Categories
စကားလက်ဆောင် တောမှီရဟန်း

။ တောရပ်ရွာ ကြွပါလေ ။

။ မိ ဘ ကို ခွာ

ကျောင်းရောက်လာတော့

ကျမ်းစာဖြာဖြာ သင်အံပေါ့။

ငယ်စာအခြေ

သင်လို့နေသည်

ကျမ်းတွေစာတွေ စုံပေပေါ့။

။ ပါဠိဘာသာ

မြန်မာစာနှင့်

သိတာမသိတာ

သင်ရကြာတော့

ရင်မှာပင်ပန်း ဖြစ်ရပေါ့။

။ ဆွမ်းမပြည့်စုံ

ခြေစုံလှည့်လည်

အိမ်မယ်များများ

လှည့်၍သွားလည်း

အရှင်ဘုရား ကန်တော့ဆွမ်း။

။ မိုးရွာနေလျှင်..

မိုးစိုသင်္ကန်း

ခြေတွေလှမ်းပေါ့

ပင်ပန်းစိတ်နွမ်း

ကိုယ်မလန်း။

။ နေပူလျှင်လည်း…

ချွေးစိုသင်္ကန်း

ဆွမ်းခံပန်းတော့

ကျောင်းခမ်းပြန်တော့

ခြေမပေါ့။

။ စာကတစ်ဖက်

စားတစ်ဖက်ပေါ့

ခက်ခဲကာလ

တစ်ချိန်ကလျှင်

ဖြစ်ရဘဝ

အဝဝကို

ပြောပြရင်လည်း

ယုံဘူးပေါ့။

။ ယနေ့ကာလ..

ကျောင်းလေးသာသာ

နေရပါလည်း

ရင်မှာအမြဲ

ငယ်အကဲကို

ဆင်းရဲမာန်မူ

မမေ့သူပါ

ငါဟူမာန ဘယ့်မရှိ။

။ ထိုကြောင့်….

ခုခေတ်အခါ

ရဟန်းမှာဖြင့်

လိုရာအပြည့်

ဖြည့်အပြည့်နှင့်

လိုသည့်အရာ

ပြည့်စုံပါလည်း

ပညာမမက်

ကျမ်းမတက်လို့

ကျောင်းထွက်ပြန်လာ

များကြတော့။

။ ခုခေတ်သာသနာ….

ထီးထမ်းလမ်းလျှောက်

သားတိုးပေါက်ပြီး

ဟိုရောက်သည်ကြွ

စာမရဘဲ

လှလှပပ နေရတော့။

။ မြင်ကြည့်ပါကြ …

ခုချိန်ခုခါ

ရှင်တို့ရွာမှာ

ကျမ်းစာပြီးမြောက်

ထေရ်မြတ်ပျောက်၍

မပေါက်ကျမ်းရှင်

ကျောင်းထိုင်ရှင်ဖြစ်

ရှိရှင်နှင့်သာ ကိုးရပေါ့။

။ ပညာတတ်မွန်

ရဟန်းမွန်များ

မြို့ရံမြို့ရပ်

နေထိုင်ကြလို့

ရပ်ရွာအရပ် အရှင်ရှား။

။ လျှောက်ကြားတော်မူ….

တောတောင်မြေခြား

ရပ်တစ်ပါးသို့

အများဒါယကာ

ပင့်လျှောက်ပါသည်

တောရွာသာသနာ…

ပြုပါစေလေ

အရှင်တွေ

ဂုဏ်ပြုဝမ်းသာပါရစေ။

တောမှီရဟန်း

(၁၈-၅-၁၆) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ့်ကျိုးသူဖျက် သူ့ကျိုးသူမက် ။

။ သူ့အတွက်

ထိခိုက်ရင်

ဘယ်တော့မှ မကျေနပ်။

သူ့အတွက်

ပျက်စီးရင်

ဘယ်တော့မှ ခွင့်မလွှတ်။

။ သူ့အတွက်

ဆုတ်ယုတ်ရင်

ဘယ်တော့မှ လက်မခံ။

။ သူ့အတွက်

မပါရင်

ဘယ်တော့မှ သည်းမခံ။

။ သူ့အတွက်

နစ်နာရင်

ဘယ်တော့မှ နားမလည်။

။ သူ့အတွက်

အကျိုးပျက်ရင်

ဘယ်တော့မှ နောက်မဆုတ်။

။ သူ့အတွက်

မေ့မိရင်

ဘယ်တော့မှ

အရုပ်လိုမနေတတ်

မနေကြတဲ့သူဟာ

ကြည့်ပေါင်း

ကြည့်ကပ်

ကြည့်ခွာ

ကြည့်နေပါလို့

တပည့်တို့ရေ။

။ အဲဒီသူဟာ

ကိုယ့်အကျိုးကိုဖျက်ဖို့

ဝန်မလေးသလို

သူ့အကျိုးကိုပျက်မိရင်

တစ်သက်လုံး

အမုန်းပွားလို့

မဆုံးတဲ့သူပါပဲဆိုတာ

(ဂဏှာထ ) မှတ်ပါလေ။

တောင်ကလေးဆရာတော်

(၁၈.၅.၂၀၂၄)ရက်နေ့။

Loading

Categories
စကားလက်ဆောင် အဲးခိုး

။ တရားခွင်မှာ။

တရားခွင်မှာ

တရားလွန်ရင်

တရားက

ဘာဖြစ်သွားသလဲဆိုတာ

တရားသိသူ

သိပါတယ်။

အဲးခိုး(၁၆.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဘုန်းသစ်ထူး

။ ကျော့ကွင်းလား ညွှတ်ကွင်းလား ။

။ သည်နေ့

ဥပုသ်နေ့ပါ။

ဩဝါဒနာယူပြီး

ပြန်သွားကြတဲ့

ယောဂီတွေထဲက

မျှော်တလင့်လင့်

ယောဂီရင့်ရင့်တစ်ဦးဟာ

တဖင့်ဖင့်နဲ့

ကျောင်းထဲကနေ

ကျောင်းပြင်ဘက်ကို

ထွက်ခွာလာပြီး

ဖုန်းခေါ်သံဝင်လာလို့

” ဟလို မိန့်ပါရှင့် ” တဲ့။

။ ” သီလရှင်ဝတ်တာ

ဆယ်ရက်ကြာပီလေ

လူမထွက်သေးဘူးလား” တဲ့။

။ ” ဟယ်

ဒီနေ့ပြန်လာမှာပဲဟာ

ဘာလို့များအလောတကြီး

ဖြစ်နေရပါလဲရှင်ရယ်” ဆိုပြီး

ပြောမိလိုက်တဲ့

အချိန်လေးမှာပဲ

ဖုန်း Messages ထဲမှာ

စာရောက်လာပါတယ်။

။ ” နင် ဒီနေ့

သီလရှင်အဖြစ်ကနေ

ထွက်, မထွက်

ဒါပဲသိချင်တယ်နော်

မထွက်ခဲ့ရင်

သိတဲ့အတိုင်း

ငါ့အမှားပါလို့တော့

မပြောနဲ့

ဒါပါပဲ” တဲ့။

။ ” ဟာ ဒုက်ခပဲ

သည်နေ့ပဲ

သီလရှင်ထွက်မဲ့ဟာကို

ဘာလိုများအဲလောက်ထိ

အလောတကြီး

ကြီးကဲနေရတာပါလဲနော်

စိတ်ပျက်လိုက်တာ

ဟင် ” ဆိုပြီး

ယောဂီရောင်

ဝတ်စုံနဲ့

မစွန့်ခွာမီ

လောကီသားရဲ့

နှုတ်ဆက်စကားကို

ကြားသိရတာနဲ့ပဲ

သီလရှင်တစ်ဖြစ်လဲခဲ့ရတဲ့

အချစ်ကဲကဲ

ချစ်သဲလာခဲ့ရသူ

သဲသဲမဲမဲနဲ့

အိမ်ကျယ်ကြီးထဲကို

ပြန်သွားရပြီပေါ့။

။ သီလရှင်ဘဝနဲ့

နေခဲ့ရတဲ့အရသာမှာ

အေးမြတယ်

ငြိမ်းချမ်းတယ်

ဖြူစင်တယ်မဟုတ်လား။

။ ခုတော့

မောင်ခေါ်ရာ

မောင်မောင့်ခေါ်ရာ

လိုက်ပါခဲ့ရပြန်လေတော့

ကိလေသဝဋ်

ကမ္မဝဋ်

ဘဝဝဋ်

ဝဋ်တွင်း

ဝဋ်ခံ

ဝဋ်လည်

ဝဋ်နွယ်ထဲမှာပဲ

တဝဲလည်လည်ပေါ့။

။ သူ့အလိုလိုက်ရ

အလိုက်သိရ

အကြိုက်တူရ

အကြိုက်ညီရ

အကြိုက်သိရ

အမိုက်သိရလို့နဲ့

(မောင့်ကိုဘယ်သူမှ

မချစ်ရပါဘူးကွယ်..)နဲ့

ခေတ်သစ်

ချစ်စပယ်ဘဝ

ပြန်ရောက်ရပေါ့။

။ သူ့အလိုကို

မလိုက်မိရင်

မိုက်လားဟဲ့ တဲ့

သူ့အလိုကျ

အလိုလိုက်ရပြန်ရင်

ကိုယ့်ရင်မှနွယ်

အတွယ်အတာ

မပယ်မခွာရက်လေပေါ့။

မူရာမာယာပိုရတဲ့

အငြိမ့်မင်းသမီးလေးထက်

ပို၍ပို၍

ဆိုးပါသတဲ့ရှင်ရယ်။

။ အော် ဘဝဆိုတာ

ဘုံအားဖြင့်

ဘဝဂ်အဆုံးသတ်

ရောက်နိုင်ပေမယ့်

တရားအားဖြင့်

ဂေါတြဘုတိုင်အောင်

မရောက်လေသမျှ

ကာလပတ်လုံး

သည်အချစ်

သည်အမုန်း

သည်နေရာ

သည်စခန်းတွေနဲ့

အံ့မခန်းပါပဲ

ကျင်လည်ခဲ့ရပေဦးမယ်ပေါ့။

။ ထူးပါဘူးလေ

မေ့အိမ်ကိုပဲ

ချစ်သမီးလွမ်းသလို

မောင့်ကိုပဲ

(ချစ်ရတစ်သက်

လွမ်းလျက်မကွာ)

ရှေ့ချစ်မယ်ချစ်ဦးရေနဲ့ပဲ

သည်နယ်

သည်မြေ

သည်ဘဝတွေနဲ့ပဲ

နေပါတော့မယ်

နေတော့မယ် မောင်ရေ။

( ဤဝတ္ထုတိုသည် မည်သူ့ကိုမျှ မရည်ရွယ်ပါ။)

( ဓာတ်ပုံကိုယူသုံးပါသည်။)

ဘုန်းသစ်ထူး

( ၁၅.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

ဒေါသသမား

ဒေါသသမား
သေပြန်တော့လည်း
ဆင်းဆင်းရဲရဲ။

Loading

Categories
ကျန်းမာရေး ပညာရေး ဖွံ့ဖြိုးရေး

သူနာပြုအကူသင်တန်း

ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်
Phlon Education Development Unit (PEDU) က
ကြီးမှူးဖွင့်လှစ်သင်ကြားမည့် –
PEDU (2024) BATCH-4
အမှတ်စဉ် (၄)
သူနာပြုအကူသင်တန်း
တက်ရောက်သင်ကြားလိုသော
သင်တန်းသူ/သားများ
တက်ရောက်သင်ကြားနိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~

ဝင်ခွင့်လျှောက်လွှာ

*****************

ဝင်ခွင့်လျှောက်လွှာများကို –
တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကျောင်းရုံးခန်း နှင့် ပီအီးဒီယူ ကုသိုလ်ဖြစ်ဆေးခန်း။

09 796 017 611
09 660 924 242
09 787 817 822 – တို့တွင်

ဆက်သွယ် ဝင်ခွင့်လျှောက်လွှာ ရယူနိုင်ပါသည်။

——————————

Facebook page :
PEDU Channel ဖလုံပညာ – တွင်လည်း
ဖြည့်စွက်ရေးသွင်း၍ ဝင်ခွင့်လျှောက်နိုင်ပါသည်။

PEDU (Phlon Education Development Unit)

Loading

Categories
ကဗျာ စကားလက်ဆောင်

။ မေတ္တာမျှမျှ ခွဲကြဦး ။

။ မိုးချုပ်နေဝင်
သူငါမြင်သည်
နေဝင်ပြီးနောက် အမှောင်စ။

။ အမှောင်ပျောက်ကွယ်
အလင်းနယ်ဆီ
ချိန်လည်ပြန်စ အလင်းရ။

။ ဘဝလီလီ
ကျင်လည်ကူးခပ်
ရပ်မနားကြ
သုခဒုက်ခ
များကြသူငါ
တဏှာလှေလေး သူငါနှင်။

။ သူသူငါငါ
ဆုံကြပါသည်
သူငါများစွာ
ခွဲကြပါသည်
မေတ္တာမျှမျှ ခွဲကြဦး။

အဲးခိုး(၁၂.၅.၂၀၂၄) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် အဲးခိုး

။ မေတ္တာမျှမျှ ခွဲကြဦး ။

။ မိုးချုပ်နေဝင်

သူငါမြင်သည်

နေဝင်ပြီးနောက် အမှောင်စ။

အမှောင်ပျောက်ကွယ်

အလင်းနယ်ဆီ

ချိန်လည်ပြန်စ အလင်းရ။

။ ဘဝလီလီ

ကျင်လည်ကူးခပ်

ရပ်မနားကြ

သုခဒုက်ခ

များကြသူငါ

တဏှာလှေလေး သူငါနှင်။

။ သူသူငါငါ

ဆုံကြပါသည်

သူငါများစွာ

ခွဲကြပါသည်

မေတ္တာမျှမျှ ခွဲကြဦး။

အဲးခိုး(၁၂.၅.၂၀၂၄) ရက်နေ့နံနက်။

Loading

Categories
တောင်ကလေးဆရာတော်

။ မြတ်သောနေထိုင်ခြင်း ။

တိဋ္ဌံ စရံ နိသိန္နောဝ၊

သယာနော ယာဝတ’ဿ ဝိတမိဒ္ဓေါ။

ဧတံ သတိံ အဓိ​ေဋ္ဌယျ၊

ဗွဟ်မ’မတေံ ဝိဟာရ’မိဓမာဟု။( ပါဠိဘာသာ)

မြန်မာဘာသာဖွင့်ဆိုချက်(အနက်)

။ တိဋ္ဌံဝါ၊ရပ်လျက်သော်လည်းကောင်း။

စရံဝါ၊သွားလျက်သော်လည်းကောင်း။

နိသိန္နောဝါ၊ထိုင်လျက်သော်လည်းကောင်း။

သယာနောဝါ၊လဲလျောင်းလျက်သော်လည်းကောင်း။

ယာဝတာ၊အကြင်ရွေ့လောက်သော။

ဝိတမိဒ္ဓေါ၊ကင်းသောအိပ်ချင်ခြင်း၊ငိုက်မျဉ်းခြင်းရှိသည်။

အဿ၊ဖြစ်ရာ၏။

အထ၊ထိုအိပ်ချင်ခြင်း၊ငိုက်မျဉ်းခြင်းကင်းရာအခါ၌။

ဧတံသတိံ၊ဤမေတ္တာနှင့်ယှဉ်သောသတိကို။

အဓိ​ေဋ္ဌာယျ၊စွဲမြဲစွာဆောက်တည်ရာ၏။

​ဣမ၊ဤသို့နေထိုင်ခြင်း၌( ဤသာသနာတော်၌)။

ဧတံ၊ဤမေတ္တာဈာန်ဖြင့်နေခြင်းကို။

ဗြဟ္မဝိဟာရံ၊မြတ်သောနေခြင်းဟူ၍။

အာဟု၊ဆိုတော်မူကြကုန်ပြီ။

မြန်မာစကားပြေ

။ ရပ်,သွား,ထိုင်,လျောင်း

အိပ်ချင်မူးတူးမဖြစ်ဘဲ

အိပ်ငိုက်နေခြင်းမရှိဘဲ

မေတ္တာနဲ့ယှည်သောသတိကို

စွဲမြဲစွာဆောက်တည်ရတယ်။

အဲဒီလိုနေထိုင်ခြင်းဟာ

မေတ္တာဖြင့်နေခြင်း

မြတ်သောနေခြင်းလို့

ခေါ်ဆိုပါတယ်။

ဝိဟာရလေးမျိုး

၁) ဣရိယာပထဝိဟာရ

( လျေားင်းထိုင်ရပ်သွားလေးပါးဖြင့်နေခြင်း)

၂) ဒိဗ္ဗဝိဟာရ

( ဈာန်သမာပတ်ဖြင့်နေခြင်း)

၃) အရိယာဝိဟာရ

(ဖလသမာပတ်ဖြင့်နေခြင်း)

၄) ဗွဟ်မဝိဟာရ

(မေတ္တာဖြင့်နေခြင်း)

လေးမျိုးထဲက

ယောဂီတွေဟာ

မေတ္တာဖြင့်

နေ့စဉ်အမြဲနေထိုင်ရမယ်။

။ အဲဒီလိုနေထိုင်ခြင်းဟာ

အတ္တဒိဋ္ဌိကင်းကွာတယ်။

အတ္တဒိဋ္ဌိကင်းကွာလို့

လောကုတ္တရာသီလ

သောတာပတ္တိမဂ်ဉာဏ်နဲ့

ပြည့်စုံသူဖြစ်ပြီး

ကာမဂုဏ်

တွယ်တာမက်မောမှုကင်းပြီး

နောက်ထပ်တစ်ဖန်

ပဋိသန္ဓေနေရခြင်း

မရောက်နိုင်တော့ပါ။

ဒိဋ္ဌိဆိုတာ

အလွဲသိ (အလွဲကိုအဟုတ်ထင်)

မရှိတာကိုရှိတယ်လို့

မြင်ခြင်းဟာ

ဒိဋ္ဌိလို့ခေါ်တယ်။

အတ္တဒိဋ္ဌိဆိုတာ

ပင်မဒိဋ္ဌိပါပဲ။

အတ္တဒိဋ္ဌိစွဲလမ်းရင်

ဝိပဿနာဖြင့်

ပယ်ရှားရမယ်။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့်

ပယ်ကြဉ်ပယ်ပြစ်ရမယ်။

မရသေးပါက

ကင်္ခါဝိတရဏသုဒ္ဓိနဲ့

ပယ်ရှားရမယ်။

လူ့ဘဝမှာ

သောတာပန်ဖြစ်အောင်

ကျင့်ရမယ်။

မတ်ေတာသုတ်တနျစကားအရ

(သီလဝါဒဿနေန သမ္ပန္နော) လို့

ပြဆိုထားပါတယ်။

ပြီးရင်

သကဒါဂါမ်

အနာဂါမ်

ရဟန္တာဖြစ်အောင်

ကြိုးစားရမယ်။

မေတ္တာသုတ္တန်

ညွှန်ကြားတော်မူခဲ့တဲ့အတိုင်း

ယောဂီတိုင်း

လိုက်နာကျင့်ကြံကြဖို့

တိုက်တွန်းပါတယ်။

။ မေတ္တာဝိဟာရနေခြင်း

ဗြဟ္မဝိဟာရနေခြင်း

အမြတ်ဆုံးနေခြင်းနဲ့

ဘဝကိုရပ်တည်နိုင်ကြပါစေ။

တောင်ကလေးဆရာတော်

(၁၁.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မေတ်တာ အသမ်ဗာဓ ။

မာတာ ယထာ နိယံပုတ္တ၊

မာယုသာ ဧကပုတ္တမနုရက္ခေ။

ဧဝံပိ သဗ္ဗဘူတေသု၊

မာနသံ ဘာဝယေ အပရိမာဏံ။ ( ပါဠိဘာသာ )

အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ )

မာတာ၊မိခင်သည်။

ဧကပုတ္တံ၊တစ်ယောက်တည်းသော။

နိယံပုတ္တံ၊မိမိရင်နှစ် အလွန်ချစ်သောသားကို။

အာယုသာ၊အသက်ဖြင့်။

အနုရက္ခေယထာ၊အမြဲမပြတ်( အမြဲမကွာ) စောင့်ရှောက်သကဲ့သို့။

ဧဝမ္ပိ၊ဤအတူလည်း။

သဗ္ဗဘူတေသု၊အလုံးစုံသောသတ္တဝါတို့၌။

အပရိမာဏံ၊အပိုင်းအခြား အတိုင်းအတာမရှိ။

မာနသံ၊မေတ္တာနှင့်ယှဉ်သောစိတ်ကို။

ဘာဝယေ၊ဖြစ်စေရာ၏။( ပွားများရာ၏။)

မြန်မာစကားပြေအနက်

မိခင်ဟာ

တစ်ယောက်တည်းသောသားကို

အသက်ဖြင့်

အမြဲမကွာ

စောင့်ရှောက်ထားသလို

ဤအတူ( ဤလိုပဲ)

သတ္တဝါတွေအားလုံးအပေါ်

အခြားမဲ့

အတိုင်းအဆမရှိ

မေတ္တာစိတ်ကိုဖြစ်စေရပါတယ်။

မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊

မာနသံ ဘာဝယေ အပရိမာဏံ။

ဥဒ္ဓံ အဓောစ တိရိယဉ္စ၊

အသမ်ဗာဓံ အဝရေမ’မသပတ်တံ။(ပါဠိဘာသာ)

အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ)

ဥဒ္ဓံ၊အထက်ဘုံ၌လည်းကောင်း။

အဓောစ၊အောက်ဘုံ၌လည်းကောင်း။

တိရိယဉ္စ၊အလယ်ဘုံ၌လည်းကောင်း။

သဗ္ဗလောကသ္မိံ၊အလုံးစုံသောလောက၌။

အပရိမာဏံ၊အတိုင်းအတာ အပိုင်းအခြားမရှိသော။

မေတ္တံ၊မေတ္တာနှင့်ယှဉ်သော။

မာနသံစ၊စိတ်ပိုလည်းကောင်း။

အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို။

အဝေရံ၊ဒေါသဟူသော အတွင်းရန်မရှိသည်ကို။

အသပတ္တံ၊နှိပ်စက်တတ်သော အပြင်ရန်မရှိသည်ကို။

ကတွာ၊ပြု၍။

ဘာာဝယေ၊ပွားများရာ၏။( အကြိမ်ကြိမ်ဖြစ်စေရာ၏)

မြန်မာစကားပြေအနက်

။ အထက်ဘုံဖြစ်ဖြစ်

အောက်ဘုံဖြစ်ဖြစ်

အလယ်ဘုံဖြစ်ဖြစ်

လောကအားလုံး၌

အပိုင်းအခြား မထားဘဲ

ကျဉ်းမြောင်းသည့်စိတ် မရှိဘဲ

အတွင်းအပြင်ဒေါသ မရှီဘဲ

မေတ္တာနဲ့ယှဉ်သည့်စိတ်နဲ့

ထားရှိပြီး

( မတ်ေတာထား)

ပွားများရမယ်။

မေတ္တာမပို့ရသူ

။ မတျတောဘာဝနာ

ပွားများတဲ့သူဟာ

၁) လိင်မတူတဲ့သူကို

မေတ္တာမပွားရပါ။

ပွားများရင်

ရာဂဖြစ်တတ်တယ်။

၂) သေသူကို

မေတ္တာမပွားရပါ။

ပွားခဲ့သော်

ဥပစာရဈာန်

အပ္ပနာဈာန်မရနိုင်။

မေတ္တာပို့ရသူ

။ မေတ္တာပွားပြီး

မေတ္တာပို့ရင်

၁) မိမိကိုယ်မိမိ

၂) မိမိလေးစားအပ်သူ

(ဆရာ/ဆရာမ)

၃) မိမိအလွန်ချစ်ခင်သောသူ

၄) မမုန်းမချစ်အလယ်အလတ်ဖြစ်သူ

၅) ရန်သူ

ဤပုဂ္ဂိုလ်တွေကို

မေတ္တာပွား

မေတ္တာပို့နိုင်တယ်။

။ ပထမ

မိမိကိုယ်ကို

မေတ္တာပို့ပါ။

ကိုယ်ချင်းစာပြီး

ဆရာသမားတွေရဲ့

သီလဂုဏ်စသည်တို့ကို

အာရုံပြု၍

မေတ္တာပို့ပါ။

အလွန်ချစ်ခင်တဲ့မိတ်ဆွေ

မချစ်မမုန်းတဲ့သူ

ရန်သူဖြစ်ခဲ့တဲ့သူတွေကို

မေတ္တာပွား

မတ်ေတာထား

မေတ္တာပို့ပါ။

။ ဖော်ပြသော

ပုဂ္ဂိုလ်တွေကို

တန်းတူညီမျှ

မေတ္တာပို့လို့ရရင်

မေတ္တာနယ်ပယ်

အပိုင်းအခြားပျောက်၍

အပိုင်းအခြား

မရှိတော့သော

( မေတ္တာ အသမ္ဗာဓ)အဆင့်ကို

ရောက်သွားမယ်။

​။ မေတ္တာအသမ္ဗာဓရောက်မှ

မေတ္တာအစစ်အမှန်ဖြစ်မယ်။

ဒါကြောင့်

> ဘယ်လိုမုန်းမုန်း၊ကိုယ်မမုန်း၊ချစ်ဆုံးချစ်မြဲပါ။

> ငြိုငြင်ပြစ်တင်၊မချစ်ခင်၊အစဉ်ခွင့်လွှတ်ပါ။

> ရန်ရှာပြုမူ၊ပြစ်မယူ၊ကြည်ဖြူခွင့်လွှတ်ပါ။

> နစ်နစ်နာနာ၊ပြုမူပါလည်း၊ကြည်သာရွှင်ပြ၊စိတ်ထားလှ၊လှလှပပ ခွင့်လွှတ်ပါ။

တောင်ကလေးဆရာတော်

(၁၀.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။

May be an image of 2 people

Loading