Categories
စကားလက်ဆောင်

။ လူတို့နှလုံးသားအတွက် ။

။ လူ့ဘဝသက်တမ်းလေးက
အချိန်အကြာကြီးမရကြပါဘူး
အလွန်ဆုံး နှစ်တစ်ရာပေါ့။

။ နှစ်တစ်ရာထဲမှာပဲ
အခက်အလက်
အချက်အလက်
အမျိုးစုံ
အကြောင်းစုံ
အကြောင်းဆုံ
အကျိုးဆုံပါပဲ။

။ ဖြစ်တော့လည်း အမျိုးမျိုး
မဖြစ်တာလည်း အဖုံဖုံရှိတော့
စိတ်ဓာတ်တွေကျ
စိတ်ငယ် စိတ်ကုန်
စိတ်လေ စိတ်လေး
အတွေး အဆွေး
စုံလင်လို့ပါပဲ။

။ မသင့်မမြတ်
မမျှမတ
မညီမညွတ်
​ဒေါသ
အာဃာတ
ပဋိပက္ခ
ဝိရောဓိတရား
ချစ်ကြမုန်းကြ
တိုက်ကြခိုက်ကြ
ပါဏ အတိ ပါတတွေ
ဝိသေသထားကြပြီး
လူနေကမ္ဘာကြီးဟာ
တစ်ဖက်သတ်
ကျစောင်းနေကြပါပြီလားပါပဲ။

။ လူအချင်းချင်း
လှည့်ပတ်ခြင်းက
မကင်းနိုင်ကြတဲ့လောကမို့လား
သောကဖြစ်ခြင်းက
အပြင်းအထန်
အကျည်းတန် အကျဉ်းတန်ပါပဲ။

။ သည်တော့
မိမိရရ
ကြိုးပမ်းကြတဲ့
ဓမ္မခန်မရှိကြတော့
တိတိကျကျ
တိတိပပအချက်တွေ
အကြောင်းမဲ့စွာ
ရက်စက်ကြလို့
လူသားကမ္ဘာမတူတော့။

။ ဒါကြောင့်
အဲဒါကြောင့်
ကြောင့်ကြစိုက်ရ
လူ့ဘဝကို
ဒေါသစိတ်တွေ ပြေပါစေ
မေတ္တစိတ်တွေ လှပါစေလို့
ဝဋ်ပြေ ဝဋ်ခွေ ရပ်ပါစေ။

တောမှီရဟန်း
(၃၀.၃.၂၀၂၂) ရက်နေ့ညနေခင်း။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.