Categories
တောင်ကလေးဆရာတော်

။ မြတ်သောနေထိုင်ခြင်း ။

တိဋ္ဌံ စရံ နိသိန္နောဝ၊

သယာနော ယာဝတ’ဿ ဝိတမိဒ္ဓေါ။

ဧတံ သတိံ အဓိ​ေဋ္ဌယျ၊

ဗွဟ်မ’မတေံ ဝိဟာရ’မိဓမာဟု။( ပါဠိဘာသာ)

မြန်မာဘာသာဖွင့်ဆိုချက်(အနက်)

။ တိဋ္ဌံဝါ၊ရပ်လျက်သော်လည်းကောင်း။

စရံဝါ၊သွားလျက်သော်လည်းကောင်း။

နိသိန္နောဝါ၊ထိုင်လျက်သော်လည်းကောင်း။

သယာနောဝါ၊လဲလျောင်းလျက်သော်လည်းကောင်း။

ယာဝတာ၊အကြင်ရွေ့လောက်သော။

ဝိတမိဒ္ဓေါ၊ကင်းသောအိပ်ချင်ခြင်း၊ငိုက်မျဉ်းခြင်းရှိသည်။

အဿ၊ဖြစ်ရာ၏။

အထ၊ထိုအိပ်ချင်ခြင်း၊ငိုက်မျဉ်းခြင်းကင်းရာအခါ၌။

ဧတံသတိံ၊ဤမေတ္တာနှင့်ယှဉ်သောသတိကို။

အဓိ​ေဋ္ဌာယျ၊စွဲမြဲစွာဆောက်တည်ရာ၏။

​ဣမ၊ဤသို့နေထိုင်ခြင်း၌( ဤသာသနာတော်၌)။

ဧတံ၊ဤမေတ္တာဈာန်ဖြင့်နေခြင်းကို။

ဗြဟ္မဝိဟာရံ၊မြတ်သောနေခြင်းဟူ၍။

အာဟု၊ဆိုတော်မူကြကုန်ပြီ။

မြန်မာစကားပြေ

။ ရပ်,သွား,ထိုင်,လျောင်း

အိပ်ချင်မူးတူးမဖြစ်ဘဲ

အိပ်ငိုက်နေခြင်းမရှိဘဲ

မေတ္တာနဲ့ယှည်သောသတိကို

စွဲမြဲစွာဆောက်တည်ရတယ်။

အဲဒီလိုနေထိုင်ခြင်းဟာ

မေတ္တာဖြင့်နေခြင်း

မြတ်သောနေခြင်းလို့

ခေါ်ဆိုပါတယ်။

ဝိဟာရလေးမျိုး

၁) ဣရိယာပထဝိဟာရ

( လျေားင်းထိုင်ရပ်သွားလေးပါးဖြင့်နေခြင်း)

၂) ဒိဗ္ဗဝိဟာရ

( ဈာန်သမာပတ်ဖြင့်နေခြင်း)

၃) အရိယာဝိဟာရ

(ဖလသမာပတ်ဖြင့်နေခြင်း)

၄) ဗွဟ်မဝိဟာရ

(မေတ္တာဖြင့်နေခြင်း)

လေးမျိုးထဲက

ယောဂီတွေဟာ

မေတ္တာဖြင့်

နေ့စဉ်အမြဲနေထိုင်ရမယ်။

။ အဲဒီလိုနေထိုင်ခြင်းဟာ

အတ္တဒိဋ္ဌိကင်းကွာတယ်။

အတ္တဒိဋ္ဌိကင်းကွာလို့

လောကုတ္တရာသီလ

သောတာပတ္တိမဂ်ဉာဏ်နဲ့

ပြည့်စုံသူဖြစ်ပြီး

ကာမဂုဏ်

တွယ်တာမက်မောမှုကင်းပြီး

နောက်ထပ်တစ်ဖန်

ပဋိသန္ဓေနေရခြင်း

မရောက်နိုင်တော့ပါ။

ဒိဋ္ဌိဆိုတာ

အလွဲသိ (အလွဲကိုအဟုတ်ထင်)

မရှိတာကိုရှိတယ်လို့

မြင်ခြင်းဟာ

ဒိဋ္ဌိလို့ခေါ်တယ်။

အတ္တဒိဋ္ဌိဆိုတာ

ပင်မဒိဋ္ဌိပါပဲ။

အတ္တဒိဋ္ဌိစွဲလမ်းရင်

ဝိပဿနာဖြင့်

ပယ်ရှားရမယ်။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့်

ပယ်ကြဉ်ပယ်ပြစ်ရမယ်။

မရသေးပါက

ကင်္ခါဝိတရဏသုဒ္ဓိနဲ့

ပယ်ရှားရမယ်။

လူ့ဘဝမှာ

သောတာပန်ဖြစ်အောင်

ကျင့်ရမယ်။

မတ်ေတာသုတ်တနျစကားအရ

(သီလဝါဒဿနေန သမ္ပန္နော) လို့

ပြဆိုထားပါတယ်။

ပြီးရင်

သကဒါဂါမ်

အနာဂါမ်

ရဟန္တာဖြစ်အောင်

ကြိုးစားရမယ်။

မေတ္တာသုတ္တန်

ညွှန်ကြားတော်မူခဲ့တဲ့အတိုင်း

ယောဂီတိုင်း

လိုက်နာကျင့်ကြံကြဖို့

တိုက်တွန်းပါတယ်။

။ မေတ္တာဝိဟာရနေခြင်း

ဗြဟ္မဝိဟာရနေခြင်း

အမြတ်ဆုံးနေခြင်းနဲ့

ဘဝကိုရပ်တည်နိုင်ကြပါစေ။

တောင်ကလေးဆရာတော်

(၁၁.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မေတ်တာ အသမ်ဗာဓ ။

မာတာ ယထာ နိယံပုတ္တ၊

မာယုသာ ဧကပုတ္တမနုရက္ခေ။

ဧဝံပိ သဗ္ဗဘူတေသု၊

မာနသံ ဘာဝယေ အပရိမာဏံ။ ( ပါဠိဘာသာ )

အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ )

မာတာ၊မိခင်သည်။

ဧကပုတ္တံ၊တစ်ယောက်တည်းသော။

နိယံပုတ္တံ၊မိမိရင်နှစ် အလွန်ချစ်သောသားကို။

အာယုသာ၊အသက်ဖြင့်။

အနုရက္ခေယထာ၊အမြဲမပြတ်( အမြဲမကွာ) စောင့်ရှောက်သကဲ့သို့။

ဧဝမ္ပိ၊ဤအတူလည်း။

သဗ္ဗဘူတေသု၊အလုံးစုံသောသတ္တဝါတို့၌။

အပရိမာဏံ၊အပိုင်းအခြား အတိုင်းအတာမရှိ။

မာနသံ၊မေတ္တာနှင့်ယှဉ်သောစိတ်ကို။

ဘာဝယေ၊ဖြစ်စေရာ၏။( ပွားများရာ၏။)

မြန်မာစကားပြေအနက်

မိခင်ဟာ

တစ်ယောက်တည်းသောသားကို

အသက်ဖြင့်

အမြဲမကွာ

စောင့်ရှောက်ထားသလို

ဤအတူ( ဤလိုပဲ)

သတ္တဝါတွေအားလုံးအပေါ်

အခြားမဲ့

အတိုင်းအဆမရှိ

မေတ္တာစိတ်ကိုဖြစ်စေရပါတယ်။

မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊

မာနသံ ဘာဝယေ အပရိမာဏံ။

ဥဒ္ဓံ အဓောစ တိရိယဉ္စ၊

အသမ်ဗာဓံ အဝရေမ’မသပတ်တံ။(ပါဠိဘာသာ)

အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ)

ဥဒ္ဓံ၊အထက်ဘုံ၌လည်းကောင်း။

အဓောစ၊အောက်ဘုံ၌လည်းကောင်း။

တိရိယဉ္စ၊အလယ်ဘုံ၌လည်းကောင်း။

သဗ္ဗလောကသ္မိံ၊အလုံးစုံသောလောက၌။

အပရိမာဏံ၊အတိုင်းအတာ အပိုင်းအခြားမရှိသော။

မေတ္တံ၊မေတ္တာနှင့်ယှဉ်သော။

မာနသံစ၊စိတ်ပိုလည်းကောင်း။

အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို။

အဝေရံ၊ဒေါသဟူသော အတွင်းရန်မရှိသည်ကို။

အသပတ္တံ၊နှိပ်စက်တတ်သော အပြင်ရန်မရှိသည်ကို။

ကတွာ၊ပြု၍။

ဘာာဝယေ၊ပွားများရာ၏။( အကြိမ်ကြိမ်ဖြစ်စေရာ၏)

မြန်မာစကားပြေအနက်

။ အထက်ဘုံဖြစ်ဖြစ်

အောက်ဘုံဖြစ်ဖြစ်

အလယ်ဘုံဖြစ်ဖြစ်

လောကအားလုံး၌

အပိုင်းအခြား မထားဘဲ

ကျဉ်းမြောင်းသည့်စိတ် မရှိဘဲ

အတွင်းအပြင်ဒေါသ မရှီဘဲ

မေတ္တာနဲ့ယှဉ်သည့်စိတ်နဲ့

ထားရှိပြီး

( မတ်ေတာထား)

ပွားများရမယ်။

မေတ္တာမပို့ရသူ

။ မတျတောဘာဝနာ

ပွားများတဲ့သူဟာ

၁) လိင်မတူတဲ့သူကို

မေတ္တာမပွားရပါ။

ပွားများရင်

ရာဂဖြစ်တတ်တယ်။

၂) သေသူကို

မေတ္တာမပွားရပါ။

ပွားခဲ့သော်

ဥပစာရဈာန်

အပ္ပနာဈာန်မရနိုင်။

မေတ္တာပို့ရသူ

။ မေတ္တာပွားပြီး

မေတ္တာပို့ရင်

၁) မိမိကိုယ်မိမိ

၂) မိမိလေးစားအပ်သူ

(ဆရာ/ဆရာမ)

၃) မိမိအလွန်ချစ်ခင်သောသူ

၄) မမုန်းမချစ်အလယ်အလတ်ဖြစ်သူ

၅) ရန်သူ

ဤပုဂ္ဂိုလ်တွေကို

မေတ္တာပွား

မေတ္တာပို့နိုင်တယ်။

။ ပထမ

မိမိကိုယ်ကို

မေတ္တာပို့ပါ။

ကိုယ်ချင်းစာပြီး

ဆရာသမားတွေရဲ့

သီလဂုဏ်စသည်တို့ကို

အာရုံပြု၍

မေတ္တာပို့ပါ။

အလွန်ချစ်ခင်တဲ့မိတ်ဆွေ

မချစ်မမုန်းတဲ့သူ

ရန်သူဖြစ်ခဲ့တဲ့သူတွေကို

မေတ္တာပွား

မတ်ေတာထား

မေတ္တာပို့ပါ။

။ ဖော်ပြသော

ပုဂ္ဂိုလ်တွေကို

တန်းတူညီမျှ

မေတ္တာပို့လို့ရရင်

မေတ္တာနယ်ပယ်

အပိုင်းအခြားပျောက်၍

အပိုင်းအခြား

မရှိတော့သော

( မေတ္တာ အသမ္ဗာဓ)အဆင့်ကို

ရောက်သွားမယ်။

​။ မေတ္တာအသမ္ဗာဓရောက်မှ

မေတ္တာအစစ်အမှန်ဖြစ်မယ်။

ဒါကြောင့်

> ဘယ်လိုမုန်းမုန်း၊ကိုယ်မမုန်း၊ချစ်ဆုံးချစ်မြဲပါ။

> ငြိုငြင်ပြစ်တင်၊မချစ်ခင်၊အစဉ်ခွင့်လွှတ်ပါ။

> ရန်ရှာပြုမူ၊ပြစ်မယူ၊ကြည်ဖြူခွင့်လွှတ်ပါ။

> နစ်နစ်နာနာ၊ပြုမူပါလည်း၊ကြည်သာရွှင်ပြ၊စိတ်ထားလှ၊လှလှပပ ခွင့်လွှတ်ပါ။

တောင်ကလေးဆရာတော်

(၁၀.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။

May be an image of 2 people

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်ယနေ့ နံနက်ခင်း ။

။ န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ နကိဉ္စိ။

ဗျာရောသန ပဋိဃသည၊

နာညမညဿ ဒုက္ခမိစ္ဆေယျ။( ပါဠိဘာသာ)

အနက်( မြန်မာဘာသာ)

ပရော၊တစ်ပါးသောသူသည်။

ပရံ၊တပါးသောသူကို။

န နိကုဗ္ဗေထ၊ကောက်ကျစ်စဉ်းလဲခြင်း၊လှည့်ပတ်ခြင်းမပြုပါစေလင့်။

ကတ္ထစိ၊မည်သည့်အရပ်၊မည်သည့်နေရာ၌မဆို။

ကိဉ္စိ၊တစ်ဦးတစ်ယောက်ယောက်သောသူကို။

နာတိမညေထ၊မောက်မာထောင်လွှားသောအားဖြင့် မထေ( မထီ) မဲ့မြင် မပြုပါစေလင့်။

ဗျာရောသနာ၊( ဗျာရောသနာယ) ကိုယ်,နှုတ်နှစ်ပါးတို့ဖြင့် ထိခိုက်စော်ကား မပုတ်ခတ်ခြင်းဖြင့်လည်းကောင်း။

ပဋိဃာသညာ၊( ပဋိဃာသညာယ) ဒေါသစိတ်ဖြင့်လည်းကောင်း။

အညမညဿ၊အချင်းချင်း၏။

ဒုက္ခံ၊ကိုစိတ်ဆင်းရဲခြင်းကို။

မ ဣစ္ဆေယျ၊အလိုမရှိပါစေလင့်။

​ဆင်ခြင်ရန်ဆောင်ပုဒ်( ကဗျာ)

၁) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းကောက်၊ကောက်ကျစ်စဉ်းလဲမပြုရာ။

၂) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းဖြောင့်၊ဖြိုးမောက်ချမ်းသာရာ။

၃) မည်သည့်နေရာ၊မောက်မာတာ၊ရှောင်ခွာရမည်သာ။

၄) ဘယ်ဟာမဆို၊မောက်မာပို၊ပြုကိုမပြုရာ။

၅) ကိုယ်, နှုတ်နှစ်ပါး၊ထိစော်ကား၊မိုက်မှားမပြုရာ။

၆) ဒေါသစိတ်ထန်၊ချင်းချင်းမာန်၊ရှောင်ရန်ပွားမေတ္တာ။

စကားပြေ

။ တစ်ယောက်နဲ့တစ်ယောက်

မရိုးမသားသောအားဖြင့် ကောက်ကျစ်စဉ်းလဲတာလုပ်ရင်

မေတ္တာမဲ့ခြင်းပါပဲ။

။ တစ်ယောက်နဲ့တစ်ယောက်

ဘယ်နေရာမဆို

မထီမဲ့မြင်ပြုတာ

ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်

နှုတ်နဲ့ပြောဆိုမိတာပဲဖြစ်ဖြစ်

ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်

အချင်းချင်း

ကိုယ်စိတ်နှစ်ပါး

မချမ်းသာအောင်

ဆင်းရဲအောင်လိုလားတာတွေလည်း

မေတ္တာတရားခေါင်းပါးတာပါပဲ။

။ ဒါကြောင့် စဉ်းလဲတာ

မထီမဲ့မြင်မပြုတာ

ကိုယ်ထိလက်ရောက်

စိတ်လိုက်မာန်ပါ

နှုတ်စကားနဲ့

တစ်ဦးနဲ့တစ်ဦး

ဆင်းရဲအောင်မပြုလုပ်တာဟာ

မေတ္တာချစ်ခြင်းလိုသတ်မှတ်ရမယ်။

။ သည်လိုစိတ်ဓာတ်ရှိတဲ့သူဟာ

မေတ္တာရှိသူလို့ခေါ်လို့ရမယ်။

ဒါကြောင့်

သည်လိုစိတ်ဓာတ်နဲ့

တောင့်တခြင်းဟာ

မေတ္တာနယ်ထူးလို့ဆိုရမှာပါပဲ။

။ မေတ္တာမတုံးဘဲ

မေတ္တာနှလုံးသားနဲ့

အချင်းချင်းဘေးပြုခြင်းတို့ကို

ရှောင်ရှားနိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်

(၉.၅.၂၀၂၄)ရက်နေ့နံနက်ခင်း။

May be an image of mountain, grass and text

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ မှတ်မှတ်ရရ သည်ယနေ့ ။

။ စာရှုသူတွေကို

အထူးသဖြင့်

သည့်နေ့အတွက်

မေတ္တာပို့ပေးပါတယ်။

၁) (သဗ္ဗေသတ္တာ သုခိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိနော ၊ကိုယ်ခန္ဓာကျန်းမာ၍ ချမ်းသာခြင်းရှိကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၂) (သဗ္ဗေသတ္တာ ခေမိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

ခေမိနော၊ဘေးရန်အန္တရာယ်ကင်းကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၃) ( သဗ်ဗသေတ်တာ သုခိတတ်တာ ဘဝန်တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိတတ္တာ၊ချမ်းသာခြင်းရှိသောစိတ်ရှိကြကုန်သည်။

ဘဝန္တု ၊ မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။

။ သည်နေ့ ဤရွေ့ဤမျှ

စေလွှတ်အပ်သော

မေတ္တာဓာတ်ကြောင့်

အရှေ့နှင့်အနောက်

တောင်နှင့်မြောက်

အရပ်ဒေသ

အသီးသီးအသက၌

၁)ထိတ်လန့်စိုးရွံ့သောသူပုဂ္ဂိုလ်။

၂)ထိတ်လန့်စိုးရွံ့ခြင်းမရှိသောပုဂ္ဂိုလ်။

၃)ခန္ဓာရှည်လျားသောသတ္တဝါ။

၄)ခန္ဓာကြီးမားသောသတ္တဝါ။

၅)) ခန္ဓာကိုယ် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စားရှိသောသတ္တဝါ။

၆) ပုကွ နိမ့်တိုသောခန္ဓာကိုယ်ရှိသောသတ္တဝါ။

၇) သေးငယ် မှုံမွားသောသတ္တဝါ။

၈) ဆူဖြိုးသောသတ္တဝါ။

၉) မြင်ဖူးသောသတ္တဝါ။

၁၀) မမြင်ဘူးသောသတ္တဝါ။

၁၁) အရပ်ဝေး၌နေကြကုန်သောသတ္တဝါ

၁၂) အရပ်နီး၌နေကြသောသတ္တဝါ။

၁၃) နောင်မဖြစ်တော့ဘဲ ဖြစ်ပြီးသောသတ္တဝါ။

၁၄) နောက်ဖြစ်ရန် ဘဝကိုရှာကြသောသတ္တဝါ။

၁၅) အလုံးစုံသောသတ္တဝါ အပေါင်းတို့သည်။

(သုခိတတ္တာ၊ကိုယ်စိတ်နှစ်ဖြာ၊ကျန်းမာချမ်းသာရှိကြကုန်သည်။

ဘဝန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။)

တောမှီရဟန်း

(၈.၅.၂၀၂၄) ရက်နေ့နံနက်)

See Translation

May be an image of 1 person

Loading

Categories
ဗုဒ္ဓဘာသာ ရုပ်သံ

ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

https://www.youtube.com/watch?v=GBgj2ebBX-8
ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား

ကရင်ပြည်နယ် သံဃနာယကဆရာတော်အဖွဲ့ဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တခေမိဿရာလင်္ကာရ
(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ MA – သီရိလင်္ကာ/အိန္ဒိယ) အား
ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား
ဓမ္မပီယကျောင်းတိုက်၊ ဖားအံမြို့နယ်၊ ကရင်ပြည်နယ်။
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂)ရက်
(၅.၅.၂၀၂၄) တနင်္ဂနွေနေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ အငိုတိတ်သောညများ ။

။ အိမ်ထောင်ပြုကြလို့

လင်မယားချင်း

စကားမများကြတာ

ရန်မဖြစ်ကြတာ

သဝန်မတိုကြတာ

နားကိုက်ပါးကိုက်

အကြိုက်တူကြတာ

မတူကြတာ

စသဖြင့် စသဖြင့်ပေါ့

မဖြစ်ကြတာမရှိပါဘူးတဲ့လေ။

။ မနေ့က

တပည့်မလေးတစ်ယောက်

ကျောင်းကိုပြန်ရောက်လာလို့

မျက်ရည်လည်ရွဲပြီး

ပါးပြင်ကျယ်ကြီးပေါ်မှာ

မိုးလုံးတမျှ စီးဆင်းနေပေါ့။

။ ” ကဲ ကဲ

တပည့်မရေ

ဘာတွေများ

အသဲတွေထဲက

အလောင်အကျွမ်းတွေ

ဖြစ်နေရတာလဲ?

မေးပါတယ်။

။ တပည့်က

အသံမထွက်နိုင်

အတောမသတ်နိုင်

တရှုံ့ရှုံ့တတွတွနဲ့

ရှိုက်ကြီးတငင်နဲ့ပဲ

ငိုနေတော့တာပါပဲ။

။ ငိုနေတော့

ဘာအကျိုးရှိလို့ပါလဲ

ပြောစရာရှိတာပြောပေါ့

မေးနေတာလေလို့

အကြိမ်ကြိမ်မေးတော့မှပဲ။

။ ” တပည့်တော်မ”

” ဆိုပါ ၊ ဘာပြောမလဲလို့”

“တပည့်တော်မ

အမျိုးသားနဲ့

ခွဲလိုက်ကြပါပြီဘုရား” တဲ့။

။ ” အမျိုးသားနဲ့

လမ်းခွဲကြတာ

တည်တည်ငြိမ်ငြိမ်

မဖြစ်ဘဲနဲ့

ဘာလို့များအဲဒီလောက်ထိ

အသည်းအသန်ကြီး

အသည်းအထန်နဲ့

ငိုရတာလဲ?

တည်တည်ငြိမ်ငြိမ်လေးနဲ့

လျှောက်ပေါ့ကွယ်”

မိန့်ပြီးတာနဲ့ပဲ။

။ ” တပည့်တော်မကို

သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား

ကလေးတွေကမေမေဖေဖေတွေနဲ့

ထားခဲ့လိုက်ပါပြီဘုရား”

ဆိုပြီးကြားမိလိုက်တာနဲ့ပဲ

ကြားရသူအရှင့်အဖို့

(သောကောရောကော

ဝိနဿတု) မဖြစ်ပါ။

။ အော်

အိမ်ထောင်ပြုကြတယ်ဆိုတာ

မူလရည်ရွယ်ချက်က

ဘာတွေများပါလဲနော်။

။ ချစ်ကြဖို့

သံယောဇဉ်ရှိကြဖို့

စောင့်ရှောက်ထိန်းသိမ်းကြဖို့

သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်

ရိုးမြေကျသည့်တိုင်အောင်

ချစ်ခြင်းများစွာနဲ့

ချစ်ကြင်နာကြဖို့

မြတ်နိုးကြတာတွေ

မဟုတ်ဘူးလားလို့

တွေးမိပါလေရဲ့။

။ ခဏချင်း

စဉ်းစားမိလို့အပြီးမှာ

” ကဲ အငိုတိတ်တော့

ငိုခြင်းဆိုတာ

ထာဝရဥစ္စာတစ်ပါးပါပဲ

အငိုရှာရင်ငိုရမပေါ့

တပည့်ရယ်

ပြက်ရယ်ပြုတယ်လို့တော့

မထင်မိပါနဲ့။

။ မင်းတို့ဆရာလည်း

ဒီအချစ်နဲ့

ဒီအမုန်းတွေနဲ့

ဒီလောကမှာ

ဘဝတဏှာကြောင့်

တမ်းတငိုကြွေးခဲ့ရတာ

ဒီအသက်ဒီခန္ဓာ

ဘဝဘဝါပါပဲလေ” ။

။ ” အေး

ပြောပြမယ်

ဒီစကားလေးတစ်ခွန်းတော့

နားထောင်ကြည့်လိုက်ပါ။

။ အိမ်ထောင်ဆိုတာ

ဘဝလောကမှာ

အကြီးဆုံးသော

ထောင်ကြီးတစ်ထောင်ဖြစ်လို့

အရည်အချင်းနဲ့

အပြည့်အဝ

အပြည့်အစုံ

အစုံအညီ

မရှိရင်တော့

ငိုပွဲဆင်

ငိုပွဲဝင်

ငိုမြဲပင်ပေါ့တပည့်ရယ်” ။

။ ကိုင်း တော်ပြီ….

ဆံချ

ဝတ်ရုံဝတ်

သီလခံယူ

ဘုရားဝတ်ပြု

ကမ္မဋ္ဌာန်းထိုင်

ဘာဝနာပွား

သင်္ခါရုပေက္ခာဉာဏ်ပွား

တည်တည်ငြိမ်ငြိမ်နဲ့

နေပေတော့တပည့်ရေ

နေတော့လို့ …….။

တောမှီရဟန်း

(၅.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အမျိုးသားရေး အဲးခိုး

။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။

မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်

။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်
နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။

။ မြန်မာနိုင်ငံသည်
၁၉၄၈-ခုနှစ်
ဇန်နဝါရီလ (၄)ရက်နေ့တွင်
စစ်မှန်သောလွတ်လပ်ရေး
ကိုရရှိခဲ့သည်။

နယ်ချဲ့တိုင်းတစ်ပါးတို့၏
စိုးမိုးအုပ်ချုပ်မှုအောက်မှ
လွတ်မြောက်လာခဲ့သော
တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်သည့်နေ့ကို
“လွတ်လပ်ရေးနေ့”ဟူ၍
အသိအမှတ်ပြုထားကြသည်။

။ လွတ်လပ်ရေးနေ့
အင်္ဂလိပ်: Independence Day

ကမ္ပည်းစိုက်ထူ

။ ခရစ်နှစ် ၁၉၄၈ ခုနှစ်
ဇန်နဝါရီလ ၄ ရက်
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်
ပြာသိုလဆုတ် (၉ )ရက်
တနင်္ဂနွေနေ့ကား
မြန်မာနိုင်ငံသည်
လုံးဝလွတ်လပ်သော
အချုပ်အခြာအာဏာပိုင်
သမ္မတနိုင်ငံတော်အဖြစ်သို့
ကောင်းစွာရောက်ရှိသောနေ့
ဖြစ်လေသည်။

။ ထိုနေ့သည်
ပြည်ထောင်စု
မြန်မာနိုင်ငံသားများအဖို့
ထူးမြတ်သော
နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ရွာများတွင်
ထိုနေ့ကို
မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ
စိုက်ထူကြပြီးလျှင်
အောက်ပါအတိုင်း
ကမ္ဗည်း ရေးထိုးထားကြသည်။

“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ”

ဆင်ယင်ကျင်းပ

။ မြန်မာနိုင်ငံ အောက်ပိုင်း၌
နှစ်ပေါင်း ၁ဝဝ မျှ
မြန်မာနိုင်ငံ အထက်ပိုင်း၌
နှစ်ပေါင်း ၆ဝကျော်မျှ
နိုင်ငံခြားသားတို့၏
အချုပ်အခြာကို
ခံခဲ့ကြရပြီးနောက်
မြန်မာခေါင်းဆောင်ကြီးများ၏
အမျိုးမျိုးသော
ကြိုးပမ်းမှု တို့ကြောင့်
ရရှိခဲ့သော ဤလွတ်လပ်ရေးကို
တည်တံ့ခိုင်မြဲစေရန်နှင့်
ပြည်ထောင်စုကြီး
တိုးတက်ဖွံ့ဖြိုးစေရန်မှာ
ပြည်ထောင်စုသားအားလုံး၏
တာဝန်ဖြစ်သည်နှင့်အညီ
နှစ်စဉ်နှစ်တိုင်း
သတိရ ကြစေရန်
သတိပေးနှိုးဆော်သည့်အနေဖြင့်
နှစ်စဉ်ထိုနေ့တွင်
လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။

ဘွဲ့ထူးဂုဏ်ထူး

။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့်
လွတ်လပ်ရေး ကျောက်တိုင်၌
စုဝေးကြ၍
ပြည်ထောင်စုတည်မြဲရေး
တိုးတက်ရေးကို
မမေ့ မလျော့ဆောင်ရွက်ရန်
အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။

။ ပျော်ပွဲရွှင်ပွဲနှင့်
ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း
တစ်ခမ်းတစ်နား
ဆင်ယင်ကျင်းပကြ၍
အစိုးရကလည်း
နိုင်ငံ၏တာဝန်ကို
ထူးချွန်စွာထမ်းဆောင်သူတို့အား
ဘွဲ့ထူး ဂုဏ်ထူးနှင့်
ဆုလာဘ်များ
ပေးအပ်ချီးမြှင့်လေသည်။

” လွတ်လပ်ရေးနေ့
တို့မမေ့ပြီ
တို့ရှေ့ကောင်းခြင်းရောက်ပါစေ” ဟု
အဓိဋ္ဌာန်ပြုပါသတည်း။

အဲးခိုး
(၃.၁.၂၀၂၄) ရက်နေ့။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး