။ တကယ်တော့
အေးရိပ်သာဆိုတာ
ရင်ထဲက
အညစ်အကြေးကင်းနေတာကို
ပြောတာပါ။
။ အေးရိပ်သာဆိုတာ
ကျောင်းမဟုတ်
နားခိုရာမဟုတ်
တည်းခိုရာမဟုတ်
စိတ်ချမ်းသာရတာကို
အေးရိပ်သာပါပဲ။
တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု
(၂၀-၉-၁၆) ရက်နေ့။
![]()
။ တကယ်တော့
အေးရိပ်သာဆိုတာ
ရင်ထဲက
အညစ်အကြေးကင်းနေတာကို
ပြောတာပါ။
။ အေးရိပ်သာဆိုတာ
ကျောင်းမဟုတ်
နားခိုရာမဟုတ်
တည်းခိုရာမဟုတ်
စိတ်ချမ်းသာရတာကို
အေးရိပ်သာပါပဲ။
တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု
(၂၀-၉-၁၆) ရက်နေ့။
![]()
။ ယနေ့နံနက်ခင်းချိန် သြဝါဒကထာ( စကား) ။~~~~~~~
။ မိသားစုများ ချမ်းသာအောင် သီလအကျင့်ဖြင့် နေထိုင်ပါ။
။ မိမိနေထိုင်သည့် ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေတတ်ပါစေ။
။ ရှုပ်ထွေးတဲ့ လူမှုရေးအသိုင်းအဝိုင်းများ မဖြစ်ပါစေနှင့်။
။ လူသားတွေတန်ဖိုးထားတဲ့ ကောင်းကျိုးကို မြှင့်တင်ပေးပါ။
။ ဆင်းရဲမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။
။ မတိုးတက်နိုင်တဲ့ ဆုတ်ယုတ်တဲ့ အသိုင်းအဝိုင်းကို ရှောင်ပါ။
။ မိမိကို မြှောက်ပင့်တတ်တဲ့သူတွေနဲ့ အနေဝေးပါစေ။
။ အကျိုးကောင်းမမြင်တတ်သူကို မချဉ်းကပ်ပါနှင့်။
။ မသိဘဲ အယောင်ဆောင်သူကို သတိပြုပါ။
။ မိမိသီလကို ကြည်ဖြူစွာ ယုံကြည်ပါစေ။
![]()
။ ဒုက္ခရောက်သူဝိုင်းဝန်ကူ ထိုသူချမ်းသာရောက် ။~~~~~~~~~~
ဘားအံ စက်တင်ဘာ ၁၂
တောင်ကလေးဆရာတော် (တောမှီရဟန်း) နှင့် တပည့်ဒါယကာ/မ များမှ စစ်ဘေးရှောင်ပြည်သူများအတွက်
ဆန်- ၃၀၂ အိတ်
ဆီ – ၁၂ ဖါ
ဆား- ၁၂ အိတ်
ကြက်သွန်နီ- ၁၁ အိတ်
အသားတု- ၁၀ -အိတ်
အာလူး-၁၀ အိတ်
အဝတ်အထည် -၁၄ အိတ်
ရေသန့်- ၅၀ ကဒ်
ပဲငပိ- ၂၀ ပိဿာ
နှင့် ဟင်းချက်အတွက် အသီးအနှံများ သွားရောက် လှူဒါန်းပါသည်။
ဦးဆောင်ဆရာတော် ဘကကျောင်းအုပ် ဥူးဥတ္တမနှင့်အတူ အေးရိပ်သာမိသားစုများအား တွေ့ရစဉ်။
တောင်ကလေးအေးရိပ်သာအဖွဲ့သားများ မြိုင်ကြီးငူသို့ သွားရောက်လှူဒါန်းစဉ်
![]()
။ တည်တည်ငြိမ်ငြိမ် စိတ်သန့်ရှင်းပါစေ။
။ စိတ်ကြောင့် စူးငြောင့်မဖြစ်ပါစေနှင့်။
။ အညစ်အကြေးမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို တန်ဖိုးထားပါ။
။ မိမိအကျင့်မြတ်သီလကို မပျက်တန်း ထိန်းသိမ်းစောင့်ရှောက်ပါ။
။ မလိုမုန်းသူတို့အပေါ် မေတ္တာမပျက် ဆက်ဆံပါ။
။ မိမိရဲ့ အခက်အခဲကို စိတ်အေးအေးထားပြီး ဖြေရှင်းပါ။
။ စိတ်ဆင်းရဲမှုကြောင့် အပြုအမူမမှားပါစေနှင့်။
။ မက်မောမှုတစ်ခုကြောင့် ဆုံးဖြတ်ချက်မမှားပါစေနှင့်။
။ ရိုသေခြင်းတရားမြဲမြံပါစေ။
။ မိမိကိုယ်ကို မာန်မာနတရား မတက်ကြွပါစေနှင့်။
။ သတိပေါ့လျှော့မှုလည်း မဖြစ်ပါစေနှင့်.။
တောင်ကလေးဆရာတော်
(၁၀.၉.၂၀၁၆) ရက်နေ့နံနက်။
![]()
၂၁ ရာစု ပင်လုံညီလာခံမှ ပြန်လာသော
တို့အဖွဲ့ သည် ညီလာခံမှရရှိလာသော အကျိုးရလဒ်များကို ကရင်ပြည်နယ်ငြိမ်းချမ်းရေး နာယကချုပ်ဆရာတော် အရှင်ပညာသာမိ (တောင်ကလေးဆရာတော်) ထံမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

5/9/2016 (7:30 Am)
သတင်း- ချမ်းရိပ်မွန်
ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး
![]()
။ အစ္စရေး လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနှိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဉာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။
။၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေ ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ဝ.၂ % ရှိတဲ့ ဂျူးလူမျိုးဟာ…. ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိူဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစာရင်းထဲက ၅၀ % ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀ % ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀ % ၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀ % ၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။ သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။
၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
။ ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။
၂ ။ စာအုပ်ချစ်တဲ့ဓလေ့
~~~~~~~~~~~~~~~~
။ ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။
၃။ ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
။ ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဉာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။
၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
။ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။
၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယဝင်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။
မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။
Ref: WeChat
Credit;Sayar Aung Ko Latt
ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး
![]()
။ ပုဂ္ဂို လ်ကို ခင်မင်လေးမြတ်ချစ်မြတ်နိုးခြင်းကြောင့် ရိုသေခြင်း အလေးဂရုပြု ခြင်း တရားရှိ လာတယ်လို့ ယူဆပါက မမှားနိုင်ပါ ။
။ လူဟာ မေတ္တာတရားရှိကြရင် အချင်းချင်း ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာ ကရုဏာ တရား ဖြစ်ကြတယ်။
။ မေတ္တာတရား အချင်းချင်း ရှိကြတဲ့သူမှာ တစ်ဦးက တိုးတက်တာကိုမြင်ရင် တစ်ဦးက မုဒိတာ တရားဖြစ်ရတယ်။ ဝမ်းသာတယ်။ အမှားအယွင်းရှိပေမယ့် လျစ်လျူ ရှုနိုင်တယ်။
။ ဒီလို ဂါရဝတရားရှိကြတာဟာ မနာလို ဝန်တို မာန်မာန ဒေါသတရားတွေ ကင်းဝေးပြီး ကောင်းမွန်သော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။
။ လောကသာယာရေးအတွက် လူတိုင်း ယဉ်ကျေးမှုတရားထွန်းကား နားလည်ဖို့ အလိုအပ်ဆုံး ဖြစ်ပါတယ်။
တောင်ကလေးဆရာတော်( တောမှီရဟန်း = အဲးခိုး)
ရင်းမြစ် ။ ။ https://www.facebook.com/photo/?fbid=2090803584477097&set=a.1711372712420188
![]()
။ မြန်မာ့အားကစားသမိုင်းမှာ အမျိုးသားဘောလ်လုံးအားကစားဟာ တိုင်းနဲ့ပြည်နယ် ဘောလ်လုံးပြိုင်ပွဲရဲ့သမိုင်းမှာ ကရင်ပြည်နယ် အမျိုးသားလက်ရွေးစင်အသင်းရဲ့ အားကစားသမိုင်းမှာ ပြည်ထောင်စုဖလားကြီးကို (၂) ကြိမ်ဆွတ်ခူးရယူခဲ့ဖူးပါတယ်။

(၁) ၁၉၉၆- ခုနှစ်က တစ်ကြိမ်နဲ့
(၂) ၂၀၁၆ -ခုနှစ် တစ်ကြိမ် (စုစုပေါင်း နှစ်ကြိမ် ) ရခဲ့ဖူးပါတယ်။
။ နှစ်ပေါင်း ခြောက်ဆယ်ကျော် မြန်မာ့အားကစားကို ယနေ့ကရင်ပြည်နယ်က ပြည်ထောင်စုဖလားဆွတ်ခူးရရှိခဲ့ပေမယ့် နိုင်ငံတော်က ဆုကြေးငွေအဖြစ်(ဝ) ပါပဲ။ လူတွေအထင်တော့ ဆုကြေးငွေ အကြီးအကျယ်ပိုက်သွားပြီလို့ ။ တကယ်ဆုကြေးငွေက (ဝ) ပါပဲ။
မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာ အိပ်မက်ထဲကပါမောင်တို့ရေ….။
တောင်ကလေးဆရာတော်
(၂၃-၈-၁၆) ရက်နေ့။
ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး
![]()
ဘားအံ၊ ၂၀၁၆၊ မေလ ၂၁ (စနေနေ့)
တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သာသနာပြုနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တော် ကျက်သရေဆောင် ကြာအင်း တောင်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာ ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ပြီး ကဆုန် လပြည့်နေ့ (ဗုဒ္ဓနေ့) နံနက် ၅ နာရီထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ကြသည်။
ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပူဇော်ခြင်း အစီအစဉ်များကို တောင်ကလေး ဘ/ကကျောင်းအုပ်ဆရာတော် ဦးဥတ္တမနှင့် ကြာအင်း တောင်ဆရာတော် ဦးသောဘိတ ဦးဆောင်သော သံဃာတော်အရှင်မြတ်များက ပူဇော်တော်မူကြသည်။ ယင်းနောက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် အလှူရှင်များက ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း ၁၀၃၅ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ဆေးနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြည်ညိုပူဇော်ကြသည်။
ဇွဲကပင်မျိုးတင့်လေး
မူလသတင်းရင်းမြစ် ။ ။ ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ | မြန်မာသံတော်ဆင့် သတင်းစာ (wordpress.com)
![]()
။ မိဘကိုခွာ
ကျောင်းရောက်လာတော့
ကျမ်းစာဖြာဖြာ သင်အံပေါ့။
။ ငယ်စာအခြေ သင်လို့နေသည်
ကျမ်းတွေစာတွေ စုံပေပေါ့။
။ ပါဠိဘာသာ မြန်မာစာနှင့်
သိတာမသိတာ သင်ရကြာတော့
ရင်မှာပင်ပန်းဖြစ်ရပေါ့။
။ ဆွမ်းမပြည့်စုံ ခြေစုံလှည့်လည်
အိမ်မယ်များများ လှည့်၍သွားလည်း
အရှင်ဘုရား ကန်တော့ဆွမ်း။
။ မိုးရွာနေလျှင်..
မိုးစိုသင်္ကန်း ခြေတွေလှမ်းပေါ့
ပင်ပန်းစိတ်နွမ်းကိုယ်မလန်း။
။ နေပူလျှင်လည်း…
ချွေးစိုသင်္ကန်း ဆွမ်းခံပန်းတော့
ကျောင်းခမ်းပြန်တော့ခြေမပေါ့။
။ စာကတစ်ဖက် စားတစ်ဖက်ပေါ့
ခက်ခဲကာလ တစ်ချိန်ကလျှင်
ဖြစ်ရဘဝ အဝဝကို
ပြောပြရင်လည်း ယုံဘူးပေါ့။
။ ယနေ့ကာလ..
ကျောင်းလေးသာသာ နေရပါလည်း
ရင်မှာအမြဲ ငယ်အကဲကို
ဆင်းရဲမာန်မူ မမေ့သူပါ
ငါဟူမာန ဘယ့်မရှိ။
။ ထိုကြောင့်….
ခုခေတ်အခါ ရဟန်းမှာဖြင့်
လိုရာအပြည့် ဖြည့်အပြည့်နှင့်
လိုသည့်အရာ ပြည့်စုံပါလည်း
ပညာမမက် ကျမ်းမတက်လို့
ကျောင်းထွက်ပြန်လာများကြတော့။
။ ခုခေတ်သာသနာ….
ထီးထမ်းလမ်းလျှောက် သားတိုးပေါက်ပြီး
ဟိုရောက်သည်ကြွ စာမရဘဲ
လှလှပပနေရတော့။
။ မြင်ကြည့်ပါကြ …
ခုချိန်ခုခါ ရှင်တို့ရွာမှာ
ကျမ်းစာပြီးမြောက် ထေရ်မြတ်ပျောက်၍
မပေါက်ကျမ်းရှင် ကျောင်းထိုင်ရှင်ဖြစ်
ရှိရှင်နှင့်သာ ကိုးရပေါ့။
။ ပညာတတ်မွန် ရဟန်းမွန်များ
မြို့ရံမြို့ရပ် နေထိုင်ကြလို့
ရပ်ရွာအရပ် အရှင်ရှား။
။ လျှောက်ကြားတော်မူ….
တောတောင်မြေခြား ရပ်တစ်ပါးသို့
အများဒါယကာ ပင့်လျှောက်ပါသည်
တောရွာသာသနာ…
ပြုပါစေလေ အရှင်တွေ
ဂုဏ်ပြုဝမ်းသာပါရစေ။
တောမှီရဟန်း
(၁၈-၅-၁၆) ရက်နေ့။
![]()