Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ သူမြတ်ကျင့်ထုံး လက်ကိုင်သုံးပါစေ။
။ အာရုံယစ်မူး ​ပျော်မကြူးစေနှင့်။
။ လောကဓံဘယ်လိုကြုံ မဖြုံစတမ်းမာပါစေ။
။ လူနှင့်လူချင်း ရန်စစ်ခင်းခြင်းကို အားမပေးပါနှင့်။
။ ဒုက္ခလွတ်ကင်း အလင်းပေါက်ရောက်အောင်နေတတ်ပါစေ။
။ သောကကိုထိန်း ရမ္မက်သိမ်းတတ်ပါစေ။
။ မာနတံခွန် ဂုဏ်ခံပြီး မနေပါနှင့်။
။ လူနှင့်ဆိုင်ရာကျင့်ဝတ်တရားတွေကို လိုက်နာတတ်ပါစေ။
။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းတတ်ပါစေ။
။ ဝတ်မူအထွေထွေ အမြဲကျေပါစေ။
။ တာဝန်ဝတ္တရား အမြဲမလစ်ဟင်းပါစေနှင့်။
။ မှောက်မှားတတ်သည့် မည်သည့်အရာမဆို သတိထားပြီး တရားကို ဘယ်တော့မှ မမေ့ပါစေနှင့်။

တောင်ကလေးဆရာတော်
(၂၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.