Categories
စကားလက်ဆောင်

။ နွေဦးသစ်စ ပထမလ ။

။ အမှတ်မထင်
မထင်မှတ်ဘူး
သည်နွေဦးချိန်
ရွယ်စူးစိတ်တွေ သည်နွေမိန်။

။ မိန်လတပေါင်း
အားသစ်လောင်းစ
မြညောင်းသာယာ
သည်ချိန်ခါသည်
ရင်လွှာတမ်းတမ်း သည်နွေချိန်။

။ ရွှန်းရရွန်းရွှန်း
ကြည်သစ်လန်း၍
ပန်းပန်းနွမ်းနွမ်း
ခရီးကြမ်းလည်း
မနွမ်းရင်မှာ သည်လအိမ်။

။ နွေဦးသစ်သစ်
သည်လသစ်မှာ
နေ့သစ်အားသစ် ပိုင်နိုင်စေ။

အဲးခိုး (၁.၄.၂၀၂၁) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ တရားလက်ဆောင် ။

ညီညွတ်မျှတစွာ အသက်မွေးမြူပါ။

မတရားမှု မပြုပါနှင့်။

မတရားခြင်းကို ရွံမုန်းပါစေ။

မတရားသူကို လက်မတွဲပါနှင့်။

ယုတ်မာသူများနှင့်လည်း

အတူတူမနေပါနှင့်။

ဥာဏ်ရည်ဥာဏ်သား

ထက်မြက်ပါစေ။

တောင်ကလေးဆရာတော် (တောမှီရဟန်း – အဲခိုး)

Loading

Categories
စကားလက်ဆောင် ပညာရေး

။ မကြာမီ ။

။ စိန်ပန်းနီနီ
မကြာမီချိန်
ပွင့်သီလန်းတော့မည်။

။ စိန်ပန်းပွင့်ပြီ
ကျောင်းဖွင့်မည်ပေါ့
စိတ်လည်ရောက်ပြီ ကျောင်းတော်ဆီ။

အဲးခိုး(၂၈.၃.၂၀၂၁)

Loading

Categories
စကားလက်ဆောင်

။ မေတ္တာဓာတ် ။

နေ့နေ့ညည
မေတ္တာဓာတ်ကို
ဝေငှပေးဖို့ မမေ့နှင့်။

တောင်ကလေးဆရာတော် (အဲးခိုး)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ သည်နေ့နံနက်ခင်း ဩဝါဒကထာ (စကား) ။

။ အချိန်တိုင်းမှာ အပြစ်နည်းပါစေ။
။ အပြစ်ကင်းစင်တဲ့သူ ဖြစ်ပါစေ။
။ အပြစ်တရားဆိုတာ ဉာဏ်တရားကိုဖျက်ဆီးစေတယ်။
။ ကိုယ်ပိုင်ဉာဏ်နှင့် ဆုံးဖြတ်ချက်မှန်ပါစေ။
။ အမှားမှုကြောင့် အသက်မချမ်းသာစေချင်နှင့်။
။ ကျေနပ်ခြင်းဖြင့် မိမိဘဝကိုတည်ဆောက်ပါ။
။ ရိုးသားဖြောင့်မတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါ။
။ ကယ်ဆယ်ရေးအတွက် အသက်ကိုလှူဒါန်းပါ။
။ ဘေးကင်းရေးအတွက် အသက်ကိုကယ်တင်ပါ။
။ ပျော်ရွှင်မှုအတွက် မေတ္တာနှင့်နေပါ။
။ သည်နေ့အတွက် စိတ်ကောင်းဆက်ပါစေ။

တောင်ကလေးဆရာတော်
(၂၀.၁၂.၂၀၂၀)ရက်နေ့နံနက်။

Loading

Categories
တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ

( ပြန်လည်မျှဝေခြင်း ဩဝါဒ ။)

( ပြန်လည်မျှဝေခြင်း ဩဝါဒ ။)
~~~~~~~~~~~~~~~~~~~~~~

။ ဘဝကို အေးအေးချမ်းချမ်း လျှောက်လှမ်းပါ။

။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ပါ။

။ ကြမ်းကြမ်းတမ်းတမ်း မပြုမူပါနှင့်။

။ ပေးကမ်းသင့်သူကို ပေးကမ်းပါ။

။ ချီးမြှောက်သင့်သူကို ချီးမြှောက်ပါ။

။ ကျဉ်ထားခံရသူကို အားပေးပါ။

။ မစွမ်းနိုင်သူကို စွမ်းဆောင်ပေးပါ။

။ မပြည့်သူကို ဖြည့်ဆည်းပေးပါ။

။ ပြည့်ပြီးသူကို တန်ဖိုးထားပါ။

။ ညှိုးငယ်သူကို ချစ်ခြင်းပေးပါ။

။ မိမိကိုယ်ကို လှအောင်နေပါ။

တောင်ကလေးဆရာတော်
(၁.၉.၂၀၂၀) ရက်နေ့။

Loading

Categories
နိုင်ငံရေး

။ ၂၀၂၀ မြန်မာ့နိုင်ငံရေး ။

။ မြန်မာပြည် မြန်မာ့နိုင်ရေးဟာ ဒီယခုလာမယ့် နိုဝင်ဘာလ(၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ကြမှာပါ။ မြန်မာပြည် တစ်ပြည်လုံးဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေမှာ အလွှာအသီးသီးပါပဲ။ အထူးခြားဆုံးကတော့ ခေတ်ပညာတတ်လူငယ်တွေအတော်များများပါဝင်လာခဲ့တာကိုလည်း မြင်ရပါတယ်။

။ ဒီအတွက် ကိုယ်ကျိုးစွန့်ရဲကြတဲ့ခေတ်လူငယ်တွေပါလာတာကြည့်ပြီး ပြည်သူတွေလိုလားနှစ်သက်သဘောကျမယ့် နိုင်ငံရေးတော့ နီးလာနေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ၂၀၂၀ မြန်မာ့နိုင်ငံရေးဟာ စုပေါင်းအစိုးရနဲ့ဖြစ်လာနေတော့မယ်လို့ပဲ ပြောပါရစေ။

အဲးခိုး (၂၆.၇.၂၀၂၀) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ခေတ်အမြင် ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။


။ ပတ်ဝန်းကျင်ကို တည်ငြိမ်အောင်ထားပါ။
။ ချစ်မုန်းတွေဝေစိတ်ဆိုတာ ပတ်ဝန်းကျင်က ပေးတာပါ။
။ ဘယ်အကျိုးစီးပွားမဆို ကိုယ်ကျိုးမကြည့်ပါနှင့်။
။ ဘောင်မခတ်ထားပါနှင့်။
။ တစ်ခုတည်းသာ ထားပါ။
။ မိမိအရည်အချင်းကို သိပါစေ။
။ မြင့်မြတ်သူဖြစ်ပါစေ။
။ ချစ်တတ်ကြင်နာတတ်ပါစေ။
။ လောကအကျိုး ထားတတ်ပါစေ။
။ မကျေနပ်ခြင်း မဖြစ်နှင့်။
။ မုန်းစရာ၊နာကြည်းစရာ မဖြစ်နှင့်။
။ ကျေးဇူးတင်စရာ၊ချစ်စရာသာ ဖြစ်ပါစေ။
။ သည်နေ့ ကွဲပြားခြားနားနေကြသည့် ပတ်ဝန်းကျင်ကို ခေတ်အမြင်ကောင်းဖန်တီးတတ်ပါစေ။

တောင်ကလေးဆရာတော်
(၁၁.၇.၂၀၂၀)ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ အများအတွက် ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~
။ ကြုံရသမျှအဆိုးကို စိတ်နှင့်ဖြေပါ။
။ ဖြေပါများရင် ရင့်ကျက်လာမည်။
။ စိတ်ကိုထိန်းလာနိုင်ရင် မိုးမမြင်လေမမြင်မဖြစ်။
။ ပျော်ရွှင်တက်ကြွမှု မဖြစ်။
။ နှလုံးကြေကွဲဝမ်းနည်းမှု မဖြစ်။
။ လောကဓံစက်ကွင်း မကြောက်။
။ ဣန္ဒြေ မပျက်။
။ မြင့်မြတ်သောစိတ်ဓာတ်ဖြင့် နေနိုင်၏။
။ တစ်သားတည်းသောမေတ္တာစစ်ဖြင့် မြတ်နိုး၏။
။ တပ်မက်မှုကို စိတ်ထဲမထား။
။ စိတ်တွင်းခံစားမှုနှင့် မနေ။
။ ဘဝကို စွန့်လွှတ်ရဲသည်။
။ တုံ့ပြန်မှုမျှော်ကိုးခြင်း မရှိ။
။ အများအတွက် မိမိဘဝကို ပေးဆပ်ပါစေ။

တောက်ကလေးဆရာတော်
(၉.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ပါရမီခိုင်မှ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ လာဘ်နှင့်တွေ့ရင် ဝေးဝေးရှောင်။
။ လူနှင့်ပေါင်းသင်းရင် သတိဆောင်။
။ အသွင်များရင် အဖျက်ယောင်။
။ သာယာများရင် အမြင်ပြောင်။
။ မက်မောများရင် ရင်နာကြောင်။
။ တွယ်တာတတ်ရင် ဒုက္ခလှောင်။
။ ခေါင်းဆောင်မတတ်ရင် ပြည်ပျက်မှောင်။
။ ကျော်ကြားများရင် အဖျက်ကောင်။
။ ပစ္စည်းများရင် အန္တရာယ်ထောင်။
။ မကောင်းများရင် အကျိုးမှောင်။
။ ပါရမီခိုင်မှ အကုန်အောင်။

တောင်ကလေးဆရာတော်
(၈.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။