကျရောဂါရှိတဲ့ မိဘတွေဖြစ်ရင် သားသမီးကို အစိုးရိမ်လွန်ပြီးတော့ ကွယ်လွန်သွားကြတဲ့ မိဘတွေများမြောင်လှပြီ။ 

လေ့လာသူတွေက “ငယ်ငယ်က ဆင်းရဲခဲ့ရတဲ့ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ များများမပေးနိုင်ဘူးလို့ ပြောကြတယ်။ ဒီစကားအားလုံး မမှန်နိုင်ပါ။ ချစ်ခြင်းမေတ္တာတရားဟာ အခြားသူတွေဆီကရတဲ့ မေတ္တာတရားမရှိပါ။

သားသမီးလုပ်တဲ့ သူတွေဟာ အသက်အရွယ် ရောက်လာကြပြီး ဆိုရင် ကိုယ်ပိုင် လုပ်ဆောင်ချက်တွေလုပ်ဖို့ မိဘကို ဖွင့်ပြောဖို့သင့်တယ်။ မိဘတွေဟာလည်း အလုပ်လုပ်မယ့် သားသမီးတွေကို ပိုပြီးတော့ စိုးရိမ်တယ်။ အမှားနဲ့ တွေ့မလား။ ဘာများဖြစ်မလဲ စတဲ့ သူတို့ရဲ့ စိုးရိမ်လွန်ကဲတဲ့ စိတ်တွေကြောင့် တစ်ခါတလေ သားသမီးတွေက မိဘကို မကြည်မလင်တဲ့ အကြည့်မျိုးတွေနဲ့ လုပ်မိတတ်တယ်။ အဲဒီလို လုပ်တတ်တဲ့ သားသမီးတွေကို မိဘဖြစ်တဲ့သူက ဘာဆိုဘာမျှမပြောဘဲ ဥပေက္ခာသဘောနဲ့ ရှင်းရှင်းကင်းကင်း နေလိုက်ရင် သားသမီးတွေလည်း ငြိမ်းအေးသွားတာပါပဲ။

တောမှီရဟန်း

PM – 03:30
တနင်္လာနေ့ 
(၁၂-၅-၂၀၀၃)

Loading

Categories
ကဗျာ စကားလက်ဆောင် ဗုဒ္ဓဘာသာ

အင်းၰူ့ဝယ်

ယှာႋထင်းယှာလင် ထုဂ်ယှာလင်ဏ
ဝိင်ဝင့်လ်ုၰေဝ် လောဒ်ႋကာဖိုင်၊
ဍိင်ႋယှာႋဍိင်အိုင် ဆ်ုလင်လိုင်ဖိုင်
မုက်လိုင်ဏ်ုသာ လ်ုၜှ်လိုင်။

ၰုဲးဖၠဟ်ထံင်းဆာႋ မဲဖေါတ်ခါႋဏ်ှ
ဏေဝ်ႋလာႋသ္တာ် မၞီႋၜေ့ဏ်ု
ဆ်ုစုဂ်ဆ်ုဆာ့ ဆ်ုနုင်းဏါဏ်ှ
သှ်ေယါ့ထဝယ် ၜးလဝ့်ဏေး။

နိုင့်အူးနိုင့်အံင် ၜးၯာၯံင်ဏ်ှ
အ်ုဖၠံင်ဆံင့်မံင်း ထီ့ၯဝ့်ဏေး။
ယှာႋဆာ့ဍေသီ့ ဓဝ်ႋသိုင့်ထီးဏ်ှ
ထီ့ထီ့ဆာဆာ သှ်ေယါ့လာႋၜှ်။

သီ့လာအ်ုဖၠံင် ဒါနၜံင်ထိုဝ်
အ်ုဍံင်ၰီ့လာ ဘာႋဝနာ (ဖျာႋဝနာ) ဏ်ှ
ပညာ့ဉာဏ်ႋကၠဝ် ပ္ကုံဝယ်၊
သ္တါ်ဉာဏ်ႋဖဝ့် ဖံင်းထဝယ်၊
သမာဓိဓဝ်ႋ အင်းၰူ့ဝယ်။

မာန်နာဲပညာသာမိ
(၂၀၀၀၊ ထေါဟ်လုဲႋအွာ)

Loading

Categories
တောင်ကလေးဆရာတော်

တောင်ကလေး၊ ပရိယတ္တိစာသင်တိုက် ညွှန်ကြားလွှာ အမှတ် ၁/၉၈

တောင်ကလေး၊ ပရိယတ္တိစာသင်တိုက်
အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်) ၏ 
ညွှန်ကြားလွှာ အမှတ် ၁/၉၈

ရက်စွဲ။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊
ဗုဒ္ဓဟူးနေ့။

တောင်ကလေး ကျေးရွာအတွင်း၊ နေထိုင်ကြသော ရွာသူ/ရွာသားများသို့ အသိပေး ညွှန်ကြားအပ်ပါသည်။ 

၁။ရွာတွင်းသို့ ရဟန်း/သာမဏေတို့နှင့် မအပ်စပ်သော ဈေးပစ္စည်းများ ရောင်းဝယ်ခြင်း ရှောင်ကြဉ်ရန်။
၂။ရဟန်း/ သာမဏေများ မိမိတို့၏ အိမ်ဈေးသို့ (အိမ်တွင်းသို့) အလျဉ်းဝင်ခွင့်မပြုရန်။
၃။ဆိုင်ရှေ့တွင် ရဟန်း/သာမဏေများ နား ရပ် ထိုင် သွားခြင်း ခွင့်မပြုရန်။
၄။မိမိရောင်းသောဈေးကို ဝိနည်းနှင့်အညီ အပ်စပ်သောပစ္စည်းများနှင့် လဲလှယ်ခြင်းပြုလုပ်တတ် ရန်။
၅။ရဟန်း/သာမဏေများ မိမိဈေးဆိုင် (အိမ်ဈေးဆိုင်) ကို ည/နေ့ လုံးဝ ဝင်ခွင့်မပြုရန်။
၆။အထူးသဖြင့် တောင်ကလေးစာသင်တိုက်အတွင်းရှိ ရဟန်း/သာမဏေများ ဈေးဝယ်မှုမှ လုံးဝ လက်မခံရန်။ (ကပ္ပိယကာရကဖြင့်ဝယ်ရန်)
မှတ်ချက်။ ။ဖော်ပြပါညွှန်ကြားလွှာကို လိုက်နာရန်ဖြစ်သည်။ လိုက်နာခြင်းကင်း ပါက ကြိုတင်၍အသိပေးပါရန်။ ဤစာကို မိမိတို့၏လက်ဝယ်သို့ ရရှိသည့်အချိန်ကစ၍ မိမိတို့ အိမ်ဆိုင်ဈေးကို စနစ်ကျစွာရောင်းဝယ် ရန်နှင့် ဗုဒ္ဓသာသနာရေးကို အားပေးကူညီဆောင်ရွက် ရန်ဖြစ်ပါ သည်။



အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်)
တောင်ကလေးပရိယတ္တိစာသင်တိုက် 
ဘားအံမြို့၊ ကရင်ပြည်နယ်။ 

Loading

Categories
ကရင်လူမျိုး ပညာရေး

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဇီးအုံကုန်းနေ စကောကရင်တိုင်းရင်းသားတို့၏လူမှုရေးဖွဲ့စည်းပုံ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဇီးအုံကုန်းနေ၊ စကောကရင်တိုင်းရင်းသားတို့၏လူမှုရေးဖွဲ့စည်းပုံ
(Social Organization of Sakaw Kayin living in Zion Hill, Insein Township, Yangon Division)

မဟာဝိဇ္ဇာ (ကျမ်းပြု) (M.A Thesis)

မလွင်လွင်မွန် (ဿ-၁) (Ma Lwin Lwin Mon)

မနုဿဗေဒ၊ ရန်ကုန်တက္ကသိုလ် (University of Yangon)

၁၉၉၃-၉၅ (1995)

Original Source:

https://meral.edu.mm/records/2489

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၈၈) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောစံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။

ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင် (ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/၈ဝ သာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော် ဦးဝဇီရဗုဒ္ဓိ ထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၏ ပဓာန နာယကဖြစ်တော်မူသော ညဝါအကျော်ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်း၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၃ – ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ (၂၈၊ ၁၀၊ ၁၉၂၁) နံနက် (၁၀) နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့် ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂ – ခုနှစ်၊ တန်ခူးလဆန်း (၈)ရက် (၁၄-၄-၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် နောင်ဘိုကြီးဆရာတော် ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရ၊ ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက်ဆရာတော် ဦးနာရဒ၊ ဆရာတော်ဦးဣန္ဒက ထံတော်တို့၌ ပရိယတ္တိပညာ နည်းခံသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်) စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကိုအောင်မြင်ခဲ့ပြီး၊ မြန်မာကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။

ဆရာတော်ကြီးသည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင်အောင် (၃၆) နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ် (ငယ်-လတ်-ကြီး) နှင့် စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာ ပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကိုပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင်အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားလှသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း” နှင့် “ ပဋ္ဌာနနယသင်္ခေပကျမ်း” ကိုလည်း ရေးသားပြုစုတော် မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈) ဝါအရ မြန်မာကောဇာသက္ကရာဇ် ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆) နာရီတွင် မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော် လောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃၀၂ခု၊ တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ မန္တလေးမြို့ တောင်ပြင်ထီလင်းတိုက်၊ ရွှေရေးဆောင်တိုက်၊ ဘုရားကြီးတိုက်ဆရာတော်တို့နှင့် စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒက တို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟအသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည် ၁၃၅၁ ခု တန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။

Loading