Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဖားအံမြို့ကိုရောက်ဖူးလား ။

။ ဖားအံမြို့ကိုရောက်ဖူးလား ။
~~~~~~~~~~~~~~~~~~~~~~
။ မြန်မာပြည်
နယ်မြေဒေသအသီသီးထဲက ကရင်ပြည်နယ်
ဖားအံမြို့နယ်( ဖားအံဒေသ)
ဖားအံမြို့ကို
အလည်လာဖို့
ဖိတ်မန္တကပြုပါရစေ။

။ ဖားအံမြို့ကိုရောက်ရင်
လည်ပတ်စရာနေရာတွေ
အများကြီးပါ။
၁) ရှေးဟောင်းလိုဏ်ဂူတော်နေရာ၊
၂) ရိုးရာယဉ်ကျေးမှုရွာ၊
၃) သာမန်သဘာဝကျကျနေရာ၊
၄) ခံစားကြည့်ရှုနိုင်တဲ့ရှုမျှော်ခင်းနေရာတွေ များစွာရှိကြတဲ့အပြင်
သမိုင်းဦးလူသားတွေနေထိုင်တဲ့နေရာသမိုင်းဝင်နေရာတွေ
အထင်အရှားရှိကြပါတယ်။

။ ဖားအံမြို့ဟာ
မိုးလရာသီချိန်မှာ
နေရာတိုင်းကိုကြည့်လိုက်ရင်
ကြည်အေးမြကြပြီး
ပျော်ရွှင်စရာကောင်းတဲ့
ငြိမ်းချမ်းသာယာတဲ့
ဒေသတစ်ခုပါပဲ။

။ ဖားအံနယ်မှာ
နေထိုင်ကြတဲ့
ဌာနေတိုင်းရင်းသားနဲ့
အခြေချလာရောက်
နေထိုင်ကြတဲ့သူတွေက
ရိုးယဉ်ရိုးစဉ်ကြလို့
ဖော်ရွေကြတဲ့သူတွေပါ။

။ ဧည့်ကိုမြင်ရင်
ကြည်သစ်တဲ့
သူတိူ့ရဲ့နှုတ်ဆက်မှုကြောင့်
ဧည့်သည်မိတ်ဆွေများ
ရင်ထဲက
“အော်ဖားအံရယ်ပါပဲ”
မယုံရင် လာလည်ခဲ့ပါ။

။ ဖားအံမှာရှိတဲ့
ဇွဲကပင်တောင်ရဲ့အလှဟာ
အနှိုင်းမဲ့ပါ
သာယာလို့
လှပလို့ပါ။

။ သူနဲ့ယှဉ်ပြီး
တွဲနေတဲ့
ကြအင်းတောင်ဆိုရင်လည်း
ဘဝင်အေးမြ
အဖုံဖုံလှပနေတာပါ။

။ ကမ္ဘာပေါ်မှာ
မြစ်ကြီးထဲက
ရှည်လျားစွာ
စီးဆင်းလာတဲ့
သံလွင်မြစ်ဟာ
ရန်ကုန်ကနေလာရင်
လေးနာရီခရီးနဲ့
မြင်နိုင်တဲ့နေရာဟာ
ဖားအံမှာရှိတဲ့
သံလွင်မြစ်ပဲပေါ့။

။ မိုးတွင်းချိန်မှာ
မြစ်ရေက
ဝါဖန့်ဖန့်ဖြစ်ပြီး
နွေရာသီမှာ
ကြည့်သန့်သန့်ပေါ့
ချိုးကြည့်လိုက်ဦး
အေးမြရင်မှာ
စွဲလို့သာပါပဲ။

။ ခုချိန်မှာ
ဖားအံကိုရောက်ရင်
ရေပြာအိုင်
ရေတံခွန်
တစ်ချိန်က
ငါးပွင့်တစ်ခိုင်
ရုပ်ရှင်ရိုက်ခဲ့တဲ့
နောင်လုံတောင်ကြား
နောင်လုံတံတား
ဆဒ္ဒန်ဆင်အိုင်
ဒေါနတောင်ပေါ်က
တသွင်သွင်စီးဆင်းလာတဲ့
ထူးမြတ်ရေတံခွန်ကြီးတွေနဲ့အတူ
နေမကူး
စေတီထူး
ဖူးသူလွန်ချမ်းသာတဲ့
ဆုတောင်းပြည့်
စေတီတော်မြတ်
လေးဆူလည်းရှိသလို
ဖူးလို့မဝတဲ့
မြရတနာစေတီတော်လည်း
အရှိရှိပါပဲ။

။ ကဲ
ရေးပြမယ်ဆိုရင်
မကုန်နိုင်
မပြီးနိုင်ဘူးလေ
တောခရီးအဖြစ်
ပြာသိုလရောက်ရင်
ဒေါနတောင်ကိုကျော်ပြီး
မော်ဖိုးကေဒေသနဲ့
သဇင်ပန်းအလှကိုကြည့်ချင်ကြရင်
ဖားအံကိုလာလည်ပါလို့ပဲ။

တောမှီရဟန်း
(၃.၉.၂၀၂၄) ရက်နေ့။

Loading

Categories
ကရင်လူမျိုး

ကျာ်

ကျာ်
…….
ပါဠိရင်းမြစ်*”စေတိယ”
…ကရင်လူမျိုးတို့သည် စာပေအရေးအရ”လိက်ထူ့လီ”ရှေးဟောင်းစာပေတွင်
“စ”ဗျည်းသံ ကို စာအသံအားဖြင့်/ စ/ ဟုရွတ်ဖတ်သော်လည်း
အပြောဘာသာစကား၌
“စ “ကို>/ကျ/သံ ဖြင့်
ပြောဆိုတတ်ကြလေ့ရှိသည်။
….ပါဠိ”စေတိယ”မှ
မြန်မာ “စာတီ”….(ပင်းယခေတ် မြင်စိုင်းရွှေပြည်ကဗျာပါ၊တောင်ထွက်ဖျားဆီရွှေစာတီ)….အသုံးကဲ့သို့ ဖြစ်လာကာ ထိုမှတစ်ဆင့်
“စေတီ”ဝေါဟာရ ဖြစ်လာပုံကိုတွေ့ရသည်။
ပါဠိ”​စေတိယ”>

မြန်မာ “စာတီ”>
ထိုမှတစ်ဆင့်”စေတီ”ဟူ၍
ဝေါဟာရကို အဆင့်ဆင့်လေ့လာမိသည်။
……..
*ထိုဝေါဟာရ အစဉ်သက်လာသကဲ့သို့ပင်
ပါဠိ”စေတိယ”မှ>>

“စာတီ”ကရင်အပြောဘာသာစကားအသံ
/ကျာတီ/
ထို/ကျာတီ/အသံမှ
/ကျာ်တီ/ဟူ၍
ကရင်ဝေါဟာရဖြစ်စဉ်ကို
လေ့လာသိရသည်။
“စာ”အသံမှ /ကျာ/
/ကျာ/အသံမှ/ကျာ်/
အဆင့်ဆင့်ဖြစ်လာကြောင်းလေ့လာသိမိ
သုံးသပ်ရပါသည်။
…..ထိုဖြစ်စဉ်ကို
အထောက်အထားမဲ့စွာဆိုခြင်းမဟုတ်။
ကရင့်ဝေါဟာရ၌
“ကၠံင်ကျာ်တီ” ဟူသောဝေါဟာရရှိခဲ့ပေသည်ကိုထောက်ထား၍ချင့်ချိန်နိုင်သည်။
….ယခုခေတ်လူငယ်များအကြား၌မူ
“ကၠံင်ကျာ်တီ”ဆိုသည်ကို
ကြားဖူးကောင်းကြားဖူးနိုင်ပါပေဦးမည်။
……
ကရင့်ရှေးဝေါဟာရအသုံး စေတီကိုခေါ်ဝေါ်သောအသုံး၌ “က္လံင်ကျာ်တီ”အသုံးရှိခဲ့သလို အချို့ကရင့်ရပ်ရွာများ၌ပင် “က္လံင်ကျာ်တီ”ရှေးဟောင်းစေတီများကျန်ရှိနေပေသေးသည်။ …..အချုပ်ဆိုရသော်
*ပါဠိ”စေတိယ”မှ”စေတီ”
ထိုမှ
*”စာတီ”=ကျာတီ
*”ကျာတီ”မှ”ကျာ်၊

စေတိယ>စေတီ>စာတီ

ကျာတီ>ကျာ်တီ>ကျာ်
“……ဟူ၍
ကရင့်ဝေါဟာရအဆင့့်ဆင့်ကို လေ့လာသုံးသပ်မိသည်။
*”ကျာ်”ဆိုသည်မှာ
ပါဠိရင်းမြစ်
“စေတိယ”မှလာ၍
“စေတီ”ကို ခေါ်ဝေါ်ခြင်း
ဖြစ်သလို
ကရင့်ဝေါဟာရစစ်စစ်
စေတီကိုခေါ်ဝေါ်သည့်
​စကားလုံး
“ကၠံင်”

ဆိုသည်နှင့် ရှေးက့တွဲသုံးလာခဲ့ကြသည်။
*ကၠံင်+ကျာ်တီ=ကၠံင်ကျာ်တီ။
*နောင်အခါ
ကရင့်ဝေါဟာရစစ်စစ်
စေတီ ကိုခေါ်ဝေါ်သည့်အသုံး/ကၠံင်/ကသာ
“စေတီ “ဟူသောအနက်ဖြင့်ဆက်လက်သုံးစွဲလာခဲ့ပြီး
/ကျာ်တီ/ဟူသောစေတီအနက်ပြ
ပါဠိရင်းမြစ်စကားလုံးက
“ဘုရား”ဟူသော
အနက်အဓိပ္ပါယ်/ကျာ်/အဖြစ်သို့
ကရင်တို့ရောနှောအမှတ်ပြုသုံးနှုန်းလာခဲ့ရာသည်ဟု
သုံးသပ်မိပါသည်။
*အဘယ့်ကြောင့်ဆိုသော်
လိက်ထူ့လီ ကရင်ရှေးဟောင်းပေစာများမှာ
“ဘုရား”အနက်ပြ စကားလုံး ကရင်ဝေါဟာရစစ်စစ်ကိုလေ့လာတွေ့ရခြင်းကြောင့်ဖြစ်ပေသည်။
…သို့ဆိုလျှင်
ရှေးကရင့်ဝေါဟာရ
“ဘုရား”အနက်ပြစကားလုံးက ပသို့ နည်းကို ရှာဖွေထောက်ရှုပြရသော်
*ရှေးဟောင်းပေစာအသုံးများ၌
“ဖူဆီ မင်ယွာ”ဆိုသည့့်စကားလုံးရှိခဲ့သလို၊ “ယွာ”၊””က်ုဆာႋယွာ”အသုံးနှုန်းတို့ကို ဆင်ခြင်အောင့်မေ့ကြရန်သင့်ပေသည်။
…….”ကျာ်”ဆိုသည်မှာအမှန်မူလက
စေတီကိုခေါ်ဝေါ်ခြင်းသာဖြစ်သည်ဟု
ကောက်ချက်မိပါပေသည်။
…..ကၠံင်
….ယွာ
…ဖူဆီမင်ယွာ ဟူသော
ကရင်စကားလုံးတို့နှင့်ပက်သက်၍ အကျယ်ကို
ဆက်လက်တင်ပြပါဦးမည်။
…..ယခုတင်ပြသည်မှာ
အမှန်အမှားအငြင်းပွားလို၍မဟုတ်ဘဲ
ကရင်ဘာသာစကား၊
ဘာသာစကား၏
ယုတ်လျော့မှုဘာသာစကား၏တိုးပွားမှု ဘာသာစကားတို့၏သဘောတရားကို ပြဆိုခြင်းသာဖြစ်ပါကြောင်း သတိချပ်ရန်သင့်ပါသည်။

စောဝဏ္ဏထွန်း

Loading

Categories
ကရင်လူမျိုး

ကရင့်ဝေါဟာရ “ဍယ်” နှင့် “ဍိင်

ကရင့်ဝေါဟာရ “ဍယ်” နှင့် “ဍိင်
……
*ဍယ်
ဍယ်စီးစံင်=ခြင်ရိုက်သည်။
ဍယ်ဏာႋကိင်ထါ်/ဍယ်မေံ=ပါးရိုက်သည်။
ဍယ်သာဏာ့=ရင်ဘတ်ကိုရိုက်သည်။
ဍယ်စူးယာ့=လက်ဝါးရိုက်သည်။
စသည်ဖြင့် “ဍယ်”ကိုဆီလျော်ရာ နာမ်များနှင့် တွဲသုံးရသည်။
“ရိုက်ခတ်” ဟူသော အနက်ရှိသည့် စကားလုံး ဖြစ်သည်။

……
*ဍိင်
ဍိင်ဏာႋဍိင်
ဍိင်ဂီတာ
ဍိင်ခၞါ
စသည်ဖြင့် “ဍိင်”ကို ကြိုးတပ်တူရိယာပြပုဒ် နာမ်စကားလုံးများနှင့် တွဲသုံးရသည်။ သာယာနာပျော်ဖွယ် အသံရအောင် ကြိုးတပ်တူရိယာတစ်ခုခုကို “တီးခတ်သည်” ဟု အနက်ရှိ၏။

ဍယ် နှင့် ဍိင်
ထိုဝေါဟာရ နှစ်ခုမှာ
သူ့နေရာနှင့်သူ အသုံးမတူသကဲ့သို့ အနက်လည်းမတူပေ။

စောဝဏ္ဏထွန်း

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်လမ်းပဲ ။

။ သည်လမ်းပဲ ။
~~~~~~~~~~~

။ ဆုံလာခဲ့ကြ
သည်ဘဝထဲ
ခွဲကြတာလည်း သည်လမ်းပဲ။

။ တွဲလာခဲ့ကြ
သည်ကာလလည်း
ခွဲရပြန်လည်း သည်လမ်းပဲ။

။ ချစ်လာခဲ့ကြ
ချစ်မဝသည်း
ကွဲရပြန်လည်း သည်လမ်းပဲ။

။ ထားလာခဲ့ရ
သည်မာနသဲ
ခံရပြန်လည်း သည်လမ်းပဲ။

။ ပေါင်းသင်းလာကြ
ထာဝရ မြဲ
ရိုက်လှဲတာလည်း သည်လမ်းပဲ။

။ ချစ်ခင်ကြင်နာ
မခွဲပါလည်း
ချိန်ကြာဝေးကြ သည်လမ်းပဲ။

။ ပျိုမျစ်နုနယ်
မုန်းပစ်ပယ်လည်း
စွန့်ပစ်ထားလည်း သည်လမ်းပဲ။

။ မိမိသည်သာ
နားလည်ပါစေ
ပွားပါမြဲမြဲ တရားပဲ။

တောင်ကလေးဆရာတော်
(၃၁.၈.၂၀၂၄) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ လက်ဆောင်စကား ။

။ လက်ဆောင်စကား ။
~~~

။ စိုးရိမ်စိတ်လေး
ပြေးမတွေးနှင့်
အေးအေးစိတ်လေး ထားပါစေ။

။ စိတ်ဆိုးစိတ်တို
ဝန်မတိုနှင့်
စိတ်ကိုဖြူစင် လှပစေ။

။ ခက်ခက်ခဲခဲ
ရင်ဆိုင်ရဲစေ
အမြဲစိတ်ရှည် တတ်ပါစေ။

။ ပြစ်ချက်အမုန်း
ဘယ်လိုမုန်းလည်း
အဆုံးချစ်စိတ် မြဲပါစေ။

။ နာနာကျင်ကျင်
နိုင်ယူရင်လည်း
ကြင်ကြင်နာနာ အနိုင်ပေးစေ။

။ အသက်ခန္ဓာ
စွန့်ပေးပါလည်း
မေတ္တာမပျက် ပေးခဲ့စေ။

။ အနိုင်ရမှ
သူကျေနပ်လည်း
ပေးဆပ်ရဲရဲ ကဲပါစေ။

။ ဘဝပါရမီ
ကျင့်ထုံးသီလျက်
ပြည့်မီသန့်သန့် ကျင့်နိုင်စေ။

တောင်ကလေးဆရာတော်
(၃၀.၈.၂၀၂၄) ရက်နေ့ည။

Loading

Categories
ကရင်လူမျိုး

ဖားအံမြို့မှာ

ဖားအံမြို့မှာ

အင်ကုန်း ဆိုတာ

ရှေးကတည်းကရှိတယ်ပေါ့။
အင်ပင်များပေါက်ရာကုန်းမြင့်နေရာဖြစ်လို့ အင်ပင်များကိုအစွဲပြုပြီး

အင်ကုန်းလို့ခေါ်တာ။

ဖားအံ ဆိုတာကိုလိုနီခေတ်လောက်ကမှအများသိ
ပိုထင်ရှားလာဟန်တူတယ်။

သို့သော်ကရင်အခေါ်မှာက

ဍုံထ်ုအင် လို့ခေါ်တာ။

အင်ပင်များပေါက်ရာသည်ကုန်းကိုပဲအစွဲပြုပြီးရှေးမူလပိုးကရင်ဘာသာနဲ့

ဍုံဌာန့်သ်ုလာအင်

/ဍုံထောင့်သလာအောင်/လို့ခေါ်ခဲ့ကြတယ်။
ထို့နောက်မှာစကားရွေ့လျောပြီးကရင်အခေါ် #ဍုံထ်ုအင် လို့ဖြစ်ခဲ့ပြန်တာယနေ့အထိ။
ကိုလိုနီခေတ်လောက်ကမှ
ဖားအံလို့အများသိပိုမိုထင်ရှားလာဟန်ရှိပေမယ့်
မြို့ဖားအံကိုကရင်တိုင်းရင်းသားတို့က
ဒုံရင်းကရင်မင်းလက်ထက်ကတည်းက
ဒုံရင်းကရင်မင်းနေပြည်
အဝန်းထဲရှိ
မြို့ရပ်ဝန်းလို့သတ်မှတ်
သိခဲ့ကြတယ်။
ဒါ့‌ေကြာင့်
ဒုံရင်း
ကရင်မင်းနေပြည်
ရပ်ဝန်းထဲက
အင်ပင်များပေါက်ရာ
ဤကုန်းနေရာကို
ကရင်အခေါ်

ဍုံဌာန့်သ်ုလာအင်

ဍုံထောင့်သလာအောင် လို့
ခေါ်ခဲ့ကြတာပေါ့။
သည်နေ့တော့
စိတ်ကူးပေါက်ပေါက်နဲ့
ဆေးပင်တစ်မျိုးရှာဖို့
သည်ကုန်းမှာ
နည်းနည်းပတ်ကြည့်ဖြစ်တယ်။
ရှေးတုန်းကလို
အင်ပင်လေးများ
တစ်ပင်တစ်လေလောက်
ရှိပါဦးမလားပေါ့။
မတွေ့မိပါဘူး။အဝန်းအဝိုင်းအချို့အထဲမှာတော့
အင်ပင်ရှိနိုင်ပါလိမ့်ဥိီးမယ်
ထင်တယ်။
သည်ပြည်နယ်ကွင်းထဲမှာ

အပင်များစီတန်းစိုက်တဲ့လစ်လပ်ရာမှာအင်ပင်လေးများပေါက်နေစေချင်မိပါတယ်။

ရှာချင်တဲ့ဆေးပင်လည်း
တစ်ပင်မှတောင်မတွေ့ပါဘူး။
ဟိုတုန်းကဆိုဆေးဘက်ဝင်အပင်တွေရှာလို့ရတယ်။
အခုတွေ့လာမိတဲ့သဘာဝပေါက်ပင်
အချို့ကတော့
မျက်ရိုင်း၊ကိုင်းပင်၊

ပိန်းရိုင်း(အမှန်တော့ချက်စားလို့ရပါတယ်။အယားရည်ပြုတ်ထုတ်ပစ်၊ချဥ်ချဥ်စပ်စပ်ချက်လက်ကုန်စားကောင်း)

မြက်ကြွပ်(ချဥ်ဖက်စိမ်စားကောင်းတယ်)

ဒန့်ကျွဲပင်/မိုးကျလက်ဖက်

လို့လည်းခေါ်တာ။(အရွက်နုပြုတ်၊သုတ်စားရင်သိပ်ကောင်းတယ်၊အိပ်ပျော်စေတယ်၊ဆေးဖက်ဝင်၊သူ့အသီးအစေ့ခြောက်ကိုရေနွေးကြမ်းစိမ်သောက်ရင်ဆီးရွှင်မယ်၊ကျောက်ကပ်ကောင်းကျိုးပြုတယ်။

ဖေါင်ဖေါင်သီးပင်(ဆေးဖက်ဝင်တယ်)

တံမြက်စည်းပင်(‌ေတာရွာမှာတံမြက်သည်းလုပ်သုံးတယ်)

သကြားရေစင်ပင်(ဆေးဖက်ဝင်တယ်၊ချောင်းဆိုးရင်အရွက်နုအရည်ညှစ်၊ဆားအနညးငယ်ရောထည့်သောက်ပျောက်တယ်)

ဗန့်ဗွေးပင်(တောရွာမှာသူ့အရွက်ကိုဆေးလိပ်လိပ်သောက်တယ်။)

တောလေးညှင်းပင်(ဆေးဘက်ဝင်)

လမ်း‌ေလျှာက်ရင်းနဲ့
အသုံးဝင်တဲ့
သဘာဝပေါက်ပင်လေးတွေ
တွေ့ရလို့ကြည်နူးမိသလို
ဤအင်ကုန်းမှာ
အင်ပင်တန်းလေးတော့မြင်ချင်မိပါရဲ့လို့တွေးတွေးရင်းပြန်လာအမောဖြေနေတော့တယ်။

စောဝဏ္ဏထွန်း

Loading

Categories
ကရင်လူမျိုး

ကရင်ရိုးရာဒုံးတေးသီချင်းများ၌

ကရင်ရိုးရာဒုံးတေးသီချင်းများ၌

ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟူသော
ဝေါဟာရပါမြဲရေးဖွဲ့ကြသည်။
ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟုဆိုရာ၌
ဝေါဟာရပုဒ်ခွဲသော်
***ယှိုဲ့ =ရွှေ(မြန်မာမွေးစားစကားလုံး)။

ပျာင်ႋ=ပျိုရွယ်သော
(အပျိုဖော်ဝင်စအရွယ်အမျိုးသမီးငယ်)။

ဖဝ့်=ပန်း(ပွင့်သစ်စလန်းဆန်းသည့်ပန်း)။

” ယှိုဲ့ + ပျာင်ႋ + ဖဝ့် “၏
စကားပေါင်းအနက်မှာ

ရွှေနှင့်ထပ်တူ

တန်ဖိုးထားရမြတ်နိုးရပြီး

ပွင့်သစ်စလန်းဆန်းသည့်

ပန်းကဲ့သို့သောမိန်းမပျိုလေး ဟုအဓိပ္ပါယ်ရှိပေသည်။

ထို့‌ေကြာင့်ပင်ထိုပျိုရွယ်သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်သင်တိုင်းကိုလည်း

ဆါင့်ပျာင်ႋ ဟုခေါ်ပေသည်။

“ဆါင့်ပျာင်ႋအွာ” ဟုဆိုလျှင်
ရွှေနှင့်ထပ်တူတန်ဖိုးထားမြတ်နိုးရပြီး
ပွင့်သစ်စလန်းဆန်းသည့်
ပန်းကဲ့သို့သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်
အမျိုးသမီးသင်တိုင်ရှည်အဖြူ ဟု အဓိပ္ပါယ်ရပေသည်။

ဤအမျိုးသမီးဝတ်အထည်မျိုးကို
ကရင်အမျိုးသမီးသင်တိုင်းရှည်ဟု ဆိုလျှင်သင့်တော်ဆီလျော်ပါသည်။

သို့သော်

ကရင်အထည်ရောင်းစားနေကြသူများအချို့မှာ

ရိုးရာအထည်ကိုရောင်းစားသည့်လုပ်ငန်းလုပ်လျက်
ရိုးရာအခေါ်အဝေါ်ကိုမသိကြမလေ့လာကြမလိုက်နာကြဘဲ

သင်တိုင်းရှည်ကို

ဂါဝန် ဟုဆိုကာ ရောင်းချနေကြသည်။

တိုင်းရင်းရိုးရာအခေါ်အဝေါ်မှာကရင်အခေါ် #ဆါင့်ပျာင်ႋ

ဆါင့်ဆူ

ဆိုသည်တို့ကို

သင်တိုင်း ဟု

မြန်မာအခေါ်အဝေါ်ရှိခဲ့သည်မှာ
ပုဂံခေတ်မြန်မာကျောက်စာများထဲ၌ပင်တွေ့ရသည်။
တိုင်းရင်းအခေါ်အဝေါ် သင်တိုင်း ဟုရှိပါလျက်
ဂါဝန် ဟု ခေါ်ဝေါ်သုံးနှုန်းရောင်းချနေကြခြင်းသည်
ရိုးရာကိုစော်ကားရာကျသလို
ရိုးရာဂုဏ်နိမ့်အောင်လည်းပြုရာကျလှပေသည်။
ကရင်အခေါ်

ဆါင့်ဆူ

ဆါင့်ပျာင်ႋတို့ကို

မြန်မာတိုင်းရင်းကျောက်စာအထောက်အထားအရ

သင်တိုင်း ဟုသာသုံးနှုန်းရန်သင့်ပါသည်။#ဂါဝန် ဟုမခေါ်ဆိုအပ်ပေ။

ယခုပုံပါအတိုင်း
ဆင်ယင်ထုံးဖွဲ့ကြသော
ကရင်တိုင်းရင်းသူလေးတို့သည်
သင်တိုင်းရှည်အဖြူ
ဆင်ယင်ကြလျက်
ရွှေနှင့်ထပ်တူမြတ်နိုးတန်ဖိုးထားရပြီး
ပွင့်သစ်စလန်းဆန်းသည့်ပန်းကဲ့သို့
ချစ်ခင်စဖွယ်
ယှိုဲ့ပျာင်ႋဖဝ့် လေးများပင်ဖြစ်ပါပေတော့သည်။

စောဝဏ္ဏထွန်း

bst

Loading

Categories
ကရင်လူမျိုး

ကောဟ်ထေံၜိုင်

ကောဟ်ထေံၜိုင်
/ကွတ်ထေးဘန်/
ကရင်ရိုးရာ #ကဒက်မုန့်
ကဒက်ဥ+ဆန်နှစ်+အချိုထန်းလျက်(သို့)ကြံသကာတို့
ရော၍ #နွယ်ဒန်းဖက် ဖြင့်ထုပ်သည်။
စား၍အလွန်ကောင်းသော
ကရင်ရိုးရာကဒက်မုန့်ပါပဲ။

ကဒက်ဥပေါ်ချိန်မှာပဲစားရတာရာသီစာမုန့်တစ်မျိုးပေါ့။

စောဝဏ္ဏထွန်း

dav
dav

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဝေးတော့မယ် ။

။ ဝေးတော့မယ် ။
~~~~~~~~~~~~~

။ မိမိကိုယ်ကို
သရုပ်ခွဲကြည့်တော့
သည်ရုပ်သည်နာမ်
နှစ်ပါးပဲ။

။ ရုပ်နဲ့နာမ်သာ
ရှိနေတာကို
အိုနာသေရ မကင်းတယ်။

။ မအိုချင်လည်း
အိုလာရ မြဲ
မနာချင်လည်း
နာနေရမြဲ
မသေချင်လည်း
သေ နေ ရ မြဲ
မြဲတဲ့ဓမ္မာတာ လမ်းမဖယ်။

။ ပူမှုကမ္ဘာ
အဖြာဖြာနဲ့
မာယာ
သာဌေယျ
အကွက်ချပြီး
အားမနာတမ်း
လှည့်ဖြားတယ်။

။ သူလည်းလည်
ကိုယ်လည်းလည်နဲ့
လည်လည်ပတ်ပတ်
အပ်ကြောင်းထပ်ကြ
အက်ကြောင်းများနဲ့
ရန်ဖြစ်တွယ်။

။ အတွယ်အတာ
လိမ်ညာပြပြီး
သူသူငါငါ
ဝင်္ကဒသက(ဆယ်နှစ် ရှစ်လီ)
အရွယ်ဖြစ်လည်း
မရော့သေးဘူး
တဏှာဆွယ်။

။ အတွယ်အဆွယ်
အနွယ်တွေနဲ့
လည်ရေးခြယ်သ
လွယ်ထမ်းရသူ
ပင်ပန်းတယ်
ပိုနွမ်းနယ်။

။ သည်နေ့တော့
ဘယ်သူလည်လည်
ကိုမလည်ဘူး
ဘယ်သူတွယ်တွယ်
ကိုယ်မတွယ်ဘူး
ဘယ်သူဆွယ်ဆွယ်
ကိုယ်မဆွယ်ဘူး
လည်တွယ်ဆွယ်နဲ့ ဝေးတော့မယ်။

တောမှီရဟန်း
(၃၀.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကောင်းမြင်သုတ ရှိပါစေ ။

။ ကောင်းမြင်သုတ ရှိပါစေ ။
~~~~~~~~~~~~~~~~~~~~~

။ စိတ်ဓာတ် မမာတာ
ပျော့ညံ့ညံ့ဖြစ်တာ
အမြဲတမ်းအားနာတတ်တာ
အမြဲပဲသည်းခံပေးရတာတွေဟာ
သာမန်အမြင်နဲ့ကြည့်လိုက်ရင်
အသုံးမကျတဲ့သူ
အသုံးမဝင်တဲ့သူပါလို့
ထင်ကောင်းထင်မိတတ်မယ်။

။ တကယ်တော့
စိတ်ဓာတ်ပျော့ပျောင်းတဲ့သူဟာ
ပျော့ညံ့တဲ့သူတွေမဟုတ်ပါဘူး
အောင်မြင်ကြတဲ့သူတွေရဲ့
အထွတ်အထိပ်လက္ခဏာတွေပါပဲ။

။ လူတိုင်းအတွက်
အမြဲတမ်းအားနာတတ်တဲ့သူဟာလည်း
သာမန်လူသားတွေ
မဟုတ်သလို
ကိုယ်ချင်းစာတရားနဲ့
မြဲစွာနှလုံးသွင်းတဲ့
သူမြတ်တွေပါပဲ။

။ နောက်ပြီးတော့
အရာရာကို
အမြဲတမ်းသည်းခံနိုင်တဲ့သူဟာလည်း
လူသာမန်တွေထက်
ပိုပြီးတော့
အောင်မြင်ကြတာကို
တွေ့ရမှာပါပဲ။

။ လောကမှာ
အထင်သေး
အမြင်တို
တစ်ဖက်သတ်
တစ်ဖက်သားကို
ပြစ်မှားစော်ကားကြတဲ့သူတွေဟာ
တစ်နေ့နေ့
တစ်ချိန်ချိန်မှာ
အမှားဒဏ်တွေ
ဆိုးကျိုးကံတွေ
ကာပိတ်ဆည်းမရ
မနိုင်လောက်အောင်
ရောက်လာလေမှာပါပဲ။

။ ဒါကြောင့်
တစ်ဖက်သတ်
တစ်ဖက်သားကို
မမှားရအောင်
နှလုံးသားကို
သတိပဋ္ဌာန်တရားနဲ့
နေ့နေ့ညည
အလှဆင်ထားကြရင်
ပူဆွေးရသောအဖြစ်
လွန်မြောက်
လွတ်မြောက်နေမှာ
အမှန်ပါပဲလို့
ဥပုသ်စောင့်ထိန်းကြသူ
ဥပါသကာ
ဥပါသိကာတွေကို
လက်ဆောင်ပေးပါတယ်။

( သည်နေ့ ဥပုသ်လက်ဆောင်တရား။)

တောင်ကလေးဆရာတော်
(၂၇.၈.၂၀၂၄) ရက်နေ့။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။