Categories
နိုင်ငံရေး

။ တကယ်ဖမ်းရင် မျှမျှတတဖမ်းပေါ့ ။

။ တခြားပြည်နယ်တိုင်းဒေသတွေက လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်း,မဖမ်းတော့ မသိရပါ။ ကရင်ပြည်နယ်၊ဘားအံမြို့တွင်းမှာတော့ ရက်မခြားဘဲ မော်တော်ယာဉ်တွေကို စစ်လိုက်ဆေးလိုက်နဲ့ တရားဝင်မော်တော်ယာဉ်စီးသူတွေကတောင် ခေါ်ယူစစ်ဆေးခံထိတယ်ဆိုတာကတော့ တရားလွန်လာပြီးနဲ့တူပါတယ်, ဆိုတဲ့ ပြည်သူတစ်ဦးရဲအသံကို ယနေ့ ရုတ်တရက်ကြားမိသွားလို့ ဒီပညာပေး၊အသိပေးဆောင်းပါးစာကိုရေးဖြစ်ပါတယ်။

။ ကရင်ပြည်နယ်မှာ စီးကြတဲ့လိုင်စင်မဲ့ မော်တော်ယာဉ်တွေဟာ အခြေခံကျကျလေ့လာရင် တရားမဝင်သွင်းလာကြတဲ့သူတွေကို အရေးယူရမှာပါ။ အဲဒီအထဲက ပါဝင်ပတ်သက်သူတွေပါ အရေးယူရမှာဖြစ်လို့ ပါဝင်ပတ်သက်တဲ့သူတွေဟာ ယနေ့ဘယ်သူဘယ်ဝါဖြစ်ကြပါသလဲဆိုတာ တိတိကျကျဖော်ထုတ်အရေးယူပေးဖို့ ပြည်သူ့ကိုယ်စား တိုက်တွန်းပါတယ်။

။ ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းရေးရအောင်စုစည်းအားထုတ်ဆောင်ရွက်တဲ့နယ်မြေဖြစ်လို့ အယောင်ဆောင်သမားတွေက နည်းပေါင်းစုံနဲ့ ဝင်တိုးဖျက်ဆီးနေတာကို မြင်ရပါတယ်။ မူးယစ်ဆေး၊တရားမဝင် လူကုန်ကူးမှု၊တရားမဝင် လောင်းကစားမှုတွေဟာ လှိုင်လှိုင်ကြီးလက်ခံဖွင့်လှစ်ထားတာတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ အိမ်နီးချင်းနိုင်ငံတွေက ကာစီနိုလောင်းကစားပွဲ ဖွင့်ခွင့်မပေးဘဲ အရှင်တို့တိုင်းပြည်ထဲမှာတော့ တရားဝင်အမိန့်ရသလိုပဲ ဖွင့်လှစ်ထားတာဟာ ယနေ့လက်ရှိ ပြည်နယ်အစိုးရနဲ့နိုင်ငံတော်အစိုးရတွေမှာ တာဝန်ရှိပါတယ်။

။ အခုဆိုရင်

(၁) တရားမဝင်မော်တော်ယာဉ်ကုန်ကူးမှုကိုသော်လည်းကောင်း

(၂) မူးယစ်ဆေးဝါးမှုကိုသော်လည်းကောင်း

(၃) တရားမဝင်ကာစီနိုလောင်းကစားမှုကိုသော်လည်း အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေက ပြောလာကြပါပြီ။ ပြည်နယ်အစိုးရနဲ့နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။ မော်တော်ယာဉ် သိမ်းဆည်းယူတာထက် အပြစ်ပေးအရေးယူပေးဖို့လည်း ဖြစ်သင့်ပါတယ်။

။ အောက်တွင်ဖော်ပြတဲ့ သတင်းဟာ သက်သေပါပဲ။ ခြိမ်းခြောက်တာထက် လက်တွေ့ပြပါလို့ မြင်ချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကရင်ပြည်နယ်မှ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များ သိထားရန်

®®®®®®®®®®®®®®®®®®®®®®®®®®®®®®

လိုင်စင်မဲ့ယာဉ်မောင်းနှင်ခွင့် ကတ်ပြားများကို တိုင်းရင်းသား အဖွဲ့အစည်းအမည်ဖြင့် ထုတ်ပေးထားသော်လည်း တရားဝင် မဟုတ်သဖြင့် ဖမ်းဆီးအရေးယူမည်

—— ——— ———

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များကို တိုင်းရင်းသား အဖွဲ့အစည်းအမည် အမျိုးမျိုးဖြင့် လိုင်စင်မဲ့ယာဉ်မောင်းနှင်ခွင့် ကတ်ပြားများ အသုံးပြု မောင်းနှင်လျက်ရှိသော်လည်း တရားဝင် မဟုတ်သဖြင့် ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးသည့် စီမံချက်ကာလတွင် အဆိုပါ ကတ်ပြားများကို အသုံးပြု မောင်းနှင်လျက်ရှိကြကာ နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသည့် ကတ်ပြားများ မဟုတ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အေးက ပြောသည်။

“ 9-KB…ကားတွေကို ပြည်သူတွေက တရားဝင်ကားလို့ ထင်နေတာရှိတယ်။ တပ်ဖက်ဆိုင်ရာဖြစ်လို့ အစက နားလည်မှု ပေးထားကြတာပါ။ နေရာတိုင်းမှာ 9-KB တွေများလာတော့ တပ်ဖက် အဖွဲ့အစည်းလည်း ထိခိုက်တယ်။ ပြည်သူတွေကလည်း ပြောလာတယ်။ ဖမ်းဆီးရေးအဖွဲ့က စစ်ဆေးတွေ့ရှိရင် ဖမ်းရမှာပဲ။ ကားမှာ ဒေသလိုင်စင်ဆိုတာ မရှိပါဘူး။ နိုင်ငံတော်က ထုတ်ပေးတဲ့ ကညနလိုင်စင်ပဲ ရှိတယ်။ တခြားအဖွဲ့အစည်း အမည်တွေနဲ့ ထွက်လာတဲ့ ကတ်ပြားတွေလည်း အများကြီးပဲ။ တချို့တစ်သိန်းခွဲ ပေးရတာရှိတယ်။ ၅ သိန်းပေးရတာ ရှိတယ်။ ဘယ်လောက်ပေးရ၊ ပေးရ အဖမ်းခံရရင် ကိုယ်နစ်နာမယ်။ ဒါကိုပြည်သူတွေ သိအောင် တရားဝင်ပြောတာပါ” ဟု ရဲမှူးမြင့်အေးက ပြောသည်။

၎င်းတို့အနေဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီး အရေးယူသည့်အခါ ကိုယ်တိုင် အရေးယူခံရမည်ဖြစ်ပြီး မော်တော်ယာဉ်များကို မော်တော် ဆိုင်ကယ်ကဲ့သို့ ဒေသလိုင်စင် ထုတ်ပေးခွင့်မရှိကြာင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိများက ဖေဖော်ဝါရီ ၂၈ ရက်က ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ကားများ ဖမ်းဆီးခဲ့သော်လည်း တာဝန်ရှိသူများ အနေဖြင့် အနည်းငယ် ဖြေလျှော့ပေးကာ တစ်လအတွင်း ကားအစီး ၂၀ ကျော်ကိုသာ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လက်ရှိအစိုးရ သက်တမ်းကာလအတွင်း ဖမ်းဆီး အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း လာမည့်အစိုးရသစ် လက်ထက်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ရမည်ကို မသိရှိသေးကြောင်း သိရသည်။

The Ladies News

Loading

Categories
အခြား

ကျားကိစ္စ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရေလည်ကုန်းမှာ မနေ့က လူ၂ဦးကို ကိုက်ပြီးတဲ့နောက် ပစ်ခတ်ကာ အသေဖမ်းမိလိုက်တဲ့ ကျားကို အများပြည်သူကြည့်ရှုနိုင်အောင် ရွာကစေတီ တည် ဆောက်နေတဲ့နေရာမှာ ၃ရက်ကြာပြသထားမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ရေလည်ကုန်းကျောင်း ဆရာတော်ရဲ့ အစီအစဉ်နဲ့ မီးသဂြိုလ်မယ်လို့သိရတယ်။ အခုအခါမှာတော့ ကျားသေကို ကော့ကရိတ်ဆေးရုံဝန်ထမ်းများ၊ မွေးမြူရေးနဲ့ ကုသရေးဌာန ဝန်ထမ်းများက ၃ ရက်အထားခံအောင် ဖော်မလင်ဆေးများထိုးကာပြင်ဆင်ထားပါတယ်။

သတင်း/ဓာတ်ပုံ – ဒေါနအောင်တိုး

။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ။

ကျားကိစ္စအတွက် ပြောပြချင်ပါတယ်။

ဒီကြားဟာ နိုင်ငံခြားကနေတင်သွင်းလာတာပါ

။ ကော့ကရိတ်ရောက်တော့ လွတ်သွားလို့ အစာမစားရဘဲ အစာလိုက်ရှာတာပါ။

လူနဲ့ယဉ်ပါးတဲ့ကျားပါ။

ကျားပိုင်ရှင် ဘယ်သူလဲဆိုတာ မပြောချင်ပါဘူး။

သတင်းအရ ဒီကျားဟာထိုင်းနိုင်ငံက တစ်ဆင့်ဝယ်ခဲ့တာပါ။ လွတ်သွားလို့ ဒီလိုဖြစ်သွားတာပါ။

ကာလတန်ဖိုး မြန်မာငွေ သိမ်းပေါင်းတစ်ထောင်နီးပါးဝယ်ယူရပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

တောင်ကလေးဆရာတော်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်။ (၂၆/၂/၁၆) ရက်နေ့

။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~။

ယနေ့ မြန်မာသံတော်ဆင့်မှာတော့

အရှင်ရေးသားထားတဲ့ သတင်းအတိုင်းဖော်ပြပေးနေပါပြီ။

ဒါပေမယ့် ဆရာတော်ရဲ့အကောင့်ကတော့ တိုက်ဖျက်ခံလိုက်ရပါပြီ။

Photo by Rick L on Unsplash

Loading

Categories
စကားလက်ဆောင်

။ မနေ့ကနဲ့ မတူ ။

။ မအိုခင်က
အိုရမှာကို သိပ်ကြောက်တယ်။

။ မနာခင်က
နာရမှာကိုစိုးရိမ်တယ်။

။ မသေခင်က
သေရမှာကို လန့်ကြတယ်။

။ အို နာ သေ ဘေး
ကိုယ့်အရေးကို
ကြောက်တွေးလန့်လည်း အလကားပဲ။

တောင်ကလေးဆရာတော် (တောမှီရဟန်း – အဲးခိုး)

Loading

Categories
ကဗျာ စကားလက်ဆောင် တောင်ကလေးဆရာတော် အဲးခိုး

။ ထာဝရအချစ် ဇွဲကပင် ။

။ ထာဝရအချစ် ဇွဲကပင် ။
~~~~~~~~~~~~~~~~~~~
။ ဆောင်းသစ်သစ်
ဖူးသစ်သစ်
ချစ်လှစွာသော ဇွဲကပင်။

။ နေ့သစ်သစ်
ရိပ်သစ်သစ်
ချစ်မဝသော ဇွဲကပင်။

။ ဖူးသစ်သစ်
ဝင်းမြသစ်
အပြစ်ကင်းစင် ဇွဲကပင်။

။ ငြိမ်းသစ်သစ်
အလှစစ်
စစ်တလင်းကင်း ဇွဲကပင်။

။ ဖူးစင်သစ်
ရင်ထဲချစ်
စစ်မှန်သည့် ဇွဲကပင်။

။ အးမွမွ
ငြိမ်းချမ်းစွ
ထာဝရအချစ် ဇွဲကပင်။

( ကရင်ပြည်နယ် ထာဝရငြိမ်းချမ်းပါစေ။)

     အဲးခိုး(၉.၂.၂၀၁၆ )

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ခေတ်ကာလက အပြစ်ကျူးလွန်သူ များကြသည်။
။ အပြစ်ကို အပြစ်ပါလို့ မသိကြ။ မမြင်ကြတော့။
။ ပို၍မွေ့ပျော်နေကြ၏။
။ အပြန်ပြန်အထပ်ထပ် မှားနေကြသည်။
။ အမှားဟူ၍မသိကြ။
။ မိုက်မဲမှုလည်း ကမ်းကုန်နေကြသည်။
။ အကျင့်ကောင်းသည်ကိုလည်း အလေးမစိုက်ကြ။
။ သူသူငါငါ အရှက်မဲ့နေကြသည်။
။ ရိုသေခြင်း ဂါရဝတရား မထားကြတော့။
။ ကျေးဇူးကန်းနေကြသည်။
။ တရားအမှန်ကို မသိ၍မတရားများဖြင့် စွပ်စွဲပြောဆိုနေကြသည်။
။ အပြစ်ကို မကြောက်တတ်ဘဲ အပြစ်ကို ကိုးကွယ်နေကြသည်။
။ ကောင်းမှုဒါနပြုရာလည်း အကျိုးတောင့်တမှု မှားနေကြသည်။
။ မြင့်မြတ်သည့်အဆုံးအမကိုလည်း လက်မခံကြ။
။ အသိပညာဉာဏ်တရားများ လျော့ပါးနေကြပြီ။
။ လိမ်မာဖို့သာ စိတ်ကိုပြုပြင်သင့်လေသည်။

တောင်ကလေးဆရာတော်
(၅ – ၂ – ၂၀၁၆ ရက်နေ့။)

Loading