Categories
ကရင်လူမျိုး သမိုင်းရေးရာ အထွေထွေဗဟုသုတ

အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ

အက်ဒမန်ကျွန်း ပတ်လမ်း ကြမ်းကြမ်းပေါ်က မထင်မရှား လမ်းခွဲလေးကနေ ခွဲထွက်လာသော လမ်းကျဉ်းကလေးသည် ဘုရားကျောင်းများ၊ စိုက်ခင်းများ၊ လယ်ကွင်းဟောင်းများကို ကွေ့ ကောက်စွာ ဖြတ်သွားလေသည်။ ကားများ၏အလေးချိန်က သံတံတားကို တုန်သွားစေ၏။ တံတားအောက်က ချောင်းမှာ ပြည့်လျှံနေသော ရေများက မုတ်သုံမိုးကြောင့် နွံရောင်ထနေသည်။

အပူပိုင်းတောများက ချောင်းကမ်းနားများကို ခွေယှက်ဖြာကျနေပြီး ရွာကို ပတ်ပတ်လည် ဝန်းရံထားသည်။ သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် စတုရန်းပုံစံ အစိမ်းရောင် လယ်ကွင်းများကြားမှာ တည်ရှိသော ဝီဘီရွာမှာ အက်ဒမန်ကျွန်းအလယ်နှင့် အနောက်မြောက်ပိုင်းရှိ ကရင်လူမျိုး အ သိုင်းအဝိုင်းစုလေး နေထိုင်သည့် ရွာ ၁၂ ရွာအနက် တစ်ရွာဖြစ် သည်။

ခရီးသွားမြေပုံထဲမှာ ဝီဘီ ရွာက မပါပါ။ သို့သော်လည်း ဂျွန်အောင်သမ်၏ စိတ်ထဲမှာ အကြံဉာဏ်များဖြင့် စိတ်လှုပ်ရှားနေသည်။
‘‘ကျွန်တော်တို့ ရွှေ့ပြောင်း အခြေချလာပုံနဲ့ ယဉ်ကျေးမှုထုံးစံကို ပြောပြမယ့် ပြတိုက်တစ်ခုကို စလို့ရပြီ။ ရိုးရာကရင်အစားအစာ တွေနဲ့ စားသောက်ဆိုင်တစ်ခုလည်း စလို့ရတယ်။ လူတွေအနေနဲ့ ကျွန်တော်တို့အကြောင်းကို လေ့လာစေချင်တယ်’’

လွန်ခဲ့သော နှစ် ၉၀ ကျော် က ကရင်လူမျိုးများသည် မြန်မာပြည်ကနေ အက်ဒမန်ပင်လယ်ကိုဖြတ်ပြီး ပြောင်းရွှေ့လာကြသည်။ သုတေသီလက်ထောက်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် သမ်သည် သိပ္ပံပညာရှင်များကို အက်ဒမန်ကျွန်းစုက မရှာဖွေတွေ့ရှိရသေးသည့် ရောဂါမျိုးစိတ်များ ရှာဖွေရှာမှာ ကူညီပေးခဲ့ဖူးသည်။ ယနေ့တွင် သူသည် သူ၏ ဦးရေ ၂,၅၀၀ ရှိ ခိုင်မာသော ကရင်လူမျိုးစု အသိုင်းအဝိုင်းကို စောင့်ရှောက်ထိန်းသိမ်းဖို့ အလေးထား လုပ်နေ သည်။

သမ်သည် သူ့အိမ်ကိုတော့ ဟီး (ကျွန်းအိမ်)ဟု သူခေါ်သော ဧည့်သည်များ လာနေနိုင်သည့် အပန်းဖြေအိမ်အဖြစ် ပြောင်းလဲခဲ့ သည်။ အိမ်ကတန်းများပေါ်မှာ စာအုပ်များ၊ ကရင်လူမျိုးများအ ကြောင်းရေးထားသော ဆောင်းပါးတွေဖြင့် ပြည့်နေပြီးနံရံများမှာ မြန်မာမှာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်က သုံးခဲ့သည့် ရိုးရာခြင်း တောင်းများ၊ လှေများနှင့် စပါး လှေ့စက်များကို ချိတ်ဆွဲထား၏။ ထိုရွာမှာ သူ့အိမ်ကဲ့သို့ နယ်ဝေး ဧည့်သည်များလာလျှင် တည်းနိုင်သောအိမ်အဖြစ် ပြောင်းထားသည့် နောက်ထပ် အိမ်တစ်အိမ်လည်းရှိသည်။

တစ်နေ့တွင် သူတို့ရွာသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး အက်ဒမန်ကျွန်း၏ စီးပွားရေးကို တိုးတက်လာအောင် လုပ်ပေးနိုင်မည်ဟု ကရင်များက မျှော်လင့်ကြသည်။ ခရီးသွားဧည့် သည်များနှင့်အတူ လူမှုဘဝများရှိ လာမည်ဟု သူတို့သိကြသည်။

‘‘ကျွန်တော်တို့ ကမ္ဘာ့ခေတ် ရေစီးကြောင်းနဲ့ ခရီးသွားတွေဆီကို ရောက်ဖို့လိုတယ်။ ကျွန်တော် တို့ရဲ့ ရိုးရာနဲ့ယဉ်ကျေးမှုကို ငွေရရှိအောင် အမှီပြုရမယ်။ ဒါကို ကျွန်တော်တို့ ထိန်းသိမ်းစောင့် ရှောက်နိုင်မယ်’’ဟု သမ်ကပြော သည်။

ပုန်းနေသောရွာ
၁၉၆၀ ခုနှစ်များဆီက သူ့ဖခင် ဆောက်ခဲ့သော ပျဉ်နှင့်ကျူ ရွက်မိုး သမ်၏ ကရင်ရိုးရာနှစ်ထပ်အိမ် လသာဆောင်ကနေ ကြည့်လျှင် ဝီဘီရွာက လှပသောရှုမျှော်ခင်းနှင့် ထင်းနေသည်။

မူလအခြေချပြောင်းလာသူ များ မြန်မာပြည်ကနေ ယူဆောင် လာသည့် စပါးမျိုးစုံကို စိုက်ပျိုးထားသည့်လယ်ကွင်းများရှိသည်။ ထောင့်တစ်ခုမှာ ဆေးဖက်ဝင်သီး နှံပင်များနှင့် ဆေးပင်များကို စိုက်ထားသည့် ခြံလေးလည်းရှိ၏။ ဆေးဖက်ဝင်အပင်မျိုးစိတ်အများစုက မြန်မာပြည်ကဖြစ်၏။

ရွာကိုနှစ်ပိုင်းခြားထားသော လမ်းပေါ်တွင် ကလေးတွေက စက်ဘီးများ (သို့မဟုတ်) လမ်းလျှောက်ပြီး အိမ်ကိုပြန်လာနေကြသည်။ သူတို့အိတ်များထဲက ကျောင်းစာအုပ်များမှာ ကရင်ဘာသာဖြင့်ဖြစ်သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကရင်ဘာသာကို ကျောင်းနှစ်ကျောင်းတွင်သာ သင်ပါသည်။ ညနေစောင်းမှာပင် တစ်နေရာဆီက ကရင်စကားသံ များနှင့်အတူ ဘောလိဝုဒ်နှင့် အင်္ဂလိပ်သီချင်းများကို ကျွန်တော် ကြားနေရဆဲဖြစ်၏။

အနှစ် ၁၀၀ သက်တမ်းရှိ ဝီဘီ (ကရင်ဘာသာဖြင့် ပုန်းနေသည့်ရွာ) ရွာသည် ၁၉၅၂ က သည်ကျွန်းစုများပေါ်ကို အခြေချ အမြစ်တွယ်ခဲ့သည်။ မြန်မာပြည်ဟောင်းပုံစံ တစ်စိတ်တစ်ပိုင်းကို အသေအချာ စောင့်ရှောက်ထိန်းသိမ်းထားသည်။ အက်ဒမန်ကျွန်းများပေါ်သို့ ကရင်လူမျိုးများ ရောက်လာခြင်းက မထင်မှတ်ဘဲ ဖြစ်လာခြင်းပင်။

မြန်မာနိုင်ငံက ဗြိတိန်ဘုန်းကြီးတစ်ပါးသည် ၁၉၂၀ ခုနှစ် တွင် အမေရိကန်မှ သင်္ဘောဖြင့် ပြန်လာရင်း ကော်မရှင်နာမင်းကြီး ဖြစ်နေသော ညီအစ်ကိုဝမ်းကွဲတော်သူကို တွေ့ဆုံရန် ဘလဲယာ ဆိပ်ကမ်းတွင်နားဖို့ဆုံးဖြတ်ခဲ့၏။

မြန်မာပြည်သို့ သူပြန်ရောက်သောအခါတွင် ကျွန်းပေါ် တွင် စတင်လုပ်ကိုင်နေသည့် သစ်ကုန်သွယ်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရန် ပြောင်းရွှေ့လာသူ မည်သူမဆို တစ်နှစ်စာ ဗြိတိန်အစိုးရက ထောက်ပံ့ကြေး ပံ့ပိုးမည်ဆိုသော ကြေညာချက်တစ်စောင်ကို ဖြန့်ချိခဲ့သည်။

ထိုကြော်ငြာစာကို ဖတ်မိသူ တစ်ဦးမှာ ရီဗာရန်လုဂျီဖြစ်သည်။ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ဟု ဘုရားကျောင်းတက်ဖော် ကရင်လူမျိုးများကို စည်းရုံး၏။

‘‘မြန်မာပြည်မှာ ပင်ပင်ပန်းပန်း နေကြရသူတွေအတွက် ကောင်းတဲ့ အစပျိုးမှုတစ်ခုပဲလို့ သူကမြင်ခဲ့တယ်။ သူတို့တွေနဲ့ အတူ သူက ဒီကိုလာခဲ့တယ်။ မြေကလည်းကောင်းပြီး ဘဝအခြေချဖို့ ဘာမှလည်း ခြိမ်းခြောက်ခံရစရာ မရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်’’ဟု ဦးလုဂျီ၏မြေးဖြစ်သူ အသက် (၆၀)အရွယ် စောအက်ရှဝေရိုဂီက ပြောသည်။
အဘိုးဖြစ်သူ ၁၉၂၅ ခုနှစ် က တည်ထောင်ခဲ့သော ဘုရားကျောင်းမှာ သူက ဘုန်းတော်ကြီးဖြစ်နေသည်။ မြန်မာကနေပြောင်းလာသည့် ပထမဆုံးအသုတ်သည် ကျွန်းစုကမ်းခြေကို ရောက်လာကြသည်မှာ ထိုနှစ် ဧပြီလဖြစ်၏။

နောက်တစ်နှစ်အကြာတွင် နောက်ထပ် အိမ်ထောင်စု ၅၀ ထပ်ပြောင်းလာခဲ့သည်။ သစ်တောများ၊ မြစ်များဖြင့် ဝန်းရံထားသော ဝီဘီသည် သူ့ဘာသာ တစ်သီးသန့်ဆန်မှုကို ရွေးချယ်ခဲ့သည်။ သူတို့ရွာလူထုကို ရန်သူ ဟောင်းများနှင့် ရန်သူသစ်ဖြစ် လာနိုင်သူများဆီကနေ ဖုံးကွယ်လိုခဲ့သည်။

သူတို့၏ တစ်သီးတခြားရှိမှုနှင့် ရှက်ကြောက်သိမ်မွေ့မှုက ကျွန်းစုများကို ရိုက်ခတ်လာသော ကြမ်းတမ်းသောခေတ် သမိုင်းစဉ် ဆက်တစ်လျှောက် သူတို့၏ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်။ သူတို့သည် ရက်စက်မှုများ၊ သုံးနှစ်ကာလ ဖက်ဆစ်ဂျပန်အစိုးရအုပ်ချုပ်မှု၊ ပြည်မက အုပ်ချုပ်သူများ နှင့် တိုင်းရင်းသားသူပုန်များ၏ တိုက်ပွဲများ၊ ဗြိတိန်အစိုးရ ဆုတ်ခွာခြင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ် ရေးရပြီးနောက်ပိုင်း မြန်ဆန်လှသော အပြောင်းအလဲများနှင့် မထိတွေ့ခဲ့ရပါ။

မိခင်ဘာသာစကား
ယခုအခါ ကရင်လူမျိုးအ သိုင်းအဝိုင်းမှာ ၂,၆၀၀ ဦးဝန်းကျင် ထိ အင်အားတောင့်လာပြီး အက် ဒမန်အလယ်ကျွန်းစု မြောက်ပိုင်း နှင့် ကျွန်းစုမြောက်ပိုင်းပေါ်က ဒီ ဂယ်လ်ပူဝါအနီးရှိ ရွာတစ်ရွာထိပင် ပျံ့နှံ့ရောက်ရှိိလာပြီ။ သို့သော်လည်း လူငယ်မျိုးဆက်များ က အလုပ်အကိုင်အတွက် သူတို့၏ နာမည်ကြီး ရေငုပ်ကျွမ်းကျင်မှုကို အလိုရှိသည့် ခမ်းနားလှသော အပန်းဖြေစခန်းများနှင့် မြို့ကြီးများကို မျက်စိကျလာကြ သည်။

ကိုယ့်အသိုင်းအဝိုင်း ပြင်ပက လူများနှင့် အိမ်ထောင်ပြုသည်ကလည်း ထုံးစံလိုဖြစ်လာကြသည့်အတွက် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို စောင့်ရှောက်ထိန်းသိမ်းမည့် နည်းလမ်းများကို ကရင်လူမျိုးများက စတင်ရှာဖွေလာကြသည်။

ကျောင်းနံရံပေါ်မှာ အရောင်တောက်တောက် ကာတွန်းများနှင့် ဆုံးမစာများကို ရေးဆွဲ ထားသည့် အစိုးရအလယ်တန်းကျောင်းမှာ ကျွန်းပေါ်ကို စတင်အခြေချလာသော မိသားစုများကို ပညာသင်ပေးရန် ၁၉၂၈ ခုနစ်မှာ လုဂျီမိသားစုက စထောင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင် ထိုကျောင်း က သူတို့ ရိုးရာအမွေအနှစ်၏ သြဇာကြီးသော သင်္ကေတတစ်ခု ဖြစ်လာလေသည်။ နှစ်ပေါင်း ၅၀ ကြအောင် ကရင်ဘာသာစကား မှာ အိန္ဒိယမှာ တရားဝင်သင်ကြာ ခဲ့ခြင်းမရှိပါ။ အစဦးတုန်းကမူ ရွာမှ လူကြီးများက အိမ်မှာ ကရင်စကား ပြောနေကြသည့်အတွက်မူလကနဦး ပြောင်းရွှေ့လာသူများအတွက် ဘာသာစကားက ပြဿနာမဟုတ်ခဲ့ဟု အဆိုပါကျောင်းမှာ ကလေးဘဝကတည်းက ပညာသင်ခဲ့သည့် အသက်(၅၉)နှစ်အရွယ် စောမိုလိုကပြောကြား၏။

သို့သော် ၂၀၀၈ ခုနှစ်က သည်ကျောင်းမှာ စောမိုလို ဆရာအဖြစ် တာဝန်ကျသောအခါ လူငယ်မျိုးဆက်များကြားမှာ ကရင်စာကို မဖတ်တတ်၊ မရေးတတ် ဖြစ်နေသည်ကို သူရော လူအတော်များများ သိလာခဲ့ကြ၏။

‘‘လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ကရင်စကားကို ကျွန်တော် တို့ ကောင်းကောင်းထိန်းသိမ်းထားကြတယ်။ ဒါပေမဲ့ ပုံနှိပ်စာအုပ်တွေမရှိရင် ကရင်စာအရေးအဖတ် ပျောက်သွားတော့မှာ သေချာတယ်’’ဟု သူတို့၏ ဌာနေဟောင်း မြန်မာပြည်နှင့် လှိုင်းထန်လှသော အက်ဒမန်ပင်လယ်ကြီးခြားကာ ကီလိုမီတာများစွာ ခွဲခွာနေခဲ့ပြီး ယဉ်ကျေးမှုအပြောင်းအလဲမရှိခြင်းကြောင့် ဘာသာစကားဖွံ့ဖြိုးမှုက တန့်နေခဲ့သည်။ သူတို့၏ တစ်ခုတည်းသောဖတ်စာမှာ ကရင်ဘုရားကျမ်းစာ ဖြစ်သည်။ ကရင်ရိုးရာသီချင်းများကလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဖျော်ဖြေရေးက အိန္ဒိယဘောလိဝုဒ်သီချင်းများနှင့် ရုပ်ရှင်များသာဖြစ်သည်။

ထို့ကြောင့် စောမိုလိုနှင့် ဆရာအချို့က ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို စည်းရုံးကာ ကော်မတီတစ်ခုကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးကရင်ဘာသာဖြင့် ပုံနှိပ်ဖတ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်ကစပြီး နောက်ထပ်နှစ်မျိုးလောက် ထွက်လာခဲ့သည်။
ဝီဘီက အလယ်တန်းကျောင်းမှာ ရှစ်တန်းအထိ ကရင်စာကို တရားဝင် သင်ကြားပေး သည်။ ယနေ့အချိန်တွင် ကလေး ၇၈ ယောက် ကရင်ဘာသာစကားကို ထိုကျောင်းမှာ သင်နေကြသည်။ ကျောင်းသားများ အင်္ဂလိပ်စာနှင့် ဟိန္ဒူဘာသာဖြင့် ဂဏန်းအလီတွေကို ရွတ်ဆိုချိန်မှာ ကျောင်းတစ်နေရာမှ ကရင်သီချင်းနှင့် ကဗျာရွတ်သံကိုလည်း ကျွန်တော်ကြားရသည်။

လွတ်လပ်စွာ Share နိုင်ပါတယ်
Border Land
Credit: 7 Day News Journal

Loading

Categories
ကရင်လူမျိုး ဆောင်းပါး

အမေရိကန်ခရီးစဉ်တွင် အောင်မြင်မှုရရှိခဲ့သည်ဟု တောင်ကလေးဆရာတော်ဒေါက်တာအရှင်ပညာသာမိ မိန့်ကြား

အမေရိကန်နိုင်ငံသို့ကြွရောက်ခဲ့သည့် ရက်ရှည်ခရီးစဉ်အတွင်း ရည်မှန်းချက်များအတိုင်း အောင်မြင်မှုများ အပြည့်အစရရှိခဲ့သည်ဟု မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

တလခွဲကြာသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခရီးစဉ်တွင် ရည်မှန်းချက်များ အားလုံးအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ကရင် မြန်မာအပါအဝင်တိုင်းရင်းသားအားလုံးက မြန်မာပြည်ကိုပြန်လာပြီးအခြေချချင်ကြောင်း နိုင်ငံရေးတည်ငြိမ်သည့် မြန်မာပြည်၏ အပြောင်းအလဲကို စောင့်မျော်နေကြသည့် အနေအထားများရှိသည်ဟု ဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

ဆရာတော်၏ အမေရိကန်ခရီးစဉ်တွင် ဝတ်ကြီးဝတ်ငယ်ပြု ခွင့်ရရှိခဲ့သောကြောင့် လွန်စွာဝမ်းသာပီတိဖြစ်ခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ (OKRSO) ၏ ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် စောစန်းအောင် မန်းဉာဏ စောကျော်ဇင် စောရွှေမိုး စောဘခန့်စိုး တို့က ပြောဆိုသည်။

စောရွှေမိုးက “ ဆရာတော်ရဲ့ခရီးစဉ်မှာ တတ်နိုင်သည့်ဘက်က ကုသိုလ်ပြုခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းသာကြည်နှုးရပါတယ် ” ဟု ကရင်အမျိုးသားမီဒီယာ ကို ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသီးသီးသို့ရောက်ရှိနေကြသည် ကရင်အမျိုးသားအများစုက ဆရာတော်၏အမည်နာမ (ဘွဲ့) ထက် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဦးဆောင်ဆရာတော်တပါးအပြင် တိုင်းရေးပြည်ရာများနှင့်ပတ်သက်၍ အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုသည့် ဆရာတော်တပါးအနေနှင့်သိရှိထားကြသည်ဟု ကနေဒါနိုင်ငံတွင် နေထိုင်သည့် စောတကူး က ပြောဆိုသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိသည် အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို စက်တင်ဘာလ ၁ ရက်နေ့ကစတင်ခဲ့ပြီ်း ယခုလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် တောင်းကလေးဆရာတော်သည် အဓိကအခန်းကဏ္ဍမှဦးဆောင်ခဲ့ပြီး မြန်မာအစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်ကပင် ဦးဆောင်ဦးရွက်ပြု ခဲ့သည့် အထင်ကရ ကရင်အမျိုးသားဆရာတော်တပါးဖြစ်သည်ဟု (KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောဆိုသည်။

ကျေးဇူးတင်လွှာ – အထက်ပါသတင်းကို ရေးသားနိုင်ရန်အတွက် အကူအညီပေးခဲ့ကြသည့် ဓာတ်ပုံပိုင်ရှင်နှင့်ရပ်နီးရပ်ဝေးမှမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။

သတင်း – ကရင်အမျိုးသား မီဒီယာ

Source: https://kareanmedia.blogspot.com/2015/10/blog-post_22.html

Loading

Categories
ကရင်လူမျိုး အမျိုးသားရေး

တောင်ကလေးဆရာတော်၏ အမေရိကန် အလည်အပတ်ခရီးစဉ် အမျိုးသားရေးအတွက်ဟုဆို

ဩဂုတ် ၂၇ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)သည် စက်တင်ဘာလ ၁ရက်နေ့မှစ၍ အမေရိကန်နိုင်ငံ သို့ ကြွရောက်မည်ဖြစ်ပြီး ထိုနိုင်ငံရောက် ကရင်လူမှုအသိုင်းအဝိုင်းများနှင့် အမျိုးသားရေးဆိုင်ရာ တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

“သွားမှာက အဲဒီမှာရှိတဲ့ ကရင်တွေအားလုံးနဲ့ တွေ့မယ်။ အမျိုးသားရေးသက်သက်ပဲ။ နိုင်ငံရေးမပါဘူး။ ဦးဇင်းကိုယ်တိုင်သွားတဲ့ အလည်အပတ် ခရီးစဉ်ပါပဲ။ အေးမြပါစေ။”ဟု ဆရာတော်အရှင်ပညာသာမိက ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။
အဆိုပါခရီးမှာ ဆရာတော်၏ ကိုယ်ပိုင် အလည်အပတ် ခရီးစဉ်သဘောမျိုးသာဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုပြည် နယ်သို့ ဦးဆုံးရောက်ရှိမည်ဟုသိရပြီး အခြားပြည်နယ်တိုင်းသို့လည်း ဆက်လက် ကြွရောက်ကာ ကရင်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန် အမေရိကန်ရောက်မှသာ ဆက်လက် စီစဉ်သွားမည်ဖြစ်သည်ဟုလည်း အရှင်ပညာသာမိက မိန့်ကြားသည်။
တက္ကစက်(Texas)ပြည်နယ်၊ Port Lavaca မြို့နေ နော်ကပေါ်စေးက “ဆရာတော်လာမယ်ဆိုတာကြားတော့ ဝမ်းသာပါတယ်။ ဘယ်လိုခရီးစဉ်မျိုးလဲ အတိအကျ မသိပေမဲ့ သူ့ရဲ့ ယခုခရီးစဉ်ကတဆင့် ပြည်တွင်းပြည်ပ ကရင်အမျိုးသားတွေ ချိတ်ဆက်မှု ပိုမိုရှိလာနိုင်ပြီး နားလည်မှု၊ စည်းလုံးမှုမှသည် ကျမတို့ ကရင်တစ်မျိုးသားလုံး လိုလားတောင့်တနေတဲ့ ရည်မှန်းချက်ပန်းတိုင်အ တွက် အထောက်အကူပြုစေမဲ့ လမ်းစပေါင်းများစွာထဲက တစ်ခုဖြစ်လာနိုင်တယ်လို့လည်း မျှော်လင့်မိပါတယ်။”ဟု ပြောသည်။
နယူးယော့ခ်ပြည်နယ်သို့ ရောက်ရှိနေထိုင်သူ ကရင်တေးရေးဆရာ စောဒါးဘူက ၎င်းတို့မြို့တွင် ကရင်လူမျိုး များပြားသော်လည်း ဗုဒ္ဓဘာသာဝင် နည်းပါးသည့်အတွက် ဘုန်းကြီးကျောင်းရရှိရန် စတင် ကြိုးစားနေဆဲဖြစ်ရာ ဆရာတော်အနေဖြင့် နားလည်ပေး နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆရာတော်ကိုယ်တိုင်လည်း တွေ့ဆုံရန် ဆန္ဒရှိသည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူ ကြောင်း ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၁၃နှစ်ကလည်း ဆရာတော်အနေဖြင့် သြစတြေးလျားနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ကြွမြန်းကာ သြစ တြေးလျားရောက် ကရင်မိသားစု၊ အသိုင်းအဝိုင်းများနှင့်လည်း တွေ့ဆံ့ခြင်းရှိခဲ့ပြီး ယခု အမေရိကန်ခရီးစဉ်မှာ ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်း ဆရာတော်အရှင်ပညာသာမိက ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။

Source: https://mkba2015.blogspot.com/2015/08/blog-post.html

Loading

Categories
ကရင်လူမျိုး ဆောင်းပါး ရိုးရာဓလေ့

ပြည်နယ်ကျက်သရေကျောင်း ဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးစီးကြီးမှူးကျင်းပခဲ့သော ခြောက်ထပ်ကြီး(ရန်ကုန်) ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်းတချို့ (၂၀၁၀)

ကရင့်မာန် Blogspot မှပြန်လည်မျှဝေဖော်ပြခြင်း။

ဒီလက်ချီပွဲကိုတော့ ပြည်နယ်ကျက်သရေကျောင်း ဆရာတော် ဘုရားကြီးကိုယ်တိုင် ဦးစီးပြီးတော့ ကျင်းပတာဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီကရင့်ရိုးရာ လက်ချီပွဲကို လပြည့်နေ့နဲ့ အနီးစပ်ဆုံး Sunday မှာ ကျင်းပ ပြုလုပ်ပါတယ်။

(၂၂.၀၈.၂၀၁၀) ရက်မှာ ကရင့်ရိုးရာ လက်ချီပွဲကို ကျင်းပ ပြီးစီးသွားတာဖြစ်ပါတယ်။ ဒီ link ကို လာလည်တဲ့ မိဘ ပြည်သူ အပေါင်းတို့ လက်လှမ်းမီသလောက် ဓါတ်ပုံကို မျှ၀ေတင်ပြပေးလိုက်ပါတယ် (စောအဲ့ကလို)

ဆရာတော် ဘုရားကြီးကိုယ်တိုင် ကရင့်အမွေအနှစ်ကို တန်ဖိုးထား လေးစားပြီး ကိုယ်တိုင်ပါဝင်ဆင်နွဲတဲ့ မြင်ကွင်း (ခြောက်ထပ်ကြီး)
ခြောက်ထပ်ကြီးက ကျင်းပပြီးစီးသွားတဲ့ ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း
ခြောက်ထပ်ကြီး (ရန်ကုန်)
ကရင့်ရိုးရာ လက်ချီပွဲ မြင်းကွင်း
ကရင့် မောင်မယ် ညီအစ်ကို မောင်နှမ များကို ဖျော်ဖြေရေးနှင့် တပျော်တပါး (ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း)
ကရင့်ရိုးရာ မုန့်ဟင်းခါးနဲ့ ပရိတ်သတ် အားလုံးကို ကြိုဆိုတဲ့ မြင်ကွင်း
(ခြောက်ထပ်ကြီး ကရင့်ရိုးရာလက်ချီပွဲမြင်ကွင်း)
ကရင့် ရိုးရာကို တန်ဖိုးထား မြတ်နိုးတဲ့ ကရင့် မောင်မယ် များရဲ့ ချစ်စရာ မြင်ကွင်း (ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲမှ မြင်ကွင်း)
ကရင့်ဒုံးအကနဲ့ စည်စည်ကားကား (ခြောက်ထပ်ကြီးကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်း)
အားကြိုးမာန်တက် သီဆိုဖျော်ဖြေနေတဲ့ မြင်ကွင်း
(ခြောက်ထပ်ကြီး ကရင့်ရိုးရာ လက်ချီပွဲ )

Posted by ပန်းသတင်းလေညှင်းဆောင် at 6:00 AM

ရင်းမြစ်။ ။

ကရင့်မာန် (koedetharr.blogspot.com)

http://koedetharr.blogspot.com/2010/08/sunday.html

Loading

Categories
ကရင်လူမျိုး ရိုးရာဓလေ့ ရုပ်သံ

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)

၁၅ ၜၠင်ထင်းၜါ ဖၠုံဏိင်းထင်းသင့်မူႋဏီ (၂၇၄၆ ဏိင်း)
(ဖၠုံပညာ့တ်ုဝါန့်၊ ဍုံထ်ုအင်၊ ဖၠုံထီ့ခါန်ႋ)

၁၅ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား (၂၇၄၆)
(တောင်ကလေးကျေးရွာ၊ ဘားအံမြို့၊ ကရင်ပြည်နယ်)

15th Happy Karen New Year Celebrations (2746)
(Taunggalay Village, Hpa-An, Kayin State)

ဩစတြေးလျနိုင်ငံသား Ludo Kuipers ဘားအံမြို့၊ တောင်ကလေးကျေးရွာသို့ ၂၀၀၆ ခုနှစ်တွင် ရောက်ခဲ့စဥ်အခါက ရိုက်ကူးခဲ့သော ကရင်နှစ်သစ်ကူးနေ့ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ

Images: Karen New Year | Myanmar | Photos | OzOutback

Feature Image: Music and dancing | Karen New Year | Myanmar | OzOutback

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၈၈) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောစံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။

ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင် (ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/၈ဝ သာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော် ဦးဝဇီရဗုဒ္ဓိ ထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၏ ပဓာန နာယကဖြစ်တော်မူသော ညဝါအကျော်ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်း၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၃ – ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ (၂၈၊ ၁၀၊ ၁၉၂၁) နံနက် (၁၀) နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့် ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂ – ခုနှစ်၊ တန်ခူးလဆန်း (၈)ရက် (၁၄-၄-၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် နောင်ဘိုကြီးဆရာတော် ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရ၊ ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက်ဆရာတော် ဦးနာရဒ၊ ဆရာတော်ဦးဣန္ဒက ထံတော်တို့၌ ပရိယတ္တိပညာ နည်းခံသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်) စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကိုအောင်မြင်ခဲ့ပြီး၊ မြန်မာကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။

ဆရာတော်ကြီးသည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင်အောင် (၃၆) နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ် (ငယ်-လတ်-ကြီး) နှင့် စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာ ပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကိုပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင်အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားလှသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း” နှင့် “ ပဋ္ဌာနနယသင်္ခေပကျမ်း” ကိုလည်း ရေးသားပြုစုတော် မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈) ဝါအရ မြန်မာကောဇာသက္ကရာဇ် ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆) နာရီတွင် မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော် လောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃၀၂ခု၊ တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ မန္တလေးမြို့ တောင်ပြင်ထီလင်းတိုက်၊ ရွှေရေးဆောင်တိုက်၊ ဘုရားကြီးတိုက်ဆရာတော်တို့နှင့် စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒက တို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟအသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည် ၁၃၅၁ ခု တန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ

နမတ္ထု ဝဇိရဉာဏိကဿ ဗုဒ္ဓဿ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ
(၁၂၈၃ – ၁၃၅၁)

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆရာတော် ဆရာတော်လောင်းလျာကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီး၊ ရွာကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃ နှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာထံ၌ သာမဏေပြုခဲ့သည်။ သာမဏေအဖြစ် ဖြင့် ပဲခူးမြို့သို့ရောက်ခဲ့၍ မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇ၊ မဟန ဥက္ကဋ္ဌ) ထံ၌ ပရိယတ္တိအခြေပြုစာပေများကို သင်ယူခဲ့သည်။

၁၃၀၂ ခု၊ တန်ခူးလဆန်း (၈)ရက်နေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်လျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်လုံးကြီးကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။

ထိုအခါမှစ၍ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ သထုံမြို့လယ်ဝန်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ ခရမ်းမြို့ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့တောင်ပြင် ထီးလင်းတိုက်မှ ဦးသူရိယာဘိဝံသ၊ ဦးပုညာနန္ဒာဘိဝံသ၊ ဦးသံဝရမာလာ ဆရာတော်များ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတော်ဦးနာရဒ၊ ဆရာတော်ဦးဥက္ကံသ၊ စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော် ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဍိတ) တို့ထံ၌ နေ့ဝါညဝါ ပရိယတ္တိအထက်တန်းစာပေများကို နည်းခံသင်ကြားခဲ့သည်။

ပဲခူးမြို့ ဝိနယာဓိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများအောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့်တကွ အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၀ ခု၌ သကူသီဟ အသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလဓမ္မာစရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် (၃၆) နှစ်တာကာလ ငယ်၊ လတ်၊ ကြီး နှင့် စာချတန်းစာဝါများကို ပို့ချခဲ့ သည်။ ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို ကြိမ်ဖန်များစွာပို့ချခဲ့ပြီးလျှင် နွေရာသီပဋ္ဌာန်းကို အထူးစာဝါအဖြစ် ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော် အဖြစ်ထင်ပေါ်ခဲ့သည်။

စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်၏နည်းကို မှီငြမ်းပြုလျှက် ယမကသင်္ခေပကျမ်းနှင့် ပဌာန နယသင်္ခေပ ကျမ်းများကို စီစဉ်ဖြန့်ချိပို့ချခဲ့သည်။ ပရိယတ္တိလုပ်ငန်းမှတပါး ပထမအကြိမ်ဂိုဏ်းပေါင်းစုံကာလဝယ် မြို့နယ်ဝိနည်းမိုရ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ရသည်။

ထူးခြားသည့်ဆောင်ရွက်ချက်များမှာ ပဋ္ဌာန်းစာဝါပြီးချိန်များ၌ မိမိရရှိထားသည့် ပစ္စည်းများကို စာလိုက်များအား မဲချလှုဒါန်းခြင်း။ ဆွမ်းခံဝတ်မှန်ကန်ခြင်း။ စာဝါပို့ချမှုကို လေးစားခြင်း။ ဝတ်တက်ဝတ်ကပ် မှန်ကန်ခြင်း။ ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းများပင် ဖြစ်သည်။

ယင်းကဲ့သို့သော အတ္တ၊ ပရနှစ်အကျိုး သည်ပိုးထမ်းဆောင်နေစဉ် ပဋ္ဌာန်းဆရာတော်သည် သက်တော် (၆၀) သိက္ခာတော် (၄၀) မြောက်၊ ၁၃၅၁ ခု ဦးတန်းခူးလဆန်း (၁၃) ရက် (၁၈၊ ၄၊ ၈၉) အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝ နတ်နန်း ကြွမြန်းစံပျော်တော်မူ ခဲ့ပေသတည်း။

**************************************

Loading