Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့တော့ မပေါ့နဲ့ ။~~~~~~~~~~~~~~

။ သည်နေ့တော့ မပေါ့နဲ့ ။
~~~~~~~~~~~~~~~~~~

။ ကြည့်လို့ကောင်းတာ
အရာရာ။

။ ပြင်လို့လှတာ
သည်မျက်နှာ။

။ ဆင်လို့လှတာ
ဤခန်ဓာ။

။ ချစ်လို့ကောင်းတာ
ရုပ်မာယာ။

။ စွဲလမ်းစရာ
မှော်တဏှာ။

။ တပ်မက်ဖြစ်တာ
ကိလေသာ။

။ မကုန်နိုင်တာ
စိတ်မဟာ။

။ သည်နေ့တော့
မမေ့,မပေါ့
နေပေတော့ပါပဲ။

တောင်ကလေးဆရာတော်
(၂၁.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း

။ အဓိဋ္ဌာန်ပါရမီ ။

။ အဓိဋ္ဌာန်ပါရမီ ။
~~~~~~~~~~~~~
။ အဓိဋ္ဌာန( ပါဠိဘာသာစကား)= ဆုံးဖြတ်ချက်၊ပြုလုပ်မှု၊ဆောက်တည်မှု၊အကြောင်း၏တည်ရာ, လို့ မြန်မာဘာသာဖြင့်ပြန်ဖွင့်ဆိုနိုင်ပါတယ်။ (တစ်နည်း)စိတ်ပဋိညာဉ် မရွှေ့ပြောင်းခြင်းသည် အဓိဋ္ဌာန်ပါရမီဖြစ်သည်။( လယ်တီဆရာတော်)

အဓိဋ္ဌာနပါရမီသည်

= မယိုင်မလဲ ကြံ့ခိုင်ခြင်းလက္ခဏာရှိ၏။
= ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်ကိစ္စရှိ၏။
= မတုန်မလှုပ် တည်မြဲ၏။
= ခိုင်မာ၏။
= ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်၏။
= အရာအားလုံး( ပါရမီအားလုံး)ကို အားဖြည့်ပေး၏။
= ပံ့ပိုးပေး၏။

စိတ်ဓာတ်

။ မည်သူမဆို မိမိ၏
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
ကျော်လွှားနိုင်ရမည်။
ရည်ရွယ်ချက်ကို
ဖြောင့်မတ်ရမည်။
ဖြောင့်တန်းရမည်။
စိတ်ဓာတ်ဖြူစင်ရမည်။
ဗီဇကောင်းရမည်။
မတရားခြင်းမပြုဟု
စိတ်ဓာတ်ခိုင်ရမည်။
စိတ်ဓာတ်မခိုင်လျှင်
ဆုံးဖြတ်ချက်ပျော့မည်။
ဆုံးဖြတ်ချက်ပျော့လျှင်
အဓိဋ္ဌာန်ပါရမီပျက်မည်။

အဓိဋ္ဌာန်သုံးမျိုး

။ အဓိဋ္ဌာန်သုံးမျိုးရှိသည်
(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်
( ရှေးဦးနိမိတ်ပြရန် စိတ်ဆောက်တည်ခြင်း။)
(၂) အာသီသအဓိဋ္ဌာန်
( လိုလားသောအကြောင်းအရာအတွက် စိတ်ဆောက်တည်ခြင်း။)
(၃) ဝတအဓိဋ္ဌာန်
(ကျင့်ဝတ်တရားကိုကျင့်ကြံရန် စိတ်ဆောက်တည်ခြင်း။)
သုံးမျိုးရှိသည်။

မြင့်မြတ်သူများအဓိဋ္ဌာန်

။ မြင့်မြတ်သူတို့သည်
မိမိကိုယ်ခန္ဓာကို
အစွဲမထား။
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်လှူဒါန်း၏။
မြတ်သောအကျင့်တရားများကို
အပျက်မခံဘဲ
မိမိ၏အသက်ခန္ဓာကို
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်၏။
မြင့်မြတ်သူတို့၏
နှလုံးသားမှမြင်ရသော
အဓိဋ္ဌာန်ချက်သည်
လေးမြတ်ကြည်ညို၍
မဆုံးဖြစ်၏။

တိုက်တွန်း

။ ဤအရှင်သည်
အဓိဋ္ဌာန်နှင့်ပတ်သက်၍
ငယ်ရွယ်သောကာက
တောရဆောက်တည်လျက်
ဈာနအဓိဋ္ဌာန်အနေဖြင့်
ဆောက်တည်ပွားများခဲ့ဖူးပါသည်။
ဘဝအတွက်ကျေးဇူးများသော
ပါရမီဖြစ်သည်ကြောင့်
တစ်နည်း
အထောက်အပံ့
အားကောင်းသည်ကြောင့်
(မလိုချင်လေရလေ)
ဟူသောအရာသည်
မည်သည့်လုပ်ငန်းစဉ်များ
ဖြစ်သည်ကို
အဓိဋ္ဌာန်ဖြင့်နေသောသူသည်သာ
သိမြင်နိုင်ကြသည်။
ထို့ကြောင့်
လုပ်ငန်းတိုင်းအောင်
လုပ်မြဲတိုင်းပြီး
အကျိုးစီးပွားဖြစ်ထွန်း
အားထုတ်တိုင်းရ
ဟူသောပါရမီကို
မိမိ၏ဘဝပါရမီကို
လိုလားနှစ်သက်မြတ်နိုးသူများ
ပွားများအားထုတ်သင့်ပါသည်ဟူ၍
အာသီသဆန္ဒပေးပါသည်။

တောမှီရဟန်း
( ၁၅.၈.၂၀၂၄) ရက်နေ့။

( ဒါယိကာမ ဒေါ်စင်မြတ်မွန်( အိသျှန်)၏ ဓမ္မပရိသတ်များသို့ ရည်ညွှန်းပြုပါသည်။)

Loading

Categories
စကားလက်ဆောင် အဲးခိုး

။ မျှော်လင့်မိသောနေ့ ။

။ မျှော်လင့်မိသောနေ့ ။
~~~~~~~~~~~~~~~~

။ ကိုယ့်အိမ်ကိုယ်ရာ
နေချင်ပါလည်း
သာသာယာယာ မရှိဘူး။

။ ကိုယ့်တိုင်းကိုယ့်ယ်ပြေ( ပြည်)
ငြိမ်းချမ်းချင်လည်း
ကြင်ကြင်နာနာ မရဘူး။

။ ကိုယ့်ပတ်ဝန်းကျင်
ပျော်ရွှင်ချင်လည်း
ခင်ခင်မင်မင် မဖြစ်ဘူး။

။ မိသားစုပေါင်း
နေလိုကြောင်းလည်း
ခညောင်းအိမ့်အိမ့် မရဘူး။

။ မေတ္တာရိပ်ရိပ်
တသိမ့်သိမ့်မှာ
တစိမ့်စိမ့်နဲ့
ချွေးသိပ်ဘယ်နေ့ ရမှာလဲ။

အဲးခိုး
(၁၃.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အဲးခိုး

။ တွေးမိခဲ့သောအတွေး ။

။ တွေးမိခဲ့သောအတွေး ။
~~~~~~~~~~~~~~~~~~
။ ဥပမာ
ငါတစ်ယောက်တည်းသာ
ချမ်းသာနေရင်
မချမ်းသာကြတဲ့သူတွေက
ဘယ်လိုများ
မြင်ကြမလဲပေါ့။

။ ဥပမာ
ငါတစ်ယောက်တည်းသာ
ကြမ်းတမ်းနေရင်
မကြမ်းတမ်းကြတဲ့သူတွေက
ဘယ်လိုများ
ထင်ကြမလဲပေါ့။

။ ဥပမာ
ငါတစ်ယောက်တည်းသာ
ဆင်းရဲနေရင်
မဆင်းရဲကြတဲ့သူတွေက
ဘာတွေများ
လုပ်ပေးနိုင်ကြမလဲပေါ့။

။ ဥပမာ
လူသားအားလုံး
ချမ်းသာနေကြရင်
ဘာတွေများ
ဖြစ်ကြဦးမလဲပေါ့။

။ ဥပမာ
လူတွေအားလုံး
စုပြုံပြီး
ဆင်းရဲနေကြရင်
ဘာတွေများ
ရကြမလဲပေါ့။

။ လူဟာ
သည်နေ့အတွေး
သည်နေ့အရေး
သည်နေ့ဖြေဆေးမရှိရင်
(မြန်မာပြည်နဲ့
သည်ကမ္ဘာမြေ)
ဘာတွေများ
ဘေးရန်ဖြစ်ကြမလဲပေါ့။

အဲးခိုး
(၁၂.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဘက် အဖွားစီ ။

။ မူလသဲအင်းဂူဆရာတော်ကြီး၏
ပါရမီဖြည့်ဘက် အဖွားစီ ။
~~~~~~
။ အဖွားစီဟာ
မြန်မာကောဇာသက္ကရာဇ်
၁၂၈၅ ခုနှစ်က
မွေးဖွားလို့
ယခုမြန်မာကောဇာသက္ကရာဇ်
၁၃၈၆ ခုနှစ်ဆိုရင်
(အဖွားစီဟာ)
သက်တော်(၁၀၁) နှစ်ရှိပါပြီ။

။ ဖွားဖွားနဲ့အရှင်ဟာ
အေဒီ(၁၉၈၈/၈၉) ခုနှစ်က
သိမြင်ခဲ့ကြပြီး
အဲဒီတုန်းက
အရှင်ရဲ့သက်တော်က
(၂၈)နှစ်အရွယ်ကပါ။

။ မှတ်မှတ်ရရ
(ငါသေရင်သေ မသေရင်တရားရ)
(သဲအင်း ဇွဲတင်း၊ အမြဲလင်း)
ဆိုတဲ့ သဲအင်းဂူ
အထူးဆောင်ပုဒ်အတိုင်းနဲ့
အဓိဋ္ဌာန်
(၂၄) ရက်တိတိ
သဲအင်းဂူဆရာတော်ကြီးရဲ့
ကမ္မဋ္ဌာန်းထိုင်နည်းအတိုင်း
ဝိပဿနာတရားကို
ကိုယ်တိုင်ပွားများအားထုတ်ခဲ့လို့
ကျေနပ်စွာနှစ်သက်ခဲ့ရပါတယ်။

။ အဖွားစီနဲ့သိရှိရသောအခါ
မူလသဲအင်းဂူဆရာတော်ကြီးရဲ့
ဘဝအကြောင်းကို
ဖွားစီကပြန်ပြောင်းပြီး
မိန့်ဆိုပြောပြလို့ပဲ
ကြည်ညိုခဲ့ရပါတယ်။

။ ဖွားစီက
ဆရာတော်ကြီးရဲ့
ဘဝအကြောင်းကို
မိန့်ဆိုနေရင်ရင်းနဲ့ပဲ
နာယူနာကြားမိခဲ့ရတဲ့
အရှင်အဖို့
( အော်
သူတော်ကောင်းကြီးတွေ
လုပ်ဆောင်ချက်အရာတွေဟာ
ထူးခြားပါပေတယ်)
ယနေ့ထက်တိုင်
ကြည်ညိုရင်းအတိုင်း
ကြည်ညိုလို့မဆုံးအောင်ပါပဲ။

။ ဖွားစီဟာ
သက်တော်(၁၀၁) နှစ်ရှိပြီမို့
အိပ်ရာထဲမှာပဲ
လဲလျောင်းနေခဲ့ရပါပြီ
ကမ္မဋ္ဌာန်းအစွမ်းကြောင့်
ရုပ်ခန္ဓာ
ကြည်လင်စွာရှိနေပါတယ်။

။ အားအင်နည်းပါးလာလို့
စကားပြောသံလည်း
ပြော့ငြိမ်လာပါတယ်။

။ ရန်ကုန်ရှိ
ဒါယကာကြီးတစ်ယောက်ကို
အသွားပြုပြီး
အပ်စပ်သည့်လှူဒါန်းမှုလည်း
ပြုစေပါတယ်။

။ အိပ်ရာထဲမှာသာ
လဲလျောင်းတော်မူပြီးဖြစ်တဲ့
ဖွားဖွားစီကို
သတိရတော်မူရင်းနဲ့
သံဝေဂရမိပါလေရဲ့။

။ သူသူငါငါ
အိုလာကြရင်
တခါလဲလျောင်းရဦးမှာပါတကား။

။ အဖွားရေ
သက်တော်ရာကျော်
ရှည်ကြာလျက်
ဘာဝနာအမှုဖြင့်
ပွားများနိုင်ပြီး
ကိလေသာယုတ်
နုတ်ထွက်နိုင်ပါစေလို့
ဆုတောင်းပေးလျက်ပါ
ဖွားဖွားရေ။

သဲအင်း ( ကိုယ်တော်လေး)
(၂.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အိုဖိုစံ ပန်ညာစာမိ

။ ကြည့်ဖြစ်တဲ့ရုပ်ရှင် ။

။ ကြည့်ဖြစ်တဲ့ရုပ်ရှင် ။
~~~
။ အေဒီ ၂၀၀၀ ပြည့်
ပြည်ပခရီးထွက်ခွာ
ရောက်ခဲ့တဲ့တိုင်းပြည်
ရောက်ခဲ့တဲ့သည်နေရာ
ကြည့်ဖြစ်တဲ့စစ်သမိုင်း။

။ မှတ်သားခဲ့ရတဲ့
မြန်မာ့သမိုင်းစာမျက်နှာ
မြင်ခဲ့ရတဲ့စစ်ပွဲအကြောင်းအရာ
အနိဋ္ဌာရုံ
စစ်တလင်းစုံစွာပါ။

။ လူသားကမ်ဘာ
အချင်းချင်း
မသနဲားကွ
အနိုင်ကျင့်ကြ
အနိုင်ယူကြ
ကျူးကျော်စစ်လုပ်ကြ
ရက်စက်ကြမ်းကြုတ်ကြ
မညှာမတာကြ
ကွပ်မျက်ကြ
ကြင်နာသနားရေး
မျက်ကွယ်ပြုကြ။

။ ယနေ့ကမ္ဘာ
မချမ်းသာဘူး
နောက်နေ့ကမ္ဘာ
ဆင်းရဲများစွာ
မမြင်လိုပါ။

။ တမ်းတမ်းတတ
သတိရသည်
မတ်တတ်ရပ်ခဲ့ သည်နေရာ။

( ချယ်ရီပင်အမှတ်တရ)

အိုဖိုစံ ပန်ညာစာမိ
(၃၁.၇.၂၀၂၄) ရက်နေ့ညချိန်။

Loading

Categories
စကားလက်ဆောင် ဘုန်းအောင်ဖေ

။ ထူးထူးဆန်းဆန်း လိမ်နည်းလေး ။

။ ထူးထူးဆန်းဆန်း လိမ်နည်းလေး ။
~~~~~

Translate text with your camera
2024 Micsoft Mobile ပရိုမိုးရှင်းတွင် သင့်အား ပေါင် 800,000 ချီးမြှင့်ခဲ့သည်။ သင့်ဆုရရှိရန် သင့်အမည်၊ အသက်နှင့် ဖုန်းနံပါတ်ကို Microsfuk@hotmail.com သို့ ပေးပို့ပါ။
~~~~

။ ဒီခေတ်အခြေအနေကို
လေ့လာကြည့်ရင်
အွန်လိုင်းပေါ်မှာလည်း
ဒါမျိုးတွေရှိနေတယ်ဆိုတာ
နားလည်ထားကြပါ
ဒါယကာတို့ရေ။

။ ပီးခဲ့တဲ့ တစ်လကျော်က
မြို့ထဲက ဒါယိကာမတစ်ယောက်
ကျောင်းကိုရောက်လာပြီး
ဒီလိုအလိမ်မျိုးခံရခဲ့ဖူးတယ်ဆိုပြီး လျှောက်ပြပါလေရဲ့။

။ အဲဒါနဲ့
ဟုတ်ပါ့မလားပါ, ဆိုပြီး
အထင်နဲ့ ဒါယိကာမကြီးက
( အရှင်ဘုရား တပည့်တော်သိန်း(၁၀၀) ကျော်ပါသွားပါတယ်ဘုရာ့)
ပြန်လည်လျှောက်ပြလေတော့
သည်နေ့
ဒီအကြောင်း
မိမိတယ်လီဖုန်းထံ
ရောက်လာပါလေရော့ပေါ့။

။ ကဲ ဒါယကာတို့ရေ
လိမ်ညာနေတာလား
လိမ်နေလားဆိုတာ
ဖုန်းနံပါတ်ပေးလိုက်ရမလား?
ဘတစ်ပြန်ကျားတစ်ပြန်
တစ်ပြန်စီးလုပ်ရမလား
စဉ်းစားမိပါလေရဲ့။

။ ဒီကိစ္စ
ဒီအကြောင်း
ဒါယကာတွေမှာ
ရောက်လာခဲ့ရင်
သတိပဋ္ဌာန်တရား
အောက်မေ့ပွားပြီး
လိမ်ဖြန့်တဲ့အဖွဲ့ထဲမရောက်ဖို့
သတိထားပေတော့
ဒါယကာတို့ရေ
ထူးထူးဆန်းဆန်း
လိမ်နည်းလေး။

ဘုန်းအောင်ဖေ
( ၂၉.၇.၂၀၂၄) ရက်နေ့ညနေချိန်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဘုန်းပညာ အဲးခိုး

။ အိမ်ထောင်တစ်ခုမှာ ။~~~~

။ အိမ်ထောင်တစ်ခုမှာ ။
~~~~
။ (အိမ်ထောင်စုတစ်စုမှာ
အမျိုးသမီးဖြစ်သူက
အားကြီးတဲ့ကုသိုလ်ကံတွေ
တည်ထောင်နိုင်ရင်လည်း
( ထူထောင်နိုင်ရင်လည်း)
မိသားစုတစ်ခုလုံးကို
ဖေးမနိုင်ပါတယ် ) ဆိုတဲ့
ဒီယူဆချက်ဟာ
အိမ်ထောင်ရှင်
အမျိုးသမီးတိုင်းသာ
သိမြင်နားလည်ကြမယ်ဆိုရင်
အဲဒီအိမ်ထောင်ဟာ
ဖရိုဖရဲ
ပြိုကွဲပျက်စီးစရာ
အကြောင်းမရှိနိုင်ဘူးလို့
မြင်မိပါလေရဲ့။

။ များသောအားဖြင့်
လူတွေဟာ
ကုသိုလ် ကံကို
ပြုယူရမှန်းသိကြပေမယ့်
ကံအကြောင်းကို
သေချာဂန
အရေးမစိုက်မိကြဘူး။

။ တကယ်တော့
ကံ တရားဟာ
အကြွင်းမဲ့သာ
နားလည်နေမယ်ဆိုရင်
ရင်ဝ,ရင်မတွေမှာ
ဝေဒနာဆူး
အစူးခံနိုင်လေပေါ့။

။ အိမ်ထောင်ထူကြတဲ့
သူတွေအားလုံးဟာ
လေ့နက်တဲ့ယုံကြည်ချက်ရှိလို့
ပြစ်ချက်တွေကိုမကြည့်ကြဘဲ
ပြင်ချက်တွေနဲ့နေကြတာပါ။

။ ခေတ်လောကအနေနဲ့ကြည့်ရင်
ဒီခေတ်မှာ
ခေတ်မီတဲ့သူတွေကပဲ
အိမ်ထောင်ပြုကြတယ်လို့
ဆိုရမှာပါ။

။ အိမ်ထောင်ပြုတယ်ဆိုတာ
အရာရာကို
ကိုယ်ကျိုးစွန့်ကြတာပါပဲ။

။ ဒါကြောင့်
ကြောင့်ကြရတာ
အနစ်အနာဖြစ်ကြရတာ
ဆင်းရဲမှုဖြစ်ကြရတာတွေကို
ဥပေက္ခာပြုနိုင်ကြပြီး
တစ်ဦးတစ်ယောက်ဖြစ်သော
ချစ်သောသူတစ်ယောက်ရဲ့
အပြစ်ဖြစ်တဲ့ပြစ်ချက်ကို
ပြင်ချက်ပေးနိင်တဲ့သူက
အိမ်ထောင်ရှင်လို့ပဲ
ဆိုပါရစေ။

ဘုန်းပညာ( အဲးခိုး)
(၂၇.၇.၂၀၂၄ ) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဘုန်းအောင်ဖေ

။ မြ ရ တ နာ စေ တီ ။

။ မြ ရ တ နာ စေ တီ ။
~~~~~~~~~~.~~~~

။ အဝေးသို့မြင်

ထုံးစေတီလေး

ကြည်နူးနေမိမည်။

။ အဝေးသို့မြင်

ဤစေတီလေး

ဖော်ကြင်လွမ်းမိမည်။

။ အဝေးသို့မြင်

ထိုစေတီလေး

ရောက်ချင်နေကြမည်။

။ အဝေးသို့မြင်

မြစေတီလေး

ဖူးချင်နေကြမည်

သတိရနေကြမည်။

။ မြ ရ တ နာ

အေးရိပ်သာသို့

လာလည်စေချင်သည်။

( ဓာတ်ပုံပိုင်ရှင်ကိုကျေးဇူးတင်ပါသည်။)

ဘုန်းတော်ကြီး အောင်ဖေ

(၂၂,၇,၂၀၂၄) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် အဲးခိုး

။  ချယ်ရီတွေ ငိုနေပြီ နန်းရေ ။~~~~~~~~~~~~~~~~~~

။  ချယ်ရီတွေ ငိုနေပြီ နန်းရေ ။

~~~~~~~~~~~~~~~~~~

။ ရှမ်းတိုင်းရင်းသား
တေးသံရှင် စိုင်းဆိုင်မောဝ်အသက်(၇၇)ဟာ( ၁၇.၇.၂၀၂၄) ရက်နေ့ည(၇:၁၅)နာရီအချိန်မှာ
သူနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်မှာပဲ
ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဆိုတာ
အားလုံးအသိပါပဲ။

။ စိုင်းဆိုင်မောဝ်ရဲ့
သီဆိုတဲ့သီချင်းထဲက
” ရှိမြဲမရှိ သင်္ခါရတရား”
ဆိုတဲ့သီချင်းဟာ
နားဆင်ကြသူတိုင်း
စိတ်အရိုင်းတွေမဖြစ်ကြဘဲ
နားဝင်ချိုတဲ့
ဓမ္မရေးရာတေးတစ်ပုဒ်ဖြစ်လို့
ခရီးဝေးသွားရင်
အမြဲလိုလိုကြားမိပါလေရဲ့။

။ စိုင်းဆိုင်မောဝ်ရဲ့
ဘဝဖြတ်သန်းမှုအကြောင်းက
ကြမ်းလားနုလားတော့
အကုန်မပြောနိုင်ပါ။
ဒါပေမဲ့
တခါတလေ
သတင်းမီဒီယာတွေမှာ
သူ့ရဲ့ဘဝအကြောင်းနဲ့
သူရဲ့မိသားစုအကြောင်းတွေတော့
ဖတ်မိ,တွေ့မိပါတယ်။

။ သည်နေ့တော့
သူကွယ်လွန်ခဲ့ပြီဖြစ်လို့
သူ့ရဲ့ဆန္ဒလေးတစ်ခုက
သူ့ရဲ့အရိုးကို
သူမွေးဖွားလာခဲ့တဲ့
မူဆယ်မြို့ရဲ့
ချယ်ရီ 🌸ပင်အောက်မှာ
ချယ်ရီပင်နဲ့အတူ
ထားပေးခဲ့ဖို့မှာခဲ့တယ်။

။ ဒါကြောင့်မိုပါပဲ
သူသီဆိုတဲ့သီချင်းထဲကလိုပဲ
( ချယ်ရီတွေ ငိုနေပြီနန်းရေ…)။

။ သူ့ရဲ့ဘဝ
သူ့ရဲ့ဆန္ဒ
သူ့ရဲ့သံယောဇဉ်
သူချစ်တဲ့ရှမ်းပြည်နယ်
သူချစ်တဲ့ချယ်ရီတွေ
ခုတော့
( ချယ်ရီတွေ ငိုနေပြီစိုင်းရေ…) လို့ပဲ
ပြောပြချင်ပါတော့တယ်။

အဲးခိုး
(၂၀.၇.၂၀၂၄) ရက်နေ့။ 

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး