Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အကြင်နာပိုရင် အလိုလိုက်ရမယ်။
။ မနာလိုရင် ရင်ပိုနာရမယ်။
။ ဝန်တိုမှုများရင် ရုပ်ပိုအိုမြန်မယ်။
။ နားလည်မှုပိုရင် ပိုပင်ပန်းရမယ်။
။ အထင်သေးမှုများရင် မာနကဲလာမယ်။
။ ဦးစားပေးများရင် စိတ်ပိုဆင်းရဲမယ်။
။ ခယမှုပေးရင် ပိုပြီးမောက်မာမယ်။
။ နားးလည်မှုထားရင် ပိုနာကြည်းရမယ်။
။ ပိုပိုပြီးပြောရင် ကိုယ်ပဲပူရမယ်။
။ ပိုပိုပြီးလျှော့ရင် အကုန်ပေါ့တန်မယ်။
။ ဒါကြောင့် ကိုယ်ကောင်းအောင်သာနေ။

တောင်ကလေးဆရာတော်
(၆.၈.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ရုပ်ဟောင်းကိုပြစ်
ရုပ်သစ်ချစ်လည်း
ရုပ်စစ်မှန်ကဖြစ်,ပျက်ကြ။

။ အိုသည့်ရုပ်စု
နာရုပ်စုနှင့်
သေမှုမကင်း
ရုပ်ဖြစ်ခြင်းကို
ပြင်ခြင်းမတတ်နိုင်ကြဘူး။

။ ချောလှပျိုနု
အစပြုလည်း
အိုမှုနာရင်း
သေရင်းနဲ့သာအကြောင်းကူး။

။ နေ့နေ့ညည
ကျောင်းထိန်းရလည်း
ခဏမစဲ
အိုနာမြဲမို့
သေမြဲမဆုံးဖြစ်လေဦး။

။ ဝဋ်မြစ်မကုန်
ဝဋ်သစ်ပုံရ
ဝဋ်ကုန်အောင်ဆပ်
ပေးဆပ်ကြလည်း
ဒုက္ခဖြင့်သာကြောင်းမထူး။

။ ယနေ့သင့်မှာ
ပြင်ဆင်ပါတော့
ဘာဝနာဉာဏ် ဖြာဝေဦး။

။ လူးလူးလဲလဲ
ဒဏ်ဆင်းရဲကို
ပြောင်းလဲပြင်ဆင်လိုက်ပေဦး။

တောင်ကလေးဆရာတော်
(၅.၈.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကိုယ်နှင့်မဆိုင် မသိချင်နှင့်။
။ အကျိုးမရှိတာတွေ မဖြစ်ချင်နှင့်။
။ မေတ္တာမရှိရင် မချစ်ချင်နှင့်။
။ မတည့်အတူ မနေချင်နှင့်။
။ အကျိုးနည်းအရပ် မရောက်ချင်နှင့်။
။ အသုံးမကျ မမှီချင်နှင့်။
။ အားကိုးအရ မခင်ချင်နှင့်။
။ ကျေးဇူးသိသူ မဝေးချင်နှင့်။
။ ကိုယ့်အပေါ် သစ္စာမဲ့သူ မနီးချင်နှင့်။
။ ကတိတည်သူ မပျက်ချင်နှင့်။
။ မကြီးပွားရင် မရှာပါနှင့်။
။ ပညာမတတ်ရင် မနေပါနှင့်။
။ ဆုတ်ယုတ်ပျက်စီးရင် မကျင့်ပါနှင့်။
။ အနိုင်ကျင့်ရင် မတော်လှန်ပါနှင့်။
။ ကိုယ်ကျင့်ကိုယ်ကြံ မြတ်အောင်နေ။

တောင်ကလေးဆရာတော်
(၂.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မေ့ရမယ့်အကြောင်းကို မေ့ပစ်ပါ။
။ ရှင်းရမယ့်ကိစ္စကို ရှင်းထားပါ။
။ ပြင်ထားသင့်တာတွေ ပြင်ဆင်ထားပါ။
။ ကြဉ်ဖယ်သင့်တာတွေ ကြဉ်ဖယ်ထားပါ။
။ သာယာခဲ့တာတွေ ပယ်နုတ်ထားပါ။
။ အားကိုးခဲ့တာတွေ လျှော့ချစေပါ။
။ ကြော့မော့ခဲ့တာတွေ ပြန်ပြင်ဆင်ပါ။
။ လျှော့ပေါ့ခဲ့တာတွေ ပြန်တည်ဆောက်ပါ။
။ မှားခဲ့တာတွေ နောင်တရပါ။
။ နိုင်ခဲ့တာတွေ ပြန်တောင်းပန်ပါ။
။ ကတိပျက်ခဲ့တာတွေ ပြန်သတိရပါ။
။ သည်နေ့ စိတ်ရဲ့အညစ်အကြေးကို ရှင်းပါ။

တောင်ကလေးဆရာတော်
(၁.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မနာတတ်သော နှလုံးသား။
။ ခံနိုင်ရည်ရှိသော စိတ်ဓာတ်။
။ မတွန့်တိုတတ်သော စေတနာ။
။ ကိုယ်ချင်းစာတရားထားသော အကျင့်။
။ အနိုင်မယူသော ပတ်ဝန်းကျင်။
။ အမြဲခွင့်လွှတ်သော နေရာတကာ။
။ အနစ်နာခံနိုင်သော ပါရမီ။
။ ကိုယ်ကျိုးမရှာသော ဘဝ။
။ ဒုက္ခနှင့်အရင်းတည်သော အပယ်ခံလမ်းစဉ်။
။ အများအကျိုးကို ညှာတာသနားထောက်ထား။
။ ဤတရား သူတော်ကောင်းတို့ရဲ့ မြတ်တံခွန်။

တောင်ကလေးဆရာတော်
(၂၉.၇.၂၀၂၂)ရပ်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ သူမြတ်ကျင့်ထုံး လက်ကိုင်သုံးပါစေ။
။ အာရုံယစ်မူး ​ပျော်မကြူးစေနှင့်။
။ လောကဓံဘယ်လိုကြုံ မဖြုံစတမ်းမာပါစေ။
။ လူနှင့်လူချင်း ရန်စစ်ခင်းခြင်းကို အားမပေးပါနှင့်။
။ ဒုက္ခလွတ်ကင်း အလင်းပေါက်ရောက်အောင်နေတတ်ပါစေ။
။ သောကကိုထိန်း ရမ္မက်သိမ်းတတ်ပါစေ။
။ မာနတံခွန် ဂုဏ်ခံပြီး မနေပါနှင့်။
။ လူနှင့်ဆိုင်ရာကျင့်ဝတ်တရားတွေကို လိုက်နာတတ်ပါစေ။
။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းတတ်ပါစေ။
။ ဝတ်မူအထွေထွေ အမြဲကျေပါစေ။
။ တာဝန်ဝတ္တရား အမြဲမလစ်ဟင်းပါစေနှင့်။
။ မှောက်မှားတတ်သည့် မည်သည့်အရာမဆို သတိထားပြီး တရားကို ဘယ်တော့မှ မမေ့ပါစေနှင့်။

တောင်ကလေးဆရာတော်
(၂၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဝဝ သည်းခံပါ။
။ မြတ်မြတ် မေတ္တာထားပါ။
။ လှလှ ကြင်နာပါ။
။ ပျော်ရွှင်စွာ ခင်မင်ပါ။
။ ယုံကြည်စွာ မြတ်နိုးပါ။
။ ကြည်သာစွာ ဆက်ဆံပါ။
။ ကျေနပ်စွာ ကောင်းမှုပြုပါ။
။ ယဉ်ကျေးစွာ ခွန်းတုံ့ပြန်ပါ။
။ ညင်သာစွာ အားပေးပါ။
။ မှန်ကန်စွာ တွေးခေါ်ပါ။
။ အကျိုးမပျက် ပေါင်းသင်းပါ။
။ အပြစ်မဖြစ်အောင် နေထိုင်ပါ။

တောင်ကလေးဆရာတော်
(၂၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ တမ်းတတိုင်း လွမ်းမပြေ။
။ တောင်းတတိုင်း ငတ်မပြေ။
။ တောင့်တင်းတိုင်း ဝမပြေ။
။ တောင်းခံတိုင်း ရမပြေ။
။ လိုချင်တိုင်း မက်မပြေ။
။ ကြည်ညိုတိုင်း ခက်မဝေ။
။ မြတ်နိုးတိုင်း ချစ်မနေ။
။ တော်လှန်တိုင်း နိုင်မပြေ။
။ နုနေတိုင်း လှမသွေ။
။ တတ်နေတိုင်း စွမ်းမနေ။
။ လှူနေတိုင်း ပျော်မပြေ။
။ ရှု့နေတိုင်း စွဲမပြေ။
။ နေ့တိုင်းသာ ခန္ဓာသာ
ဖြစ်,ပျက်သာ ရှု့ပါလေ။

တောင်ကလေးဆရာတော်
(၂၅.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အပြစ်ကင်းကွာ အသက်ဆက်ပါ။
။ ယုံကြည်ချက်နှင့် ရှင်သန်နေပါ။
။ သည်းခံခြင်းနှင့် နိုးထစေပါ။
။ အောင်မြင်ခြင်းနှင့် ကြိုးစားစေပါ။
။ မေတ္တာဖြင့်သာ နားလည်မှုထားပါ။
။ ခွင့်လွှတ်ခြင်းနှင့် ပေါင်းသင်းစေပါ။
။ သနားခြင်းနှင့် ပေါင်းစည်းစေပါ။
။ ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေပါ။
။ ချွေတာရေးနှင့် ရောင့်ရဲစေပါ။
။ ပေးကမ်းမှုနှင့် ပျော်ရွှင်စေပါ။

တောင်ကလေးဆရာတော်
(၂၄.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အယူကြောင့် အယူမဖြောင့် အယူကြောင့် ရူး။
။ အမူကြောင့် စိတ်ကြမ်းမဖြောင့် အမူကြောင့် တူး။
။ စာနယ်ကြောင့် ဝါကျမဖြောင့် စာပေကြောင့် လူး။
။ ဘာသာကြောင့် အယုံမဖြောင့် ဘာသာကြောင့် မူး။
။ မာယာကြောင့် သစ္စာမဖြောင့် မာယာကြောင့် နူး။
။ အာဏာကြောင့် တိုင်းပြည်မဖြောင့် အာဏာကြောင့် စူး။
။ တဏှာကြောင့် ဘဝမဖြောင့် တဏှာကြောင့် ပူး။
။ မေတ္တာကြောင့် ချစ်လမ်းမဖြောင့် မေတ္တာကြောင့် ဆူး။
။ ဥစ္စာကြောင့် စိတ်ရင်းမဖြောင့် ဥစ္စာကြောင့် ညူး။
။ ပညာကြောင့် ကြောင်းကျိုးမဖြောင့် ပညာကြောင့် ဘူး။

တောင်ကလေးဆရာတော်
( ၂၃.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading