Categories
စကားလက်ဆောင်

။ မွေးရပ်မြေ ။

။ တစ်နေ့မှ မမေ့ဘဲ
ရင်ထဲက အလှဖြာပေါ့
ပျော်မွေ့ခဲ့ အမေ့ရွာလေ
ပျော်စရာ့ ဓလေ့ရွာရယ်
ငယ်ငယ်လေးက နေလာခဲ့တာ။

။ အင်းပတ်လည်ဝိုင်းဝိုင်းစက်
ပါရမီတံတားအလှနဲ့ပါ
ညို့ဆိုင်းဆိုင်း ဇွဲကပင်နဲ့
ပင်စပါးစိမ်းလန်းဖြာလို့
ပျော်ရပေါ့ ငယ်ကရွာ။

။ သုံးရာသီ သုံးပန်လှ
သာယာတဲ့ ဇာတိရွာ
သည်နွေဦးမှာ
လာလည်ပါ ဆွေသဟာများ
အေးမြမေတ္တာ ချစ်ကြည်ပါတယ်
ခါတစ်ခေါက်လာစေချင်တာ
တို့လှာကမြင်ရွာပေါ့။

ဘုန်းသစ်ထူး
(၁၈.၃.၂၀၂၂ ရက်နေ့။)
(ကာရံမဲ့ ကဗျာပါ။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.