Categories
စကားလက်ဆောင်

။ မာနသိချိန် ။

။ လူတစ်ယောက်ရဲ့မာနဟာ
ပြိုင်ဆိုင်မှ သိနိုင်တာပါ။

။ ငှက်တစ်ကောင်ရဲ့မာနဟာ
ပျံသန်းမှ သိနိုင်တာပါ။

။ ပညာရှိတစ်ဦးရဲ့မာနဟာ
အခက်အခဲရှိမှ သိမြင်နိုင်တာပါ။

။ လူမိုက်တစ်ယောက်ရဲ့မာနဟာ
လိမ္မာတဲ့အချိန်မှ သိမြင်နိုင်တာပါ။

။ အကျင့်ပျက်ယွင်းကြသူတွေရဲ့မာနဟာ
ဆုတ်ယုတ်ပျက်စီးချိန်မှ သိမြင်နိုင်တာပါ။

။ သူကောင်းတွေရဲ့မာနဟာ
တရားထူးရတဲ့အချိန်မှ သိမြင်ရတာပါ။

။ မိမိထားတဲ့ကိုယ်ပိုင်မာနဟာ
ဆင်းရဲဒုက္ခရောက်မှ သိမြင်နိုင်တာပါ။

တောင်ကလေးဆရာတော်
(၂၀.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.