Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မေ့ရမယ့်အကြောင်းကို မေ့ပစ်ပါ။
။ ရှင်းရမယ့်ကိစ္စကို ရှင်းထားပါ။
။ ပြင်ထားသင့်တာတွေ ပြင်ဆင်ထားပါ။
။ ကြဉ်ဖယ်သင့်တာတွေ ကြဉ်ဖယ်ထားပါ။
။ သာယာခဲ့တာတွေ ပယ်နုတ်ထားပါ။
။ အားကိုးခဲ့တာတွေ လျှော့ချစေပါ။
။ ကြော့မော့ခဲ့တာတွေ ပြန်ပြင်ဆင်ပါ။
။ လျှော့ပေါ့ခဲ့တာတွေ ပြန်တည်ဆောက်ပါ။
။ မှားခဲ့တာတွေ နောင်တရပါ။
။ နိုင်ခဲ့တာတွေ ပြန်တောင်းပန်ပါ။
။ ကတိပျက်ခဲ့တာတွေ ပြန်သတိရပါ။
။ သည်နေ့ စိတ်ရဲ့အညစ်အကြေးကို ရှင်းပါ။

တောင်ကလေးဆရာတော်
(၁.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.