Categories
ကရင်လူမျိုး ရိုးရာဓလေ့ ရုပ်သံ

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)
(ဖၠုံပညာ့တ်ုဝါန့်၊ ဍုံထ်ုအင်၊ ဖၠုံထီ့ခါန်ႋ)

၁၅ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား (၂၇၄၆)
(တောင်ကလေးကျေးရွာ၊ ဘားအံမြို့၊ ကရင်ပြည်နယ်)

15th Happy Karen New Year Celebrations (2746)
(Taunggalay Village, Hpa-An, Kayin State)

ဩစတြေးလျနိုင်ငံသား Ludo Kuipers ဘားအံမြို့၊ တောင်ကလေးကျေးရွာသို့ ၂၀၀၆ ခုနှစ်တွင် ရောက်ခဲ့စဥ်အခါက ရိုက်ကူးခဲ့သော ကရင်နှစ်သစ်ကူးနေ့ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ

Images: Karen New Year | Myanmar | Photos | OzOutback

Feature Image: Music and dancing | Karen New Year | Myanmar | OzOutback

Loading

Categories
ကရင်လူမျိုး ပညာရေး

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဇီးအုံကုန်းနေ စကောကရင်တိုင်းရင်းသားတို့၏လူမှုရေးဖွဲ့စည်းပုံ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဇီးအုံကုန်းနေ၊ စကောကရင်တိုင်းရင်းသားတို့၏လူမှုရေးဖွဲ့စည်းပုံ
(Social Organization of Sakaw Kayin living in Zion Hill, Insein Township, Yangon Division)

မဟာဝိဇ္ဇာ (ကျမ်းပြု) (M.A Thesis)

မလွင်လွင်မွန် (ဿ-၁) (Ma Lwin Lwin Mon)

မနုဿဗေဒ၊ ရန်ကုန်တက္ကသိုလ် (University of Yangon)

၁၉၉၃-၉၅ (1995)

Original Source:

https://meral.edu.mm/records/2489

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၈၈) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောစံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။

ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင် (ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/၈ဝ သာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော် ဦးဝဇီရဗုဒ္ဓိ ထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၏ ပဓာန နာယကဖြစ်တော်မူသော ညဝါအကျော်ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်း၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၃ – ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ (၂၈၊ ၁၀၊ ၁၉၂၁) နံနက် (၁၀) နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့် ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂ – ခုနှစ်၊ တန်ခူးလဆန်း (၈)ရက် (၁၄-၄-၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် နောင်ဘိုကြီးဆရာတော် ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရ၊ ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက်ဆရာတော် ဦးနာရဒ၊ ဆရာတော်ဦးဣန္ဒက ထံတော်တို့၌ ပရိယတ္တိပညာ နည်းခံသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်) စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကိုအောင်မြင်ခဲ့ပြီး၊ မြန်မာကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။

ဆရာတော်ကြီးသည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင်အောင် (၃၆) နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ် (ငယ်-လတ်-ကြီး) နှင့် စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာ ပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကိုပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင်အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားလှသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း” နှင့် “ ပဋ္ဌာနနယသင်္ခေပကျမ်း” ကိုလည်း ရေးသားပြုစုတော် မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈) ဝါအရ မြန်မာကောဇာသက္ကရာဇ် ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆) နာရီတွင် မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော် လောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃၀၂ခု၊ တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ မန္တလေးမြို့ တောင်ပြင်ထီလင်းတိုက်၊ ရွှေရေးဆောင်တိုက်၊ ဘုရားကြီးတိုက်ဆရာတော်တို့နှင့် စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒက တို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟအသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည် ၁၃၅၁ ခု တန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ

နမတ္ထု ဝဇိရဉာဏိကဿ ဗုဒ္ဓဿ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ
(၁၂၈၃ – ၁၃၅၁)

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆရာတော် ဆရာတော်လောင်းလျာကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီး၊ ရွာကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃ နှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာထံ၌ သာမဏေပြုခဲ့သည်။ သာမဏေအဖြစ် ဖြင့် ပဲခူးမြို့သို့ရောက်ခဲ့၍ မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇ၊ မဟန ဥက္ကဋ္ဌ) ထံ၌ ပရိယတ္တိအခြေပြုစာပေများကို သင်ယူခဲ့သည်။

၁၃၀၂ ခု၊ တန်ခူးလဆန်း (၈)ရက်နေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်လျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်လုံးကြီးကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။

ထိုအခါမှစ၍ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ သထုံမြို့လယ်ဝန်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ ခရမ်းမြို့ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့တောင်ပြင် ထီးလင်းတိုက်မှ ဦးသူရိယာဘိဝံသ၊ ဦးပုညာနန္ဒာဘိဝံသ၊ ဦးသံဝရမာလာ ဆရာတော်များ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတော်ဦးနာရဒ၊ ဆရာတော်ဦးဥက္ကံသ၊ စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော် ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဍိတ) တို့ထံ၌ နေ့ဝါညဝါ ပရိယတ္တိအထက်တန်းစာပေများကို နည်းခံသင်ကြားခဲ့သည်။

ပဲခူးမြို့ ဝိနယာဓိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများအောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့်တကွ အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၀ ခု၌ သကူသီဟ အသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလဓမ္မာစရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် (၃၆) နှစ်တာကာလ ငယ်၊ လတ်၊ ကြီး နှင့် စာချတန်းစာဝါများကို ပို့ချခဲ့ သည်။ ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို ကြိမ်ဖန်များစွာပို့ချခဲ့ပြီးလျှင် နွေရာသီပဋ္ဌာန်းကို အထူးစာဝါအဖြစ် ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော် အဖြစ်ထင်ပေါ်ခဲ့သည်။

စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်၏နည်းကို မှီငြမ်းပြုလျှက် ယမကသင်္ခေပကျမ်းနှင့် ပဌာန နယသင်္ခေပ ကျမ်းများကို စီစဉ်ဖြန့်ချိပို့ချခဲ့သည်။ ပရိယတ္တိလုပ်ငန်းမှတပါး ပထမအကြိမ်ဂိုဏ်းပေါင်းစုံကာလဝယ် မြို့နယ်ဝိနည်းမိုရ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ရသည်။

ထူးခြားသည့်ဆောင်ရွက်ချက်များမှာ ပဋ္ဌာန်းစာဝါပြီးချိန်များ၌ မိမိရရှိထားသည့် ပစ္စည်းများကို စာလိုက်များအား မဲချလှုဒါန်းခြင်း။ ဆွမ်းခံဝတ်မှန်ကန်ခြင်း။ စာဝါပို့ချမှုကို လေးစားခြင်း။ ဝတ်တက်ဝတ်ကပ် မှန်ကန်ခြင်း။ ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းများပင် ဖြစ်သည်။

ယင်းကဲ့သို့သော အတ္တ၊ ပရနှစ်အကျိုး သည်ပိုးထမ်းဆောင်နေစဉ် ပဋ္ဌာန်းဆရာတော်သည် သက်တော် (၆၀) သိက္ခာတော် (၄၀) မြောက်၊ ၁၃၅၁ ခု ဦးတန်းခူးလဆန်း (၁၃) ရက် (၁၈၊ ၄၊ ၈၉) အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝ နတ်နန်း ကြွမြန်းစံပျော်တော်မူ ခဲ့ပေသတည်း။

**************************************

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရိုးရာဓလေ့ သမိုင်းရေးရာ

ကရင်ရာမာယဏကျမ်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွဲကပင်ခန်းမ၌ ကျင်းပ (၁၉၈၄-ခုနှစ်)

စာပေလောကတွင် စာပေဖခင်ဖြစ်တော်မူသော ကရင်ပြည်နယ် ဘားအံမြို့ ကမော့ကစင်ရွာသစ် တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒန (မန်းနဲစံ – ဖားအံ) စာရေးဆရာပညာရှင်ကြီး ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။

ဆရာတော်သည် သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံသို့ ဟိန္ဒီဘာသာ သက္ကဋဘာသာ ပါဠိဘာသာ ကျမ်းစာများကို ကျွမ်းကျင်တတ်မြောက်လိုသော ဆန္ဒတော်ဖြင့် (၄) နှစ်တိတိ ကြွရောက်လေ့လာသင်ကြားတော် မူသည်။

ဟိန္ဒီဘာသာဖြင့် ရေးသားသော ရာမာယဏဇာတ်တော်၏အဆိုအမိန့် ရည်ရွယ်ချက် လုပ်ဆောင်ချက်များကို တတ်ကျွမ်း နားလည် သဘောပေါက်သော ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် ကုသိနာရာ သိန္ဒီဘာသာစာအုပ်နှင့် တစ်ခြား သောဟိန္ဒီဘာသာ စာအုပ်များကိုလည်း ဘာသာပြန်ထုတ်ဝေခဲ့ပြီး ထူးခြားရှားပါးသော ကျမ်းတတ်ပုဂ္ဂိုလ်ကျော် ဆရာတော်တစ်ဆူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပြန်လည်ကြွရောက် သီတင်းသုံးတော်မူသည့်အခါ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ စောလှထွန်း က ဒါယကာ ခံယူပြီး ရှေးဟောင်းကရင်စာပေကို ပြန်လည်ပြု စုပေးနိုင်ရန် တောင်းပန်တော်မူခဲ့ပြီး ကရင်ရာမာယဏကျမ်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို (၁၃၄၅ – ခုနှစ်) (၁၉၈၄-ခုနှစ်)တွင် ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading