Categories
စကားလက်ဆောင်

🙏🙏🙏 မင်္ဂလာညချမ်းချိန် 🙏🙏🙏

🙏🙏🙏 မင်္ဂလာညချမ်းချိန် 🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~
။ ဘုရား,တရား,သံဃာ( ရတနာ) သုံးပါးကို အမြဲမပြတ်ဆည်းကပ်ကိုးကွယ်နေကြသောဒါယကာအယောက်တိုင်းအား ဘေးကင်းရန်ကင်းကြလျက် ကိုယ်စိတ်အမြဲအေးချမ်းသာယာကြပါစေလို့ ဆုတောင်းမေတ္တာ ပတ္ထနာပြုပေးကြပါတယ်။

။ ကိုယ်စိတ်အထူး အေးမြကြပါစေ။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ မေတ္တာပို့သပါသည် ။

။ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~
။ နံနက်ချိန်ခါ၊မင်္ဂလာ၊လိုရာဖြာဖြာပြည့်ပါစေ။
။ ကိုယ်လည်းကျန်းမာ၊စိတ်ချမ်းသာ၊ဘယာမျိုးမျိုးကင်းပါစေ။
။ မနှစ်သက်အပ်၊အနိဋ္ဌ၊မုချဝေးဝေးကင်းပါစေ။
။ နှစ်သက်မြတ်နိုး၊အမျိုးမျိုး၊ကောင်းကျိုးဆက်ဆက်ရောက်ပါစေ။
။ တရားဘာဝနာ၊အဖြာဖြာ၊ဉာဏ်မှာအမြဲသိပါစေ။
။ တရားသိထူး၊ထူးကဲထူး၊ကူးခပ်နိဗ္ဗာန်ရောက်ပါစေ။

တောင်ကလေးဆရာတော်
(၃.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့နံနက်မေတ္တာပို့သပါသည် ။

။ သည်နေ့နံနက်မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ သည်နေ့နံနက်၊မေတ္တာစက်၊အတွက်သူငါပို့ပါသည်။
။ မေတ္တာဖွေးဖြူ၊ကြည်သန့်ဖြူ၊သူငါအားလုံးရပါစေ။
။ ကိုယ်စိတ်ငြိမ်းအေး၊ဘယာဝေး၊ဆိုးဘေးကင်းလွတ်ကြပါစေ။
။ ငါးပါးရန်သူ၊ဒေါသမူ၊သူငါအားလုံးလွတ်ပါစေ။
။ ကိုယ့်စိတ်တည်ကြည်၊အေးမြကြည်၊သန့်တည်ဘဝင်လင်းပါစေ။

တောင်ကလေးဆရာတော်
(၂.၂.၂၀၂၅) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ယနေ့ညမေတ္တာပို့ပေးပါသည် ။

။ ယနေ့ညမေတ္တာပို့ပေးပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~
။ ယနေ့ညချမ်း၊မေတ္တာလွှမ်း၊အေးချမ်းသာယာကြပါစေ။
။ မေတ္တာကြည်ကြည်၊ဝေငှသည်၊ကြည်လင်လန်းဆန်းကြပါစေ။
။ မုန်းခြင်းကင်းကင်း၊ရန်လိုကင်း၊ချစ်ခြင်းပြည့်ဝရကြစေ။
။ ကြင်နာသနား၊ထိုသူများ၊မခြားနေ့ညရပါစေ။
။ ဝန်တိုတတ်သူ၊ထိုအပူ၊ကင်းသူအမြဲဖြစ်ပါစေ။
။ မနာလိုခြင်း၊ရန်လိုခြင်း၊လွတ်ကင်းအမြဲရှိပါစေ။
။ ငြိမ်းအေးသာယာ၊မြဲရွှင်သာ၊မေတ္တာမြမြရပါစေ။
။ အပါယ်လွတ်ကင်း၊ဝဋ်ကြွေးရှင်း၊ရှင်းလင်းနိဗ္ဗာန်ရပါစေ။

တောင်ကလေးဆရာတော်
(၁.၂.၂၀၂၅) ရက်နေ့ည။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဗုဒ္ဓဘာသာ

။ ဘုရားရှိခိုးခြင်းသည် ။

။ ဘုရားရှိခိုးခြင်းသည် ။
~~~~~~~~~~~~~~~~~~
။ဘုရားရှိခိုးခြင်းသည် ဘာသာရေးအရ အရေးပါသော လုပ်ရပ်တစ်ခုဖြစ်ပြီး လူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။ ဘုရားရှိခိုးခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စိတ်ချမ်းသာမှုရရှိခြင်း။

။ ဘုရားရှိခိုးခြင်းဖြင့် စိတ်တည်ငြိမ်မှုနှင့် စိတ်ချမ်းသာမှုကို ရရှိစေနိုင်ပါသည်။ ဘုရားအား ဆုတောင်းခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ပါးစေပြီး စိတ်သက်သာရာရစေနိုင်သည်။

၂။ စိတ်ဓာတ်ခွန်အားတိုးပွားခြင်း။

။ ဘုရားရှိခိုးခြင်းသည် လူတို့အား စိတ်ဓာတ်ခွန်အားပေးပြီး ဘဝတွင် ရင်ဆိုင်ရသော အခက်အခဲများကို ရဲရင့်စွာ ရင်ဆိုင်နိုင်စေသည်။

၃။ မိမိကိုယ်ကိုယ် သိမြင်နားလည်မှုတိုးပွားခြင်း။

။ ဘုရားရှိခိုးခြင်းဖြင့် မိမိကိုယ်ကိုယ် သိမြင်နားလည်မှုတိုးပွားလာပြီး မိမိ၏ အားနည်းချက်များနှင့် အားသာချက်များကို ပိုမိုသိရှိလာနိုင်သည်။

၄။ ကျေးဇူးတရားကို ခံစားမိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝတွင် ရရှိထားသော ကျေးဇူးတရားများကို သတိရပြီး ကျေးဇူးသိတတ်သော စိတ်ထားကို မွေးမြူနိုင်သည်။

၅။ ဘဝတွင် ဦးတည်ချက်ရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝတွင် ဦးတည်ချက်ရှိလာပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်ကို ပိုမိုရှင်းလင်းစွာ သိရှိလာနိုင်သည်။

၆။ လောကီအကျိုးကျေးဇူးများ ။

။ ဘုရားရှိခိုးခြင်းဖြင့် လောကီအကျိုးကျေးဇူးများဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

၇။ စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုရရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုများရရှိပြီး ဘုရားနှင့် နီးစပ်မှုကို ခံစားရနိုင်သည်။

၈။ မိသားစုနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် မိသားစုနှင့် ပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်ပြီး ချစ်ခင်မှုနှင့် နားလည်မှုများ တိုးပွားလာနိုင်သည်။

၉။ ကံကောင်းခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ကံကောင်းခြင်းနှင့် ကောင်းသော အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

၁၀။ ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝ၏ အဓိပ္ပာယ်ကို ပိုမိုနားလည်လာပြီး ဘဝကို ပိုမိုတန်ဖိုးထားတတ်လာနိုင်သည်။

။ ဘုရားရှိခိုးခြင်းသည် လူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုနှင့် စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုများကို ရရှိစေနိုင်သော အရေးပါသော လုပ်ရပ်တစ်ခုဖြစ်ပါသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မိမိကိုယ်မိမိ ခန့်မှန်းခြေပြုခြင်း ။

။ မိမိကိုယ်မိမိ ခန့်မှန်းခြေပြုခြင်း ။

~~~~~~~~~~~~~~~~~~~~~~~~~
။ ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားသူသည် ၂၀၂၅ ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်မည်ဖြစ်ပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို သတိပြုရန် လိုအပ်ပါသည်။

၁။ ကျန်းမာရေး

။ (ကျန်းမာရေးစောင့်ရှောက်မှု )အသက် ၆၅ နှစ်အရွယ်တွင် ကျန်းမာရေးပြဿနာများ ပိုမိုဖြစ်ပေါ်နိုင်ပါသည်။ နှလုံး၊ ဆီးချို၊ သွေးတိုးနှင့် အရိုးပွရောဂါများကို ပိုမိုသတိထားရန် လိုအပ်ပါသည်။

၁။ ကျန်းမာရေးစစ်ဆေးမှု

။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပါသည်။

၃။ ငွေကြေးနှင့် စီးပွားရေး

(ပင်စင်နှင့် စုဆောင်းငွေ) အသက် ၆၅ နှစ်တွင် ပင်စင်ယူခြင်းနှင့် စုဆောင်းထားသောငွေများကို စီမံခန့်ခွဲရန် အရေးကြီးပါသည်။
(ငွေကြေးစီမံခန့်ခွဲမှု)အနာဂတ်အတွက် ငွေကြေးစီမံခန့်ခွဲမှုကို သေချာစွာ စဉ်းစားရန် လိုအပ်ပါသည်။

၄။ မိသားစုနှင့် လူမှုရေး

။ ( မိသားစုနှင့် အချိန်ဖြုန်းခြင်း)မိသားစုဝင်များနှင့် အချိန်ဖြုန်းခြင်းကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။
(လူမှုရေးဆက်သွယ်မှု)လူမှုရေးဆက်သွယ်မှုများ ထိန်းသိမ်းရန် အရေးကြီးပါသည်။

၅။ စိတ်ပိုင်းဆိုင်ရာ

( စိတ်ကျန်းမာရေး)အသက်ကြီးလာသည်နှင့်အမျှ စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်ပါသည်။
(ဝါသနာနှင့် စိတ်ပျော်ရွှင်မှု)ဝါသနာပါရာများကို လုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိနိုင်ပါသည်။

၆။ ဥပဒေရေးရာ

(ဥပဒေရေးရာကိစ္စများ) အမွေဆိုင်ရာကိစ္စများနှင့် ဥပဒေရေးရာကိစ္စများကို ကြိုတင်စီစဉ်ထားရန် အရေးကြီးပါသည်။

။ ဤအချက်များကို သတိပြုကာ ၂၀၂၅ ခုနှစ်အတွင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့ညချမ်းချိန် မေတ္တာပို့သပါသည် ။

။ သည်နေ့ညချမ်းချိန် မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
။ အေးမြပါစေ၊မေတ္တာဝေ၊ကောင်းထွေလီလီပြည့်ပါစေ။
။ ချမ်းမြေ့ကြည်အေး၊ရင်၌အေး၊ဘေးကင်းရန်ကင်းကြပါစေ။
။ ကြည်သာချမ်းမြ၊လိုဆန္ဒ၊တောင့်တသူငါရပါစေ။
။ ကောင်းမှုဒါန၊ထာဝရ၊ဒိဋ္ဌမြဲစွာပြုနိုင်စေ။
။ ကောင်းမှုပြည့်ဝ၊မြတ်သုခ၊ရကြမြဲပါစေ။
။ ဝိပဿနာ၊ဘာဝနာ၊မြဲစွာပွားများနိုင်ပါစေ။
။ တရားသိမြင်၊မြတ်ဉာဏ်စဉ်၊ထင်ထင်လင်းလင်းသိပါစေ။
။ ကိလေသာရှင်း၊မြူမှုန်ကင်း၊လွတ်ကင်းနိဗ္ဗာန်ရပါစေ။

တောင်ကလေးဆရာတော်
(၃၀.၁.၂၀၂၅) ရက်နေ့ည။

Loading

Categories
စကားလက်ဆောင်

။ မြန်မာ့ကျာဖြန့် ။

။ မြန်မာ့ကျာဖြန့် ။
~~~~~~~~~~~~~
( ကျာ= အတု)
(ဖြန့်= အလိမ်)
( Zhàpiàn)
( လိမ်လည်မှုများ၊ငွေကြေးလိမ်လည်မှုများ၊ဖြားယောင်းသွေးဆောင်မှုများ)
(အင်္ဂလိပ်ဘာသာ Fraud )
( အရှေ့ပိုးကရင်ဘာသာ အင်းလဝ့်ဆ်ု)

။ သတင်းပြေးနေတာက တရုတ်ကျာဖြန့်ပါ။ လက်တွေ့က မြန်မာပြည်မှာ မြန်မာ့ကျာဖြန့်က ပိုမိုကြီးထွားလာနေပြီဆိုတာကို ရွှေမြန်မာများအထိများလာနေပါပြီ။

။ သည်နေ့ မြန်မာ့အမ်ပီတီတယ်လီဖုန်းမိတ်ဆေ့ပေါက်ကဝင်လာတဲ့သတင်းပြန်ကြားမှုတစ်ခုပါ။ သက်ဆိုင်ရာကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါ အဲဒီဟာတွေအားလုံးနီးပါးဟာ ကျာဖြန့်( အတုအလိမ်အညာ) တွေပါပဲတဲ့။

။ ကိုင်း တပည့်တို့ရေ
မြန်မာကျာဖြန့်ကြီးထွားလာနေပြီဆိုတာကို သတိကြီးစွာထားပြီးသိဖို့ပါနော်။ မကြာသေးမီကပဲ ဆရာတော်ရဲ့ဒါယိကာမတစ်ယောက်က မြန်မာကျာဖြန့်နဲ့တဲ့တိုးမိသွားလို့ သိန်း(၁၀၀) ကျော် ပေါ့ပေါ့လေးပါသွားခဲ့ပါတယ်။ သတိထားပေါ့ တပည့်တို့ရယ်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ သည်နေ့ညမှာ၊များသူငါ၊ကျန်းမာကိုယ်စိတ်မြဲပါစေ။
။ နက်ဖြန်မိုးသောက်၊အလင်းရောက်၊ထမြောက်ကြည်သာနိုင်ပါစေ။
။ စိတ်ကူးကြံစည်၊အမည်မည်၊လိုအင်ပြည့်ပါစေ။
။ ဆိုးညစ်ရန်မှု၊မကောင်းပြု၊ဘေးပြုဝေးကွာကြပါစေ။
။ အိပ်မက်ကောင်းခြင်း၊နိုးထခြင်း၊လင်းလင်းသစ်သစ်ကြည်မြစေ။
။ လိုရာကြံဆ၊မှန်သမျှ၊ဒိဋ္ဌဓမ္မရပါစေ။
။ ကုသိုလ်ဘဝင်၊ကြည်ကြည်လင်၊တည်ကြည်ငြိမ်စွာအိပ်ရပါစေ။

တောင်ကလေးဆရာတော်
(၂၅.၁.၂၀၂၅) ရက်နေ့ည။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ တရားအားထုတ်သူများ သတိထား ။

။ တရားအားထုတ်သူများ သတိထား ။

~~~~~~~~~~~~~~~~~~~~~~~~~~~
။ တရားအားထုတ်ကြသူတိုင်း
သတိထားရမယ့်အရာ
သုံးမျိုးရှိပါတယ်။
၁) ကာမဝိတက် = အရာဝတ္ထု တစ်ခုခု
ရလိုတာပဲဖြစ်ဖြစ်
နှစ်သက်မှုပဲဖြစ်ဖြစ်
ကြံစည်စိတ်ကူးမှု၊

၂) ဗျာပါဒဝိတက်= မိမိနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်
သူတစ်ပါးနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်
တစ်ခုခုသော
အရာဝတ္ထုကြောင့်ပဲဖြစ်ဖြစ်
စိတ်ဆိုး၊စိတ်တို
စိတ်ပျက်၊အလိုမကျ
ဆုတ်နစ်ကြောက်ရွံ့တာတွေ
တစ်ဖက်သားကို ပျက်စီးစေလိုတာတွေ
စပ်ဆိုင်တဲ့ကြံစည်စိတ်ကူးမှု၊

၃) ဝိဟိံသာဝိတက်= တစ်ဖက်သားကိုနှိပ်စက်ဒုက္ခပေးလိုတဲ့
အကြံအစည်စိတ်ကူးမှု ဆိုတဲ့
သည်တရားသုံးပါးကို
ဖျောက်ဖျက်ပယ်ပြုနိုင်မှ
တရားအားထုတ်လို့
တရားထူးရလွယ်ပါတယ်။

။ စိတ်ကူးနေမှု
များနေတာကြောင့်
သမာဓိအလွယ်မရကြဘဲ
ရိပ်သာကနေ
အိမ်ကိုပြန်လာကြတယ်။
အိမ်ပြန်ရောက်လည်း
အဲဒီစိတ်ကူးနေတာနဲ့ပဲ
အချိန်တွေကုန်ခဲ့ကြတယ်။

။ သည်လိုဖြစ်နေရင်
အစားထိုးဖျောက်တဲ့နည်း
သိထားသင့်မယ်ထင်ပါတယ်။

။အကယ်၍
ယောဂီမှာ
သတ္တဝါနဲ့စပ်ဆိုင်၍
လိုချင်တပ်မက်မှုတွေ
စိတ်ကူးဝင်လာခဲ့မယ်ဆိုရင်
၁) အသုဘကို နှလုံးသွင်းပါ။
ဒါမှမဟုတ်
အနိစ္စသဘော နှလုံးသွင်းပါ။
ဒေါသထွက်လာရင်
မေတ္တာပွားများပါ။
အရာဝတ္ထုတစ်ခုခုဖြစ်ရင်
ဓာတ်ကမ္မဋ္ဌာန်းပွားများပါ။
မောဟနဲ့ပတ်သက်ရင်
ဆွေးနွေးမေးမြန်းမှုပြုပါ။
ဒါက အစားထိုးဖျောက်နည်းဖြစ်ပါတယ်။

၂) အပြစ်ရှုဖျောက်နည်းအနေနဲ့က
ကာမဝိတက်လောဘအတွက်
စက်ဆုပ်ရွံရှာဖွယ်တွေ၊
ကိုယ်ခန္ဓာအတွက်
လောဘအပြစ်ဆင်ခြင်တာတွေ၊
ဒေါသအပြစ်ဆင်ခြင်တာတွေ
ပယ်ဖျောက်ရမယ်။

၃) မေ့ပျောက်ရှောင်လွှဲနည်းအရ
စိတ်ကူးတာတွေကို
မေ့ဖျောက်ထားပြီး
ရသမျှတရားစာတွေကို
ရွတ်အံပါ
ဘုရားဂုဏ်တော်
တရားဂုဏ်တော်
သံဃာဂုဏ်တော်တပါးပါးကို
ပွားများပြီးတော့နေထိုင်ပါ။

၄) နောက်တစ်နည်းမှာက
အကြောင်းရင်းကိုရှာဖွေပြီး
ဖျောက်တဲ့နာ်းပါပဲ၊
ဖြစ်လာတဲ့စိတ်ကူး
မြစ်ဖျားခံလာတဲ့အကြောင်းကို
ရှာဖွေစစ်ထုတ်ပြီးကြည့်ပါ
သတိပွားများပြီးနေရမယ်။

၅) နံပါတ်(၅) နည်းကတော့
အရိုးကြေကြေ
အရေပြတ်ပြတ်
အားအင်နဲ့ဖိနှိပ်အံကြိတ်ပြီး
မနိုင်နိုင်အောင်
ဖျောက်ဖျက်ပြစ်ရမယ်လို့
စာကျမ်းဂန်ထဲမှာပြထားပါတယ်။

။ တပည့်တို့မှာ
ရိပ်သာမှာတရားအားထုတ်လို့
စိတ်ကူးယဉ်များမိပြီး
သမာဓိမရခဲ့သော်
ဖော်ပြထားတဲ့
စိတ်ကူးယဉ်
ဖယ်ဖျောက်တဲ့
နည်းတွေထဲကအတိုင်း
တစ်ပါးပါကို
လေ့ကျင့်ယူကြည့်ပါလို့
အကြံပေးပါတယ်။

တရားထူးမြတ်ရကြပါစေ။

တောင်ကလေးဆရာတော်
(၂၈.၁၂.၂၀၂၄) ရက်နေ့။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။