Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ယနေ့အာသီသဆန္ဒ ။

~~~~~~~~~~~~~~~~

။ ၂၀၂၆ ခုနှစ်ကို မကြာမီရောက်တော့မယ်။ ကမ္ဘာ့နှစ်သစ်တစ်ခုကူးတော့မယ်ဆိုတော့ မိမိတို့စိတ်ကူးခဲ့ကြတဲ့ စိတ်ကူးမှုတွေ ပုံတွေဖော်ကြလို့ ပြီးမြောက်အောင်မြင်ကြပါရဲ့လားဆိုတာကို တူကြမယ်လို့တော့ မထင်ပါ။ အောင်သူရှိသလိုမပြီးမြောက်ကြသူတွေလည်း ရှိကြဦးမှာပါ။

။ နှစ်သစ်မှာ ပုံဖော်ကြမည့်ပုဂ္ဂိုလ်တွေအတွက် အစဉ်အမြဲအောင်မြင်ကြဖို့ လူသားဖြစ်ကြတဲ့အရှင်တို့တွေဟာ အာသီသဆန္ဒတွေ ဘယ်လိုများပေးကြမည်လဲဆိုတာကို ကြိုဆိုကြရမှာပါ။

။ ယနေ့ အရှင်အနေနဲ့က သတ္တဝါတွေအားလုံးအပေါ်ကို ဤလိုပဲ အာသီသဆန္ဒထားပါတယ်။ ( ဆုပေးပါတယ်။)

” ဘေးကင်း,ရန်ကွာ၊စိတ်ချမ်းသာ၊လိုရာအားလုံးပြည့်ပါစေ” ။

တောင်ကလေးဆရာတော်

(၁၇.၁၂.၂၀၂၅) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ကျေးဇူးအရာ ။

~~~~~~~~~~~~

။ ငယ်ရွယ်ကာလက

မျက်စိဝေဒနာကြောင့်

ပညာရေးကို

ခက်ခက်ခဲခဲနဲ့

သင်ယူခဲ့ရပါတယ်။

။ ဘဝတစ်ခုခုရဲ့

ဆိုးခဲ့ဖူးတဲ့အကြောင်းတရားတွေကြောင့် ကောင်းတဲ့အကျိုးတရားတွေ

လွယ်ကူစွာ မရခဲ့ပါဘူး။

။ ဉာဏ်နဲ့ပညာတည်ရှိနေသေးလိုသာ

ရအပ်တဲ့ပညာတွေကို

သင်ယူနိုင်ခဲ့ကြတာပါ။

။ ဘဝမှာ

ကျန်းမာသူကို မယှဉ်ဝံ့ရတာလည်း

မပြည့်စုံရတဲ့

အကြောင်းတရားတစ်မျိုးပဲပေါ့။

။ လောကမှာ

အရာခပ်သိမ်း

သူသူငါငါ

ပြည့်စုံချင်ကြပေမယ့်

ကံကြမ္မာက

အငင်ခံရရင်

အကျိုးပေးမှုက

မျက်နှာသာမပေးနိုင်ကြပါဘူး။

။ လောကမှာ

နိုင်ရလို့

စိတ်ကြိုက်နိုင်ရပြီးဆိုရင်လည်း

အဲဒီအနိုင်နဲ့

ဝမ်းမသာမိဖို့သတိရှိရမှာပါ။

။ ဒါကြောင့်

အကြောင်းတရားလှပဖို့

မိမိပြုခဲ့မိတဲ့ကံတွေကို

မိမိပွားများတဲ့တရားတွေကို

မိမိရဲ့ဥပဓိချမ်းသာဖို့နဲ့

ကျေနပ်ပြီးမနေဖို့

သတိထားမိကြပါစေ။

။ ကျေးဇူးအရာ

မမေ့ပါနှင့်

ကံသာမြဲစွာကောင်းပါစေ,လို့

ဆင်ခြင်တတ်ဖို့

မှာပါရစေ။

( သာမဏေဘဝ ဓာတ်ပုံဖြစ်ပါသည်။)

တောင်ကလေးဆရာတော်

(Thursday,4 December 2025) ရက်နေ့။

Loading

Categories
တောင်ကလေးဆရာတော် ပညာသာမိ

။ တစ်ဘဝငြိမ်းတော်မူခြင်း ။

~~~~~~~~~~~~~~~~~~~

။ တပည့်တော်တို့ အလေးအမြတ်ထားရှိတော်မူအပ်သော ကျေးဇူးတော်အရှင် ဆရာအရှင်မြတ်ဖြစ်တော်မူသော ဘဒ္ဒန္တဝေဒေဟသာမီဘိဝံသအရှင်သူမြတ်ကြီးသည် (၂၁.၁၁.၂၀၂၅) ရက်နေ့၊ ည(၁၁.၀၅) မိနစ်အချိန်တွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ပြည်နယ်ကျက်သရေကျောင်း၌ တစ်ဘဝငြိမ်းတော်မူပါသည်။ အပြစ်ဆိုဖွယ်ရာရှိပါက ခွင့်လွှတ်သည်းခံတော်မူပေးပါမည့်အကြောင်း ရိုသေလေးမြတ်လျက် ရှိခိုးကန်တော့ပါ၏ဘုရား။ ဆရာအရှင်မြတ်ငြိမ်းချမ်းစွာ သံသရာအပြီးသတ်ငြိမ်းတော်မူပါစေဘုရား။

တောင်ကလေးဆရာတော်

(၂၂.၁၁.၂၀၂၅) ရက်နေ့နံနက်

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

သတိရကြပါစေသော်

Loading

Categories
တောင်ကလေးဆရာတော် ပညာသာမိ

။ မြတ်မိခင် ။

~~~~~~~~~

။ သတိအခါခါ

အောက်မေ့ပါသည်

မေတ္တာရှင်ကြီးမြတ်မိခင်။

( မိခင်ကြီး ဒေါ်နန်းစိန်လှခင်သို့ )

တောင်ကလေးဆရာတော်

(၉.၁၁.၂၀၂၅) ရက်နေ့။

Loading

Categories
တောင်ကလေးဆရာတော် ပညာသာမိ အဲးခိုး

၂၀၂၅ ခုနှစ်၊ ပထမအကြိမ် ” တောင်ကလေးအဲးခိုးစာမူဆု” ကျင်းပပြီးစီး။ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် စာမူများ မျှော်လင့်နေလျက်ပါ။ ရေးသားပြုစုနိုင်ကြပါစေဟု ဆုမွန်မြတ်ပြုပါသည်။

အဲးခိုး(၅.၁၁.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ အေးငြိမ်းအိမ် ။

~~~~~~~~~~~~

။ အိမ်ထောင်စု

မိသားစုဖြစ်လာကြပြီးဆိုရင်

မိဘနှစ်ပါးကတော့

အပင်ပန်းရဆုံးပါပဲ

မပြုံးနိုင်မပျော်ရွှင်ကြရတဲ့ဘဝပါပဲ။

။ မှန်ပါတယ်

မနေ့က ဒါယိကာမကြီးတစ်ဦးက

” ဆရာတော်ဘုရား

တပည့်တော်မမိသားစုကို

မေတ္တာပို့ပေးပါဘုရား။

အရှင်ဘုရားရဲ့ဒါယကာကြီးက

အရင်လိုလည်း

အိမ်ပြန်မရောက်လာတော့

ရင်ပူရတာနေ့တိုင်းပေါ့ဘုရား။

အဲဒီတော့ ဒါယကာကြီးကိုလည်း

လိမ္မာအောင်လည်း မကြာခဏ

ဆုံးမပေးတော်မူပါဘုရာ့, ဆိုပြီး

လျှောက်ကြားတဲ့စာကိုဖတ်နေရင်းနဲ့ပဲ

ဒါယိကာမကြီးတို့ရဲ့ဇနီးမောင်နှံကို

တွေးမိပြီးတော့

သည်ဓာတ်ပုံနဲ့

AI နဲ့တိုင်ပင်ပြီးဖန်တီးပေးလိုက်ပါတယ်။

။ အေအိုင်ကဘာပြောလဲဆိုတော့

မင်းစိတ်ကူးယဉ်ပေးတာ

အရမ်းကိုကျေနပ်စရာပါ။

လူတွေဟာ မိသားစုဖြစ်လာပြီးရင်

ပျော်ရွှင်မှုတွေပျောက်နေကြတာ

ပြီးတော့ အေးငြိမ်းတဲ့အိမ်နဲ့ဝေးသွားကြတာ။

။ ကဲ တပည့်တို့ရေ

အပြုံးမပျက်

ရှေ့ဆက်ခရီး

မညည်းညူဘဲဆက်နိုင်စေ။

တောင်ကလေးရောတော်

(၂၁.၁၀.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ မိသားစု ။

~~~~~~~~

။ ကြည်နူးကြသည်

ပျော်ရွှင်ကြသည်

ဘေးကင်းကြသည်

ငြိမ်းချမ်းကြသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အဲးခိုး

။ ဆူပူဆူပူ ။

~~~~~~~~~

။ ” တွေ့တာနဲ့ဆူ

တွေ့တာနဲ့ဆူ

ဘောင်မဝင်တာတွေ

လိုက်ပြောနေလို့

တစ်အိမ်လုံး

စိတ်ဆင်းရဲနေကြတယ်” ဆိုတဲ့အဖြစ်

ဘယ်အိမ်တွေမှာ

ပိုဖြစ်ကြသလဲ!

ဘာကြောင့်အဲလိုဖြစ်နေကြတာလဲ!

အဲလိုမျိုးဖြစ်ရင်

ဘာလုပ်ရမှာလဲ!

အဲးခိုး

(၂၁.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အောင်ဖေတို့စကားဝိုင်း

။ ခုတော့ ခုတော့ကွယ် ။

~~~~~~~~~~~~~~~~

။ ” အိမ်ကလူက

စကားတောင်ကြာကြာပြောမရ ။

နဲနဲပြောပီးဆိုတာနဲ့

လူကိုအသံကျယ်နဲ့

အော်

စိတ်တို

အတွေးတွေအမြင်တွေ

အယူအဆတွေက

ဘာမှမတူတော့

နေရထိုင်ရသွားရလာရတာ

စိတ်အလွန်ပင်ပန်း ။

ခရီးထွက်ရင်ပိုဆိုး

တကိုယ်ကောင်းဆန်

အတ္တကြီးသူ” ဆိုတဲ့

စာပိုဒ်လေးတစ်ပိုဒ်ကို

ဖတ်မိလိုက်တော့

လူကအလိုလိုနဲ့

လန့်မိသွားသလိုပါပဲ။

။ ငယ်ရွယ်စဉ်ကာလက

ထာဝရအချစ်

မခွဲမခွာ

နှစ်ဦးခွဲခွာတယ်ဆိုတာ

မရှိ။

ခုတော့

ခုတော့ကွယ်…..။

အောင်ဖေ

(၂၁.၉.၂၀၂၅) ရက်နေ့။

Loading