မြန်မာ့ယဥ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ပထမဆုကိုအရှင်ပညာသာမိ၏ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေက ရရှိပါသည်။


မြန်မာ့အလင်း (ကြာသပတေး၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁)

မြန်မာ့အလင်း (တနင်္ဂနွေ၊ ဒီဇင်ဘာ ၅၊ ၂၀၂၁)

ကြေးမုံ (ဗုဒ္ဓဟူး ၊ဒီဇင်ဘာ ၁၊ ၂၀၂၁)

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (မြန်မာ့သံတော်ဆင့်ပင်တိုင်ဆောင်းပါးရှင် အဲးခိုး) သည် ၂၀၂၀ ပြည့်နှစ် ‘မြန်မာ့ယဥ်ကျေးမှုနှင့် အနုပညာဆိုင်ရာ’ စာပေဗိမာန် စာမူဆုကို ဆရာတော်ကိုယ်တိုင် လေ့လာရေးသားပြုစုခဲ့သည့် ‘မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေ’ စာတမ်းဖြင့် ပထမဆု ရွေးချယ်ခံရပြီး ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (ဒီဇင်ဘာ ၄) စာဆိုတော်နေ့ ရန်ကုန်မြို့ မြဝတီမီဒီယာစင်တာတွင် ကျင်းပသည့် အခမ်းအနား၌ ဆုချီးမြှင့်ခြင်း ခံရသည်။ တောင်ကလေးဆရာတော်ကိုယ်စား ဆရာတော်၏ တပည့်ရင်းတစ်ဦးဖြစ်သူ ဦးစောဝင်း(ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ) (အပေါ်ပုံ) အခမ်းအနားတက်ရောက်၍ ဆုလက်ခံရယူခဲ့သည်။

