Categories
ပညာရေး

၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်)

ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Department of Myanmar Examinations, Ministry of Education, Myanmar.
၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်)

၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်) (myanmarexam.org)

မှတ်ချက် ။ ။ လက်ရှိတွင် File Access များအားပိတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ ဘာသာရေး

၁၃၈၄ (၂၀၂၂) ခုနှစ် ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း

။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းနှစ်ကျမ်းအောင် (၄၂၄) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းသုံးကျမ်းအောင် (၂၆၁) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းတစ်ကျမ်းအောင် (၆၁၀) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပါဠိပါရဂူအောင် (၁) ပါးနှင့် မြန်မာဂုဏ်ထူးအောင် (၂) ပါး အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

Loading

Categories
ပညာရေး ဖွံ့ဖြိုးရေး ဗုဒ္ဓဘာသာ

။ အဝေးကတပည့်များသို့ ။

။ တိမ်လိပ်တိမ်ရိပ်
တအိမ့်အိမ့်နှင့်
တိတ်ဆိတ်သာယာ ကုန်းမြင့်မှာ။

။ မိဘ ဘိုးဘွား
တည်ကာထားတဲ့
ဘုရားစေတီ မြရတနာ။

။ မြတ်သောနေရာ
နေလာကြတဲ့
သင်ကြပညာ သူသူငါ။

။ ခုတော့
ခေါင်းလောင်းသံသာ
ကြားနေပါပြီ
သူငါစာကျက် တစာစာ။

။ ပြန်မရောက်ကြာ အဝေးရွာက တပည့်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ ။
~~~

မာန်နာဲပညာ
(ဖလုံပညာ့တ်ုဝါန့် )
(၁၅.၆.၂၀၂၂) ရပ်နေ့။

Loading

Categories
စကားလက်ဆောင် ပရဟိတ ဗုဒ္ဓဘာသာ

။ မပျံသန်းနိုင်တော့ခြင်း ။

။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးပါတယ်။ သူ့အသက်ရှင်လာလေမည်လားပါ။ပြန်ပြီးမရှင်လာလေတော့ ကယ်သူကပဲ ဝေဒနာအဖြစ်ခံစားရပါတယ်။ သတ္တဝါတိုင်း အသက်ရှင်နေခြင်းကိုတောင်းတနေကြစမြဲမဟုတ်လား။

။ ဒီမနက်စာရေးနေတဲ့အချိန်လေးမှာပဲ အရှိန်ပြင်းပြင်းနဲ့ပျံသန်းလာနေတဲ့စာငှက်ကလေးဟာ မှန်တံခါးကို တိုက်မိလို့ ကျနေတာကိုမြင်ရလို့ အလျင်အမြန်ကောက်ယူပြီး လေမှုတ်သွင်းပေးတယ်။ အတောင်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်အုပ်ကို အသာကလေးဖိပြီး လှုပ်ပေးနေတယ်။ နှုတ်သီးကိုဟပ်ပြီးတော့ လေလေး အကြိမ်ကြိမ်အခါခါမှုတ်သွင်းပေးတယ်။ အခြားကုသစရာတွေနဲ့လည်းကြိုးစားခဲ့ပေမဲ့ အသက်ပြန်မရှင်တော့ဘဲ လက်ပေါ်မှာပဲအသက်ပျောက်သွားတယ်လို့ပဲဆိုရမပေါ့။

။ ငှက်ကလေးရဲ့ခန္ဓာအစိတ်အပိုင်းကိုပြန်ပြီးကြည့်တဲ့အခါ လည်ပင်းရိုးကြိုးနေတာတွေ့ရတယ်။ ဘဝမှာဘယ်နေ့သေရမည်လည်းဆိုတာကို သေချာမသိကြတဲ့သတ္တဝါတွေရဲ့အဖြစ်ဟာ သံဝေဂရစရာပါပဲ။

။ ဒီနေ့တော့ မရဏာနုပဿနာပွားများခဲ့ပါတယ်။

(ပျံသန်းခြင်းမှမပျံနိုင်တော့ခြင်း)

တောမှီရဟန်း
(၁၄.၆.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ဝေ ဒ နာ အိမ် ။

။ မငြိမ်တဲ့အသိက
တိမ်နေတဲ့အရာတွေကို
အားလုံးမသိသလိုဘဲ
နက်နဲခက်ခဲတဲ့
ဉာဏ်အသိတွေလည်း
နားလည်မှာမဟုတ်။

။ မငြိမ်တဲ့စိတ်က
အငြိမ်အငြိမ်းကို
မနှစ်သက်သလိုဘဲ
မငြိမ်းခြင်းကြောင့်
အပူအပင်တွေ
လာပြီးကိန်းတာပါပဲ။

။ ပူပင်မှု
မငြိမ်မှု
မငြိမ်းမှု
မငြှိမ်းတတ်မှုကြောင့်
အနုသယတွေ
ကိလေသာတွေ
တဏှာတွေ
မာနတွေ
တိုးတိုးကြိတ်ကြိတ်
မဆိတ်သုဉ်းနိုင်ဘဲ
ရှိနေဖြစ်နေလေတော့
အစွဲအလမ်းတွေ
မကွာမခွာနိုင်လို့
ဘဝအတွက်
ပေးဆက်မကုန်နိုင်ဘဲပေါ့။

။ ဒီနေ့တော့
မေ့ဆေးမပြယ်တတ်တဲ့ဘဝအတွက်
စိတ်ဆေးအဖြေတစ်ပါးသိဖို့
ဝေဒနာအိမ်ကိုလေ့လာပါ
ဝေဒနာမှ
တဏှာမဖြစ်ပါစေနဲ့တဲ့။

တောမှီရဟန်း
(၁၃.၆.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

Categories
စကားလက်ဆောင်

။ အရင်လိုမဟုတ်တော့ဘူး ။

။ ၆၂ အသက်
အိုဘက်ကစလာပြီလား
အိုနေပြီလို့သိသလား။

။ အိုမအိုတော့
မပြောလိုပါ
” မောင်အရင်လိုမဟုတ်တော့ဘူး”
ဆိုတာကိုတော့
သေချာနေပါပြီ။

။ နေရတာလည်း
အပျော်ကြီးမဟုတ်တော့
စားရတာလည်း
အကြိုက်ကြီးမဖြစ်လေတော့
အိပ်ရတာလည်း
အပျော်ကြီးလည်း
မရှိလေတော့
နေ့နေ့ညည
ဒုက္ခတွေက
ပိုများလာနေသလားပါပဲ။

။ စိတ်အလိုမကျတာတွေ
သဘောမကျတာတွေ
အားမရတာတွေ
စိတ်အလုပ်တွေလည်း
အားနည်းနေလို့ပဲလား
လူဟာ အလိုလိုနဲ့
ပိုပိုပြီး တန်ဖိုးမဲ့လာနေသလိုပါပဲ။

။ အများနဲ့နေရတာ
မပျော်တော့သလို
စကားတွေအများကြီး
ပြောနေရတာလည်း
မပြောချင်ကြတော့ပါဘူး။

။ စာဖတ်စာရေး
စာကြည့်စာကူး
စာတွေးစာကြံ
စာအလုပ်တွေနဲ့လည်း
စိတ်မတွေ့တော့
အတွေးအမြင်
ရှုပ်ရှုပ်ထွေးထွေးတွေလည်း
သဘောမတွေ့လေတော့
အငြိမ်အငြိမ်းတွေကိုပဲ
ပိုပိုပြီးမြတ်နိုးလာတယ်။

။ တစ်ယောက်တည်းနေ
တစ်ယောက်တည်းသွား
တစ်ယောက်တည်းအိပ်
တစ်ယောက်တည်းစား
တစ်ယောက်တည်းပျော်အောင်
နေတတ်လာလေတော့
အကျည်းတန်ဆန်တာတွေလည်း
မိမိအတွက်က
ပြဿနာမရှိလေတော့
အားလုံးကိုနားလည်မှု
ပေးတတ်ပါပြီ။

။ ဒီနေ့
အမှတ်ရစကားတစ်ခွန်း
အနေနဲ့ပြောရရင်တော့
” မောင်အရင်လိုမဟုတ်တော့ဘူး”လို့ပဲ
ဆိုပါရစေ။

တောမှီရဟန်း
(၁၁.၆.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ တရားလက်ဆောင် ။

အနိုင်ယူသူတွေအထဲ
အနိုင်မယူဘဲနေမယ်။

အနိုင် အရှုံးကိုစွန့်၍
ချမ်းချမ်းသာသာနေမယ်။

တောင်ကလေးဆရာတော်​ (တောမှီရဟန်း)

Loading

Categories
ကျန်းမာရေး စကားလက်ဆောင်

။ ဝါးကျောင်းလေး ။

။ တောရကျောင်းမှာ
နေခဲ့ပါသည်
တောင်ထိပ်ဝါးကျောင်းလေး။

။ ဒီနေ့ မိုးသားရိပ်ရိပ်ဖြစ်နေလို့ အဝေးဝေးကိုကြည့်လိုက်ရင်ပဲ တောတောင်တွေဟာ တိမ်လွှာသိပ်သိပ်ကြားမှာ ပျော်စရာဖြစ်တဲ့နေ့တစ်နေ့ပါပဲ။ ဒီမနက်ခင်းလေးကပဲ ဒါယကာတွေကို
၁) ဒုဒ္ဒ ဒံ ဒ ဒါတိ။
၂) ဒုက္ကရံ ကရောတိ။
၃) ဒုက္ခမံ ခမတိ ,ဆိုတဲ့
(၁) ပေးနိုင်ခဲခြင်း
(၂) ပြုနိုင်ခဲခြင်း
(၃) သည်းခံနိုင်ခဲခြင်း တရားသုံးပါးအကြောင်းကို ချီးမြှင့်ခဲ့ပါတယ်။

။ နံနက်ခင်းဩဝါဒပြီးလို့ ကျောင်းအောက်ကိုမဆင်းမီ ပတ်ဝန်းကျင်အဝေးဝေးကိုကြည့်လိုက်မိတဲ့အချိန်မှာပဲ ကြည်နူးစရာပါပဲ။ အလွန်အေးချမ်းတဲ့နံနက်ခင်း။

။ ကျောင်းဆောင်ထဲပြန်ဝင်လာပြီး ပြုစရာကိစ္စကြီးငယ်တွေပြုပြီးလို့ ဆွမ်းစားနေရာမှာကြွသွားပြီး ဆွမ်းဘုဉ်းပေးပါတယ်။ ဒီနေ့ ဆွမ်းဝိုင်းကိုကြည့်လိုက်မိတဲ့အခါ ဖက်ဆွတ်မိုးကနေ ပေါက်လာတဲ့ဖက်ဆွတ်မှိုဟင်းပါနေတာကိုမြင်ရတော့ ဆွမ်းစားခါနီးဆင်ခြင်ရမယ့်လက္ခဏာတွေ မေ့နေသလိုပါပဲ။

။ ဒီလိုပါ။ အရှင်ကငယ်ငယ်လေးကတည်းက မှိုဟင်းလျာကိုအလွန်နှစ်သက်သူဖြစ်တယ်မဟုတ်လား။ မှိုဟင်းဆိုကတည်းက ကြိုက်ပြီပေါ့။ ပစ္စဝေက္ခဏာဆင်ခြင်ပြီး ဆွမ်းလုတ်ပြုတဲ့အခါ ဆွမ်းကိုဘုဉ်ပေးပါတယ်။ ဆွမ်းဘုဉ်းပေးနေရင်းနဲ့ပါပဲ ဘုဉ်းပေးရတဲ့ ဆွမ်းဟင်းရည်ရဲ့အရသာဟာ ငယ်ငယ်လေးက မိခင်ချက်ပေးခဲ့တဲ့ဆွမ်းဟင်းအရသာနဲ့တူလေတော့ အလိုလိုပဲ မိခင်ကြီးကိုသတိရမိလိုက်တာပေါ့။

။ ဒီနေ့ တစ်နေကုန်အောင် စာဖတ်ဖြစ်ပါတယ်။ ဥပုသ်နေ့ဖြစ်တော့ နားရပါတယ်။ စာရေးတယ်။ စာဖတ်တယ်။ အခန်းသန့်ရှင်းရေးလုပ်တယ်။ ကုဋီနေရာသန့်ရှင်းအောင်လုပ်တယ်။ စာအုပ်ကြားထဲဖုန်တွေသုတ်တယ်။ ခေါင်းအုံး၊ဖျာ၊အိပ်ယာနေရာ စနစ်တကျထားတယ်။ရေးတဲ့စာပြန်ဖတ်တယ်။ ပြန်ပြင်တယ်။

။ ပြီးတော့ လေ့လာသင့်တဲ့အကြောင်းအရာတွေကို ဝပ်ဆိုက်ပေါ်ကိုတက်ပြီး မိမိနှစ်သက်နေတဲ့အကြောင်းတွေကိုဖတ်တယ်။ စုစည်းယူတယ်။ သိမ်းဆည်းယူတယ်။ အချိန်ရသလောက် လိုက်လေ့လာတယ်။ နိုင်ငံရေး၊လူမှုရေး၊စစ်ရေး၊စီးပွားရေးပညာအကြောင်းတွေ အားရင်အားသလို လေ့လာယူခဲ့ပါတယ်။

။ ညချမ်းချိန်မှာတော့ ကမ္မဋ္ဌာန်းထိုင်ပါတယ်။ မေတ္တာဘာဝနာပွားများပါတယ်။ မေတ္တာဘာဝနာဉာဏ်နဲ့နေတယ်။ မကျန်းမမာဖြစ်ချိန်မှအပ မပျက်မကွက်ပြုဖြစ်တဲ့ကျင့်ဝတ်ပါပဲ။

။ ဒီနေ့တော့ တရားတစ်ပါးကိုနှလုံးသွင်းနေရင်းနဲ့ ငယ်ငယ်ကတောရကျောင်း( ဝါးကျောင်းကလေး) ကို သတိပိုရမိပါလေရဲ့။ အကြောင်းက ထွေထွေထူးထူးတော့မဟုတ်ပါဘူး။
တောရကျောင်းမှာ
နေခဲ့ပါသည်
ရင်မှာချမ်းမြေ့စေခဲ့လို့ပါပဲ။

တောမှီရဟန်း
(၆.၆.၂၀၂၂) ရက်နေ့ညနေခင်းချိန်။)

Loading

Categories
စကားလက်ဆောင် ပညာရေး

ဒီနေ့အမှတ်တရစကားပါ။

ပညာကို ဘယ်သူမှခိုးယူလို့မရပါဘူး။

ပညာသင်ယူဖို့မမေ့ကြပါနှင့် တပည့်တို့ရေး။

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ မေးချင်တဲ့စကားများ ။

။ မိမိအကြောင်းကို ပြန်စဉ်းစားပါ။
။ တစ်နေ့အတွက် ကောင်းတာတွေ ဘာတွေလုပ်ခဲ့သလဲ။
။ ကုသိုလ်အတွက် ဘာလုပ်ခဲ့လဲ။
။ မိသားစုအတွက် အချိန်များများ ပေးခဲ့ပါသလား။
။ မိမိအတွက် အရေးပါတဲ့အကြောင်းတရားက ဘာတွေပါလဲ။
။ သင့် မိသားစုထဲက သင့်အားမျက်ကွယ်ပြုထားပြီးသူ ရှိနေပြီလား။
။ နေ့တိုင်းလိုလို အလိုမကျဆုံးက ဘာတွေပါလဲ။
။ အဆင်သင့်အရံသင့် သင်လုပ်ထားရမှာက ဘာတွေပါလဲ။

တောင်ကလေးဆရာတော်
( ၂၉.၅.၂၀၂၂ ရက်နေ့နံနက်ခင်း)

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။