။ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဘက် အဖွားစီ ။~~~~~~ ။ အဖွားစီဟာ မြန်မာကောဇာသက္ကရာဇ် ၁၂၈၅ ခုနှစ်က မွေးဖွားလို့ ယခုမြန်မာကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်ဆိုရင် (အဖွားစီဟာ) သက်တော်(၁၀၁) နှစ်ရှိပါပြီ။
။ ဖွားဖွားနဲ့အရှင်ဟာ အေဒီ(၁၉၈၈/၈၉) ခုနှစ်က သိမြင်ခဲ့ကြပြီး အဲဒီတုန်းက အရှင်ရဲ့သက်တော်က (၂၈)နှစ်အရွယ်ကပါ။
။ မှတ်မှတ်ရရ (ငါသေရင်သေ မသေရင်တရားရ) (သဲအင်း ဇွဲတင်း၊ အမြဲလင်း) ဆိုတဲ့ သဲအင်းဂူ အထူးဆောင်ပုဒ်အတိုင်းနဲ့ အဓိဋ္ဌာန် (၂၄) ရက်တိတိ သဲအင်းဂူဆရာတော်ကြီးရဲ့ ကမ္မဋ္ဌာန်းထိုင်နည်းအတိုင်း ဝိပဿနာတရားကို ကိုယ်တိုင်ပွားများအားထုတ်ခဲ့လို့ ကျေနပ်စွာနှစ်သက်ခဲ့ရပါတယ်။
။ အဖွားစီနဲ့သိရှိရသောအခါ မူလသဲအင်းဂူဆရာတော်ကြီးရဲ့ ဘဝအကြောင်းကို ဖွားစီကပြန်ပြောင်းပြီး မိန့်ဆိုပြောပြလို့ပဲ ကြည်ညိုခဲ့ရပါတယ်။
။ ဖွားစီက ဆရာတော်ကြီးရဲ့ ဘဝအကြောင်းကို မိန့်ဆိုနေရင်ရင်းနဲ့ပဲ နာယူနာကြားမိခဲ့ရတဲ့ အရှင်အဖို့ ( အော် သူတော်ကောင်းကြီးတွေ လုပ်ဆောင်ချက်အရာတွေဟာ ထူးခြားပါပေတယ်) ယနေ့ထက်တိုင် ကြည်ညိုရင်းအတိုင်း ကြည်ညိုလို့မဆုံးအောင်ပါပဲ။
။ ဖွားစီဟာ သက်တော်(၁၀၁) နှစ်ရှိပြီမို့ အိပ်ရာထဲမှာပဲ လဲလျောင်းနေခဲ့ရပါပြီ ကမ္မဋ္ဌာန်းအစွမ်းကြောင့် ရုပ်ခန္ဓာ ကြည်လင်စွာရှိနေပါတယ်။
။ အားအင်နည်းပါးလာလို့ စကားပြောသံလည်း ပြော့ငြိမ်လာပါတယ်။
။ ရန်ကုန်ရှိ ဒါယကာကြီးတစ်ယောက်ကို အသွားပြုပြီး အပ်စပ်သည့်လှူဒါန်းမှုလည်း ပြုစေပါတယ်။
။ အိပ်ရာထဲမှာသာ လဲလျောင်းတော်မူပြီးဖြစ်တဲ့ ဖွားဖွားစီကို သတိရတော်မူရင်းနဲ့ သံဝေဂရမိပါလေရဲ့။
။ သူသူငါငါ အိုလာကြရင် တခါလဲလျောင်းရဦးမှာပါတကား။
။ အဖွားရေ သက်တော်ရာကျော် ရှည်ကြာလျက် ဘာဝနာအမှုဖြင့် ပွားများနိုင်ပြီး ကိလေသာယုတ် နုတ်ထွက်နိုင်ပါစေလို့ ဆုတောင်းပေးလျက်ပါ ဖွားဖွားရေ။
သဲအင်း ( ကိုယ်တော်လေး) (၂.၈.၂၀၂၄) ရက်နေ့။