Categories
နိုင်ငံရေး

ကလောင်အမည် “အဲးခိုး” ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ – ဘားအံ)

။ စာရေးဆရာတစ်ယောက်ရဲ့အမည်ကို (ကလောင်နာမည်ကို) အမျိုးမျိုးရွေးကြတဲ့အထဲက အရှင်လည်းပဲ တစ်ပါးအပါအဝင်ပဲပေါ့။ အရှင့်ရဲ့ကလောင်အမည်ကတော့ မေးမြန်းကြလိုက်တာများ မပြောပြနိုင်လောက်အောင်ပါပဲ။ ဘာကြောင့်များပါလိမ့်။

။ ကိုင်း….စာဖတ်တဲ့ပရိသတ်တွေကို “အဲးခိုး” ဆိုတဲ့အဓိပ္ပါယ်ကို သိကြရအောင် လေ့လာမှတ်သားကြပါစေလေ။

။ (၂၁၃) လက်ျာကျွန်းတည့်၊ ထက်ဝန်းပတ်ဝုတ်
သမုဒ်ရစ်ခွေ၊ ပင်သပြေနှင့်
လူ့ဘောင်လူနေ၊ လူ့ရပ်မြေလည်း
မသွေမှန်ဘိ၊ သုံးထောင်ယှိလျက်
ရေတိရံရှောင်း၊ မြေနားဍောင်းဟု
သောင်းဇမ္ဗူဒီ၊ မြရည်ညီသား
မဟီ ကုဏ္ဍလာ၊ သုန္ဒရာထက်
တေဇာတက်တုန်း၊ ဘက်မနှုန်းအောင်
ဘုန်းနှင့်လက်ရုန်း၊ စိန်နှစ်လုံးသို့
ရွယ်ကျုံးရည်တိုင်၊ တောက်တောက်ပိုင်းလျက်
ကွန့်လှိုင်းဘုန်းရောင်၊ လက်ရုံးပြောင်သည်
သားမောင်ဒါလီ၊ ချစ်ကြိုးသီ။ရေနေလေးထောင်၊ တောသုံးထောင်က

။ ဤသို့စသား၊ များလှတုံစွာ
မင့်းရေးရာကို၊ ပြည်လာပြည်တဲး
လူဖြင်ပြဲးကို၊ ဝမ်းထဲးထွေပြား
ကြံစိတ်ပြားပြီး၊ ဆန်းပြားဖြာဖြာ
နီးသို့ဖျာလျက်၊ မင်္ဂလာနန်းတွင်း
မတ်ခပင်းနှင်၊ မင်းတို့ပြကတေ့
တနေ့သုံးယံ၊ ညီလာခံ၍
ဝန်းရံသဘင်၊ ရွှေဘုံပြင်ဝယ်
တိုင်ပင်မပျင်း၊ ခါမကင်းဘဲး
စိုင်းပြင်းအလေ့၊ မှန်မရွေ့လင့်
မမေ့မလျော့၊ မင်းကဉ်ကြော့လျှင်
ပေါ့ပေါ့သိပ်သိပ်၊ ဟူသောအခြင်း
သဘောရင်းကို၊ မင်းတို့ရေးရာ
ဤလေးဖျာတွင်၊ သေချာခပ်နှိပ်
ရွှေတံဆိပ်သို့၊ သိပ်သိပ် သိမ်မွေ့
ကြံစည်လေ့လော၊ စေ့စိပ်သေချာ
မပေါ့ရာဘူး၊ ကြီးစွာခွန်အား
ကိုယ်ကားတောင့်နှယ်၊ အစွယ်ငင်းငင်း
မာန်ပြင်းမုန်ဝေ၊ တောနေပေါက်ထီး
မာတငါကြီးလျက်၊ ချည်းနှီးချို့တဲ့
ဉာဏ်မဟဲ့ကြောင့်၊ ခေါင်းမဲ့တုံးတုံး
ဗုဇွန်လုံးမှ၊ ရှုံးခဲ့ညွန်တွင်း
နစ်သေလျှင်း၏၊ ရေမင်းနဂါး
ပေါက်စားလုစွာ၊ ကေသရာမူ
ပညာကြံထံ၊ နှံစုတ်ငှက်နှင့်
ပေါင်းဘက်၍လျှင်း၊ တိုင်ပင်တုံရှောင်း
ကြံကောင်းကြံရာ၊ ကြံမိပါ၍
ချမ်းသာရလျှင်း၊ သေဘေးကင်း၏။

“သားမင်းရွှေစင်၊ ဤပုံပြင်ကို
ဝမ်းတွင်စွဲး၍၊ စံတည်မွေ့လော့”။

“ထိုရွေ့များစွာ၊ သတ္တဝါကား
ခန္ဓာရင့်တိုင်း၊ စိတ်ရုန့်ရိုင်း၏
ပိတ်ထိုင်းမောဟ၊ မိုက်တွင်းကျ၍
အန္ဓပုထုဇဉ်၊ ဉာဉ်မယှဉ်ဘူး
ပျိုစဉ်တဏှာ၊ အို မိစ္ဆာနှင့်
ပညာကင်းဘိ၊ သတိကင်းပ
ဉာဏ်ကာန်းစွကြောင့်၊ သတ္တဝါအလေ့
မငြီးငွေ့ဘူး”၊ ဘုန်းဟေ့ဘုရင်
ငါ ဘခင်မူ၊ တောဝင်ယခု
ရဟန်းပြု၍၊ စတု ဗြဟ္မ
ဝိဟာရဖြင့်၊ အတ္တဟိတ
ကိုယ်ကျိုးမျှသာ၊ နေ့ညဆော်နှိုး
အားထုတ်ကြိုးပိမ့်၊ တိုင်းကျိုးပြည်ကျိုး
သူ့အကျိုးကိုအဲးခိုး (အဲးခိုး) မသံတို့ပြီဘူး။ 

(၄၄) ဆိုတဲ့ မဟာအတုလကာရီ၊ မဃဒေဝလင်္ကာသစ်၊ တတိယပိုင်း၊ ပုတ္တောဝါဒခဏ်းရဲ့ “အဲးခိုး” ဆိုတဲ့ရှေးဟောင်းမြန်မာတွေရဲ့စကားပါ။ 

လေ့လာမှတ်သားကြသူများ “တိုင်းကျိုးပြည်ကျိုး၊ သူ့အကျိုးကို၊ အဲးခိုးမသံတို့ပြီဘူး” ဆိုတဲ့ အားထုတ်မှုဖြင့် အမိမြန်မာပြည်ကြီးကို “အဲးခိုး” တို့လိုပဲ ချစ်ခင်မြတ်နိုး တည်ဆောက်ပြုပြင်ကြပါစို့။

တောင်ကလေးဆရာတော် (အဲးခိုး) 
(၁၃.၁၂.၂၀၁၅) ရက်နေ့။ 

Loading

Categories
ကရင်လူမျိုး အမျိုးသားရေး

တောင်ကလေးဆရာတော် (အဲးခိုး) ထံသို့ မြန်မာသံတော်ဆင့် လာရောက်လျှောက်ထားမေးမြန်း (၂၀၁၅) 

၁၉၉၀ ပြည့်မှ နှစ်ပေါင်း ၂၅ နှစ်၊ ၂၀၁၅ ငွေရတုနိုင်ငံရေး ဆန္ဒမဲပေးတဲ့အချိန်မှာ ပြည်သူတွေ နီနီရဲရဲတို့ အောင်ပွဲဆိုပြီး အပြတ်လှဲထုတ်လိုက်တာ သဘောကျမိ … အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ တောင်ကလေးဆရာတော်

ပြည်သူတွေကို အပူပေးတဲ့ အစိုးရက ရင်တပူပူ၊ ရင်တမမနဲ့ ဖျာသိမ်းခိုင်းရတာပါပဲ …။ မဖြစ်နိုင်တာ ဆရာတော်ရယ် ဆိုပြီးတော့ စောဒကတက်တဲ့ ဝန်ကြီးအကြီးကြီးတွေ နိုဝင်ဘာလ ၈ ၊ ၉ ၊ ၁၀ ရက်နေ့မှာ ဆရာတော်ဘုရား ကယ်တော်မူပါ။ ဦးဇင်းကယ်လို့မရဘူး ဒါပြည်သူတွေက ဒကာကြီးတို့ကို ကယ်လိုက်တာလို့ …

တတိယနိုင်ငံရောက် ကရင်တိုင်းရင်းသားအားလုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ တိုက်တွန်း … တောင်ကလေးဆရာတော်

~~~~~~~~~

ဘားအံ၊ ဒီဇင်ဘာ ၈

● ဆရာတော် အမေရိကားကို ရက်အကြာ ကြီးကြွသွားတာ ကရင်အမျိုးသားရေး လုပ်ငန်းတွေ ဆရာတော် အောင်မြင်ခဲ့တယ်လို့ မိန့်ထားတယ်။ ဆရာတော် ဘာတွေများ သွားပြီးတော့ လုပ်ဆောင်ခဲ့တာလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်သွားကြတဲ့ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးများနဲ့ အခြားသော မြန်မာပြည်ရှိ မြန်မာ တိုင်းရင်းသား လူမျိုးတွေ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောက်သွားတယ်။ သူတို့တွေ ဘယ်လိုနေထိုင် စားသောက် သွားကြသလဲဆိုတဲ့ သူတို့ရဲ့ ဘဝဖြစ်စဉ်တွေကို သွားရောက်ပြီးတော့ လေ့လာတာပါ။ အဲဒီမှာ အထူးသဖြင့်ကတော့ ကရင်တိုင်းရင်းသား လူမျိုးတွေ အမေရိကန် ပြည်ထောင်စု ရောက်လာတာ သူတို့တွေ လူမှုရေးကိစ္စ၊ ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ နေထိုင်သွားကြတဲ့ သူတို့ရဲ့ဘဝရဲ့ အခြေအနေ ဆရာတော် လေ့လာတယ်။

● ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လားဘုရား။
♦ အဲဒါတွေနဲ့တော့ မဆိုင်ပါဘူး။ ဆရာတော်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ပဲ။

● ဆရာတော်တစ်ခါရေးဖူးတဲ့ နေရပ်စွန့်ခွာပြန်လာကြဖို့ဆိုတဲ့ ဆောင်းပါးနဲ့ရော ပတ်သက်လားဘုရား။
♦ ပတ်သက်ပါတယ်။ တတိယနိုင်ငံကို ရောက်သွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေ မြန်မာပြည်၊ မိမိရဲ့ တိုင်းပြည်ထဲကို ပြန်လာလိုတဲ့သူတွေ များစွာရှိပါတယ်။ အဲဒီအထဲမှာ အထူးသဖြင့် နေရပ်စွန့်ခွာပြီးတော့ ထွက်ခွာသွားရတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေဟာ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကို ရောက်သွားပေမယ့် သူတို့တွေဟာ တချို့များကျတော့ သွားလိုတဲ့ဆန္ဒ မရှိပါဘူး။ ဘဝရဲ့ အခြေအနေကြောင့် ရောက်သွားကြရတာပါ။ အဲဒီလို သူတို့ရောက်သွားကြပေမယ့် မိမိရဲ့တိုင်းပြည်ကို ပြန်လာချင်ကြ တဲ့သူ တွေကတော့ အတော်များများပါပဲ။

● အမေရိကန်မှာ ကရင်တိုင်းရင်းသားဦးရေ ဘယ်လောက် များများ ရောက်နေတယ်လို့ ဆရာတော်ခန့်မှန်း မိပါသလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာ ကရင်တိုင်းရင်းသား လူမျိုးတွေ အနည်းဆုံး ၃- ၄-၅ သောင်းလောက် ရောက်သွားပါပြီ။ တချို့ ဒါယကာတွေ တောင်ကလေး ဆရာတော်နဲ့ ပတ်သက်တာတွေ ကြားခဲ့ဖူးတယ်ဆိုတော့ ရောက် လာတယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာ ရှိကြပါတယ်။

● အမေရိကန်အစိုးရ တာဝန်ရှိသူတွေကရော ဆရာတော့်ကို လာရောက်တွေ့ဆုံ ပါလားဘုရား။
♦ မရှိပါဘူး။

● လွှတ်တော်ပိုင်းဆိုင်ရာတွေကရောဘုရား။
♦ လွှတ်တော်ပိုင်းဆိုင်ရာလည်း မရှိပါဘူး။ ဆရာတော်ကတော့ သူတို့ရဲ့လွှတ်တော်ရဲ့ အခင်းအကျင်းလေးတွေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ လွှတ်တော်အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ သွားရောက်ပြီးတော့ လေ့လာပါတယ်။

● အမေရိကန်မှာ ဆရာတော်အဓိက ဘယ်နေရာတွေကို ရောက်ခဲ့ပါလဲဘုရား။
♦ အမေရိကန် ပြည်ထောင်စုမှာတော့ ၁၈ ပြည်နယ် ရောက်ပါတယ်။ ဆရာတော် အမေရိကန် ပြည်ထောင်စုကို ရောက်တာ အထူးသဖြင့် ဒီမိုကရေစီ တိုင်းပြည်တစ်ပြည် တည်ထောင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု က မြန်မာနိုင်ငံ ဒီမိုကရေစီတိုင်းပြည် တည်ထောင်မယ်ဆိုတော့ ဘယ်လိုများ ကွာခြားမှုရှိသလဲ ဆိုတဲ့ အကြောင်းရင်းကို သွားရောက်ပြီးတော့ လေ့ လာတယ်။ အဓိကကတော့ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံလူမှုရေး အစီအစဉ်အရင် စတင်ပြီးတော့ လေ့လာပါတယ် အပိုင်း(၁)မှာ။ လူမှုရေးအစီအစဉ် ဘယ်လို လေ့လာသလဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ မူရင်း တိုင်းရင်းသား လူမျိုးတွေ ဘယ်လိုနေထိုင် စားသောက်ကြသလဲ အရင်လေ့လာတယ်။

အဲဒီထဲမှာ နတ်ဗဂျိုး လူမျိုး၊ ရိဒ်လူမျိုး၊ ဝေါလူမျိုးစတဲ့ လူမျိုးစု ၃-၄-၅ စုအကြောင်းကို သူတို့နေထိုင်တဲ့ နေရပ်ဒေသအားလုံး သွားရောက်ပြီးတော့ လေ့လာပါတယ်။ အဲဒီလူမျိုးစုတွေက ယနေ့ ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့ရဲ့ ဘ၀ တစ်ခုလုံးဟာ အကုန်လုံး ပြတိုက်လူသား ဖြစ်သွားတယ်။ သူတို့ရဲ့ဘဝတစ်ခုလုံး ဟာ ပြတိုက်ထဲမှာပဲ ပြသခံရတဲ့ လူမျိုး ဖြစ်သွားတယ်။ မေးလိုက်ပါ တယ်။ ပြတိုက်တစ်ခုမှာ ဝဲလ်ဖလိုးဆိုတဲ့ လူမျိုးတစ်စုအကြောင်း ကို လေ့လာရင်းနဲ့ အဲဒီဝဲလ်ဖလိုးဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံပါတယ်။ သူတို့စာပေ၊ သူတို့စကား၊ သူတို့ဘာသာ၊ သူတို့ယဉ်ကျေးမှု အကြောင်းတွေကို သေသေချာချာ လေ့လာပြီးတော့ အဲဒီကလေးမလေးနဲ့ ဆရာတော်နဲ့ စကားပြောဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မူရင်း စကားကိုလည်း သူတို့ မတတ်တော့ဘူး။ သူတို့စာလည်း သူတို့ မတတ်တော့ဘူး။ သူတို့ယဉ်ကျေးမှု ပြခန်းပြတိုက်ထဲမှာပဲ သူတို့တွေဟာ ပြသခံရတဲ့ လူမျိုးဖြစ်သွားတယ်။ အဲဒါမျိုး တွေ့ရတယ်။

နောက်တစ်ခုကတော့ ဒီမိုကရေစီတိုင်းပြည် တစ်ပြည် တည်ထောင်လာလို့ လူမျိုးစုငယ်၊ လူမျိုးစုကြီးတွေ ပျောက်ဆုံးကြရတာဟာ ဘာအတွက်လဲ၊ ဘာကြောင့်လဲဆိုတာကို ဆရာတော်က မေးဖြစ် လိုက်ပါတယ်။ အခြေခံ အကြောင်းရင်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးမှာ တိုင်းရင်းသား လူမျိုးတွေ အခြေခံပညာရပ် အားနည်းတဲ့အချိန်အခါမှာ လူမျိုးစုတစ်စုနဲ့တစ်စု ရန်ပွဲမပြီးဆုံးတဲ့ အစီအစဉ်ကြောင့် ဒီကြားထဲက ပညာတတ်တဲ့ အလွှာတွေက စက်လှည့်ပုံစံ လှည့်ပြီးတော့ကို သူတို့ရဲ့ နိုင်ငံရေး ပုံစံရအောင် တွန်းလိုက်တဲ့အခါကျတော့ ဒီလူမျိုးတွေဟာ အကုန်လုံး ပျောက်သွားတယ်။

● ဒီနိုင်ငံက ရောက်သွားတဲ့ တိုင်းရင်းသားတွေက ဘယ်လိုအလုပ်တွေ လုပ်ကိုင်စားသောက်နေတာ ဆရာတော် တွေ့ခဲ့လဲ။
♦ အမေရိကန် ပြည်ထောင်စုကို ရောက်သွားတဲ့ မြန်မာတိုင်းရင်းသား လူမျိုးတွေကတော့ အထူးသဖြင့် သားသမီးတွေကို ပညာသင်ကြားတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တာတွေကတော့ ကုမ္ပဏီ လုပ်ငန်းတွေ လုပ်ကိုင် နေကြပါတယ်။

● အဲဒီကိုရောက်သွားတဲ့ တိုင်းရင်းသားတွေက စစ်ဘေးတွေ များလားဘုရား။
♦ စစ်ဘေးစစ်ဒဏ်နဲ့ ရောက်သွားကြတဲ့ လူတွေ၊ မြန်မာပြည် စစ်ဘေး စစ်ဒဏ်ကြောင့် ရောက်သွားကြတဲ့ ပုဂ္ဂိုလ်တွေက များပြားပါတယ်။ ရိုးရိုးသာမန်အားဖြင့် သွားရောက်တဲ့လူတွေ နည်းပါးပါတယ်။

● အခုဒီမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကရင်အဖွဲ့တွေနဲ့ရော ပတ်သက်လားဘုရား။
♦ အဲဒါတွေကျတော့ မပတ်သက်တော့ဘူး။ ကရင်ပြည်နယ်မှာ၊ မြန်မာပြည်မှာ လုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ မပတ်သက်ပါဘူး။

● သူတို့တွေ အကုန်လုံးကို ဆရာတော်ပေးခဲ့တဲ့ ဆုံးမသြဝါဒစကား အနှစ်ချုပ်လေး တပည့်တော်ကို မိန့်ပေးပါဘုရား။
♦ ဦးဇင်းရဲ့ ဆုံးမစကား အနှစ်ချုပ်ကတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်လာကြတဲ့ တိုင်းရင်းသား၊ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ မူလမိမိတို့ မျိုးနွယ်က ရှိပါတယ်ဆိုတဲ့ အကြောင်း၊ ဒီအမေရိကန် ပြည်ထောင်စုကို ရောက်လာကြပေမယ့် အမေရိကန် ပြည်ထောင်စုမှာ ရောက်လာတဲ့ မိမိတို့ရဲ့လူမျိုးတွေ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာထုံးတမ်းစဉ်လာ ဓလေ့တွေ မမေ့ဖို့ ပထမဦးဆုံး သူတို့ ကိုသတိပေးပါတယ်။ ဒုတိယအချက်ကတော့ တတိယနိုင်ငံ ကို ရောက် လာကြတဲ့ မိမိတို့ ကရင် တိုင်းရင်းသား လူမျိုးတွေအားလုံးဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက် လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ကို တိုက်တွန်းတယ်။ တတိယက အဲဒီအစီအစဉ် အကုန်လုံး အောင်မြင်ပြီးသွားရင် သူတို့တွေ ပြုံးပြုံးပျော်ပျော် ရွှင်ရွှင်လန်းလန်းနဲ့ ပြန်လာကြဖို့ ပျော်ရွှင်နေ ကြတယ်ဆိုတဲ့ အကြောင်း။

ဦးဇင်းရဲ့ ဆုံးမစကား အနှစ်ချုပ်ကတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်လာကြတဲ့ တိုင်းရင်းသား၊ အထူးသဖြင့် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ မူလမိမိတို့ မျိုးနွယ်က ရှိပါတယ်ဆိုတဲ့ အကြောင်း၊ ဒီအမေရိကန် ပြည်ထောင်စုကို ရောက်လာကြပေမယ့် အမေရိကန် ပြည်ထောင်စုမှာ ရောက်လာတဲ့ မိမိတို့ရဲ့လူမျိုးတွေ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာထုံးတမ်းစဉ်လာ ဓလေ့တွေ မမေ့ဖို့ ပထမဦးဆုံး သူတို့ ကိုသတိပေးပါတယ်။ ဒုတိယအချက်ကတော့ တတိယနိုင်ငံ ကို ရောက် လာကြတဲ့ မိမိတို့ ကရင် တိုင်းရင်းသား လူမျိုးတွေအားလုံးဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက် လာတဲ့ အခါကျရင် မိမိတို့နေရပ် မြန်မာပြည်ကို ပြန်လာကြဖို့ကို တိုက်တွန်းတယ်။ တတိယက အဲဒီအစီအစဉ် အကုန်လုံး အောင်မြင်ပြီးသွားရင် သူတို့တွေ ပြုံးပြုံးပျော်ပျော် ရွှင်ရွှင်လန်းလန်းနဲ့ ပြန်လာကြဖို့ ပျော်ရွှင်နေ ကြတယ်ဆိုတဲ့ အကြောင်း။

● ဖက်ဒရယ် ပြည်ထောင်စုစနစ်က ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိပါ့မလားဘုရား။
♦ ဖက်ဒရယ်ပြည်ထောင်စုက ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိသလား ဆိုတဲ့ ဒီမေးခွန်းက နည်းနည်းတော့ ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ဦးဇင်းအနေနဲ့ ဆွေးနွေး တင်ပြချင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်လိုကြတယ်၊ တည်ဆောက်ကြမယ်ဆိုရင် အဓိကက တိုင်းရင်းသား တစ်ရပ်လုံးရဲ့ အခွင့်အရေး ကိုတော့ ပိုပြီးတော့ နားလည်ပေးဖို့လိုပါတယ်။

တိုင်းရင်းသား အခွင့်အရေးတွေကို နားမလည်ဘဲနဲ့ မိသားစု အခွင့်အရေးပဲ၊ ဒါမှ မဟုတ်ဘဲနဲ့ အုပ်စု တစ်စု၊ နှစ်စု၊ သုံးစု အခွင့်အရေးလောက်ပဲ လုပ်မယ့် ဖက်ဒရယ်ဆိုရင် တော့ မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

● အခုငြိမ်းချမ်းရေး ဆွေးနွေးနေတာကရော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ အစမဟုတ်ဘူးလားဘုရား။
♦ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အစီအစဉ်ဟာ ဖက်ဒရယ် ပြည်ထောင်စု အစလို့ဆို နိုင်ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစီအစဉ် မရောက်သေး ပါဘူး။ သူတို့အပစ်အခတ် ရပ်စဲရေး အစီအစဉ်လောက်ပဲ ရှိနေ ပါသေးတယ်။ ဆရာတော် ဒီတိုင်းပဲမြင်ပါတယ်။

● ငြိမ်းချမ်းရေးလမ်းစအထိ မရောက်သေးဘူးပေါ့။
♦ ငြိမ်းချမ်းရေးလမ်းစ မရောက်သေးပါဘူး။

ရင်းမြစ် ။ ။ Myanmarthandawsint Newspaper (https://www.facebook.com/photo/?fbid=924222434339383&set=a.245215715573395)

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ တိုင်းပြည်အတွက် ။

မိသားစုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းပါ

ကြီးပွားတိုးတက်အောင်လုပ်

ပြီးလျှင်

တိုင်းပြည်အတွက် အလုပ်လုပ်ပါ

တောင်ကလေးဆရာတော်

(၇.၁၂.၂၀၁၅)

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ ဗုဒ္ဓဘာသာ

ဂုဏ်တော်ရှုပွားနည်း

ဂုဏ်တော်ရှုပွားတယ်ဆိုတာ ဗုဒ္ဓါနုဿတိပါပဲ။
သုဘူတိထေရ အပါဒါန်မှာ သမထဘာဝနာတို့မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကိုပွားများကြပါ။
ဤဗုဒ္ဓါနုဿတိပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မည်လို့ ဘုရားရှင် အထင်အရှား ဟောကြားခဲ့ပါတယ်။

ဂုဏ်တော်ကိုရှုပွားလိုသူတွေဟာ——

၁။ မိမိကြည်ညိုလေးမြတ်ရာ ဘုရားဆင်းတုတော်၊ ဒါမှမဟုတ်ဘုရားပုံရှေ့မှောက်မှာ ရိုသေစွာထိုင်ပြီး ဘုရားရှိခိုးပါ။

၂။ ကမ္မဋ္ဌာန်းထိုင်နိုင်ပါတယ်။
အမျိုးသမီးများကတော့ တစောင်းထိုင်နိုင်ပါတယ်။ ကိုယ်ကိုမတ်မတ်ထားပြီးကြွက်သားများကို လျော့ချပါ။ ခြေနှစ်ဘက် မထပ်စေဘဲ ရှေ့နောက်ချထားပြီး သက်သက်သာသာ ဖြစ်အောင်ထိုင်ပါ။

၃။ မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို မျက်စိထဲမှာ စွဲအောင် ကြည့်ပြီးမျက်စိမှတ်ကာ ဂုဏ်တော်များကို ဆင်ခြင်ပါ။
ရွတ်ပွားပါ။
ပုံတော်ကို ဂုဏ်တော်လွှမ်းခြုံပါ။
ပုံတော်ကို ဂုဏ်တော်သွင်းပါ။

အရဟံ = မြတ်စွာဘုရားဟာ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မဝေ့မသမ်းအောင် ကင်းဝေးစင်ကြယ်တော်မူလို့ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။

သမ္မာသမ္ဗူဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသောတရားတို့ကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင် တော်မူပါပေတယ်။

ဝိဇ္ဖာစရဏသမ္ပန္နော = ဝိဇ္ဖာဉာဏ်သုံးပါး၊ ရှစ်ပါး၊ အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူပါပေတယ်။

သုဂတော = မြတ်စွာဘုရားဟာ မှန်ကန်အကျိုးရှိတဲ့ စကားကိုသာ ဆိုတော်မူတတ်ပါပေတယ်။

လောကဝိဒူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတို့ကို အကြွင်းအကျန်မရှိ ဉာဏ်ဖြင့် ထွင်းဖောက်ပြီး သိမြင်တော်မူပါပေတယ်။

အနုတ္တ ရောပုရိသဓမ္မသာရတိ = မြတ်စွာဘုရားဟာ မယဉ်ကျေးကြတဲ့လူ၊ နတ်၊ တိရစ္ဆာန်များကို ယဉ်ကျေးအောင်ဆုံးမတတ်တဲ့ အတုမဲ့ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူပါပေတယ်။

သတ္တာဒေဝမနုဿာနံ = မြတ်စွာဘုရားဟာ သတ္တဝါများအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် သွန်သင်ညွှန်ပြတတ်တဲ့ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူပါပေတယ်။

ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ထိုးထွင်သိမြင်ပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူတတ်ပါပေတယ်။

ဘဂဝါ = မြတ်စွာဘုရားဟာ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဆိုတဲ့ ဘုန်းတော်ခြောက်စုံနှင့် ပြည့်စုံတော်မူပါပေတယ်။

အဲသလို ပါဠိကို စိတ်က ရွတ်ရင်း အဓိပ္ပါယ်ကို ထင်မြင်သွားအောင် ဆင်ခြင်ပါ။
စိပ်ပုတီးကို အသုံးပြုရမှ ကျေနပ်အားရတယ် ဆိုရင်လဲ ဂုဏ်တော်တစ်ပါး နှလုံးသွင်းပြီးတိုင်း ပုတီးတစ်လုံးချပါ။

၄။ အရေးကြီးတာက လက်နဲ့စိပ်ပုတီးမှာ အာရုံမထားမိဖို့လိုပါတယ်။
ဂုဏ်တော်မှာ အာရုံထားပါ။

၅။ နေ့စဉ် ပုတီး ၃- ပတ်၊ ၅ – ပါတ်၊ ၇ – ပါတ်၊ ၉ – ပါတ် နိုင်သလောက် အဓိဋ္ဌာန်ပြီး မှန်မှန်စိပ်သွားပါ။

ဒီလိုမှမဟုတ်ဘဲ နေ့စဉ်နာရီဝက်၊ ၁-နာရီ၊ ၂-နာရီ စွမ်းနိုင်သလောက်ရှုပွားပါ။
အထိုင်ကြာလို့ ညောင်းညာ ကိုက်ခဲလာရင် ခြေပြင်ပြီး ထိုင်လို့လဲရပါတယ်။
ပြင်ထိုင်တဲ့အခါမှာလဲ ဂုဏ်တော်ကိုသာ အာရုံပြုထားဖို့ မမေ့ပါနဲ့။

အကောင်းဆုံးကတော့ အိပ်တဲ့အခါမှာကော ထိုင်တဲ့အခါ ရပ်တဲ့အခါ သွားတဲ့အခါ ခပ်သိမ်းတို့မှာ နှုတ်ရော စိတ်ရော ရိုသေမြတ်နိုးစွာ ပွားများကြည်ညိုနေကြပါ။
ဂုဏ်တော်ပွားတဲ့အခါ နှုတ်နဲ့ရွတ်တာ စိတ်နဲ့ရွတ်တာ ပုတီးကိုင်တာ ဆိုတာတွေဟာ အဓိကမကျပါဘူး။ နှုတ်နဲ့ပွားရင်း အရှိန်ကောင်းရင် စိတ်နဲ့ပွားပါ။ အပြန်ပြန် အလှန်လှန် လေ့ကျင့်ပွားများပါ။

နည်း (၃) နည်း

ဂုဏ်တော်ရှုပွားရာမှာ ကုသိုလ်ရတဲ့နည်း၊ သမာဓိရတဲ့နည်း၊
ဥပစာရဈာန်ရတဲ့နည်းရယ်လို့ ၃-မျိုး ရှိပါတယ်။

ခဏတစ်ဖြုတ် ပွားများသူတွေဟာ ကုသိုလ်ပဲရမှာပါ။

နံနက် ၁ နာရီ ၊ ည ၁- နာရီ အဲသလို ဝတ္တရားထားပြီး မှန်မှန် ပုတီးစိပ် မှန်မှန် ပွားများရင်တော့ ကုသိုလ်လဲရ၊ သမာဓိလဲ ဖြစ်ပါလိမ်မယ်။
ပုတီးနဲ့ ပွားများတာဟာ ကာယကံနဲ့ လှုပ်ရှားနေတာမို့ ဥပစာရ စျာန်ရတဲ့အထိ ပေါက်မြောက်မယ် မထင်ပါဘူး။

ဈာန်ဆိုတာ မနောကံသက်သက်မျှ ဖြစ်ပါတယ်။

ပုတီးကိုလွှတ်၊ နှုတ်ကရွတ်ဆိုတာကိုရပ်ဆိုင်းပြီး မိမိနှစ်သက်တဲ့ ဘုရားဂုဏ်တော်တစ်ပါးပါးမှာ သတိနဲ့စိတ်ကို ကပ်ထားပါ။

နှလုံးသွင်းနေစဉ်မှာ သတိမလွတ်ပါစေနဲ့ အပြင်ကိုစိတ်မရောက်သွားပါစေနဲ့။

စိတ်ကိုဂုဏ်တော်မှာပဲ ကပ်ထားပါ။
သမာဓိ တဖြေးဖြေးတက်လာပါလိမ့်မယ်။ ဆိတ်ငြိမ်ရာမှာ ဇွဲကောင်းကောင်းနဲ့ ရှေ့သမာဓိ နဲ့ နောက်သမာဓိဆက်မိအောင် ကြာရှည်စွာ ပွားများအားထုတ်ရင်း နီဝရဏတရားတွေကို ဖြတ်ကျော်ပြီး ဥပစာရ သမာဓိကို ရောက်ပါတယ်။ ဒီသမာဓိကိုပဲ ဥပစာရဈာန်လို့ ခေါ်တာပါ။

ဓာတ်ကမ္မဋ္ဌာန်း ဒါမှမဟုတ် အာနာပါနဿတိနဲ့ ဥပစာရသမာဓိ ထူထောင်ပြီး ဗုဒ္ဓါနုဿတိနဲ့ ဥပစာရသမာဓိထူထောင်ပြီး ဗုဒ္ဓါနုဿတိကို ရှုပွားရင်တော့ ဒီဈာန်ကို ပေါက်ရောက်နိုင်ပါတယ်။

တောင်ကလေးဆရာတော်(တောမှီရဟန်း) ရေးသားပြုစုသော
ဗုဒ္ဓဂုဏ်တော်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။

Loading

Categories
နိုင်ငံရေး

။ နောင်နှစ်ခါ တန်ဆောင်မုန်း လှည့်ကြည့်ပါဦး ။

။ မနေ့က
မြင်ရတဲ့မြင်ကွင်းလေးတစ်ခု
မိသားစုအဆင်မပြေမှုပါ
ရှိစု, မရှိစု မိသားစုမို့လေးပေါ့
ပူမှုရယ်က ဆယ်ကုဋေပါပဲ။

။ ငယ်ငယ်ရွယ်ရွယ်လေး
အိမ်ထောင်သည်ပြုအတွေးကြောင့်
ဘာရယ်လို့မသိတတ်သေးတဲ့သူတို့အရွယ်
ကလေးလေးတပွေ့ပွေ့တဖက်ဖက်
အနှီးမလုံတဲ့ ပိတ်သားလေးနဲ့
ကိုယ်မလုံ ကလေးလေးဘဝကို
မြင်ရရင်မှာ အသဲကွဲလုမတတ်လောက်အောင်ပါပဲ။

။ သည်အရွယ်လေး
ကလေးမိခင် မဖြစ်သင့်သေး
ဒါတွေအတွေး မရောက်ဖြစ်ခဲ့
ငယ်ငယ်လေးနဲ့ မိခင်လောကရောက်ခဲ့ရ။

။ မိခင်လောက မိခင်သောကများရလို့
အားမကိုးရတဲ့ လင်သားတစ္ဆေက
ပေတေတေ အရိုက်အပုတ်တွေနဲ့
သူငါရှေ့ နောက်မဆုတ်တတ်
မြင်ရတဲ့ လူမှုမိသားစုအထုပ်ကို
စိတ်ပြုတ်လု မတတ်ပါပဲ။

။ နေရာတကာ
အချေးအငှားလေးနဲ့
နေဖို့နေရာ တဲစုတ်ဘေးမှာ
သည်ကလေး သည်မိခင် သည်ဖခင်
ဘယ်သူမှ မခင်မင်ကြ
မချစ်ကြလေတော့
ကျမျက်ရည် နှလုံးထိခိုက်။

။ ငယ်ရွယ်ချိန် မေ့
ကြီးချိန် ပိုမေ့နေရတဲ့
သူတို့ရဲ့အလှအပကို
တိုင်းပြည် မမဲ့
ပညာတွေ မမဲ့ဖို့
သူတို့ဘဝကို
ဘယ်သူတွေ ကယ်ကြမလဲ
ဘယ်သူတွေပို့ကြမလဲ။

။ “ပြည်အရေး အမြဲတွေးတဲ့
မြန်ပြည်သွေးအပေါင်း
ဘေးရန်များကင်းစေရေး” ကို
မေတ္တာရေး အတွေးသန့်သန့်နဲ့
ဖေးမလို့ ချိန်တန်ပြီပေါ့။

။ နောက်ဆုံး……….
သည်ကလေး
သည်မိခင်
သည်ဖခင်တွေကို
ဘယ်သူကယ်မ မြတ်ကြမယ်
ဘယ်သူကယ်မ ထကြမယ်
ဘယ်သူကယ်မ ရကြမယ် ဆိုတာကို
ပြည်တော်ကို လှည့်ကြည့်ကြဦး။။

တောမှီရဟန်း (အဲးခိုး) 

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ တာဝန်နှင့် ဝတ္တရား ။

နိဒါန်း

။။။။။။။။။။။။။။။။။။။။

။ တာဝန်ဆိုတာ မလုပ်လို့မဖြစ် လုပ်ရတာဟာ ” တာဝန် ” ပါ။ အချိန်ရှိသမျှ အမြဲတမ်းလုပ်ရမှာက ” ဝတ္တရား ” ပါ။ ဒီတာဝန်နဲ့ ဝတ္တရားနှစ်ပါးကို တာဝန်ဆိုတာ ဝတ္တရားထက် ပိုအရေးကြီးပါတယ်။ ဝတ္တရားပျက်ကွက်တဲ့လူတစ်ယောက်အတွက် များများမနစ်နာပါဘူး။ တာဝန်ပျက်ကွက်ရင်တော့ တစ်မျိုးသားလုံးနဲ့ တစ်နိုင်ငံလုံးနစ်နာပျက်စီးတတ်ပါတယ်။

ဥပဒေအာဏာဆိုတာ

။။။။။။။။။။။။။။။။။။။။။။။။။။။

။ တိုင်းပြည်ရှိတဲ့နိုင်ငံသားဟာ အရေးအကြီးဆုံးတာဝန်မှာ တိုင်းပြည်ရဲ့ဥပဒေကို ရိုသေလေးစားလိုက်နာဖို့ပါပဲ။ သိဖို့ပါပဲ။နိုင်ငံတော်ရဲ့ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့သဘောအရ ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံသားတိုင်း ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံ့ကိုယ်စားလှယ်မှာပါဝင်တဲ့ ဥပဒေပြုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေပါပဲ။ ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ (ဥပဒေ အာဏာဟာ) နိုင်ငံသားထံမှဆင်းသက်လာတာဖြစ်တာကြောင့် နိုင်ငံသားတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးရသည့်တာဝန် ရှိကြပါတယ်။

ပြင်ဆင်, ဖျက်သိမ်း

။။။။။။။။။။။။။။။။။။။။။။။။

။ ဥပဒေဆိုတာ အများကောင်းကျိုးအတွက်ပါ။ရိုသေလေးစားတန်ဖိုးထားရင်ထားသလို အဖိုးတန်ပါတယ်။ သို့မဟုတ် ဥပဒေက နိုင်ငံသားတွေကိုဆန့်ကျင်မှု ဖြစ်လာခဲ့ရင် ၊ လိုက်နာကျင့်သုံးဖို့ မလျော်ခဲ့ရင် အဲဒီဥပဒေကို ပြင်ဖို့ (သို့မဟုတ်) ဖျက်သိမ်းဖို့ ဥပဒေပြုလွှတ်တော်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြပြီး လိုအပ်ပါက ပြင်ဆင်ပေးရမယ်။ ဖျက်သိမ်းပေးရမယ်။

အတွက်အားလုံး

။။။။။။။။။။။။။။။။။။။။။

။ ကိုင်း

မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူပြည်သားတွေအတွက် လိုက်နာကျင့်သုံးဖို့ လျော်, မလျော် ပြည်သူတွေ သိထားကြရမယ်။ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ မလေ့လာထားကြတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံးအတွက် ကောင်းကျိုးဖြစ်, မဖြစ်ဆိုတာကို သိထားရမယ်။ အကယ်၍ အကျိုးမရှိတဲ့အခြေခံဥပဒေဖြစ်ရင်

(က) ပြင်ဆင်လိုက ပြင်ဆင်နိုင်ရမယ်

(ခ) ဖျက်သိမ်းလိုက ဖျက်သိမ်းနိုင်ရမယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်ဆင်, ဖျက်သိမ်းမလုပ်နိုင်ကြတာကြောင့် တိုင်းပြည်အတွက်, ပြည်သူလူထုအတွက် နစ်နာနေကြရပါတယ်။

နိဂုံး

။။။။။။။။။။။

။ (၁) တာဝန် ရှိသည့်ပြည်သူများ

(၂) ဝတ္တရားရှိသည့်ပြည်သူများ ဘယ်လိုမျိုး အခြေခံဥပဒေကို ပြင်ဆင်, ဖျက်သိမ်းနိုင်ကြမလဲ။ အများကောင်းကျိုး ဥပဒေက ဘယ်လို ဥပဒေမျိုးပါလဲ? လေ့လာသိမြင်သင့်ပါပေတယ်။

ရင်ကိုအေးမြပါစေသား (အဲးခိုး)

Featured image: Compare and Contrast Duty and Responsibility – ppt video online download (slideplayer.com) by Kallie Dryden

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

အနေမမြတ်ရင်သေတတ်မှာ မဟုတ်ဘူး

တစ်နေ့ ‘ကိုယ်လဲသေရဦးမှာပဲ’ ဆိုတာ ခုကတည်းကသိထားပြီးဖြစ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ ဒီလမ်းအတွက်အသက်သာဆုံး နည်းကောင်းကိုရှာဖွေထားဖို့ အရေးကြီးပါတယ်။

မအို၊ မနာ၊ မသေခင် ရှင်နေစဉ်မှာ မိဘကိုလုပ်ကျွေး။
ဘဝလည်း အေးမြအောင် စိတ်ဓာတ်မြင့်မြင့်ထားမှ တော်မယ်လို့ခံယူလိုက်မိပါတယ်။

ဘဝနေညိုချိန် မရောက်ခင် အင်အားရှိရှိ လုပ်ကိုင်နိုင်တုန်းမှာ ဒါန၊ သီလ၊ ဘာဝနာတွေ လုပ်ထားဖို့၊ ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။

‘အနေမမြတ်ရင် သေတတ်မှာမဟုတ်ဘူး’

ဆိုတဲ့စကားဟာ လူသားအားလုံးကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ ဗုဒ္ဓဘာသာ

။ တရားရှာကိုယ်မှာ တွေ့ပါသတဲ့ ။

သူလိုငါလို လူဖြစ်လာကြ၊ သူလိုငါလို နေထိုင်သွားကြပြီး
သူလိုငါလို ငါလိုပဲ ရခဲတဲ့ဘဝကို
အဆုံးရှုံးခံပြီး ကြွေသွားကြတော့မှာလား။

မိရိုးဖလာ ကိုးကွယ်မှုတွေ၊ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ယုံကြည်မှုတွေ၊
ပ, သ ပူဇော်မှုတွေနဲ့ ဘဝကို ရေစုန်မျှောပစ်ကြတော့မှာလား။

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး လက်တစ်ကမ်းမှာ ရှိနေတဲ့ အစစ်အမှန်၊ အမွန်မြတ်ဆုံးဖြစ်တဲ့ ရတနာကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့ အချိန်တန်ပါပြီ။

‘တရားရှာ ကိုယ်မှာ တွေ့ပါသတဲ့’

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
ကရင်လူမျိုး ဆောင်းပါး

အမေရိကန်ခရီးစဉ်တွင် အောင်မြင်မှုရရှိခဲ့သည်ဟု တောင်ကလေးဆရာတော်ဒေါက်တာအရှင်ပညာသာမိ မိန့်ကြား

အမေရိကန်နိုင်ငံသို့ကြွရောက်ခဲ့သည့် ရက်ရှည်ခရီးစဉ်အတွင်း ရည်မှန်းချက်များအတိုင်း အောင်မြင်မှုများ အပြည့်အစရရှိခဲ့သည်ဟု မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

တလခွဲကြာသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခရီးစဉ်တွင် ရည်မှန်းချက်များ အားလုံးအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ကရင် မြန်မာအပါအဝင်တိုင်းရင်းသားအားလုံးက မြန်မာပြည်ကိုပြန်လာပြီးအခြေချချင်ကြောင်း နိုင်ငံရေးတည်ငြိမ်သည့် မြန်မာပြည်၏ အပြောင်းအလဲကို စောင့်မျော်နေကြသည့် အနေအထားများရှိသည်ဟု ဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

ဆရာတော်၏ အမေရိကန်ခရီးစဉ်တွင် ဝတ်ကြီးဝတ်ငယ်ပြု ခွင့်ရရှိခဲ့သောကြောင့် လွန်စွာဝမ်းသာပီတိဖြစ်ခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ (OKRSO) ၏ ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် စောစန်းအောင် မန်းဉာဏ စောကျော်ဇင် စောရွှေမိုး စောဘခန့်စိုး တို့က ပြောဆိုသည်။

စောရွှေမိုးက “ ဆရာတော်ရဲ့ခရီးစဉ်မှာ တတ်နိုင်သည့်ဘက်က ကုသိုလ်ပြုခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းသာကြည်နှုးရပါတယ် ” ဟု ကရင်အမျိုးသားမီဒီယာ ကို ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသီးသီးသို့ရောက်ရှိနေကြသည် ကရင်အမျိုးသားအများစုက ဆရာတော်၏အမည်နာမ (ဘွဲ့) ထက် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဦးဆောင်ဆရာတော်တပါးအပြင် တိုင်းရေးပြည်ရာများနှင့်ပတ်သက်၍ အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုသည့် ဆရာတော်တပါးအနေနှင့်သိရှိထားကြသည်ဟု ကနေဒါနိုင်ငံတွင် နေထိုင်သည့် စောတကူး က ပြောဆိုသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိသည် အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို စက်တင်ဘာလ ၁ ရက်နေ့ကစတင်ခဲ့ပြီ်း ယခုလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် တောင်းကလေးဆရာတော်သည် အဓိကအခန်းကဏ္ဍမှဦးဆောင်ခဲ့ပြီး မြန်မာအစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်ကပင် ဦးဆောင်ဦးရွက်ပြု ခဲ့သည့် အထင်ကရ ကရင်အမျိုးသားဆရာတော်တပါးဖြစ်သည်ဟု (KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောဆိုသည်။

ကျေးဇူးတင်လွှာ – အထက်ပါသတင်းကို ရေးသားနိုင်ရန်အတွက် အကူအညီပေးခဲ့ကြသည့် ဓာတ်ပုံပိုင်ရှင်နှင့်ရပ်နီးရပ်ဝေးမှမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။

သတင်း – ကရင်အမျိုးသား မီဒီယာ

Source: https://kareanmedia.blogspot.com/2015/10/blog-post_22.html

Loading

Categories
စကားလက်ဆောင်

။ ပုံပြင်ကလေးနဲ့ ထိုသစ်ပင် ။

။ နေခြည်နုအေးတဲ့ထိုနေ့
မိုးကောင်းကင်က တိမ်ပြာလေးပေါ့
လောကအားလုံးတိတ်ဆိတ်ငြိမ်သက်
သဘာဝကျတဲ့အချိန်အခါနဲ့
ဓမ္မဖြစ်စဉ်ပြတဲ့ သစ်ပင်လေးတစ်ပင်။

။ သူ့မှာ
သံယောဇဉ်
အနုသယ
ကိလေသာ
မာန်မာန
အဝိဇ္ဇာ စတဲ့တရားတွေမရှိဘဲ
အဝိညာဏက (အသက်မရှိ)
အဝိုင်းအဝန်းလေးပါ။

။ သို့သော်
သူ့မှာ အဲဒီတရားတွေကင်းလို့
လောကအတွက် တင့်တယ်လေခြင်းပဲလို့
ထင်ရလေရဲ့။

။ ဆိုလိုက်ကြပါစို့
လူမှာ လူလိုအတ္တ
သူ့မှာ လူလိုအတ္တ
မာနတွေ
အတ္တတွေ မရှိတာတော့ အမှန်ပဲ။

။ ဒါပေမယ့်
အဝိညာဏက
ပင်ရုပ်ဖြစ်ရလည်း
သရုပ်မပျက်
သရုပ်ကွဲအောင်
နေပြသေပြရသေးတယ်လေ။

။ ဒီနေ့တော့
ဒီနေ့အဖို့တော့
သစ်ပင်အိုချောက်
အသက်ပျောက်ခဲ့ရလည်း
သူ့မှာ အလှအတ္တကလေးက
လောကအတွက် အကျိုးဆက်နေရင်
သူသူငါငါ
ဘယ်သူဘယ်ဝါ
ပုံပြင်လေးတော့ရှိစမြဲပဲလေ
အတ္တသစ်ပင်လေးလား
မာနသစ်ပင်လေးလား
သူ့အကြောင်းနဲ့သူ့ပုံပြင်ပေါ့
ဒီနေ့တော့ သစ်ပင်ချောက်လေး
သူ့ပုံပြင်ပေါ့။

တောင်ကလေးဆရာတော် (အဲးခိုး)
ခေတ္တ USA , ဝီလျံမြို့ကလေး။
၁၇-၉-၂၀၁၅ ရက်နေ့။

Loading