Categories
စကားလက်ဆောင်

။ ဘဝမှာ ။

။ တခါတလေတော့
ကိုယ့်ကိုယ်ကိုတော့
သူဌေးသူကြွယ်ပေါ့။

။ တခါတလေတော့
ကိုယ့်ထိုက်နှင့်ကိုယ့်ကံလေးတော့
မယုံချင်သလိုပဲပေါ့။

။ တခါတလေတော့
ဟိုနေ့လေးလိုမဖြစ်တော့
ဒီနေ့လည်း ဟိုနေ့လေးလိုမဖြစ်တော့
ဘဝရဲ့အကျပ်အတည်းက
သည်နေ့နဲ့ဟိုနေ့နဲ့မတူတာက
မဆန်းပါဘူးလို့ပါပဲ။

။ ဒါပေမဲ့
မခက်ခဲတဲ့အခက်အခဲကို
ခက်ခဲခဲ့တဲ့ခုလိုအချိန်မှာ
ရှေ့ဆက်ရမယ့် ဘဝဆက်တွေ
အသက်ကမနိုင်တော့သလိုပါပဲ။

။ တစ်နေ့တာအတွက်
တစ်ရွေ့စာအသက်နဲ့
တစ်မေ့စာမဖြစ်ဖို့
ဘဝမှာ ပန်းလေးလိုပဲ
လှပါ့မည်လားပါပဲ။

နေဘုန်းသစ်
(၂၉.၁၁.၂၀၂၁) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.