။နွေအစ
တန်ခူးလ
မြူမှုန်ခ
နွေသစ်စ
သတိရ
မဆုံကြ
သည်လ တန်ခူးပွဲ။
။ ပန်းလှလှ
ခူးပေးကြ
ပန်ပေးကြ
ရေမြမြ
ဖက်ဖြန်းကြ
ကြည်နူးကြ
ပျော်ရွှင်ရ
သည်လ တန်ခူးပဲ။
။ တစ်နှစ်မှာ
တစ်ခါကျ
သင်္ကြန်လ
ဆုံနေကြ
တူသွားကြ
ရေမဏ္ဍပ်
ကကြ သည်လပဲ။
။ ခုတော့
တမ်းတမ်းတ
သတိရ
အောက်မေ့ကြ
တသသ
လွန်းကြင်ရ
ခွဲကြ သည်လပဲ။
လွမ်းကြ သည်လပဲ။
ကိုရင် ဖိုးခွေး ( မန်းမြေ )
(၁.၄.၂၀၂၂) ရက်နေ့ညနေခင်း။)