ကရင့်ဝေါဟာရ “ ဍယ်” နှင့် “ ဍိင်
……
*ဍယ်
ဍယ်စီးစံင်=ခြင်ရိုက်သည်။
ဍယ်ဏာႋကိင်ထါ်/ဍယ်မေံ=ပါးရိုက်သည်။
ဍယ်သာဏာ့=ရင်ဘတ်ကိုရိုက်သည်။
ဍယ်စူးယာ့=လက်ဝါးရိုက်သည်။
စသည်ဖြင့် “ ဍယ်” ကိုဆီလျော်ရာ နာမ်များနှင့် တွဲသုံးရသည်။
“ ရိုက်ခတ်” ဟူသော အနက်ရှိသည့် စကားလုံး ဖြစ်သည်။
……
*ဍိင်
ဍိင်ဏာႋဍိင်
ဍိင်ဂီတာ
ဍိင်ခၞါ
စသည်ဖြင့် “ ဍိင်” ကို ကြိုးတပ်တူရိယာပြပုဒ် နာမ်စကားလုံးများနှင့် တွဲသုံးရသည်။ သာယာနာပျော်ဖွယ် အသံရအောင် ကြိုးတပ်တူရိယာတစ်ခုခုကို “ တီးခတ်သည်” ဟု အနက်ရှိ၏။
ဍယ် နှင့် ဍိင်
ထိုဝေါဟာရ နှစ်ခုမှာ
သူ့နေရာနှင့်သူ အသုံးမတူသကဲ့သို့ အနက်လည်းမတူပေ။
စောဝဏ္ဏထွန်း