Categories
စကားလက်ဆောင်

။ အကြင်နာ စက်ဝန်းအိမ် ။

။ အကြင်နာတရားကို ထားတတ်ပါစေ။
။ ဒေါသကို စောင့်စည်းတတ်ပါစေ။
။ မေတ္တာတရားကို အမြဲတမ်း ထားတတ်ပါစေ။
။ လူတိုင်းကို ကူညီတတ်ပါစေ။
။ တူညီသည့် အခွင့်အရေးကို တန်ဖိုးထားတတ်ပါစေ။
။ မိမိအကျိုးကို အများအတွက် ပေးတတ်ပါစေ။
။ မိမိကြောင့် အများအကျိုးကို မယုတ်လျှော့ပါစေနှင့်။
။ အများအပြား ပျက်စီးမှုကို ခုခံထိန်းသိမ်း တတ်ပါစေ။
။ လူ့ဘဝတန်ဖိုးကို ဓမ္မဖြင့် မြှင့်တင်တတ်ပါစေ။

တောင်ကလေးဆရာတော်
(၃၁.၈.၂၀၂၁) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ဒီနေ့ကို မမေ့ဘူး ။

။ လူဖြစ်ရင် မမေ့ရက်တွေ၊ မမေ့နိုင်တာတွေ ရှိကြမှာပဲ။ ဘယ်နေ့ကို ကိုယ်ကမမေ့ဘူးလို့ သတ်မှတ်ချင်ကြမှာပဲလေ။

။ အရှင်ကတော့ မမေ့နေ့ကို ဘယ်နေ့ကိုသတ်မှတ်ရမလဲလို့ စဉ်းစားမိတဲ့အခါ ရင်ထဲကပဲ သတ်မှတ်ရတာပေါ့။ ထုတ်ပြောပြလို့မဖြစ်ဘူးလေ။

။ သိချင်တဲ့သူတွေက ” ကိုကြီးအောင်ဖေရယ်၊ အဲလောက်တောင်မှလား၊ ပြောပြမှသိမပေါ့” လို့ဆိုပြီး ကလော်တုတ်နဲ့ ကလော်ကြပေါ့ကွယ်။

။ ကိုကြီးအောင်ဖေကတော့ ဘာကိုဘာမှမပြောပြချင်တော့ ပြောပြချင်တဲ့အရာတွေက ကုန်သွားသလိုပါပဲ။

။ ဒီချိန်မှာ လူတိုင်းလိုလိုပဲ ဘယ်သူမှမပျော်နိုင်ကြတော့ စာရေးရတာကအစ လက်တွေဖင့်လေးပြီး အတွေးတွေကလည်း စိတ်ကြိုက်မရောက်လို့ မမှန်အတွေးတွေ ရောက်နေပေါ့ကွယ်။

။ ရေးပြောပြချင်တာတွေကများတော့ ဒီနေ့ပဲ။ ဘဝတစ်ကွေ့၊ ဘယ် မမေ့ဘူး၊ ဘယ်နေ့ပြန်ဆုံနိုင်ကြမယ်” ဆိုတဲ့ အေးချမ်းသာယာငြိမ်းချမ်းတဲ့နေ့လေးကို ပြန်လည်ဆုံချင်ကြပါသေးတယ်မဟုတ်လားပါ။

ကိုကြီးအောင်ဖေ
(၃၁.၇.၂၀၂၁) ရက်နေ့ညနေခင်းချိန်။

Loading

Categories
စကားလက်ဆောင်

စိတ်ပုပ်မဲသဲမနေနှင့်

အစားမပုပ်
အိပ်မပုပ်ဘဲ
စိတ်ပုပ်မဲသဲမနေနှင့်။

Loading

Categories
စကားလက်ဆောင်

။ PEDU ဝိုင်းဝန်းကူ ။

။ အရှင်သည် ဤ Phlon Education Development Unit ( PEDU) ကို တည်ထောင်ခဲ့သည်မှာ အချိန်ကြာမြင့်နေပါပြီ။ ဤယူနစ်၏ရည်ရွယ်ချက်မှာ ” ဒုက္ခရောက်သူ၊ဝိုင်းဝန်းကူ၊ထိုသူချမ်းသာရောက်” ဖြစ်သည်။ ဤယူနစ်မှ PEDU Youth Networkလူငယ်အဖွဲ့အစည်းကိုလည်း လူထုအထောက်အကူပြုအဖြစ် စီစဉ်ညွှန်ကြားပြုစုထားပေးသည်။

။ ယနေ့ ကာလ၌ ပြည်သူအများခံစားနေကြရသော ကိုဗစ်၁၉ ကပ်ဘေးရောဂါများကို စုပေါင်းကာကွယ်နိုင်ကြစေရန်အတွက် ကရင်ပြည်နယ်၊ဘားအံပြည်သူ့ဆေးရုံကြီးရှိ လူနာများအားတတ်အားသရွေ့ (Volunteer) ကူညီဆောင်ရွက်ပေးနိုင်ရန် လုပ်အားဒါနပြုကြပါပြီ။

။ ယနေ့ (28.7.2021) တွင် PEDU ယူနစ် လူငယ်များ လုပ်အားဒါနပြုနေကြပါပြီ။ အများပြည်သူကိုယ်စိတ်အေးမြကြည်နူးသာယာကြပါစေ။

နာယကဆရာတော်
(၂၉.၇.၂၀၂၁) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

စိတ်ထားဖြူစင်

စိတ်ထားဖြူစင်
ပန်းအသွင်
ကြည်လင်လှပမြဲပါစေ။

Loading

Categories
စကားလက်ဆောင်

မိဘမေတ္တာ

အပြစ်မမြင်
ရင်ဝယ်သိုသိပ်
အေးရိပ်မေတ္တာ ပေးသူမှာ
မှန်စွာမိဘပဲ။

တောမှီရဟန်း

Loading

Categories
စကားလက်ဆောင်

။ အကျင့်ပါအောင် နေထိုင်ပါ ။

။ များသောအားဖြင့်ပရိဒေဝမီးလောင်ကျွမ်းခံရတဲ့အချိန်မှာ လူဟာမိမိကိုယ်ကို ဆင်ခြင်စဉ်းစားဉာဏ်ရှိဖို့လိုတယ်။ အဲဒီချိန်မှာ ဘယ်သူ့အတွက်မှ မစဉ်းစားတော့ဘဲ မိမိဘာသာမိမိခံစားနေရတာတွေကို ဆင်ခြင်စဉ်းစားအောက်မေ့နေပြီး ဘာဝနာစီးဖြန်းအားထုတ်ဖို့ မမေ့သင့်ပါ။

။ သည်လိုလုပ်လိုက်ပါ~

။ ပရိဒေဝမီးတောက်လောင်သည့်အတိုင်း လူဟာ အလိုလိုနဲ့ စိုးရိမ်ပူပန်နေရင်းမှ မအေးမြနိုင်လောက်အောင် ပူပင်ကြောင့်ကြခြင်းဖြစ်နေရချိန်မှာ

🌸 မေတ္တာဘာဝနာ ပွားများပြီးနေပါ။
🌸 စိတ်ကို ထိခိုက်စေခဲ့တာကို မတွေးဘဲ နေပါ။
🌸 မိမိကိုယ်ကို မိမိရရ သမာဓိအားကောင်းအောင်နေပါ။
🌸 သမာဓိရင့်ကျက်လာအောင် ဘာဝနာစီးဖြန်းအားထုတ်မှုကို မလျော့ဘဲနေပါ။

အဲသလိုနေတတ်ပြီးဆိုရင် မေတ္တာဘာဝနာအကျင့်ပါသူဖြစ်ပါပြီ။ ကုသိုလ်စိတ်နှင့်အတူနေထိုင်လျက် အေးချမ်းနေပါပြီ။ အေးမြပါစေ။

တောမှီရဟန်း
(၂၃.၇.၂၀၁၉) ရက်နေ့ညနေပိုင်း။

Loading

Categories
စကားလက်ဆောင်

။ ရွေ့နေသောနေ ။

။ နေထွက်နေဝင်
မိုးချုပ်လျှင်ဖြင့်
ရုပ်သွင်တစ်ခုပြောင်းလဲခြင်း? ဆိုတဲ့ကဗျာအတိုင်း ဒီနေ့ကိုလေးအောင်ဖေကတော့ အခုမြင်ရတဲ့အတိုင်းပဲ ကိုကြီးအောင်ဖေဖြစ်နေပြီ။

။ အသက်ကမငယ်တော့ နက်ဖြန် (၆၂) ပြည့်မယ်လေ။ လာလာသမျှသော အပေါင်းအဖော်တွေက “ဟာ အတော်လေးအိုစာပေါ့လား ကိုအောင်ဖေ” ဆိုပြီး ပြောသူပြောပေါ့ကွယ်။

။ ကိုယ်ကတော့ သိတဲ့အတိုင်းပဲပေါ့လေ။ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင်ပါပဲ။ မနေရလည်း သေတော့လည်းဘာထူးလိုတုန်း ဆိုတဲ့အားပေးသူကရှိနေတော့ သဘောကျသားပါပဲ။

။ နက်ဖြန်ခါဆို အောင်ဖေမွေးနေ့။ သူများလိုမတတ်နိုင်ဘူး။ လှူဒါန်းဖို့ မပေါများဘူး။ ဓနပိုင်ရှင်မှမဟုတ်ဘဲလေ။

။ မွေးနေ့ပွဲအဖြစ်
၁) အသက်ကိုပေးခဲ့သော မိဘနှစ်ပါးကို မေတ္တာနှင့်ကျေးဇူးဆပ်မယ်။
၂) ပညာသင်ပေးကြသောဆရာတွေကို ကျေးဇူးဆပ်မယ်။
၃) ရန်သူလိုမုန်းနေကြသူတွေကို သည်းခံကျေအေး အမှတ်တရထားလိုက်မယ်။
၄) ဝိပဿနာတရားကို စိတ်ကြိုက်ပွားများပြီးနေလိုက်မယ်လို့ပဲ ။

။ မွေးနေ့အတွက် ဆုတောင်းပေးကြတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်လို့ပဲနှုတ်ဆက်ပါတယ်။

ကိုကြီးအောင်ဖေ
(၁၃.၇.၂၀၂၁) ရက်နေ့။ (အကြို)

Loading

Categories
စကားလက်ဆောင်

။ အလင်းကမ္ဘာ ။

။ လူတွေက ဘယ်နေ့ကို
အမေနေ့
အဖေနေ့ဆိုပြီးတော့
သတ်မှတ်ခေါ်ဆိုကြလေရဲ့။

။ အရှင်ရဲ့ဘဝမှာ
အမေနေ့နဲ့
အဖေနေ့ပတ်သက်လာရင်
နေ့စဉ်နေ့တိုင်းဟာ
အမေနေ့
အဖေနေ့ပါပဲ။

။ နေ့နေ့ညည
အမေ့ကျေးဇူး
အဖေ့ကျေးဇူးတွေကို
မမေ့နိုင်
မေ့မရလို့
နေ့ညကာလပတ်လုံး
အလင်းကမ္ဘာပါပဲ။

အဲးခိုး (၁၀,၅,၂၀၂၁) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ဒီလိုမီးခွက် ။

။ ဒီလိုမီးခွက်
စာကျက်ခဲ့တယ်
ယုံတဲ့သူတွေ မရှိဘူး။

အဲးခိုး (၃၀.၄.၂၀၂၁) ရက်နေ့။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး