Categories
စကားလက်ဆောင်

။ ငတ်ခဲ့သော ဆွမ်းတစ်နပ် ။

။ ငတ်ခဲ့သော ဆွမ်းတစ်နပ် ။
~~~~~~~~~~~~~~~~~~~
။ ၁၉၈၈ ခုနှစ်
မြန်မာပြည် အရေးအခင်းပြီးစီးသွားသောအခါ
သူသူငါငါ
အပြင်ကမ္ဘာနဲ့ထိတွေ့သွားကြတဲ့အချိန်က
ဤအရှင်သည်လည်း
အမိမြန်မာပြည်အတွက်
ကွန်ပျူတာနည်းပညာနဲ့
ပါဠိ+သက္ကတဘာသာစာပေအတွက်
နည်းပညာဆည်းပူးဖို့
အမိတိုင်းပြည်ကနေ
တစ်ပါးတည်းထွက်ခွာသွားပါတယ်။

။ သက်တော်က မကြီးသေး
ဝါတော်လည်း မကြီးသေး
၂၈ နှစ်ဆိုတဲ့အရွယ်လေးပေါ့။

။အိမ်နီးနားချင်း
တိုင်းပြည်တပြည်ရောက်တော့
ရှေ့ဆက်မယ့်ခရီးမကြွသေးမီ
အမှီအခိုကင်းကင်းနဲ့
ကိုယ်စိတ်တင်းပြီး
အာရှနိုင်ငံရဲ့
တစ်ချိန်ကမြို့ကြီးတစ်မြို့ရဲ့အလယ်မှာ
နံနက်စာအတွက်
နံနက်ခင်းဆွမ်းခံဝင်ခဲ့ပါတယ်။

။ မိုးလင်းအရုဏ်ဦးချိန်မှစပြီး
အလင်းသစ်သစ်
နံနက်အချိန်တိုင်အောင်
ဆွမ်းခံလှည့်လည်ကြွခဲ့ပေမယ့်
လောင်းသူမတွေ့
လှူသူမရှိ
လမ်းဆုံ လမ်းဆုံး
အကုန်လုံးကြွရောက်ခဲ့ပေမယ့်
ထိုနေ့ ဆွမ်းမရ
အငတ်ကြီးငတ်ခဲ့ရသော
ပြင်ပနိုင်ငံတစ်ခုရောက်ခဲ့တဲ့
ဘဝရဲ့အလှဒဿနကို
ယနေ့တိုင်အောင်
မမေ့နိုင်ပါပဲ။

။ မြင်ရတဲ့
ဓာတ်ပုံကအတိုင်းပါပဲ
ပိန်ညောင်ကိုင်းတဲ့
ရဟန်းတစ်ပါးရဲ့ဘဝအကိုင်းက
အပိုင်းကိန်း မရိုင်းခဲ့ပေမယ့်
ရင်ထဲကအပိုင်းပိုင်းပါပဲ။

။ သည်နေ့တော့
ထိုနေ့ကအကြောင်းကို
ပြန်ပြောင်းပြောမိလေတိုင်း
တိမ်ယံက မိုးသားတွေ
ရွာချနေသလိုပါပဲ ဒါယကာတို့ရေ။

တောင်ကလေးဆရာတော်
(၆.၁၀.၂၀၂၁) ရက်နေ့နံနက်။

Original Post: Facebook, Instagram

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.