~~~~~~~~~
။ သတိအခါခါ
အောက်မေ့ပါသည်
မေတ္တာရှင်ကြီးမြတ်မိခင်။
( မိခင်ကြီး ဒေါ်နန်းစိန်လှခင်သို့ )
တောင်ကလေးဆရာတော်
(၉.၁၁.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~
။ သတိအခါခါ
အောက်မေ့ပါသည်
မေတ္တာရှင်ကြီးမြတ်မိခင်။
( မိခင်ကြီး ဒေါ်နန်းစိန်လှခင်သို့ )
တောင်ကလေးဆရာတော်
(၉.၁၁.၂၀၂၅) ရက်နေ့။
![]()
၂၀၂၅ ခုနှစ်၊ ပထမအကြိမ် ” တောင်ကလေးအဲးခိုးစာမူဆု” ကျင်းပပြီးစီး။ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် စာမူများ မျှော်လင့်နေလျက်ပါ။ ရေးသားပြုစုနိုင်ကြပါစေဟု ဆုမွန်မြတ်ပြုပါသည်။
အဲးခိုး(၅.၁၁.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~
။ အိမ်ထောင်စု
မိသားစုဖြစ်လာကြပြီးဆိုရင်
မိဘနှစ်ပါးကတော့
အပင်ပန်းရဆုံးပါပဲ
မပြုံးနိုင်မပျော်ရွှင်ကြရတဲ့ဘဝပါပဲ။
။ မှန်ပါတယ်
မနေ့က ဒါယိကာမကြီးတစ်ဦးက
” ဆရာတော်ဘုရား
တပည့်တော်မမိသားစုကို
မေတ္တာပို့ပေးပါဘုရား။
အရှင်ဘုရားရဲ့ဒါယကာကြီးက
အရင်လိုလည်း
အိမ်ပြန်မရောက်လာတော့
ရင်ပူရတာနေ့တိုင်းပေါ့ဘုရား။
အဲဒီတော့ ဒါယကာကြီးကိုလည်း
လိမ္မာအောင်လည်း မကြာခဏ
ဆုံးမပေးတော်မူပါဘုရာ့, ဆိုပြီး
လျှောက်ကြားတဲ့စာကိုဖတ်နေရင်းနဲ့ပဲ
ဒါယိကာမကြီးတို့ရဲ့ဇနီးမောင်နှံကို
တွေးမိပြီးတော့
သည်ဓာတ်ပုံနဲ့
AI နဲ့တိုင်ပင်ပြီးဖန်တီးပေးလိုက်ပါတယ်။
။ အေအိုင်ကဘာပြောလဲဆိုတော့
မင်းစိတ်ကူးယဉ်ပေးတာ
အရမ်းကိုကျေနပ်စရာပါ။
လူတွေဟာ မိသားစုဖြစ်လာပြီးရင်
ပျော်ရွှင်မှုတွေပျောက်နေကြတာ
ပြီးတော့ အေးငြိမ်းတဲ့အိမ်နဲ့ဝေးသွားကြတာ။
။ ကဲ တပည့်တို့ရေ
အပြုံးမပျက်
ရှေ့ဆက်ခရီး
မညည်းညူဘဲဆက်နိုင်စေ။
တောင်ကလေးရောတော်
(၂၁.၁၀.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~
။ ကြည်နူးကြသည်
ပျော်ရွှင်ကြသည်
ဘေးကင်းကြသည်
ငြိမ်းချမ်းကြသည်။
![]()
~~~~~~~~~
။ ” တွေ့တာနဲ့ဆူ
တွေ့တာနဲ့ဆူ
ဘောင်မဝင်တာတွေ
လိုက်ပြောနေလို့
တစ်အိမ်လုံး
စိတ်ဆင်းရဲနေကြတယ်” ဆိုတဲ့အဖြစ်
ဘယ်အိမ်တွေမှာ
ပိုဖြစ်ကြသလဲ!
ဘာကြောင့်အဲလိုဖြစ်နေကြတာလဲ!
အဲလိုမျိုးဖြစ်ရင်
ဘာလုပ်ရမှာလဲ!
အဲးခိုး
(၂၁.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~~~~~
။ ” အိမ်ကလူက
စကားတောင်ကြာကြာပြောမရ ။
နဲနဲပြောပီးဆိုတာနဲ့
လူကိုအသံကျယ်နဲ့
အော်
စိတ်တို
အတွေးတွေအမြင်တွေ
အယူအဆတွေက
ဘာမှမတူတော့
နေရထိုင်ရသွားရလာရတာ
စိတ်အလွန်ပင်ပန်း ။
ခရီးထွက်ရင်ပိုဆိုး
တကိုယ်ကောင်းဆန်
အတ္တကြီးသူ” ဆိုတဲ့
စာပိုဒ်လေးတစ်ပိုဒ်ကို
ဖတ်မိလိုက်တော့
လူကအလိုလိုနဲ့
လန့်မိသွားသလိုပါပဲ။
။ ငယ်ရွယ်စဉ်ကာလက
ထာဝရအချစ်
မခွဲမခွာ
နှစ်ဦးခွဲခွာတယ်ဆိုတာ
မရှိ။
ခုတော့
ခုတော့ကွယ်…..။
အောင်ဖေ
(၂၁.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~~~~~
။ ကရင်ပြည်နယ်၊ ဖားအံမြို့ကိုရောက်ရင် ဇွဲကပင်တောင်ကြီး ခုလိုသာယာလှပနေတဲ့နေရာကို မရောက်ဖူးကြပါဘူး။ အလွန်သာယာလှပနေတဲ့သည်နေရာကို ဖားအံမှာနေကြတဲ့သူတွေတောင်မှ မရောက်ဖူးကြပါဘူး။ ကိုင်း ဖားအံရောက်ရင် သွားလည် ကြည့်ကြလိုက်ဦးလို့၊၊
တောင်ကလေးဆရာတော်
(၁၈.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~~
။ တောရိပ်ကြည်ကြည်၊မြစေတီကို
ဖူးမြင်ရင်မှာ၊ကြည်နူးပါသည်
မေတ္တာသည်နယ် အေးရိပ်သာ။
။ ချမ်းမြမေတ္တာ၊အေးရိပ်သာမှ
ထူးမြစေတီ၊ဖူးမြင်ပါသည်
ရွှင်ကြည်အိမ့်အိမ့် မေတ္တာရိပ်
ကြည်လင်တိတ်ဆိတ် ကြည်သာလိမ့်။
တောမှီရဟန်း
(၁၇.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~~~~~~~~~
။အိမ်ကျယ်ကြီးထဲမှာ
အဘိုးအိုကြီးနဲ့
အဘွားအိုကြီးနှစ်ယောက်ပဲရှိနေတယ်။
။ စကားပြောဖော်အဖြစ်
သူတို့မှာနေ့စဉ်နဲ့အမျှ
သူတို့နှစ်ယောက်ထဲပဲ
ရှိနေကြတယ်။
။ သူ့စကားသူ့အသံ
ကိုယ့်စကားကိုယ့်အသံ
နဝင်ပီယံမမှန်လေတော့
ဘိုးဘိုးနဲ့ဘွားဘွား
စကားတွေများကြပါလေရောတဲ့။
။ ဘိုးဘိုးက
” နင်ပြောတာ ငါကြားမိလိုက်တယ်
ယူစားဆိုလို့ပါ”
ငါယူပြီးစားတာပေါ့။
။ အမယ်ဖေကြီးရယ်
ငါပြောတာက
ယူသွားလို့ပြောခဲ့တာပါလေ။
။ အော်
ယူစားနဲ့ယူသွား
ဤစကားလေးအလွဲနဲ့
ဘိုးဘိုးနဲ့ဘွားဘွား
အလွဲအမှားတွေတွေးမိကြပေါ့။
။ နောက်ဆုံးတော့
တစ်ကုဋင် တစ်ပြင်ပေါ်မှာပဲ
ကျောချင်းကပ်
ရင်ချဉ်းကပ်မရှိကြတော့ပဲ
အသက်ကုန်ဆုံးသွားကြလို့
ခွဲခွာသွားကြတဲ့အထိပါပဲ။
။ ဘိုးဘိုးခရီး
ထွက်မခွာသွားမီ
မာမီရေ
ငါသွားပြီလို့ပဲ
စာရေးထားခဲ့တယ်။
မာမီလည်း
ဒယ်ဒီတော့သွားပြီလေလို့
သိလိုက်တော့
ငါလည်း ……။
။ အမှားလေးက
မများပါဘူးရယ်
ဒေါသကကြီးလိုက်ကြတာနော်
သံသရာအကွေ့ကွေ့ပါပဲလား
တပည့်တို့ရယ်။
အဲးခိုး
(၈.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~
မာန( မာန် ) နှင့် မာရ( မာရ်)
မြန်မာစာပေမှာ
မကြာခဏမြင်တွေ့ရတယ်။
။ နေ့စဉ်နေ့တိုင်း
မြန်မာစာရေးရင်
အကြောင်းအရာ
တစ်ခုခုနဲ့ပတ်သက်လာရင်
မာန( မာန် ) မာရ( မာရ်)
ရေးမိကြတယ်။
ရေးကြတယ်။
။ မေတ္တာကြီးရင် မာနဖျက်
တဏှာများရင် မာရ်ကိုဖျက်ဆိုပြီး
သတိပေးကြတယ်။
။ မာရနဲ့မာန
မာနနဲ့မာရ
ဒီစကားလေးအပေါ်မှာ
သင့်မှာရှိတဲ့မာနကဘာလဲ?
သင်သိရမယ့်မာရကဘာလဲ?ဆိုတာကို
အဖြေလေးတစ်ခုတော့
ရသွားချင်တယ်။
။ သင့်အတွက် မာနက
သင့်အဖို့ မာရက ။
အဲးခိုး
(၇.၉.၂၀၂၅) ရက်နေ့။
![]()