Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်ယနေ့ နံနက်ခင်း ။

။ န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ နကိဉ္စိ။

ဗျာရောသန ပဋိဃသည၊

နာညမညဿ ဒုက္ခမိစ္ဆေယျ။( ပါဠိဘာသာ)

အနက်( မြန်မာဘာသာ)

ပရော၊တစ်ပါးသောသူသည်။

ပရံ၊တပါးသောသူကို။

န နိကုဗ္ဗေထ၊ကောက်ကျစ်စဉ်းလဲခြင်း၊လှည့်ပတ်ခြင်းမပြုပါစေလင့်။

ကတ္ထစိ၊မည်သည့်အရပ်၊မည်သည့်နေရာ၌မဆို။

ကိဉ္စိ၊တစ်ဦးတစ်ယောက်ယောက်သောသူကို။

နာတိမညေထ၊မောက်မာထောင်လွှားသောအားဖြင့် မထေ( မထီ) မဲ့မြင် မပြုပါစေလင့်။

ဗျာရောသနာ၊( ဗျာရောသနာယ) ကိုယ်,နှုတ်နှစ်ပါးတို့ဖြင့် ထိခိုက်စော်ကား မပုတ်ခတ်ခြင်းဖြင့်လည်းကောင်း။

ပဋိဃာသညာ၊( ပဋိဃာသညာယ) ဒေါသစိတ်ဖြင့်လည်းကောင်း။

အညမညဿ၊အချင်းချင်း၏။

ဒုက္ခံ၊ကိုစိတ်ဆင်းရဲခြင်းကို။

မ ဣစ္ဆေယျ၊အလိုမရှိပါစေလင့်။

​ဆင်ခြင်ရန်ဆောင်ပုဒ်( ကဗျာ)

၁) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းကောက်၊ကောက်ကျစ်စဉ်းလဲမပြုရာ။

၂) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းဖြောင့်၊ဖြိုးမောက်ချမ်းသာရာ။

၃) မည်သည့်နေရာ၊မောက်မာတာ၊ရှောင်ခွာရမည်သာ။

၄) ဘယ်ဟာမဆို၊မောက်မာပို၊ပြုကိုမပြုရာ။

၅) ကိုယ်, နှုတ်နှစ်ပါး၊ထိစော်ကား၊မိုက်မှားမပြုရာ။

၆) ဒေါသစိတ်ထန်၊ချင်းချင်းမာန်၊ရှောင်ရန်ပွားမေတ္တာ။

စကားပြေ

။ တစ်ယောက်နဲ့တစ်ယောက်

မရိုးမသားသောအားဖြင့် ကောက်ကျစ်စဉ်းလဲတာလုပ်ရင်

မေတ္တာမဲ့ခြင်းပါပဲ။

။ တစ်ယောက်နဲ့တစ်ယောက်

ဘယ်နေရာမဆို

မထီမဲ့မြင်ပြုတာ

ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်

နှုတ်နဲ့ပြောဆိုမိတာပဲဖြစ်ဖြစ်

ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်

အချင်းချင်း

ကိုယ်စိတ်နှစ်ပါး

မချမ်းသာအောင်

ဆင်းရဲအောင်လိုလားတာတွေလည်း

မေတ္တာတရားခေါင်းပါးတာပါပဲ။

။ ဒါကြောင့် စဉ်းလဲတာ

မထီမဲ့မြင်မပြုတာ

ကိုယ်ထိလက်ရောက်

စိတ်လိုက်မာန်ပါ

နှုတ်စကားနဲ့

တစ်ဦးနဲ့တစ်ဦး

ဆင်းရဲအောင်မပြုလုပ်တာဟာ

မေတ္တာချစ်ခြင်းလိုသတ်မှတ်ရမယ်။

။ သည်လိုစိတ်ဓာတ်ရှိတဲ့သူဟာ

မေတ္တာရှိသူလို့ခေါ်လို့ရမယ်။

ဒါကြောင့်

သည်လိုစိတ်ဓာတ်နဲ့

တောင့်တခြင်းဟာ

မေတ္တာနယ်ထူးလို့ဆိုရမှာပါပဲ။

။ မေတ္တာမတုံးဘဲ

မေတ္တာနှလုံးသားနဲ့

အချင်းချင်းဘေးပြုခြင်းတို့ကို

ရှောင်ရှားနိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်

(၉.၅.၂၀၂၄)ရက်နေ့နံနက်ခင်း။

May be an image of mountain, grass and text

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ မှတ်မှတ်ရရ သည်ယနေ့ ။

။ စာရှုသူတွေကို

အထူးသဖြင့်

သည့်နေ့အတွက်

မေတ္တာပို့ပေးပါတယ်။

၁) (သဗ္ဗေသတ္တာ သုခိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိနော ၊ကိုယ်ခန္ဓာကျန်းမာ၍ ချမ်းသာခြင်းရှိကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၂) (သဗ္ဗေသတ္တာ ခေမိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

ခေမိနော၊ဘေးရန်အန္တရာယ်ကင်းကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၃) ( သဗ်ဗသေတ်တာ သုခိတတ်တာ ဘဝန်တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိတတ္တာ၊ချမ်းသာခြင်းရှိသောစိတ်ရှိကြကုန်သည်။

ဘဝန္တု ၊ မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။

။ သည်နေ့ ဤရွေ့ဤမျှ

စေလွှတ်အပ်သော

မေတ္တာဓာတ်ကြောင့်

အရှေ့နှင့်အနောက်

တောင်နှင့်မြောက်

အရပ်ဒေသ

အသီးသီးအသက၌

၁)ထိတ်လန့်စိုးရွံ့သောသူပုဂ္ဂိုလ်။

၂)ထိတ်လန့်စိုးရွံ့ခြင်းမရှိသောပုဂ္ဂိုလ်။

၃)ခန္ဓာရှည်လျားသောသတ္တဝါ။

၄)ခန္ဓာကြီးမားသောသတ္တဝါ။

၅)) ခန္ဓာကိုယ် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စားရှိသောသတ္တဝါ။

၆) ပုကွ နိမ့်တိုသောခန္ဓာကိုယ်ရှိသောသတ္တဝါ။

၇) သေးငယ် မှုံမွားသောသတ္တဝါ။

၈) ဆူဖြိုးသောသတ္တဝါ။

၉) မြင်ဖူးသောသတ္တဝါ။

၁၀) မမြင်ဘူးသောသတ္တဝါ။

၁၁) အရပ်ဝေး၌နေကြကုန်သောသတ္တဝါ

၁၂) အရပ်နီး၌နေကြသောသတ္တဝါ။

၁၃) နောင်မဖြစ်တော့ဘဲ ဖြစ်ပြီးသောသတ္တဝါ။

၁၄) နောက်ဖြစ်ရန် ဘဝကိုရှာကြသောသတ္တဝါ။

၁၅) အလုံးစုံသောသတ္တဝါ အပေါင်းတို့သည်။

(သုခိတတ္တာ၊ကိုယ်စိတ်နှစ်ဖြာ၊ကျန်းမာချမ်းသာရှိကြကုန်သည်။

ဘဝန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။)

တောမှီရဟန်း

(၈.၅.၂၀၂၄) ရက်နေ့နံနက်)

See Translation

May be an image of 1 person

Loading

Categories
ဗုဒ္ဓဘာသာ ရုပ်သံ

ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

https://www.youtube.com/watch?v=GBgj2ebBX-8
ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား

ကရင်ပြည်နယ် သံဃနာယကဆရာတော်အဖွဲ့ဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တခေမိဿရာလင်္ကာရ
(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ MA – သီရိလင်္ကာ/အိန္ဒိယ) အား
ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား
ဓမ္မပီယကျောင်းတိုက်၊ ဖားအံမြို့နယ်၊ ကရင်ပြည်နယ်။
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂)ရက်
(၅.၅.၂၀၂၄) တနင်္ဂနွေနေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ အငိုတိတ်သောညများ ။

။ အိမ်ထောင်ပြုကြလို့

လင်မယားချင်း

စကားမများကြတာ

ရန်မဖြစ်ကြတာ

သဝန်မတိုကြတာ

နားကိုက်ပါးကိုက်

အကြိုက်တူကြတာ

မတူကြတာ

စသဖြင့် စသဖြင့်ပေါ့

မဖြစ်ကြတာမရှိပါဘူးတဲ့လေ။

။ မနေ့က

တပည့်မလေးတစ်ယောက်

ကျောင်းကိုပြန်ရောက်လာလို့

မျက်ရည်လည်ရွဲပြီး

ပါးပြင်ကျယ်ကြီးပေါ်မှာ

မိုးလုံးတမျှ စီးဆင်းနေပေါ့။

။ ” ကဲ ကဲ

တပည့်မရေ

ဘာတွေများ

အသဲတွေထဲက

အလောင်အကျွမ်းတွေ

ဖြစ်နေရတာလဲ?

မေးပါတယ်။

။ တပည့်က

အသံမထွက်နိုင်

အတောမသတ်နိုင်

တရှုံ့ရှုံ့တတွတွနဲ့

ရှိုက်ကြီးတငင်နဲ့ပဲ

ငိုနေတော့တာပါပဲ။

။ ငိုနေတော့

ဘာအကျိုးရှိလို့ပါလဲ

ပြောစရာရှိတာပြောပေါ့

မေးနေတာလေလို့

အကြိမ်ကြိမ်မေးတော့မှပဲ။

။ ” တပည့်တော်မ”

” ဆိုပါ ၊ ဘာပြောမလဲလို့”

“ တပည့်တော်မ

အမျိုးသားနဲ့

ခွဲလိုက်ကြပါပြီဘုရား” တဲ့။

။ ” အမျိုးသားနဲ့

လမ်းခွဲကြတာ

တည်တည်ငြိမ်ငြိမ်

မဖြစ်ဘဲနဲ့

ဘာလို့များအဲဒီလောက်ထိ

အသည်းအသန်ကြီး

အသည်းအထန်နဲ့

ငိုရတာလဲ?

တည်တည်ငြိမ်ငြိမ်လေးနဲ့

လျှောက်ပေါ့ကွယ်”

မိန့်ပြီးတာနဲ့ပဲ။

။ ” တပည့်တော်မကို

သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား

ကလေးတွေကမေမေဖေဖေတွေနဲ့

ထားခဲ့လိုက်ပါပြီဘုရား”

ဆိုပြီးကြားမိလိုက်တာနဲ့ပဲ

ကြားရသူအရှင့်အဖို့

(သောကောရောကော

ဝိနဿတု) မဖြစ်ပါ။

။ အော်

အိမ်ထောင်ပြုကြတယ်ဆိုတာ

မူလရည်ရွယ်ချက်က

ဘာတွေများပါလဲနော်။

။ ချစ်ကြဖို့

သံယောဇဉ်ရှိကြဖို့

စောင့်ရှောက်ထိန်းသိမ်းကြဖို့

သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်

ရိုးမြေကျသည့်တိုင်အောင်

ချစ်ခြင်းများစွာနဲ့

ချစ်ကြင်နာကြဖို့

မြတ်နိုးကြတာတွေ

မဟုတ်ဘူးလားလို့

တွေးမိပါလေရဲ့။

။ ခဏချင်း

စဉ်းစားမိလို့အပြီးမှာ

” ကဲ အငိုတိတ်တော့

ငိုခြင်းဆိုတာ

ထာဝရဥစ္စာတစ်ပါးပါပဲ

အငိုရှာရင်ငိုရမပေါ့

တပည့်ရယ်

ပြက်ရယ်ပြုတယ်လို့တော့

မထင်မိပါနဲ့။

။ မင်းတို့ဆရာလည်း

ဒီအချစ်နဲ့

ဒီအမုန်းတွေနဲ့

ဒီလောကမှာ

ဘဝတဏှာကြောင့်

တမ်းတငိုကြွေးခဲ့ရတာ

ဒီအသက်ဒီခန္ဓာ

ဘဝဘဝါပါပဲလေ” ။

။ ” အေး

ပြောပြမယ်

ဒီစကားလေးတစ်ခွန်းတော့

နားထောင်ကြည့်လိုက်ပါ။

။ အိမ်ထောင်ဆိုတာ

ဘဝလောကမှာ

အကြီးဆုံးသော

ထောင်ကြီးတစ်ထောင်ဖြစ်လို့

အရည်အချင်းနဲ့

အပြည့်အဝ

အပြည့်အစုံ

အစုံအညီ

မရှိရင်တော့

ငိုပွဲဆင်

ငိုပွဲဝင်

ငိုမြဲပင်ပေါ့တပည့်ရယ်” ။

။ ကိုင်း တော်ပြီ….

ဆံချ

ဝတ်ရုံဝတ်

သီလခံယူ

ဘုရားဝတ်ပြု

ကမ္မဋ္ဌာန်းထိုင်

ဘာဝနာပွား

သင်္ခါရုပေက္ခာဉာဏ်ပွား

တည်တည်ငြိမ်ငြိမ်နဲ့

နေပေတော့တပည့်ရေ

နေတော့လို့ …….။

တောမှီရဟန်း

(၅.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အမျိုးသားရေး အဲးခိုး

။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။

မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်

။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်
နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။

။ မြန်မာနိုင်ငံသည်
၁၉၄၈-ခုနှစ်
ဇန်နဝါရီလ (၄)ရက်နေ့တွင်
စစ်မှန်သောလွတ်လပ်ရေး
ကိုရရှိခဲ့သည်။

နယ်ချဲ့တိုင်းတစ်ပါးတို့၏
စိုးမိုးအုပ်ချုပ်မှုအောက်မှ
လွတ်မြောက်လာခဲ့သော
တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်သည့်နေ့ကို
“ လွတ်လပ်ရေးနေ့” ဟူ၍
အသိအမှတ်ပြုထားကြသည်။

။ လွတ်လပ်ရေးနေ့
အင်္ဂလိပ်: Independence Day

ကမ္ပည်းစိုက်ထူ

။ ခရစ်နှစ် ၁၉၄၈ ခုနှစ်
ဇန်နဝါရီလ ၄ ရက်
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်
ပြာသိုလဆုတ် (၉ )ရက်
တနင်္ဂနွေနေ့ကား
မြန်မာနိုင်ငံသည်
လုံးဝလွတ်လပ်သော
အချုပ်အခြာအာဏာပိုင်
သမ္မတနိုင်ငံတော်အဖြစ်သို့
ကောင်းစွာရောက်ရှိသောနေ့
ဖြစ်လေသည်။

။ ထိုနေ့သည်
ပြည်ထောင်စု
မြန်မာနိုင်ငံသားများအဖို့
ထူးမြတ်သော
နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ရွာများတွင်
ထိုနေ့ကို
မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ
စိုက်ထူကြပြီးလျှင်
အောက်ပါအတိုင်း
ကမ္ဗည်း ရေးထိုးထားကြသည်။

“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ”

ဆင်ယင်ကျင်းပ

။ မြန်မာနိုင်ငံ အောက်ပိုင်း၌
နှစ်ပေါင်း ၁ဝဝ မျှ
မြန်မာနိုင်ငံ အထက်ပိုင်း၌
နှစ်ပေါင်း ၆ဝကျော်မျှ
နိုင်ငံခြားသားတို့၏
အချုပ်အခြာကို
ခံခဲ့ကြရပြီးနောက်
မြန်မာခေါင်းဆောင်ကြီးများ၏
အမျိုးမျိုးသော
ကြိုးပမ်းမှု တို့ကြောင့်
ရရှိခဲ့သော ဤလွတ်လပ်ရေးကို
တည်တံ့ခိုင်မြဲစေရန်နှင့်
ပြည်ထောင်စုကြီး
တိုးတက်ဖွံ့ဖြိုးစေရန်မှာ
ပြည်ထောင်စုသားအားလုံး၏
တာဝန်ဖြစ်သည်နှင့်အညီ
နှစ်စဉ်နှစ်တိုင်း
သတိရ ကြစေရန်
သတိပေးနှိုးဆော်သည့်အနေဖြင့်
နှစ်စဉ်ထိုနေ့တွင်
လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။

ဘွဲ့ထူးဂုဏ်ထူး

။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့်
လွတ်လပ်ရေး ကျောက်တိုင်၌
စုဝေးကြ၍
ပြည်ထောင်စုတည်မြဲရေး
တိုးတက်ရေးကို
မမေ့ မလျော့ဆောင်ရွက်ရန်
အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။

။ ပျော်ပွဲရွှင်ပွဲနှင့်
ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း
တစ်ခမ်းတစ်နား
ဆင်ယင်ကျင်းပကြ၍
အစိုးရကလည်း
နိုင်ငံ၏တာဝန်ကို
ထူးချွန်စွာထမ်းဆောင်သူတို့အား
ဘွဲ့ထူး ဂုဏ်ထူးနှင့်
ဆုလာဘ်များ
ပေးအပ်ချီးမြှင့်လေသည်။

” လွတ်လပ်ရေးနေ့
တို့မမေ့ပြီ
တို့ရှေ့ကောင်းခြင်းရောက်ပါစေ” ဟု
အဓိဋ္ဌာန်ပြုပါသတည်း။

အဲးခိုး
(၃.၁.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှစ်ဟောင်းကို နှုတ်ဆက်ခြင်း ။

။ လူတစ်ယောက်ရဲ့အကြောင်းကို
အားလုံးမသိနိုင်သလို
နှစ်တစ်နှစ်ရဲ့အကြောင်းကို
အားလုံးမသိနိုင်ပါဘူး။

။ နှစ်ဟောင်းရဲ့အဖြစ်ကို
အမျိုးမျိုးဖြစ်နေသလို
နှစ်သစ်အဖြစ်သည်လည်း
အမျိုးမျိုးဖြစ်နေမှာပါပဲ။

။ နှစ်ဟောင်းကသင်ခန်းစာတွေက
နှစ်သစ်မှာ ပြန်မရတော့သလို
နှစ်သစ်ကသင်ခန်းစာတွေလည်း
နှစ်ဟောင်းကိုပြန်မပေးပါဘူး။

။ နှစ်သစ်ကူးတော့
နှစ်ဟောင်းကို
လွမ်းတဲ့သူ
မုန်းတဲ့သူ
နှမြောတသတဲ့သူ
တမ်းတတဲ့သူ
နှစ်သက်တဲ့သူ
မနှစ်သက်တဲ့သူ
နှုတ်ဆက်သူ
နှုတ်မဆက်သူ
အမျိုးမျိုးအဖုံဖုံပါပဲ။

။ နှစ်ဟောင်းက
မိမိရဲ့အကြောင်းကို
ပြန်ပြောင်းပြီး
ဘယ်လိုပဲအောက်မေ့အောက်မေ့
တမ်းတတမ်းတ
သတိဘယ်လိုပဲရရ
မရရပါ
ဖြစ်ပျက်ခဲ့တဲ့အဟောင်းတွေက
မိမိအတွက်သင်ခန်းစာပဲလေ။

။ နှစ်သစ်မှာ
မိမိအတွက်ရမည့်သင်ခန်းစာက
ဘာလဲဘယ်လဲဆိုတာ
ရေရေရာရာ
မသိရပေမယ့်
သမုဒယသစ္စာ
ဒုက္ခသစ္စာတွေကလွဲရင်
သည်ထက်ပို၍
မရှိပါဘူး။

။ အကြင်နာပို
ရင်နာပိုရတာတွေ
မနာလိုရတာတွေ
အပိုတွေ
အလိုတွေ
ဒုနဲ့ဒေးက
မနက်ဖြန်
သို့မဟုတ်
ဘယ်သောခါပါပဲဆိုတာ
သင့်အတွက် သင်ခန်းစာပါ ။

။ အဆင်ပြေလည်း ဒုက္ခ
မပြေလည်း ဒုက္ခမို့
ဒုက္ခပေးမည့်အရာက
အသက်ရှင်လေသမျှပါပဲ။

။ ဒါကြောင့်
၂၀၂၄ ခုနှစ်
နှစ်သစ်မှာ
” အပြစ်မယူ
မငြူစူဘူး
ကြည်ဖြူတွဲလက်
မေတ် တာ ဆက် ၍
စဉ်ဆက်ကမ္ဘာ
တိုင်ပါစေလေ
​ကောင်းဆုချွေသည်
ကောင်းထွေစည်လျက်တိုးစေသော်” ဟု
ဆုမြတ်ပတ္ထနာပြုပါသည်
ဆုလာဘ်ခါခါစုပါစေ။

တောင်ကလေးဆရာတော်
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်၊ တနင်္ဂနွေနေ့နံနက်။)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း)က နဂိုကတည်းက ဒီမိုကရက်

“ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က
နဂိုကတည်းက ဒီမိုကရက်”

နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်ကို လျှောက်ထားမေးမြန်းခြင်း

အတွဲ(၁၂)၊ အမှတ်(၈)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လပြည့်ကျော် ၁ ။ ၁-၉-၂၀၂၃ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

၂ဝ၂၃ခုနှစ် မေလတွင် တိုင်းရေးပြည်ရေးအခြေနေများနှင့် သာသနာရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ တောင်ကလေးဆရာတော်(အဲးခိုး)ထံသို့ မြန်မာသံတော်ဆင့် အယ်ဒီတာ သွားရောက်ဖူးမြော်ကာ ဆရာတော်၏အမြင်များကို လျှောက်ထား မေးမြန်းခဲ့စဉ်။ (ယခင်တစ်ပတ်ဖော်ပြခဲ့သော မေးမြန်းခန်းအဆက်)

သံတော်ဆင့် – ဆရာတော်သီတင်း သုံးနေတဲ့ကျောင်းသစ်ကြီးကို အခု နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး လာရောက်ခဲ့တယ် ဘုရား၊ အရင်ကဆိုရင် နိုင်ငံတော်အကြီးအကဲ ထိပ်ဆုံးအဆင့် ဆရာတော်ကျောင်းကို မလာဖူးဘူး။ အခု နိုင်ငံတော်အကြီးအကဲက ဘယ်လိုကြောင့် လာဖြစ်ခဲ့တယ်ဆိုတာ သိပါရစေဘုရား။ 

ဆရာတော် – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဆရာတော့်ကျောင်းကို ရောက်လာတဲ့အချိန်တုန်းက မထင်ခဲ့ပါဘူး။ ဒကာကြီးက ကရင်ပြည်နယ်ကို ရောက်လာတယ်ဆိုတော့ တောင်ကလေး ဆရာတော် ကျောင်းကိုလည်းရောက်ပြီးတော့ သြဝါဒခံယူချင်ပါတယ် ဆိုပြီးတော့ ဒကာတွေက လာလျှောက်လို့ အေး လာခဲ့ပေါ့လို့။ လာလို့ရပါတယ်လို့။ ဒကာကြီးဒီကို ရောက်လာတဲ့ အချိန်တုန်းက ကျောင်းကလည်း ထွေထွေထူးထူး မပြီးမြောက်သေးတော့ ဒကာကြီးနဲ့ ဦးဇင်းနဲ့ အချိန်အကြာကြီးတော့ စကားမပြောဖြစ်ပါဘူး။ ဒကာကြီးနဲ့စကား ပြောတယ်ဆိုတာကလည်းပဲ ထွေထွေထူးထူးလည်း ဘာမှလည်းပြောခဲ့တာ မရှိတဲ့အခါကျတော့ နိုင်ငံရေးကိစ္စတို့၊ အခြားသာသနာရေးကိစ္စ၊ လူမှုရေးကိစ္စ တွေလည်း ဘာမှထွေထွေထူးထူး မပြောဖြစ်ခဲ့ပါဘူး။ ဒကာကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်မှာ၊ တပ်မ ၄၄ မှာ တပ်မမှူးဘဝကတည်းက ခင်မင်ရင်းနှီးခဲ့တဲ့ ဒကာဖြစ်နေတဲ့အတွက်ကြောင့် ဘားအံရောက်တုန်းမှာ ဆရာတော့်ကို ဝင်ရောက်ပြီးတော့ ဖူးမြော်တဲ့အနေနဲ့ လာရောက်ပြီးတော့ ဂါရဝပြုတဲ့အနေနဲ့ပဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြားဘာတစ်ခုမှ မိန့်ခဲ့တာမျိုးမရှိဘူး။

သံတော်ဆင့် – အဲဒီတုန်းက ဆရာတော်တို့ နှစ်ယောက်အတော်ရီမော နေကြတယ်။ 

ဆရာတော် – ဟုတ်တယ်။ အဲဒီ အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက် အဲလိုပဲ မတွေ့တာ ကြာတာလည်းပါတယ်။ မတွေ့တာကြာတယ်အခါ ဒီအတိုင်းပဲ သူပြုံးကိုယ်ပြုံးပါ။ 

သံတော်ဆင့် – အဲဒီအချိန်တုန်းက ကြံ့ခိုင်ရေးပါတီတစ်ခုတည်း အင်အားကြီးတာပေါ့ဘုရား။ ဖလုံစဝေါ်ပါတီ ပေါ်လာတော့ ဆရာတော်က ကရင်ပြည်နယ်ဘက်ကို ဝင်ထိန်းပေးတဲ့သဘော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဆရာတော်ရဲ့ ဒကာကြီးဆိုတာ သိနေတဲ့သူတွေ သိနေကြတော့ ဒါဟာ ဆရာတော်နဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေတို့ တိုင်ပင်ပြီး ဖလုံစဝေါ်ပါတီ ကရင်ဒေသမှာ ဖွဲ့လိုက်တာလားလို့ ယူဆစရာဖြစ်ပါတယ် ဆရာတော် ဘုရား။ 

ဆရာတော် – နိုင်ငံရေးကိစ္စနဲ့ ဆောင်ရွက်လာတဲ့ အခါကျတော့ ဒကာကြီး ဦးသန်းရွှေနဲ့ ဆရာတော်နဲ့ဟာ ဆုံဖြစ်ပါတယ်။ ဒကာကြီးဦးသန်းရွှေဟာ နဂိုကတည်းက ဒီမိုကရက်သမား။ ဒီမိုကရေစီကိုလည်း သူကောင်းကောင်း နားလည်ပါတယ်။ ဆိုရှယ်လစ်အကြောင်းကိုလည်း သူကောင်းကောင်း နားလည်တယ်။ ဒီမိုကရက်ပုဂ္ဂိုလ် ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးပါတီတွေ၊ ဘယ်လိုနိုင်ငံရေးပါတီတွေ ပေါ်ပေါက်ပေါ်ပေါက်၊ နိုင်ငံရေးအနှစ်သာရနဲ့ နိုင်ငံရေးတကယ်လုပ်တဲ့ ပါတီဆိုလို့ရှိရင် သူကတော့ အားပေးပါတယ်။ ဟို အဆိုးမမြင်ဘူးပေါ့။ အကောင်းဆုံးနဲ့ပဲနေတတ်လို့ ဆရာတော်နဲ့ ဒကာကြီးနဲ့က နိုင်ငံရေးအမြင် တူပါတယ်။ 

သံတော်ဆင့် – ဆရာတော်က ဒီမိုကရက်သမားလို့ မိန့်ပေမယ့် ဗဟိုဦးစီးစနစ်ကိုပဲ အဓိကသွားခဲ့တာ။ 

ဆရာတော် – အဲ ဒကာကြီးဦးသန်းရွှေက နိုင်ငံတော်ကို ဗဟိုဦးစီးစနစ်နဲ့ ဘာကြောင့်လုပ်ရသလဲဆိုတော့ မြန်မာပြည်၊ မြန်မာ့နိုင်ငံရေးဟာ ဗဟိုဦးစီးစနစ်မလုပ်ဘဲ ဘယ်လိုမှလုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးကို တကယ့်၊ အရပ်သားပြည်သူတွေက နိုင်ငံရေးကို နည်းစနစ်ကျကျနဲ့ မလုပ်တတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတ အားနည်းတယ်။ အတွေ့အကြုံ အားနည်းတယ်။ ဖြစ်သလို၊ အဲ ရှိသလို လုပ်တတ်တာ ဖြစ်သည့်အတွက်ကြောင့် နိုင်ငံရေးက အဲသလိုလုပ်လို့ မရဘူး။ နိုင်ငံရေးက အဲလိုလုပ်လို့မရသေးဘူး ဆိုတာကို ဒကာကြီးဦးသန်းရွှေက နဂိုတည်းက သူသတ်မှတ်ထားပြီးသား။ ဒါကြောင့်မို့ ဗဟိုဦးစီးတဲ့ ဒီနိုင်ငံရေး ဆိုတာကလည်းပဲ သူကိုယ်တိုင်ဦးစီးတဲ့ နိုင်ငံရေးမဟုတ်ပါဘူး။ 

ဆရာတော်  – ကြံ့ခိုင်ရေးမှာ ဘာလိုအပ်သလဲဆိုတော့ မူကောင်းတဲ့လူ တွေလိုတယ်။ 

သံတော်ဆင့် – ဆရာတော် အမိန့်ရှိ ကြံ့ခိုင်ရေးက အင်အားအကောင်းဆုံး။ အန်အယ်ဒီက မှတ်ပုံမတင်တော့။ 

ဆရာတော် – တရားဝင်အနေနဲ့ တစ်နိုင်ငံလုံးယှဉ်ပြိုင်နိုင်မဲ့ နိုင်ငံရေးပါတီလို့ သတင်းစာထဲမှာတော့ ဆရာတော်တို့အနေနဲ့ တွေ့ရတာတွေ ရှိပါတယ်။ ဒါပေမယ့် တွေ့ရတဲ့ တစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်တဲ့လူတွေက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကို ဘယ်လိုနည်းနဲ့မှ ချိုးလို့မရဘူး။ လူအင်အားလည်းချိုးလို့ မရသလို ဓနအင်အားလည်း ချိုးလို့မရဘူး။ ချိုးမနိုင်ဘူး။ ချိုးလို့လည်းမရဘူး။ ချိုးလို့လည်းမနိုင်ဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီသည် ဘက်မရှိ။ သူ့ကို ယှဉ်ပြိုင်ဘက် မရှိတာမဟုတ်ဘူး။ သူ့ကို အတိုက်အခံ ဘက်မဲ့နေ့သူဖြစ်တယ်။ 

သံတော်ဆင့် – တရုတ်က စီပီစီ ကွန်ဂရက်လို ဖြစ်လာမှာလားဘုရား။ 

ဆရာတော် – မှန်ပါတယ်။ အဲဒီလို ပုံစံမျိုးသွားလိုတဲ့ နိုင်ငံရေးဖြစ်သည့် အတွက်ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဟာ ဒီလိုဖွဲ့လာခဲ့တယ်လို့ ဆရာတော်တို့က ယူဆပြီးသား။ 

၂၀၂၁ခုနှစ် ဘားအံမြို့ တောင်ကလေး ကျောင်းတိုက် မဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ တောင်ကလေး ဆရာတော် (အဲးခိုး) ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ (လေ)တို့နှင့် တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ရောက်ရှိဖူးမြော်ခဲ့ကြစဉ်။

သံတော်ဆင့် – ပါတီစုံဆိုတဲ့ စနစ် ကတော့ရှိနေဦးမှာပေါ့။ 

ဆရာတော် – ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားလုံးကို သုံးနှုန်းထားပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတီစုံဒီမိုကရေစီလို့ သုံးနှုန်းထားပါတယ်။ ဒီမိုကရေစီဆိုတာ ပါတီစုံကို ပြောတာမဟုတ်ဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးအသွင်စုံအောင် ပါတီစုံဆိုတဲ့ စကားလုံးကို သုံးနှုန်းထားတာ။ တကယ်တမ်းတော့ နိုင်ငံရေးလောကမှာ ပါတီများလေ ပိုရှုပ်လေပါပဲ။ အဲဒီတော့ ပါတီစုံ နိုင်ငံရေးဆိုတာက ဒကာကြီးဦးနေဝင်းရဲ့ ဖွင့်လှစ်လိုက်တဲ့စကားလုံး ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ပါတီစုံနိုင်ငံရေးဆိုတာ မရှိပါဘူး။ ပါတီနိုင်ငံရေးပဲ ရှိပါတယ်။ ပါတီနိုင်ငံရေး၊ ပါတီအမျိုးမျိုးပါလာမယ် ဆိုပေမယ့်လည်း ပါတီအများကြီး ပါလာတာမဟုတ်ဘူး။ အဲဒီတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါတီစုံနိုင်ငံရေးလို့ ကျင်းပခွင့်ပေးလိုက်တဲ့ ဆိုတဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်သာ ပြဋ္ဌာန်းလိုက်တာ။ တကယ်တမ်းကျတော့ ပါတီစုံဆိုတဲ့ စကားလုံး သုံးမယ်ဆိုလို့ရှိရင် ဘယ်ပါတီတွေ လွှတ်တော်ခုံရုံးမှာ ပါရမယ်ဆိုတာ သတ်မှတ်ရမယ်။ သတ်မှတ်ပေးတာ မဟုတ်သည့် အတွက်ကြောင့် အဲဒီ ဥပဒေက ဘာလုပ်မလဲ။ ပြင်ရမယ်။ ပါတီစုံ နိုင်ငံရေးပါရမယ်ဆိုရင် ပါတီအနည်းဆုံး ၅ဝ ပါဝင်ရမယ်။ ပါတီ အနည်းဆုံး ဘယ်လောက်လောက် ပါရမလဲ။ သူက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သာမန်အားဖြင့်တော့ ဒီအတိုင်းသာ ရေးဆွဲထားပြီးတော့ တစ်ပါတီထဲသာ ပါလည်း ပါတီစုံပဲ။ ၂ ပါတီပါလည်း ပါတီစုံပဲ။ ဒါကြောင့်မို့ အဲဒီဥပဒေက ပြင်ဆင်ရမယ်။ 

သံတော်ဆင့် – ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဆန္ဒ ဖြစ်စေချင်တာလား။

ဆရာတော် – ဒကာကြီးဦးသန်းရွှေ တစ်ယောက်ထဲရဲ့ ဆန္ဒတော့မဟုတ်ဘူးပေါ့။ ဒကာကြီး ဦးသန်းရွှေအပါအဝင် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပေါ်ပေါက်အောင် ဦးဆောင်ရေးဆွဲထားတဲ့ ပုဂ္ဂိုလ်အားလုံးပါပါတယ်။ အဲဒီတော့ တိုင်းရင်းသားအခွင့်အလမ်းကို ဖွင့်ပေးတဲ့ပုဂ္ဂိုလ်တွေပါသလို တိုင်းရင်းသားအခွင့်အလမ်းကို အဲအခွင့်အရေးကို ရယူနေတဲ့ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ဒကာကြီးဦးသန်းရွှေ တစ်ဦးထဲတော့မဖြစ်နိုင်ဘူး။ ဒကာကြီး ဦးသန်းရွှေကတော့ ဟို ဦးဆောင်ပေးတဲ့ ပုဂ္ဂိုလ်လို့ ပြောရမယ်။ ဆရာတော့် အနေနဲ့ကတော့ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး။ အဲတော့ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး နှစ်မျိုးထဲမှာ လွှတ်တော်ကိုရောက်သွားတဲ့ နိုင်ငံရေးသည် အဲဒါ ဘုံနိုင်ငံရေးလို့ခေါ်တယ်။ မိမိနဲ့ မသက်ဆိုင်တဲ့၊ ပါတီနိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့အလုပ်တွေ ဘယ်သူမှ လုပ်လို့လည်းမရဘူး။ အမျိုးသားနိုင်ငံရေး သို့မဟုတ် ဘုံဆိုင်နိုင်ငံရေး လုပ်ရတော့မယ့် နိုင်ငံရေးသမားတွေ လွှတ်တော်မှာရောက်သွားပြီ။ ငါတို့တွေက ရောက်လာပြီဆိုတာကို အများပြည်သူ လုပ်ရမဲ့နိုင်ငံရေးကို မလုပ်ဘဲနဲ့ အစွဲအလမ်းမကင်းတဲ့၊ ဥပါဒါန်မကင်းတဲ့။ အစွဲအကင်းတွေပေါ့။ မကင်းတဲ့ပုဂ္ဂိုလ်တွေက နိုင်ငံရေးလွှတ်တော် မျက်မှောက်မှာ၊ လွှတ်တော်ရဲ့နေရာကို ရောက်သွားတဲ့အခါကျတော့ တိုင်းပြည်ကြီးဟာ အခုဖြစ်သွားတဲ့ကိစ္စဟာ ဒီအတိုင်းပဲ။ တကယ်တမ်းကျတော့ နိုင်ငံရေး လွှတ်တော် ရောက်သွားတဲ့လူတွေ အားလုံးသည် လွှတ်တော်ကိုယ်စားလှယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက ပြည်သူ။ ပြည်သူရဲ့ကိုယ်စားလှယ်တွေ။ ပြည်သူ့ အလုပ်ကိုမလုပ်ဘဲနဲ့ ပြည်သူအလုပ်မဟုတ်တဲ့ နိုင်ငံရေး။ သို့မဟုတ် ပါတီအစွဲ အလုပ်လုပ်သည် ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ဟာဖြစ်ချင်သလိုဖြစ်နေတာ။ ဒါကြောင့်မို့လို့ အဲတော့ ဥပဒေတစ်ပုဒ်၊ တစ်ပုဒ်ကို ဥပဒေတစ်ပါး၊ တစ်ပါးကို၊ ဥပဒေတစ်မျိုး တစ်မျိုးကို ပြုပြင်မယ် ဆိုရင်လည်းပဲ ဘယ်လိုမှပြင်လို့မရဘူး။ ဘာလို့ပြင်လို့ မရနိုင်သလဲဆိုတော့ အစွဲအလမ်းရှိတဲ့ ပါတီကိုယ်စားလှယ်တွေ ရှိတာကိုး။ အနိုင်ရပါတီ ကိုယ်စားလှယ်မျိုးပေါ့။ လူထုကိုယ်စားလှယ်လို့ ကိုယ့်ကိုယ်ကို … ပေးတာ။ မှားနေတာ။ 

သံတော်ဆင့် – လွှတ်တော်ထဲ ရောက်သွားရင် ကိုယ်စားလှယ်တွေက ပါတီစွဲကင်းဖို့လိုတာပေါ့ဘုရား။ 

ဆရာတော် – ပါတီစွဲ ကင်းဖို့လိုတယ်။ လုံးဝပါတီနဲ့ ပတ်သက်တာတွေ အဲ ထားဖို့မလိုအပ်ဘူး။ 

သံတော်ဆင့် – အဲဒါဆို အဲဒီနည်း ဥပဒေတွေလည်း ပြင်ရမှာပေါ့နော်။ 

ဆရာတော် – နည်းဥပဒေပြင်ရမယ်။ နည်းဥပဒေပြင်ရမယ်။ 

သံတော်ဆင့် – လွှတ်တော်ဥက္ကဋ္ဌ တွေကလည်း ပါတီစွဲကင်းရမယ်။ 

ဆရာတော် – ပါတီစွဲကင်းရမယ်။ 

သံတော်ဆင့် – အရင် ဒီမိုကရေစီ အစိုးရနှစ်ဆက် လွှတ်တော်ဥက္ကဋ္ဌတွေက သူတို့ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွေကို လွှတ်တော်ထဲမှာ ကျင်းပခဲ့ကြတာရှိတယ် ဘုရား။ 

ဆရာတော် – ကျင်းပခဲ့တယ်။ အဲဒါလည်း မှားတယ်။ ဒါပေမဲ့ ဒါတွေက မလုပ်ရဘူး။ ငါသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေပြီဆိုတာကို လွှတ်တော်ထဲ ရောက်သွားတဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်သည်ဆိုတာကို ပြည်သူ့ကို၊ ပြည်သူကို လေးစားရမယ်။ ပြည်သူ့ ဥပဒေကို လေးစားရမယ်။ ပြည်သူ့သိက္ခာကို ထိန်းသိမ်းရမယ်။ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်သိက္ခာကို စောင့်စည်းရမည်။ 

“စိမ်းနီမဖက် ဝါမဖက်ဘဲ တစ်သက် အကျင့်တရားနဲ့ နေမယ့်ပုဂ္ဂိုလ်တွေ ဒီတိုင်းပြည်ကို နိုင်ငံရေးသိက္ခာရှိရှိနဲ့ ကျင့်သုံးဖို့ လိုအပ်မယ် …”

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်

သံတော်ဆင့် – တပည့်တော်တို့ ပြည်သူတွေကတော့ အခုအခါမှာ ဆင်းရဲကျပ်တည်း နေကြတာလည်း ရှိပါတယ်။ ဒီအပေါ် ဆရာတော်ဆုံးမဩဝါဒ ပေးလိုတာရှိရင် မိန့်ပါဘုရား။ 

ဆရာတော် – ဆရာတော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ကတော့ လက်ရှိအခြေအနေကတော့ စားဝတ်နေရေး အခက်အခဲကတော့ ရှိမှာပဲ။ တိုင်းပြည်မှာ အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက်၊ တည်တည်ငြိမ်ငြိမ်နဲ့ မဖြစ်ရင် ပြည်သူပြည်သား တွေကတော့ အခက်အခဲများစွာ ရှိနေဦးမှာပဲ။ အဲတော့ ဆရာတော့်အနေနဲ့ ကတော့ အမျိုးသားနိုင်ငံရေးပဲ ဦးတည် ဦးတည်၊ ဘယ်လိုနိုင်ငံရေးပဲ ဦးတည် ဦးတည်ပေါ့နော်။ မြန်မာပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ရည်ရွယ်ချက် မပါဘဲနဲ့တော့ သူတစ်မင်း ငါတစ်မင်း၊ သူတစ်လှမ်း ငါတစ်လှမ်း၊ သူတစ်သင်း ငါတစ်သင်း၊ သူတစ်ဖွဲ့ ငါတစ်ဖွဲ့ ရှိနေ ဖြစ်နေသမျှကာလပတ်လုံး ကတော့ မြန်မာပြည်မှာ ပိုပြီးတော့ ခက်ခဲဦးမှာပဲ။ … ဆိုလိုချင်တာက အခုဆိုလို့ရှိရင် အပြင်မှာနေတဲ့သူတွေဟာ အစိမ်း၊ အနီဆိုတဲ့ စကားလုံးသုံးတယ်။ ဒီလိုမသုံးဘဲနဲ့ ဖရဲသီးတဲ့။ ဟုတ်လား။ ဖရဲသီး။ အပြင်မှာကြည့်ရင် အစိမ်း။ အထဲမှာကြည့်ရင် အနီ။ ဟုတ်လား။ တချို့ကျတော့ ဘုန်းကြီးတွေကို လိမ္မော်သီးတဲ့။ အမျိုးစုံအမျိုးစုံ လှည့်ပြီး တော့ခေါ်တယ်ဗျ။ အခုဆိုရင် သင်္ဘောသီးလည်း စားလို့မရတော့ဘူး။ ဖရဲသီး လည်းစားလို့မရတော့ဘူး။ အဲတော့ ဖရဲသီး၊ သင်္ဘောသီးစသဖြင့်ပေါ့နော်။ ဒီအသီးတွေကို ဝယ်ပဲစားစား၊ ဘာပဲ စားစားတော့ မဖြစ်သင့်ဘူး။ အတတ်နိုင်ဆုံး အစိမ်းမဖက်၊ အနီမဖက်၊ စိမ်းနီမဖက်၊ အဝါမဖက်ဘဲ စိမ်းနီမဖက်၊ ဝါမဖက်ဘဲ မိမိတို့ရဲ့လုပ်ဆောင်ချက်၊ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ချက်၊ မိမိတို့ရဲ့တိုင်းပြည်တစ်သက်လုံး၊ ကောင်းစားဖို့အတွက်ကို ကိုယ်တိုင် ရည်ရွယ်ချက် ကြီးကြီးမားမားထားပြီးတော့ လုပ်ဆောင်ကြမဲ့ ပုဂ္ဂိုလ်တွေ များများစားစားပေါ်လာဖို့ပဲ အရေးကြီးတယ်။ စိမ်းနီမဖက် ဝါမဖက်ဘဲ တစ်သက် တိုင်းပြည်ကောင်းစားမဲ့ အကျင့်တရားနဲ့နေမဲ့ ပုဂ္ဂိုလ်တွေ၊ နေနိုင်မဲ့ပုဂ္ဂိုလ် တွေကိုလည်း ဒီတိုင်းပြည်ကို သိက္ခာ ရှိရှိနဲ့၊ နိုင်ငံရေးသိက္ခာရှိရှိနဲ့ ကျင့်သုံးဖို့ လိုအပ်မယ်လို့။ 

သံတော်ဆင့် – ဆရာတော့် ဒီကျောင်းမှာ သံဃာတွေကိုရော ဘယ်လိုဩဝါဒပေးထားပါလဲ ဘုရား။ 

ဆရာတော် – အင်း ကျောင်းတိုက်ထဲမှာနေတဲ့ ကိုရင်၊ ဦးဇင်း၊ ရဟန်းသံဃာတွေ အားလုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရလက်ထက်ပဲ ဖြစ်ဖြစ် ဆရာတော်တို့ကျောင်းကတော့ အမုန်းမစွက်၊ အကြမ်းမဖက် … အနုနည်း အဝိဟိံသာနိုင်ငံရေး၊ ငြိမ်းချမ်းရေးနည်း။ အဲတော့ဘယ်သူ့ကိုမှ အမုန်း တရားလည်းမထားနဲ့။ ဘယ်သူ့ကိုမှ အကြမ်းဖက်လုပ်တဲ့အလုပ်တွေ မလုပ်နဲ့။ မညှဉ်းဆဲတဲ့ အလုပ်မှန်သမျှ မိမိတို့ ရင်ခွင်မှာပိုက်။ အကုန်လုံး အဲဒီအတိုင်း မေတ္တာတရားနဲ့နေရ။ ဒီလိုဩဝါဒပေး ထားတယ်။ 

သံတော်ဆင့် – ဆရာတော်က ဗဟိုဝန်ဆောင်တာဝန်ယူတဲ့အခါကျတော့ သံဃနာယကကိစ္စတွေ အပေါ်ဘာများ မိန့်ချင်ပါသလဲဘုရား။ 

ဆရာတော် – တစ်နိုင်ငံလုံးမှာရှိကြတဲ့ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် အပါး ၃ဝဝ လည်းပဲ အလုပ်လုပ်ကြပါတယ်။ နိုင်ငံတော်သံဃမဟာနာယက သံဃနာယကဆရာတော်ကြီးများရဲ့ လုပ်ဆောင်လာခဲ့တဲ့ လုပ်ဆောင်ရမဲ့ အလုပ်တွေကလည်းပဲ များပြားနေတဲ့အတွက်ကြောင့် လုပ်ထုံးလုပ်နည်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ၊ အခက်အခဲတွေရှိကြတာတွေ ဆရာတော်တို့တွေ့ရပါတယ်။ သာသနာသန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး အတွက်ကိုတော့ အားလုံးဆောင်ရွက် ပြီးတော့ ဦးတည်တဲ့ဆရာတော်တွေ ချည်းပါပဲ။ ဝိနည်းဒေသနာတော်တွေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် တစ်ခါတလေ အဲဒီဝိနည်းဒေသနာတော်မှာ ခွင့်ပြု၊ ခွင့်မလွှတ်နိုင်တဲ့၊ ခွင့်မပြုနိုင်တဲ့ သိက္ခာ ပုဒ်တွေနဲ့ နွှယ်သွားတတ်တယ်။ ဒါကြောင့်မို့ သံဃအဖွဲ့အစည်း လုပ်ထုံး လုပ်နည်း ညီညီညွတ်ညွတ် ဆောင်ရွက်တဲ့အခါမှာ မိမိတို့ ဆောင်ရွက်သင့်တယ်။ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာလည်းပဲ ဝိနည်းဓမ္မခံလုပ်ထုံး လုပ်နည်းနဲ့ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါမှာပဲ ဆရာတော်တွေရဲ့ ဗုဒ္ဓဘာသာ သာသနာတော်သန့်ရှင်းမည်။ … ဒီသာသနာဝန်ထမ်း များစွာရှိတဲ့ အထဲက ရာခိုင်နှုန်းနဲ့အတူ ရွေးကောက်မှုပြုရတဲ့ နေရာမှာ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ဖို့သင့်တာပေါ့။ ဥပမာ ဘုန်းဘုန်းတို့ ကရင်ပြည်နယ်မှာ ဆိုရင် ကရင်ပြည်နယ်မှာ သံဃာ၊ ရဟန်းသံဃာတွေရဲ့ ဦးရေစာရင်းအရ ဆိုလို့ရှိရင် သမုတိ သံဃာတော်အချိုး အစားနဲ့ နောက်ပြီးတော့ ဗဟိုဝန်ဆောင် အချိုးအစားနဲ့ ရွေးကောက်ပြုရမယ် ဆိုလို့ရှိရင် ဆရာတော်တို့ ကရင် ပြည်နယ်မှာ ရွေးကောက်မှုပုံစံပြောင်းရမှာ။ နိုင်ငံတော်သံဃမဟာနာယက လုပ်ငန်းစဉ်မှာ ဆောင်ရွက်တဲ့နေရာမှာ ဘုန်းဘုန်းတို့ ကရင်ပြည်နယ်မှာ နိုင်ငံ တော်သံဃမဟာနာယက အဖွဲ့ဝင် တစ်ပါးပဲ ပါဝင်ခွင့်ရတယ်။ ဟို များစွာ ပါဝင်ခွင့်ရလိုတဲ့ ဆန္ဒမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်မယ် ဆိုလို့ရှိရင် ဘယ်လောက်သံဃာဦးရေနဲ့ သံဃာအပါးရေ ဘယ်လောက်နဲ့ ပါဝင် သင့်တယ်။ … နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆောင်ရွက်တဲ့နေရာမှာ အင်အားနည်းတာ။ အထူးသဖြင့် ဆရာတော်ကြီးတွေက ပင်ပန်းပါတယ်။ အဲတော့ အင်အားနည်းတယ်၊ ပင်ပန်းတယ်ဆိုတော့ အင်အားလည်းများဖို့ရယ်၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆောင်ရွက်တတ်ဖို့ရယ် ဒါ အရေးကြီးတယ်။ 

သံတော်ဆင့် – တပည့်တော်တို့မြန်မာသံတော်ဆင့် ပရိသတ်တွေရော ဆရာတော်အထူးမှာကြားချင်တာ၊ သီးခြားမိန့်ချင်တာ ရှိပါသလားဘုရား။ 

ဆရာတော် – အဲ မြန်မာသံတော်ဆင့် စာဖတ်ပရိသတ်များအနေနဲ့ ဆရာတော့် တစ်ပါးအနေနဲ့ နိုင်ငံရေးဆောင်းပါးတွေကို တွန်းတွန်းတိုက်တိုက်ရေးလိုတဲ့ ဆန္ဒရှိပေမဲ့ အဲဒီတုန်းက အတားအဆီး အပိတ်အပင်ရှိတာကြောင့် မရေးဖြစ်ခဲ့ဘူး။ နစကလက်ထက် ရောက်လာတော့ နိုင်ငံရေးဆောင်းပါးရေးပေမဲ့ အားရပါးရမရေးခဲ့ရတဲ့ အတွက်ကြောင့် ဆရာတော်တို့ တပည့်ဒကာ၊ ဒကာမတွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေးကောင်းကောင်း နိုင်ငံရေးတွေ၊ စနစ်ကောင်းကောင်း နိုင်ငံရေးတွေ၊ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံရေးတွေ ဆရာတော်တို့အနေနဲ့ မရေးဖြစ်ခဲ့ပါဘူး။ မရေးဖြစ်တာ။ မရေးတတ်တာမဟုတ်ဘူး။ ရေးတတ်တယ်။ အခုတော့ ကာလအချိန်အခါအရ ရေးသားတဲ့ နေရာမှာ အကြိုက်ကို လိုက်ရတာလည်း ဆရာတော်တို့အနေနဲ့ မရေးဘူး။ အဲတော့ ဆရာတော်တို့ရဲ့ အကြိုက်ကို ရေးခွင့်၊ ရေးသားဖို့ရာအတွက်အကြောင်း အင်္ဂါမပြည့်စုံသေးတဲ့ အတွက်ကြောင့် နိုင်ငံရေးဆောင်းပါးတွေကို စိတ်ကြိုက် မရေးဖြစ်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် တပည့်ဒကာ၊ ဒကာမတွေသည်းခံပေးပါ။ … အကျဉ်းချုံး အနေနဲ့ပြောရရင်တော့ မြန်မာပြည်လူမှုရေးက ရှုပ်ထွေးဦးမှာပါပဲ။ စာပေနယ်ပယ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ စာပေနယ်မှာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊ စာပေလုပ်ငန်းနဲ့ အသက် မွေးမြူပြုကြတဲ့ ပုဂ္ဂိုလ်တွေ၊ စာပေစာနယ်ဇင်းလုပ်ငန်း ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် နယ်ပယ်မကျယ်တော့ပါဘူး။ … ဒီထက်မက စီးပွားရေးမကောင်း၊ လူဦးရေ မမျှမတဖြစ်ရင် စာပေလုပ်ငန်းနဲ့ အလုပ်လုပ်တဲ့သူတွေ၊ အသက်မွေးပြုကြတဲ့ ပုဂ္ဂိုလ်တွေအတွက် အထူးသဖြင့် အခက်အခဲများစွာ ရှိဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေး၊ မြန်မာ့စီးပွားရေး၊ မြန်မာ့လူမှုရေးဟာ အားလုံး၊ အားလုံး ဒဏ်ရာဒဏ်ချက် ကြီးကြီးကျယ်ကျယ် ရှိနေတာဖြစ်သည့် အတွက်ကြောင့် စာပေနယ်သမားအတွက်၊ စာပေနယ်သမားအတွက် ကိုလည်းပဲ ထိခိုက်ပါတယ်။ ဒါကြောင့်မို့ မြန်မာသံတော်ဆင့် စာဖတ်ပရိသတ်နဲ့အတူ ဆရာတော်တို့ တစ်တွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေနယ်ပယ် လွတ်လပ်ရေးဖြစ်လာဖို့ များစွာကြိုးစားရဦးမယ်လို့ မြင်ပါတယ်။ 

သံတော်ဆင့် – မိန့်ကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာတော်။ 

မောင်ရေစက်

ဓာတ်ပုံ (မြန်မာသံတော်ဆင့်)

Loading

Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (နောက်ဆုံးပိုင်း)

အဲးခိုး

အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ။ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်အပတ်မှအဆက်)

မဖြတ်နိုင်တဲ့အရာ 

ခေတ်အဆက်ဆက်က အရှက်တရား၊ အကြောက်တရားနဲ့ဆိုင်တဲ့ လူမှုရေးတရား ထိန်းသိမ်းနေထိုင်လာခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အခုတော့ အမြင်မတော်၊ အကြားမတော်တဲ့ နေရာတွေမှာ ကိုယ့်ကိုယ်ကို ကျွန်လုပ်စားနေကြတဲ့အဖြစ်ဟာ မဖြစ်သင့်တာ အမှန်ပါပဲ။ ဒီလို (ခုလို) ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်ရင်လည်း မိမိတို့ရဲ့ တိုင်းပြည်အပေါ်မှာ ဦးဆောင်ဦးရွက်ကြတဲ့ သူတွေရဲ့ သတိမမူနိုင်မှု တွေပါပဲ။

လိင်ကျွန်၊ ငွေကျွန်၊ လူမှုကျွန် နစ်ကျွံနေကြရတဲ့ အရှင်တို့ရဲ့ မြန်မာလူမှု ဘဝအရေးဟာ အရေးမစိုက်လို့ မရတော့ပါဘူး။ အဆိုးဘက်ကို အားကြီးသွားတဲ့ လူမှုရေးကို အကောင်းဘက်ကို မတည့်ပေးနိုင်ရင် အနာဂတ် အရှင်တို့ရဲ့ မြန်မာလူမှုရေးဟာ ကြီးကျယ်တဲ့ ခက်ခဲမှုတွေ ရင်ဆိုင်နေရ လိမ့်မယ်။

ဒီရင်ဆိုင်ချက်ဟာ အပျက်ရာ အားလုံးထဲက မဖျက်နိုင်တဲ့ အရာတွေ ဖြစ်လို့ သတိကြီးစွာထား အားထုတ်ရတော့မယ်။ စာရေးနေရင်းနဲ့ ဒီအကြောင်းအရာဘက်ကို ရောက်သွားလို့ စေတနာအပိုလို့ပဲ မှတ်စေချင် ပါတယ်။

ငွေကျွန်သမားဘဝ 

စီးပွားရေးအကြောင်းကို ပြန်ပြောပြပါမယ်။ အရှင်တို့ မြန်မာ့စီးပွားရေးတွေ အောင်မြင်ဖို့ မြန်မာပြည်ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ကောင်းကောင်းရဖို့ အရေးကြီးပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အဆင့်အတန်းမြင့်မားဖို့ အာမခံနိုင်ဖို့ (ပေးဖို့) လိုပါတယ်။

ကုန်ချောတစ်ခု (တစ်မျိုး) ထုတ်လုပ်လို့ မြန်မာပြည် ဈေးကွက်ဟောင်းနဲ့ အောင်မြင်တဲ့စီးပွားရေးတစ်ခု (တစ်ရပ်) လို့ မယူဆနိုင်သေးပါဘူး။ အပြည်ပြည် အရပ်ရပ်က လက်ခံသုံးစွဲတဲ့ ပစ္စည်းတစ်ခုဖြစ်မှ ဈေးကွက်ကောင်းရတဲ့ ကုန်ပစ္စည်းတစ်ခုလို့ သတ်မှတ်လို့ရမယ်။

ယနေ့ မြန်မာပြည်တွင်းဖြစ် ထုတ်လုပ်မှု ကုန်ပစ္စည်းတွေဟာ မြန်မာပြည် တစ်ပြည်လုံးက လက်ခံသုံးစွဲနေကြပြီလား ဆိုတာကို လေ့လာကြည့်ပါ။ မိမိ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲကို အများသူငှာ သုံးစွဲနေပြီ ဆိုပေမယ့် မိမိကိုယ်ပိုင် အရင်းအနှီးတစ်ခု မိမိ ထုတ်လုပ်မယ့် (မည့်) ပစ္စည်းရဲ့တန်ဖိုးကို ငွေအား (ရင်းအား) တောင့်တင်းခိုင်မာ ပြည့်စုံ ဖို့လိုပါတယ်။ ဈေးကွက်ကောင်း တစ်ခုဖြစ်လာတဲ့ (ဝင်လာတဲ့) ပစ္စည်းဟာ နည်းဗျူဟာအဆင့် ရောက်အောင် ဈေးကွက်ဖြန့်တတ် (ရှာတတ်) ဖို့လည်း လိုပါတယ်။ ဈေးကွက်ရပေမယ့် အကြိမ် ၁၀ (တစ်ဆယ်) လောက် ဈေးကျခံရရင် အဲဒီစီးပွားရေးလုပ်ငန်းဟာ ဈေးကွက်စီးပွားရေးဖြစ်ပြီလို့သာ သိရမယ်။

ဈေးကွက်ပျက်ရင် ရှေ့ဆက်ဖို့ အားမရှိပါ။ အဲဒီလို ဈေးကွက်တစ်ခုမှာ ဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်တွေ့ မဟာဗျူဟာ ကျင့်သုံးရမယ်။ စီးပွားရေးအရ နည်းပြန် စစ်ဆေးရမယ်။ ဈေးကွက်ရှာတဲ့၊ ကြေညာတဲ့လုပ်ငန်းတွေကို ရပ်ထားရမယ်။ ဒါမှမဟုတ် အရင်းစိုက်ထားတဲ့ ငွေအားလုံးကို ဘဏ်မှာ ရပ်ထားရမယ်။ ငွေအားသာရှိပြီး ပစ္စည်းတန်ဖိုး ဈေးကွက်ပျက်ရင် အမြတ်ပျက်တဲ့ လုပ်ငန်းလို့သာ သိထားရမယ်။ 

ဒါကြောင့် ယနေ့ မြန်မာပြည်မှာ ရှိကြတဲ့ ကုန်သည်တွေဟာ ဈေးကွက်ရှာ ကုန်သည်ကြီးတွေ မဖြစ်ကြသေးတော့ စီးပွားရေးအရ မပင်ပန်းကြပါဘူး။ ထုတ်လုပ်ကုန်ပစ္စည်းလုပ်ပြီး ဈေးကွက်ရှာတဲ့ ကုန်သည်ဖြစ်ရင်တော့ ပင်ပန်းကြမှာပါပဲ။ ဈေးကွက်မရမချင်း နားလို့မရပါဘူး။ ကုန်ပစ္စည်း နားထားပေမယ့် အရင်းငွေမြှုပ်ပြီး အတိုးငွေ မနိုင်ကြလို့ စီးပွားကူးသန်းကြတဲ့သူတွေ (တစ်နည်း) ဈေးကွက်ရှာတဲ့ စီးပွားရေးသမားတွေ ငွေကျွန်သမားဘဝနဲ့ အချိန်ကုန်သွားတတ်ပါတယ် ဆိုတာကို သတိပေးပါရစေ။

နိဂုံး

  • စကားများသော နိုင်ငံရေးသမား။
  • ဈေးကွက်ရှာသော ကုန်သည် 
  • မာနကြီးသော ပညာရှိ 
  • အမှားများသော ပုဂ္ဂိုလ်တွေကို

နီးနီးဝေးဝေးမပေါင်းအပ်သလိုပဲ စကား၊ ချေး၊ မာန၊ အမှားတွေ မများကြဘဲ ဆင်ခြင်ဉာဏ်အား နှလုံးသွင်းတတ်ဖို့ လိုပါတယ်။

သင်သာကောင်းရင် နောက်လိုက် မကောင်းစရာမရှိသလိုဘဲ လုပ်ရပ်မှန်ရင် ဘေးရန်မရှိ (မမည်) ပါဘူး။ စနစ်ကောင်းရင် ဘယ်တိုင်းပြည်မဆို မဆင်းရဲနိုင်ပါဘူး။ တိုင်းပြည်အကျိုးကို ငဲ့ကွက်ရင် ဘယ်တိုင်းပြည်အကျိုးမှ မပြည့်စုံတာ မရှိပါဘူး။ ဒါကြောင့် အရှင်တို့ရဲ့ ချစ်လှစွာသော မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင့်တော်ဆုံးသော နိုင်ငံရေးမူဝါဒ၊ အကောင်းဆုံးသော လွှတ်တော်၊ အတော်ဆုံးသောအစိုးရ၊ အကြီးအမြတ်ဆုံးသော စီးပွားရေး၊ ဘယ်နေ့၊ ဘယ်ကာလ၊ ဘယ်အချိန်လောက်မှာ ပြီးပြည့်စုံလေမည်လဲ ဆိုတာကိုပဲ မြင်ချင်ပါတော့တယ်။ စာဖတ်ကြသူများ ကိုယ်စိတ်အေးမြကြပါစေ။ 

အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၃) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၄) – မဟာပညာ (mahar.asia)

Loading

Categories
ကရင်လူမျိုး နိုင်ငံရေး အမျိုးသားရေး

ကရင်ပြည်နယ် အလံ၊ တံဆိပ်၊ ဆောင်ပုဒ်

ပြည်နယ်အလံ

ပြည်နယ်တံဆိပ်

ပြည်နယ်ဆောင်ပုဒ်

“ ဆ်ုတဝ်ဆ်ုလံင်ယ်ုအဲလ်ှ”

“ ဖြောင့်မတ်ခြင်းကိုငါတို့ချစ်မြတ်နိုးသည်။”

“ The Rectitude We Love”

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

KNU နှင့် ငြိမ်းချမ်းရေး အတွေ့အကြုံ တောင်ကလေးဆရာတော်နှင့် ဆွေးနွေးခြင်း

(တောင်ကလေးဆရာတော် (အဲးခိုး) ထံသို့ မြန်မာသံတော်ဆင့်အယ်ဒီတာ လာရောက်လျှောက်ထား မေးမြန်း (၁) မှအဆက်)

(မြန်မာသံတော်ဆင့် စာတွဲ(၁၂)၊ အမှတ်(၅)မှအဆက်)

အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ၊ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်မှ ယနေ့ နစကအစိုးရခေတ်ထိ နှစ်ပေါင်း ၇၅ နှစ်တိုင်အောင် သက်တမ်းအရှည်ကြာဆုံးနှင့် စိတ်ဓာတ်အင်အား အပြင်းထန်ဆုံး တောတွင်းလက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေသော KNU အဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည်မှာလည်း ယနေ့တိုင်အောင်ပင် ဖြစ်သည်။ KNU နှင့် မငြိမ်းချမ်း၍ မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းဒေသများ လုံခြုံရေးထိခိုက်ပျက်စီးမှုဒဏ်ကိုလည်း ပြည်သူများ နှစ်ပေါင်းကာလရှည်ကြာစွာ ခံစားခဲ့ကြရသည်။ လမ်းစဉ်ပါတီခေတ်ကို အဆုံးသတ်ခဲ့သော ၁၉၈၈ ရှစ်လေးလုံး အရေးအခင်းပြီးနောက် နိုင်ငံတော်ကို တာဝန်ယူ ထိန်းသိမ်း အုပ်ချုပ်ခဲ့သော နဝတ (တပ်မတော်) အစိုးရ၊ နအစ (တဖြစ်လည်း) နယကအစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်တွင်မတော့ KNU နာမည်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြ ရန်ကုန်မြို့တော်သို့ ခရီးပေါက် ဆိုက်ရောက်လာခဲ့ကြောင်း၊ ပြည်သူအများ သတင်းစကား အချိန်လွန်မှ သိခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့်လည်း ယနေ့ နစကအစိုးရခေတ်တွင် KNU အဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် တပ်မတော်၊ အစိုးရ ခေါင်းဆောင်များ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးနေနိုင်ကြသည်မှာ အထင်အရှားဖြစ်သည်။ KNU တို့၏ (ကွယ်လွန်ခဲ့ပြီးသော) ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် မြန်မာနိုင်ငံမှ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ရန်ကုန်မြို့တွင် ၂၀၀၄ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ (နယက) လက်ထက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်စေခဲ့ရာ၌ အဓိကဦးဆောင် ပါဝင်စီစဉ်ပေးခဲ့သည်မှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (ယခု မြန်မာသံတော်ဆင့် ပင်တိုင်ဆောင်းပါးရှင် – အဲးခိုး )ဖြစ်ကြောင်း သိရှိရ၍ ယင်း KNU အဖွဲ့ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနှင့် မြန်မာခေါင်းဆောင်များ စတင်တွေ့ဆုံဖြစ်ခဲ့ပုံ နိုင်ငံရေးသမိုင်း ကွက်လပ်တစ်ခုကို မြန်မာသံတော်ဆင့်မှ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။ 

(မောင်ရေစက်)

သံတော်ဆင့် – ယခင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဦးမူတူးဆေးဖိုး အနားယူသွားတဲ့အပေါ် ဆရာတော် ဘယ်လိုမြင်လဲဘုရား။

ဆရာတော် – ပြီးခဲ့တဲ့ ကေအန်ယူအဖွဲ့ ဗဟိုဥက္ကဋ္ဌအပြောင်းအလဲ ပြောင်းလဲမှုနဲ့ ပတ်သက်တာနဲ့ ဆရာတော်အနေနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက အသက်အရွယ်ကြီးတာလည်း ပါတာပေါ့။ ပြီးတော့ နိုင်ငံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဒီအဖွဲ့အစည်းရဲ့ကိစ္စတွေမှာ ဆောင်ရွက်တဲ့၊ ဆောင်ရွက်တာ၊ ဆောင်ရွက်လုပ်ကိုင်မှု . . . ဘူးပေါ့။ အဲတော့ ကေအန်ယူဥက္ကဋ္ဌအသစ် ပြောင်းသွားတဲ့အပေါ်မှာ ဆရာတော်အနေနဲ့ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကေအန်ယူဥက္ကဋ္ဌကြီးလုပ်ဆောင် လာခဲ့တဲ့ ဒကာကြီးမူတူးဆေးဖိုးဟာ အသက်အရွယ်ကြီးရင့်တာက တစ်ကြောင်း၊ ဒီအသင်းနဲ့ပတ်သက်ပြီးတော့၊ အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်မှုမှာလည်း သူ့မှာလည်းအားနည်းတာက တစ်ကြောင်း၊ အဲတော့ ပြောင်းသွားတယ်။ ပြောင်းလဲသွားတာကိုလည်း ဆရာတော်အနေနဲ့ ကြိုဆိုပါတယ်။ ကေအန်ယူအဖွဲ့ဗဟိုဥက္ကဋ္ဌ ဦးစောကွယ်ထူးဝင်းအနေနဲ့ သူဥက္ကဋ္ဌနေရာ ရသွားတာကိုလည်းပဲ ဆရာတော်အနေနဲ့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲသင့်နေပြီ ဆိုတာကိုလည်းပဲ ဆရာတော်တို့ ဒီ ကေအန်ယူ ကွန်ဖရင့်တွေမှာ ပြုလုပ်ဖို့ရာကြာပါပြီ။ မလုပ်ဖြစ်သေးတာ ဒီကြားထဲမှာ ဒီလိုလုပ်ဖို့ ဒီလိုပြောင်းလဲသွားတာကို အင်မတန်ကောင်းပါတယ်လို့ ဆရာတော်အနေနဲ့ ဒီလိုပဲပြောချင်ပါတယ်။ ဦးစောကွယ်ထူးဝင်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကိုလည်းပဲ သူကလည်း သူကိုယ်တိုင်ကလည်း စိတ်ဝင်စားပါတယ်။ သူ့လက်ထဲမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ ဆက်လုပ်မယ်လို့ . . . . လို့ဆရာတော်အနေနဲ့ ယုံပါတယ်။

သံတော်ဆင့် – စစ်ရေးမပါဘူးလား ဘုရား။

ဆရာတော် – ဦးစောကွယ်ထူးဝင်းက စစ်ရေးနဲ့ပတ်သက်တာကို အဲဒီ လောက်ထိစိတ်မဝင်စားဘူး။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိုသာ ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ 

သံတော်ဆင့် – ဆရာတော်က အကြံမပေးတော့ဘူးလို့ အစောပိုင်းက မိန့်သွားပါတယ်။ … 

ဆရာတော် – ကရင်ပြည်နယ်တစ်ခုတည်း အနေနဲ့ကတော့ ကရင်ပြည်နယ်မှာ နိုင်ငံရေးပဋိပက္ခမရှိဘူး။ စီးပွားရေးပဋိပက္ခလည်းမရှိဘူး။ ငြိမ်းချမ်းရေး ပဋိပက္ခလည်းမရှိဘူး။ ဆိုတော့ ပဋိပက္ခကင်းတဲ့ဒေသ ဖြစ်တယ်။ ဒီကြားထဲမှာ ဖြစ်ပျက်လာတဲ့ ၂ဝ၂ဝ ဖြစ်ပျက်လာတဲ့ ကိစ္စဝိစ္စတွေက ပေါ်ပေါက်လာလို့သာ ကရင်ပြည်နယ်မှာ မအေးချမ်း၊ မသာယာဖြစ်နေတာ။

နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ ပိတ်သဟာယအဖွဲ့ဆိုတာရှိတယ် … 
နဝတ၊ နယက (၂) ခေတ် နှစ်သုံးဆယ်ကျော် အစိုးရနှင့် ကေအင်န်ယူ ငြိမ်းချမ်းရေးလုပ်ဖို့ရာအတွက် အဲ့ဒီခေတ်ကာလတုန်းက တောင်ကလေးဆရာတော် ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတာ သူတို့အကုန်လုံးသိပါတယ် …

တကယ်တမ်းကျတော့ ကရင်ပြည်နယ် အတွင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ အေးအေးချမ်းချမ်းပဲ နေထိုင်ကြပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ဒီဘက်အစိုးရနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ အားလုံးရော … လက်နက်ကိုင် အဖွဲ့အစည်းတွေရော အေးအေးချမ်းချမ်းနဲ့ပဲ နေနေကြမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ပဋိပက္ခရပ်ဝန်းက ကြီးထွားလာတဲ့အခါကြတော့ အဲဒီပဋိပက္ခရပ်ဝန်းကို မွေးထုတ်လာတဲ့ ပုဂ္ဂိုလ်တွေကပဲ ဒီကရင်ပြည်နယ် အတွင်းထဲမှာ နည်းပေါင်းစုံနဲ့ မကျေနပ်ချက်တွေကို ဆောင်ရွက်လုပ်ကိုင်လာလို့ ပြဿနာတွေ အနည်းငယ် ဖြစ်လာကြတာပေါ့။ တကယ်တမ်းကြတော့ ဒီပြဿနာတွေကလည်း နိုင်ငံရေးအဖြေရှာနိုင်တဲ့ တစ်နေ့ကျရင် အဆင်ပြေသွားမှာပါ။ အေးချမ်းသွားမှာပါ။

သံတော်ဆင့် – အချိန်ကာလ ဘယ်လောက်ဆိုရင် ပြေလည်သွားနိုင်လဲ။ 

ဆရာတော် – အချိန်ကာလ ဘယ်လောက်အထိ ခန့်မှန်းနိုင်လဲဆိုတော့ အနိမ့်ဆုံး ၂၀၂၃၊ ၂ဝ၂၄ အတွင်း လောက်ဆိုရင်တော့ ပြေလည်သွားနိုင်ပါတယ်။ … 

သံတော်ဆင့် – နိုင်ငံတော်ကနေ ဘွဲ့တံဆိပ်တွေ ပေးတဲ့အခါမှာ ဆရာတော်ကို သီရိပျံချီဘွဲ့ ပထမဆုံး ဘာလို့ပေးတယ်လို့ ဆိုတာသိရင် မိန့်ကြား ပေးပါဘုရား။

ဆရာတော် – ဆရာတော့်အနေနဲ့ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့  ဆောင်ရွက်ချက်တွေ မရှိပါဘူး။ ဆရာတော်ရဲ့ အမေ၊ ဆရာတော်ရဲ့ ခမည်းတော်၊ ဆရာတော့်ရဲ့မယ်တော်ကတော့ သူတို့ခေတ်နဲ့ သူတို့ အချိန်တုန်းက နိုင်ငံတော် လွတ်လပ်ရေးရဖို့ရန်အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်တဲ့အထဲမှာ အဖေသည်။ ခမည်းတော်သည် သခင်။ မယ်တော်ကျပြန်တော့လည်းပဲ သခင်မ။ နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းအားထုတ်တဲ့အထဲမှာ မိခင်နဲ့ဖခင်။ ခမည်းတော်နဲ့ မယ်တော်တို့ကတော့ သူတို့တွေက နိုင်ငံတော်လွတ်လပ်ရေး ဆောင်ရွက် ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဝံသာနု ရက္ခိတ၊ ဝံသာနုခေတ် တစ်လျှောက်လုံးက သခင်မျိုးဟေ့ ဒို့ မြန်မာဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဆရာတော်အနေနဲ့ ကတော့ သီရိပျံချီဘွဲ့ ရဖို့၊ မရဖို့ ဆိုတာထက် ဆရာတော့်အနေနဲ့ ပထမဦးဆုံး ဘာမှမသိခဲ့ဘူး။ နိုင်ငံတော်က ကြေညာလိုက်တဲ့ အခါကျတော့ တောင်ကလေးဆရာတော်လည်း ပါတယ်ဆိုတဲ့အခါကျတော့ ဆရာတော်ကလည်း ပြန်လေ့လာတယ်။ ဒီ သီရိပျံချီဘွဲ့ကို ရဟန်း သံဃာတော်တွေ၊ ဗုဒ္ဓဘာသာရဟန်း သံဃာတော်တွေ ချီးမြှင့်ခဲ့တာမရှိခဲ့ဘူး ဆိုတာတော့ အဲဒါလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီသီရိပျံချီ ချီးမြှောက်မှု ပြုလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော်တို့ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် နဝတ၊ နအဖခေတ် တစ်လျှောက်လုံးမှာ ဆရာတော်တို့ မြန်မာနိုင်ငံတော်မှာ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးမိတ်သဟာယ ဆိုတာရှိပါတယ်။ အဲဒီ နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ မိတ်သဟာယအဖွဲ့မှာ ခရစ်ယာန်ဆရာတော်တွေနဲ့ ဗုဒ္ဓဘာသာဆရာတော်တွေ ဖွဲ့စည်းပြီးမှ တိုင်းပြည်မှာ အနာဂတ်ကာလ ငြိမ်းချမ်းသွားအောင် ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆောင်ရွက်တဲ့ အသင်းအဖွဲ့ဆိုတာရှိတယ်။ ဒါကြောင့်မို့ ဒီ နိုင်ငံတော်ကပေးတဲ့ သီရိပျံချီဘွဲ့သည် မြန်မာနိုင်ငံတော် မိတ်သဟာယ၊ ငြိမ်းချမ်းရေး မိတ်သဟာယက ပါဝင်တဲ့ပုဂ္ဂိုလ်တွေ ကြည့်ပြီးတော့ သီရိပျံချီဘွဲ့ချီးမြှင့်တယ်လို့ ဆရာတော်တို့ အဲဒီအတိုင်းသိရပါတယ်။ ဆရာတော် ကရင်ပြည်နယ်မှာ ဆရာတော်ပါပါတယ်။ ကချင်ပြည်နယ်မှာ သိက္ခာတော်ရဆရာတော် …  စသည်အားဖြင့် ပါဝင်ပါတယ်။ ဒါ ဆရာတော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံတော်ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့အနေနဲ့ နိုင်ငံတော်က ချီးမြှင့်တယ်လို့ ဆရာတော်က ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နဝတခေတ် တစ်ခေတ်၊ နယကခေတ် တစ်ခေတ်။ ဒီ ခေတ် ၂ ခေတ်စလုံးကို ဆရာတော်တို့ကိုယ်တိုင်က နှစ်ပေါင်း ၃ဝ ကျော် မြန်မာနိုင်ငံငြိမ်းချမ်းသွားအောင် ငြိမ်းချမ်းရေးကို လိုက်လံပြီးတော့ နိုင်ငံရေးငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်ဘုန်းတော်ကြီး အဲဒီအသင်းက ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့ဆို တာရှိတယ်။ အေး အဲဒါကို ကြည့်ပြီးတော့ပဲ ပေးသင့်တယ်ထင်လို့ ပေးတယ်လို့ပဲ ဆရာတော်ကတော့ ယူဆတယ်။ 

သံတော်ဆင့် – အဲဒီအဖွဲ့လည်း အခုထိရှိနေတုန်းပဲပေါ့နော်။ 

ဆရာတော် – မြန်မာနိုင်ငံမိတ်သဟာယအဖွဲ့က မရှိတော့ဘူး။ ဘာလို့လည်းဆိုတော့ အသက်ကြီးသွားကြပြီ။ ကွယ်လွန်သွားကြပြီ။ အဲ ကရင်ပြည်နယ်မှာဆိုရင် ဦးဇင်းတစ်ပါးလောက်၊ နှစ်ပါးလောက်ပဲ ကျန်တော့တယ်။ ကျန်တာတော့ ကွယ်လွန်ကုန်ပြီ။ ငြိမ်းချမ်းရေးမိတ်သဟာယအဖွဲ့မှာ ဆရာတော်တို့ လုပ်ဆောင်ကြတာ။ ယနေ့အထိ ကချင် ပြည်နယ်မှာရှိပါသေးတယ်။

သံတော်ဆင့် – အဲဒီတုန်းက ဗိုလ်ချုပ်ကြီးဘိုမြနဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ တွေ့ ဆုံဆွေးနွေး ခဲ့ကြတဲ့ကိစ္စ။ 

ဆရာတော် – ဆရာတော်တို့လုပ်ဆောင်ခဲ့တာ။

သံတော်ဆင့် – အဲဒီ ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့က လုပ်ဆောင်ခဲ့တာလား။

ဆရာတော် – အဲဒီ မိတ်သဟာယအဖွဲ့အပါအဝင် ဆရာတော်တို့ လုပ်ဆောင်ခဲ့တာ။ အဲဒီအစီအစဉ်အားလုံးသည် ဆရာတော်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးဘိုမြရယ်၊ နဝတ၊ ၂၀၀၄ မတိုင်ခင်မှာ ဆရာတော်ကိုယ်တိုင်က အကုန်လုံးလုပ်တာဖြစ်ပါတယ်။

သံတော်ဆင့် – အဲဒီတုန်းက အတွင်းရေးမှူး ၁ နဲ့လေ။ 

ဆရာတော် – အတွင်းရေးမှူး ၁ နဲ့။ 

သံတော်ဆင့် – ရန်ကုန်မြို့ထဲမှာ တွေ့တာလား။

ဆရာတော် – ရန်ကုန်မြို့ထဲမှာ တွေ့ပါတယ်။ အင်းလျားကန်ဟိုတယ်မှာ တွေ့ကြပါတယ်။ အဲဒီ အစီအစဉ်အားလုံးသည် ဆရာတော်ကိုယ်တိုင် ရေးဆွဲထားတဲ့ ဆရာတော်ကိုယ်တိုင် ရေးဆွဲထားတဲ့ အလုပ်မှန်သမျှ ဆရာတော် ကိုယ်တိုင်စီစဉ်ထားတဲ့ အလုပ်တွေပါ။ 

သံတော်ဆင့် – ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ကြီး တာမလာဘော တက်လာတဲ့ အခါကျတော့ရော လုပ်ဖြစ်သေးလား။ 

ဆရာတော် – ဗိုလ်ချုပ်ကြီး တာမလာဘော မတက်လာခင်ကတည်းကိုက အဲဒီ အစီအစဉ်လုပ်ဆောင်ခဲ့တာပါ။ 

သံတော်ဆင့် – ဦးတာမလာဘော ရော ရန်ကုန်လာခဲ့လားဘုရား။ 

ဆရာတော် – တာမလာဘော မရောက်ခဲ့ဘူး။ ….. မရောက်ခဲ့ဘူး။ ဗိုလ်ချုပ်ကြီးစောမူတူးတစ်ယောက်ပဲ ရောက်ခဲ့တယ်။ ကျန်တဲ့အဖွဲ့အစည်းပါ ပါတာပေါ့။ ကော်သူလေးကအစ အကုန်ပါပါတယ်။ ဆရာတော်ငြိမ်းချမ်းရေး သွားရောက်ပြီးတော့ ဟောနေတဲ့အချိန်မှာ ဒီ နဝတအစိုးရနဲ့ ကေအန်ယူတွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ရာအတွက်ဆရာတော်က အကြိမ်ကြိမ်သွားပြီးတော့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် တစ်ယောက်ရဲ့အိမ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ ဆရာတော် တရားဟောခဲ့ပါတယ်။ အဲဒီငြိမ်းချမ်းရေးတရား ဟောနေတဲ့အချိန်အခါမှာ ကေအန်ယူဥက္ကဋ္ဌ မူတူးဆေးဖိုး၊ စောမူတူးဆေးဖိုးက အဲဒီအချိန်တုန်းက အကြီးအကဲမဖြစ်သေးဘူး။ ဗိုလ်ချုပ်ကြီးအရာမှာ မရှိသေးပါဘူး။ အဲဒီအိမ်မှာ ဆရာတော် တရားဟောနေရင်းနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တရားဒေသနာကို ဟောနေရင်းနဲ့ ဥက္ကဋ္ဌကြီးမူတူးဆေးဖိုး ကိုယ်တိုင်က မျက်ရည်ကျပြီးတော့။ ဆရာတော်ရဲ့ရှေ့မှာ မျက်ရည်ကျပြီးတော့။ လူသူလေးပါးရှေ့မှောက်မှာ မျက်ရည်ကျပြီးတော့ ဒီငြိမ်းချမ်းရေးဟာလုပ်မှ ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်။ ဆရာတော် ကိုယ်တိုင်လည်း မြင်ခဲ့ရတယ်။ ဒါကြောင့်မို့ ဒီ နဝတ၊ နအဖအစိုးရနဲ့ ကေအန်ယူနဲ့ဟာ ငြိမ်းချမ်းရေးဟာ အဲဒီကနေစပြီးတော့ အကောင်အထည် ဖော်ခဲ့တာ။ အဲဒီကနေစပြီးတော့ ခရီးရောက်သွားတော့ ၂ဝ၁ဝ အစိုးရ ပေါ်လာတဲ့အခါ ကျတော့လည်း ဆရာတော်က ဒီကြားထဲမှာ သက်သေအနေနဲ့ ဆရာတော်က ဆောင်ရွက်တဲ့အနေနဲ့ပဲ၊ ကျန်တဲ့ ဒကာတွေကလည်း ငြိမ်းချမ်းရေးပွဲစားတွေက ဝင်ဝင်လာတဲ့အခါကျတော့ ဆရာတော်တို့က အေးဆေးနေတယ်။ ရဟန်းသံဃာတွေဆိုတော့။ ကိုယ့်ဘာသာကိုယ် အေးဆေးနေလိုက်တယ်။ ကျန်တဲ့လူတွေကတော့ သူ့ဟာသူဝင်ပြီးတော့ သူ့ဟာသူ နေရာယူကြတယ်။ နေရာယူကြတယ်။ နေရာလုကြတယ်။ အဲလိုပေါ့။ နောက်ပြီးတော့ သူ့ဟာသူ သွားကြတာပဲ။

သံတော်ဆင့် – အဲဒါကတော့ လူတွေ ဖြစ်သွားတာပေါ့။

ဆရာတော် – လူတွေဖြစ်သွားကြတာ။ ဆရာတော်တို့ကတော့ ကိုယ့် ဣန္ဒြေနဲ့ကိုယ် အေးဆေးပဲနေမယ်။ အဲတော့ ဆရာတော်မှာ ဒီ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့အစည်းတွေ အားလုံးနီးပါး၊ ဒါပေမယ့် အခု ကေအန်ယူ တက်လာပြီးတဲ့နောက်ပိုင်း ကေအန်ယူတွေကတော့ သိတာမဟုတ်ဘူး။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်မြ။ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်ချုပ်တန်တဘော၊ ဖဒိုမန်းရှာ။ အဲဒီခေတ်ကာလတုန်းက တောင်ကလေး ဆရာတော်နဲ့ ဘယ်လို ဆောင်ရွက်ထားခဲ့သလဲဆိုတာ သူတို့ အကုန်လုံး သိပါတယ်။

သံတော်ဆင့် – ဗိုလ်ချုပ်ထိန်မောင် ငြိမ်းချမ်းရေးယူတော့ရော ဆရာတော် လုပ်ပေးတာပဲလား။

ဆရာတော် – ဒကာကြီးဦးထိန်မောင်က နောက်ပိုင်းမှ ဝင်ပါတယ်။ နောက်ပိုင်းက ဝင်တယ်။ ဦးထိန်မောင်လည်းပဲ ဆရာတော်နဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အချိန်တုန်းက ငြိမ်းချမ်းရေး သွားဆွေးနွေးတဲ့အချိန်မှာ သူတို့အကုန် ပါပါတယ်။

သံတော်ဆင့် – ဆရာတော်အဲဒီကို သွားတရားဟောတဲ့အချိန်မှာ အခုဗိုလ် ချုပ်ကြီးလုပ်နေတဲ့ ဦးစောဂျော်နီရှိပါလား။

ဆရာတော် – အမ်း ဂျော်နီက သူက ငယ်သေးတယ်။ ငယ်တဲ့အခါကျတော့ သူတော့ သူကတော့ အပြင်အနေနဲ့က နားထောင်တဲ့အနေနဲ့တော့ ပါပါတယ်။ ဆွေးနွေးတဲ့အထဲမှာ သူကတော့ မပါသေးဘူး။

သံတော်ဆင့် – သူကတော့အတွင်း သိနေမှာပေါ့။

ဆရာတော် – သိပါတယ်။ သူကတော့ သိပါတယ်။ ငြိမ်းချမ်းရေးဟောပြော ပွဲလုပ်တဲ့အချိန်မှာ သူတို့သိပါတယ်။ 

(မောင်ရေစက်)

ဆရာတော် နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တရားဒေသနာကို ဟောနေရင်းနဲ့ ဥက္ကဋ္ဌကြီး မူတူးဆေးဖိုးကိုယ်တိုင်က ဆရာတော်ရဲ့ရှေ့မှာ … လူသူလေးပါးရှေ့မှောက်မှာ မျက်ရည်ကျပြီးတော့ ဒီငြိမ်းချမ်းရေးဟာလုပ်မှ ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင်ထုတ်ပြောခဲ့တယ် … အခုဗိုလ်ချုပ်ကြီး စောဂျော်နီက ငယ်သေးတယ်။ သူက နားထောင်တဲ့အနေနဲ့တော့ ပါ, ပါတယ် …

Loading