Categories
စကားလက်ဆောင်

။ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဘက် အဖွားစီ ။

။ မူလသဲအင်းဂူဆရာတော်ကြီး၏
ပါရမီဖြည့်ဘက် အဖွားစီ ။
~~~~~~
။ အဖွားစီဟာ
မြန်မာကောဇာသက္ကရာဇ်
၁၂၈၅ ခုနှစ်က
မွေးဖွားလို့
ယခုမြန်မာကောဇာသက္ကရာဇ်
၁၃၈၆ ခုနှစ်ဆိုရင်
(အဖွားစီဟာ)
သက်တော်(၁၀၁) နှစ်ရှိပါပြီ။

။ ဖွားဖွားနဲ့အရှင်ဟာ
အေဒီ(၁၉၈၈/၈၉) ခုနှစ်က
သိမြင်ခဲ့ကြပြီး
အဲဒီတုန်းက
အရှင်ရဲ့သက်တော်က
(၂၈)နှစ်အရွယ်ကပါ။

။ မှတ်မှတ်ရရ
(ငါသေရင်သေ မသေရင်တရားရ)
(သဲအင်း ဇွဲတင်း၊ အမြဲလင်း)
ဆိုတဲ့ သဲအင်းဂူ
အထူးဆောင်ပုဒ်အတိုင်းနဲ့
အဓိဋ္ဌာန်
(၂၄) ရက်တိတိ
သဲအင်းဂူဆရာတော်ကြီးရဲ့
ကမ္မဋ္ဌာန်းထိုင်နည်းအတိုင်း
ဝိပဿနာတရားကို
ကိုယ်တိုင်ပွားများအားထုတ်ခဲ့လို့
ကျေနပ်စွာနှစ်သက်ခဲ့ရပါတယ်။

။ အဖွားစီနဲ့သိရှိရသောအခါ
မူလသဲအင်းဂူဆရာတော်ကြီးရဲ့
ဘဝအကြောင်းကို
ဖွားစီကပြန်ပြောင်းပြီး
မိန့်ဆိုပြောပြလို့ပဲ
ကြည်ညိုခဲ့ရပါတယ်။

။ ဖွားစီက
ဆရာတော်ကြီးရဲ့
ဘဝအကြောင်းကို
မိန့်ဆိုနေရင်ရင်းနဲ့ပဲ
နာယူနာကြားမိခဲ့ရတဲ့
အရှင်အဖို့
( အော်
သူတော်ကောင်းကြီးတွေ
လုပ်ဆောင်ချက်အရာတွေဟာ
ထူးခြားပါပေတယ်)
ယနေ့ထက်တိုင်
ကြည်ညိုရင်းအတိုင်း
ကြည်ညိုလို့မဆုံးအောင်ပါပဲ။

။ ဖွားစီဟာ
သက်တော်(၁၀၁) နှစ်ရှိပြီမို့
အိပ်ရာထဲမှာပဲ
လဲလျောင်းနေခဲ့ရပါပြီ
ကမ္မဋ္ဌာန်းအစွမ်းကြောင့်
ရုပ်ခန္ဓာ
ကြည်လင်စွာရှိနေပါတယ်။

။ အားအင်နည်းပါးလာလို့
စကားပြောသံလည်း
ပြော့ငြိမ်လာပါတယ်။

။ ရန်ကုန်ရှိ
ဒါယကာကြီးတစ်ယောက်ကို
အသွားပြုပြီး
အပ်စပ်သည့်လှူဒါန်းမှုလည်း
ပြုစေပါတယ်။

။ အိပ်ရာထဲမှာသာ
လဲလျောင်းတော်မူပြီးဖြစ်တဲ့
ဖွားဖွားစီကို
သတိရတော်မူရင်းနဲ့
သံဝေဂရမိပါလေရဲ့။

။ သူသူငါငါ
အိုလာကြရင်
တခါလဲလျောင်းရဦးမှာပါတကား။

။ အဖွားရေ
သက်တော်ရာကျော်
ရှည်ကြာလျက်
ဘာဝနာအမှုဖြင့်
ပွားများနိုင်ပြီး
ကိလေသာယုတ်
နုတ်ထွက်နိုင်ပါစေလို့
ဆုတောင်းပေးလျက်ပါ
ဖွားဖွားရေ။

သဲအင်း ( ကိုယ်တော်လေး)
(၂.၈.၂၀၂၄) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး