Categories
စကားလက်ဆောင်

။ အကြင်နာတရားနှင့်မေတ္တာတရား ။

။ အကြင်နာတရားနဲ့မေတ္တာတရားဟာ လူတိုင်းရဲ့အသိထဲကဖြစ်ကြတဲ့တရားတွေပါ။ အကြင်နာတရားပိုရင် ပိုပြီးခံစားရသလိုပဲ မေတ္တာတရားပိုလာခဲ့ရင်လည်း ပိိုပိုပြီးခံစားကြရမှာပါပဲမဟုတ်လား။

။ အဲဒီတော့ အကြင်နာဟာ အပေါ်စီးရတဲ့အချိန်မှာ မေ့တတ်ကြပြီး ၊ မေတ္တာဟာတန်းညှိတဲ့အခါမှာ ပိုပိုပြီးတော့ သိသာပါတယ်မဟုတ်လား။ ဒါကြောင့် အပေါ်စီးသမားဟာ အကြင်နာမပိုတတ်သလို အဆင့်အတန်းခွဲခြားတတ်တဲ့သူဟာ မေတ္တာမဲ့ကြတာပါပဲ။

။ သတိမထားတဲ့သူဟာ လူတိုင်းမှာအကြင်နာတရားရှိကြတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ အကြင်နာတရားဟာ လူတိုင်းမရှိကြပါဘူး။ ရှည်ရှည်ဝေးဝေးမကြည့်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူဟာ သူ့မှာအကြင်နာတရား မရှိလို့ဘဲမဟုတ်ဘူးလား။

။ မေတ္တာတရားလည်းကြည့်ပါ။ မေတ္တာလောကမှာ ဘယ်အဆင့်အတန်းကိုမှ မခွဲခြားကြပါဘူး။ ဒါပေမဲ့ မေတ္တာမဲ့လာကြတဲ့အခါ ရင်ဝယ်ပိုက်ထွေးထားကြတဲ့သားသမီးတွေကိုတောင်မှ စွန့်ပစ်နိုင်ကြပါလေရဲ့မဟုတ်လား။

။ ဒါကြောင့် ယနေ့ အကြင်နာပိုကြတဲ့သူတွေ၊ မေတ္တာပိုကြတဲ့သူတွေကို မေးလိုတာက အခြား( တစ်ခြား) မဟုတ်ပါ။ မိမိတို့နှလုံးအိမ်ထဲက
၁) အကြင်နာတရားပိုလာရင်
၂) မေတ္တာတရားပိုလာခဲ့ရင် ဘာတွေများ အခြား(ဒိပြင်) ဖြစ်လာကြပါသေးသလဲ? လို့ ပဲ မေးပါရစေ။

တောင်ကလေးဆရာတော်
(၂၂.၃.၂၀၂၂) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.