Categories
စကားလက်ဆောင်

။ မပြေလည် ခင်ခင်ကြော့သို့ ။

။ မပြေလည်တော့
တစ်ခုခု ပြေလည်မယ်လား
ယတြာတွေချေ မပြေ။

။ အဆင်မပြေတော့
တစ်ခုခု အဆင်ပြေမယ်လား
ကုသိုလ်တွေပြု မပြေ။

။ လာဘ်တွေစန်းတွေပိတ်တော့
လာဘ်ရွှင်စန်းတွေဝင်အောင်
တစ်ခုခု
ဥုံခံဖွတွေ ဂါထာရွတ်လည်း
လာဘ်မရွှင်
စန်းမထ။

။ တစ်ခုခုလိုမယ် အထင်နဲ့
ဖွားသီလပြု
ရသေ့ပြု
သူတော်သူမြတ်ပြုကြလည်း
ဘာဆိုဘာမှ မလာ
နေ့ညဗလာနယ်။

။ နောက်ပိတ်ဆုံး
ဘိုးတော်မယ်တော်
နတ်မေး
လူမေး
အကြားအမြင်မေး
အကုန်တွေ မေးလည်း
အဆင်ကို မပြေ။

။ ဒီနေ့တော့
အဆင်ပြေသွားတာက
ကိုယ့်အိမ် ကိုယ်နေ
ကိုယ့်အလုပ် ကိုယ်လုပ်
သူ့အလုပ် သူလုပ်
မရှုပ်ဘဲ နေလိုက်တာကိုပဲ
အဆင်ကိုပြေ
အဆင်ကိုပြေပေါ့
ခင်ခင်ကြော့ရယ်။

(မည်သူ့ကိုမှ မရည်ရွယ်ပါ။)
ကိုအောင်ဖေ
(၂၄.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.