Categories
ကရင်လူမျိုး

ကရင့်ဝေါဟာရ “ ဍယ်” နှင့် “ ဍိင်

ကရင့်ဝေါဟာရ “ ဍယ်” နှင့် “ ဍိင်
……
*ဍယ်
ဍယ်စီးစံင်=ခြင်ရိုက်သည်။
ဍယ်ဏာႋကိင်ထါ်/ဍယ်မေံ=ပါးရိုက်သည်။
ဍယ်သာဏာ့=ရင်ဘတ်ကိုရိုက်သည်။
ဍယ်စူးယာ့=လက်ဝါးရိုက်သည်။
စသည်ဖြင့် “ ဍယ်” ကိုဆီလျော်ရာ နာမ်များနှင့် တွဲသုံးရသည်။
“ ရိုက်ခတ်” ဟူသော အနက်ရှိသည့် စကားလုံး ဖြစ်သည်။

……
*ဍိင်
ဍိင်ဏာႋဍိင်
ဍိင်ဂီတာ
ဍိင်ခၞါ
စသည်ဖြင့် “ ဍိင်” ကို ကြိုးတပ်တူရိယာပြပုဒ် နာမ်စကားလုံးများနှင့် တွဲသုံးရသည်။ သာယာနာပျော်ဖွယ် အသံရအောင် ကြိုးတပ်တူရိယာတစ်ခုခုကို “ တီးခတ်သည်” ဟု အနက်ရှိ၏။

ဍယ် နှင့် ဍိင်
ထိုဝေါဟာရ နှစ်ခုမှာ
သူ့နေရာနှင့်သူ အသုံးမတူသကဲ့သို့ အနက်လည်းမတူပေ။

စောဝဏ္ဏထွန်း

Loading

Categories
ကရင်လူမျိုး

ဖားအံမြို့မှာ

ဖားအံမြို့မှာ

အင်ကုန်း ဆိုတာ

ရှေးကတည်းကရှိတယ်ပေါ့။
အင်ပင်များပေါက်ရာကုန်းမြင့်နေရာဖြစ်လို့ အင်ပင်များကိုအစွဲပြုပြီး

အင်ကုန်းလို့ခေါ်တာ။

ဖားအံ ဆိုတာကိုလိုနီခေတ်လောက်ကမှအများသိ
ပိုထင်ရှားလာဟန်တူတယ်။

သို့သော်ကရင်အခေါ်မှာက

ဍုံထ်ုအင် လို့ခေါ်တာ။

အင်ပင်များပေါက်ရာသည်ကုန်းကိုပဲအစွဲပြုပြီးရှေးမူလပိုးကရင်ဘာသာနဲ့

ဍုံဌာန့်သ်ုလာအင်

/ဍုံထောင့်သလာအောင်/လို့ခေါ်ခဲ့ကြတယ်။
ထို့နောက်မှာစကားရွေ့လျောပြီးကရင်အခေါ် #ဍုံထ်ုအင် လို့ဖြစ်ခဲ့ပြန်တာယနေ့အထိ။
ကိုလိုနီခေတ်လောက်ကမှ
ဖားအံလို့အများသိပိုမိုထင်ရှားလာဟန်ရှိပေမယ့်
မြို့ဖားအံကိုကရင်တိုင်းရင်းသားတို့က
ဒုံရင်းကရင်မင်းလက်ထက်ကတည်းက
ဒုံရင်းကရင်မင်းနေပြည်
အဝန်းထဲရှိ
မြို့ရပ်ဝန်းလို့သတ်မှတ်
သိခဲ့ကြတယ်။
ဒါ့‌ေကြာင့်
ဒုံရင်း
ကရင်မင်းနေပြည်
ရပ်ဝန်းထဲက
အင်ပင်များပေါက်ရာ
ဤကုန်းနေရာကို
ကရင်အခေါ်

ဍုံဌာန့်သ်ုလာအင်

ဍုံထောင့်သလာအောင် လို့
ခေါ်ခဲ့ကြတာပေါ့။
သည်နေ့တော့
စိတ်ကူးပေါက်ပေါက်နဲ့
ဆေးပင်တစ်မျိုးရှာဖို့
သည်ကုန်းမှာ
နည်းနည်းပတ်ကြည့်ဖြစ်တယ်။
ရှေးတုန်းကလို
အင်ပင်လေးများ
တစ်ပင်တစ်လေလောက်
ရှိပါဦးမလားပေါ့။
မတွေ့မိပါဘူး။အဝန်းအဝိုင်းအချို့အထဲမှာတော့
အင်ပင်ရှိနိုင်ပါလိမ့်ဥိီးမယ်
ထင်တယ်။
သည်ပြည်နယ်ကွင်းထဲမှာ

အပင်များစီတန်းစိုက်တဲ့လစ်လပ်ရာမှာအင်ပင်လေးများပေါက်နေစေချင်မိပါတယ်။

ရှာချင်တဲ့ဆေးပင်လည်း
တစ်ပင်မှတောင်မတွေ့ပါဘူး။
ဟိုတုန်းကဆိုဆေးဘက်ဝင်အပင်တွေရှာလို့ရတယ်။
အခုတွေ့လာမိတဲ့သဘာဝပေါက်ပင်
အချို့ကတော့
မျက်ရိုင်း၊ကိုင်းပင်၊

ပိန်းရိုင်း(အမှန်တော့ချက်စားလို့ရပါတယ်။အယားရည်ပြုတ်ထုတ်ပစ်၊ချဥ်ချဥ်စပ်စပ်ချက်လက်ကုန်စားကောင်း)

မြက်ကြွပ်(ချဥ်ဖက်စိမ်စားကောင်းတယ်)

ဒန့်ကျွဲပင်/မိုးကျလက်ဖက်

လို့လည်းခေါ်တာ။(အရွက်နုပြုတ်၊သုတ်စားရင်သိပ်ကောင်းတယ်၊အိပ်ပျော်စေတယ်၊ဆေးဖက်ဝင်၊သူ့အသီးအစေ့ခြောက်ကိုရေနွေးကြမ်းစိမ်သောက်ရင်ဆီးရွှင်မယ်၊ကျောက်ကပ်ကောင်းကျိုးပြုတယ်။

ဖေါင်ဖေါင်သီးပင်(ဆေးဖက်ဝင်တယ်)

တံမြက်စည်းပင်(‌ေတာရွာမှာတံမြက်သည်းလုပ်သုံးတယ်)

သကြားရေစင်ပင်(ဆေးဖက်ဝင်တယ်၊ချောင်းဆိုးရင်အရွက်နုအရည်ညှစ်၊ဆားအနညးငယ်ရောထည့်သောက်ပျောက်တယ်)

ဗန့်ဗွေးပင်(တောရွာမှာသူ့အရွက်ကိုဆေးလိပ်လိပ်သောက်တယ်။)

တောလေးညှင်းပင်(ဆေးဘက်ဝင်)

လမ်း‌ေလျှာက်ရင်းနဲ့
အသုံးဝင်တဲ့
သဘာဝပေါက်ပင်လေးတွေ
တွေ့ရလို့ကြည်နူးမိသလို
ဤအင်ကုန်းမှာ
အင်ပင်တန်းလေးတော့မြင်ချင်မိပါရဲ့လို့တွေးတွေးရင်းပြန်လာအမောဖြေနေတော့တယ်။

စောဝဏ္ဏထွန်း

Loading

Categories
ကရင်လူမျိုး

ကရင်ရိုးရာဒုံးတေးသီချင်းများ၌

ကရင်ရိုးရာဒုံးတေးသီချင်းများ၌

ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟူသော
ဝေါဟာရပါမြဲရေးဖွဲ့ကြသည်။
ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟုဆိုရာ၌
ဝေါဟာရပုဒ်ခွဲသော်
***ယှိုဲ့ =ရွှေ(မြန်မာမွေးစားစကားလုံး)။

ပျာင်ႋ=ပျိုရွယ်သော
(အပျိုဖော်ဝင်စအရွယ်အမျိုးသမီးငယ်)။

ဖဝ့်=ပန်း(ပွင့်သစ်စလန်းဆန်းသည့်ပန်း)။

” ယှိုဲ့ + ပျာင်ႋ + ဖဝ့် “ ၏
စကားပေါင်းအနက်မှာ

ရွှေနှင့်ထပ်တူ

တန်ဖိုးထားရမြတ်နိုးရပြီး

ပွင့်သစ်စလန်းဆန်းသည့်

ပန်းကဲ့သို့သောမိန်းမပျိုလေး ဟုအဓိပ္ပါယ်ရှိပေသည်။

ထို့‌ေကြာင့်ပင်ထိုပျိုရွယ်သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်သင်တိုင်းကိုလည်း

ဆါင့်ပျာင်ႋ ဟုခေါ်ပေသည်။

“ ဆါင့်ပျာင်ႋအွာ” ဟုဆိုလျှင်
ရွှေနှင့်ထပ်တူတန်ဖိုးထားမြတ်နိုးရပြီး
ပွင့်သစ်စလန်းဆန်းသည့်
ပန်းကဲ့သို့သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်
အမျိုးသမီးသင်တိုင်ရှည်အဖြူ ဟု အဓိပ္ပါယ်ရပေသည်။

ဤအမျိုးသမီးဝတ်အထည်မျိုးကို
ကရင်အမျိုးသမီးသင်တိုင်းရှည်ဟု ဆိုလျှင်သင့်တော်ဆီလျော်ပါသည်။

သို့သော်

ကရင်အထည်ရောင်းစားနေကြသူများအချို့မှာ

ရိုးရာအထည်ကိုရောင်းစားသည့်လုပ်ငန်းလုပ်လျက်
ရိုးရာအခေါ်အဝေါ်ကိုမသိကြမလေ့လာကြမလိုက်နာကြဘဲ

သင်တိုင်းရှည်ကို

ဂါဝန် ဟုဆိုကာ ရောင်းချနေကြသည်။

တိုင်းရင်းရိုးရာအခေါ်အဝေါ်မှာကရင်အခေါ် #ဆါင့်ပျာင်ႋ

ဆါင့်ဆူ

ဆိုသည်တို့ကို

သင်တိုင်း ဟု

မြန်မာအခေါ်အဝေါ်ရှိခဲ့သည်မှာ
ပုဂံခေတ်မြန်မာကျောက်စာများထဲ၌ပင်တွေ့ရသည်။
တိုင်းရင်းအခေါ်အဝေါ် သင်တိုင်း ဟုရှိပါလျက်
ဂါဝန် ဟု ခေါ်ဝေါ်သုံးနှုန်းရောင်းချနေကြခြင်းသည်
ရိုးရာကိုစော်ကားရာကျသလို
ရိုးရာဂုဏ်နိမ့်အောင်လည်းပြုရာကျလှပေသည်။
ကရင်အခေါ်

ဆါင့်ဆူ

ဆါင့်ပျာင်ႋတို့ကို

မြန်မာတိုင်းရင်းကျောက်စာအထောက်အထားအရ

သင်တိုင်း ဟုသာသုံးနှုန်းရန်သင့်ပါသည်။#ဂါဝန် ဟုမခေါ်ဆိုအပ်ပေ။

ယခုပုံပါအတိုင်း
ဆင်ယင်ထုံးဖွဲ့ကြသော
ကရင်တိုင်းရင်းသူလေးတို့သည်
သင်တိုင်းရှည်အဖြူ
ဆင်ယင်ကြလျက်
ရွှေနှင့်ထပ်တူမြတ်နိုးတန်ဖိုးထားရပြီး
ပွင့်သစ်စလန်းဆန်းသည့်ပန်းကဲ့သို့
ချစ်ခင်စဖွယ်
ယှိုဲ့ပျာင်ႋဖဝ့် လေးများပင်ဖြစ်ပါပေတော့သည်။

စောဝဏ္ဏထွန်း

bst

Loading

Categories
ကရင်လူမျိုး

ကောဟ်ထေံၜိုင်

ကောဟ်ထေံၜိုင်
/ကွတ်ထေးဘန်/
ကရင်ရိုးရာ #ကဒက်မုန့်
ကဒက်ဥ+ဆန်နှစ်+အချိုထန်းလျက်(သို့)ကြံသကာတို့
ရော၍ #နွယ်ဒန်းဖက် ဖြင့်ထုပ်သည်။
စား၍အလွန်ကောင်းသော
ကရင်ရိုးရာကဒက်မုန့်ပါပဲ။

ကဒက်ဥပေါ်ချိန်မှာပဲစားရတာရာသီစာမုန့်တစ်မျိုးပေါ့။

စောဝဏ္ဏထွန်း

dav
dav

Loading

Categories
ကရင်လူမျိုး

ဖၠုံထူရူ့လာခုဂ်ခါင်ႋစူးမူႋဏီ

လှိုက်လှဲစွာ ကြိုဆိုပါ၏


နှစ်စဥ်
ကျင်းပလျက်ရှိသော
၃၈ ကြိမ်မြောက်
တောင်ကလေး(ဖလုံပညာ့တဝေါင့်)
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့
ကြွရောက်ချီးမြှင့်နိုင်ပါရန်
လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။

အခမ်းအနား နေ့ရက်/အချိန်


၂၀၂၄ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်
နံနက်(၈)နာရီ။

ကျွေးမွေးလှူဒါန်းရေးအချိန်


နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ။

လှိုက်လှဲစွာကြိုဆိုပါ၏
https://www.facebook.com/share/p/gH7L3sReZgFiCkbM/?mibextid=oFDknk
https://www.facebook.com/share/p/gH7L3sReZgFiCkbM/?mibextid=oFDknk

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရုပ်သံ

အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ “ ကရင်အမျိုးသားရဟန်းတော်များအသင်း”

ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ
နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌
ကျင်းပပြုလုပ်တော်မူသော
ကရင်အမျိုးသားရဟန်းတော်များအသင်း မှ
“ အကျိုးတော်ဆောင် ဂုဏ်ပြုပူဇော်ပွဲ”
အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ “ ကရင်အမျိုးသားရဟန်းတော်များအသင်း”
https://www.youtube.com/watch?v=CEkoA1qgqHo

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ

(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး

13th of The Annual Meeting Of Karen National Buddhist Monks Association

ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ၊ နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌ ကျင်းပပြုလုပ်တော်မူသော (၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေးအား တိုက်ရိုက် Live ထုတ်လွင့်ခြင်းဖြစ် ဓမ္မဒါနပြုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။
(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး

Loading

Categories
ကရင်လူမျိုး နိုင်ငံရေး အမျိုးသားရေး

ကရင်ပြည်နယ် အလံ၊ တံဆိပ်၊ ဆောင်ပုဒ်

ပြည်နယ်အလံ

ပြည်နယ်တံဆိပ်

ပြည်နယ်ဆောင်ပုဒ်

“ ဆ်ုတဝ်ဆ်ုလံင်ယ်ုအဲလ်ှ”

“ ဖြောင့်မတ်ခြင်းကိုငါတို့ချစ်မြတ်နိုးသည်။”

“ The Rectitude We Love”

Loading

Categories
ကရင်လူမျိုး ရုပ်သံ

သ္တါ်လင်သာနာန်မူးဖၠုံ 

ဆူ့ကေဝ် – ခီႋသင့်
ယိုင် – စဝ်သိင်းဖဝ့်
ထၟူ့ – ဆင်ဖဝ့်ခၠိင်း

ပ်ုဖၠုံဆိုဒ်မူးၰီ့လာဟှေဝ်ဍောဟ်မာ
လင်အဲဍောဟ်ဏါင်း
လ်ုဆိုဒ်အ်ုၯူ့ဟှာ

ၜေ့သိုဝ် ဖဝ့်ၰီ့လာ
အေထေါဟ်ၰံင် ဆိုဒ်အးကၠာ
အ်ုၯေဝ်ထုက်လဝ့် မွာဲဏ်ု

ဆာမွာဲ ဆိုဒ်ဆးလုက်ကၠေဝ်သီးလ်ုဖး
အင်းအုဂ်ၜးဝေ့
ဏ်ုသာဆိင့်ဖါန်အွာ

ပ်ုဖၠုံမူးၰီ့လာ ဖံင်းခိုင့်ဆိုဒ်ဆ်ုၰီ့လာ
ၜးမွာဲဏ်ုဆ်ုဏေဝ်ႋသာ

ယုဂ်ယါန်းဏ်ု ထီ့ခါန်ႋလင်ဍာ
ဏ်ုၜးအဲ ဏ်ုဆိုဒ်ဏ်ုဆး
ဏ်ုထူႋရူ့ ဏ်ုမုင်ႋၜျာ ဏ်ုပ်ုၯုံႋလာ
ဏ်ုဆိုဒ်လ်ုဏ်ုအ်ုကျံင် အ်ုမိင်လ်ုၜးလင်ယွာ

ဏ်ုမွာဲဖၠုံလ်ု အဲဆ်ုတဝ်လ်ုၯာ
သ္တါ်ဏ်ုသာ လ်ုဆိုဒ်အးကၠာ
ဍေဆ်ုခၠါင်မုက်လာ အင်းလဝ့်မ်ုအင်းယူဏ်ု
မ်ုဖှ်ေလင့်သ္တါ်ဏ်ု

ယုဂ်ယါန်းဏ်ု ထီ့ခါန်ႋလင်ဍာ
ဏ်ုၜးအဲ ဏ်ုဆိုဒ်ဏ်ုဆး
ဏ်ုထူႋရူ့ ဏ်ုမုင်ႋၜျာ ဏ်ုပ်ုၯုံႋလာ
ဏ်ုဆိုဒ်လ်ုဏ်ုအ်ုကျံင် အ်ုမိင်လ်ုၜးလင်ယွာ

ယုဂ်ယါန်းဏ်ု ထီ့ခါန်ႋလင်ဍာ
ဏ်ုၜးအဲ ဏ်ုဆိုဒ်ဏ်ုဆး
ဏ်ုထူႋရူ့ ဏ်ုမုင်ႋၜျာ ဏ်ုပ်ုၯုံႋလာ
ဏ်ုဆိုဒ်လ်ုဏ်ုအ်ုကျံင် အ်ုမိင်လ်ုၜးလင်ယွာ

အ်ုမိင်လ်ုၜးလင်ယွာ
အ်ုမိင်လ်ုၜးလင်ယွာ
အ်ုမိင်လ်ုၜးလင်ယွာ …

Loading

Categories
ကရင်လူမျိုး တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ ဘာသာဗေဒ ဝါစဿရဗေဒ (စကားသံလေ့လာမှုပညာရပ်)

အရှေ့ပိုးကရင်ဘာသာစကား၏ စကားသံဖွဲ့ပုံ

အရှင်ပညာသာမိ၏ “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၉၈-၁၀၀၊ အခန်း (၄) အရှေ့ပိုးကရင်လူမျိုးတို့၏ စာပေအက္ခရာများ၊ ၄(က)။ ပိုးကရင်စာပေသမိုင်း” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။

ကရင်ဘာသာစကား၌ အသံအနိမ့်၊ အလတ်၊ အမြင့်ဟူ၍ ရှိသည်။ စာရေးရာ၌ အသံအလေးညွှန်းရန် ပျူ၊ မြန်မာ၊ မွန်များကဲ့သို့ပင် အစက်ဗိန္ဒုလုံးကလေးများကို အသုံးပြုကြသည်။

ရှိုပိုးကရင်တို့၏ စကားတွင် အသံအနိမ့်အမြင့်ကိုလိုက်၍ စကားလုံး အဓိပ္ပာယ် ပြောင်းလဲသွားတတ်သည်။ ပုံစံအားဖြင့် ‘အ’ သရ၏ အုပ်စုကို ပြောင်းလဲတတ်သော အသံအနိမ့်အမြင့်ကို စိစစ်လျှင် အာ၊ အာ့၊ အာႋ၊ အး ဟူ၍ အသံပြောင်းလေးမျိုးကို တွေ့နိုင်သည်။ အာမှာ မြန်မာအသံထွက် အာနှင့်တူသည်။ အာ့မှာ မြန်မာအသံထွက် အာ့နှင့် တူသည်။ အာႋမှာ ထူးခြားသည်။ ယင်းအသံထွက်မှာ မြန်မာအသံထွက် အာနှင့် အား ဟူသော အသံတို့ ကြားတွင်ရှိသော အသံတစ်သံ ဖြစ်သည်။ ယင်းအသံမှာ မြန်မာတွင် မရှိပေ။ အး မှာ မြန်မာအသံထွက် အားနှင့် တူသည်။

အသံအလေးအပေါ့ပြောင်းသဖြင့် ဖော်ပြပါအတိုင်း စကားလုံး အဓိပ္ပာယ်ပြောင်းလဲသွားသည် –

ပိုးကရင်အသံထွက်သံမြန်မာအသံထွက်
ဏာ (အာသရ)ငှက်ကြီးတောင်ဓား၊ သန်လျက်ဓားရှည်
ဏာ့ (အာ့သရ) နှာခေါင်း
ဏာႋ (အာႋသရ) နားရွက်
ဏး (အားသရ) ရေတွက်သည်
ဆာ (အာသရ) ပိုက်ကွန်
ဆာ့ (အာ့သရ) နာသည်
ဆာႋ (အာႋသရ)ပြောသည်
ဆး (အားသရ) အစားအစာ

ဤသို့ ဖော်ပြချက်မှာ အာသရ၏ ပြောင်းလဲချက်အချို့ပင် ဖြစ်သည်။ ‘အူ’ သရအသံ အုပ်စုပြောင်းလဲချက်များလည်း ရှိသည်။ ယင်း အူသရအသံ အုပ်စုမှာလည်း အစက်-ဗိန္ဒုလုံးများကို သုံးခြင်းဖြင့် ဖြစ်ပေါ်လာသော အသံအနိမ့်အမြင့်အရ အဓိပ္ပာယ် ပြောင်းလဲသွားသည်ကို တွေ့မြင်ရသည်။

အူ-အူ့-အူႋ-အူး ဟူသော အူးသရ အုပ်စုတွင် အူမှာ မြန်မာအသံထွက် အူနှင့် ဆင်တူသည်။

အူ မှာမြန်မာအသံထွက် အူနှင့် ဆင်သည်။

အူ့ မှာ မြန်မာအသံထွက် အူ့နှင့် ဆင်သည်။

အူႋ မှာ မြန်မာအသံထွက် ‘အူ’ နှင့် ‘အူး’ တို့၏အကြားတွင်ဖြစ်သော ကြားသံဖြစ်သည်။

အူး မှာ မြန်မာအသံထွက် အူးနှင့် ဆင်သည်။

ဤ အူ သရအုပ်စုတွင် အစက် ဗိန္ဒုကို သုံးသဖြင့် ဖြစ်ပေါ်လာသော အသံ အနိမ့်၊ အမြင့်၊ အလေး၊ အပေါ့ကြောင့် စကားလုံးတစ်လုံး၏ အဓိပ္ပာယ်မှာ ဖော်ပြပါအတိုင်း ပြောင်းလဲသွားသည် –

ပိုးကရင်အသံထွက်မြန်မာအဓိပ္ပာယ်
ဆူ (အူသရ)ဆိုင်ဆူခေါ်သော ဒိုင်းအကတစ်မျိုး
ဆူ့ (အူ့သရ) ရေလောင်းသည်။ စာရေးသည်။
ဆူႋ (အူႋသရ) ရေတိမ်သည်။
ဆူး (အူးသရ)ဆူးပင်မှ ဆူးများ

အလားတူပင် အခြားသရအုပ်စုများသည်လည်း အသံ အလေး အပေါ့ကိုလိုက်၍ အဓိပ္ပာယ်ပြောင်းလဲချက်ရှိသည်။

ရှင်းလင်းချက်

၁။ ဆး ကို အဆး ဟူ၍လည်း ခေါ်သည်။

အရှေ့ပိုးကရင်ဘာသာစကားနှင့် ပတ်သက်သည့်ဆောင်းပါးများ

အရှေ့ပိုးကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက်ဖွဲ့စည်းပုံ – မဟာပညာ (mahar.asia)

Loading