Categories
စကားလက်ဆောင်

။ မေမေအချစ် ဖေဖေအချစ် ။

။ ဆံရစ်ဝိုင်း
ဝိုင်းချစ်ဝိုင်း
ဝိုင်းစက်ဝိုင်းတဲ့
အရိုင်းပန်းလေးတစ်ပွင့်။

။ လမင်းတို့ရဲ့ကြယ်လေး
ကြယ်လေးတို့ရဲ့လမင်း
ကမ္ဘာမှာ
ကြယ်နဲ့လမင်း။

။ မေမေက ကြယ်စင်
ဖေဖေက လမင်း
သားသားက မြေပြင်ပန်းခင်း။

။ ဖေဖေအား
သားအတွက် အားအင်
မေမေအား
သားအတွက် ဂန္ထဝင်
သားရွှေစင်ဖြစ်ရမယ်တဲ့
ကြည်နူးခဲ့ မေမေ့ဘဝင်
​အေးမြတဲ့ ဖေဖေ့ဘဝင်။

။ မေတ္တာရေစင်
ချိုမြအေးကြည်
မိခင်ဖခင်
ကျေးဇူးဂုဏ်အင်ကို
ကြည်လင်အေးအေး
လမင်းလေးလို
ဖြူစင်ဖွေးဖွေး
ကြယ်စင်လေးလို
လေးမြတ်ပူဇေ
ဦးတင်လေ၏
ကြယ်တွေလတွေ သာပါစေ
လတွေကြယ်တွေ ဖြာပါစေ။

။ တမ်းတမ်းတတ
သတိရသည်
လမင်းကြယ်စင် မေမေသို့
ကြယ်စင်လမင်း ဖေဖေသို့
မေမေအချစ် မမေ့ဘူး
ဖေဖေအချစ် မမေ့ဘူး
နေ့စဉ်မပြတ် ဦးတော်ဖူး။

ဘုန်းထူးသစ်
(၁၄.၉.၂၀၂၂) ရက်နေ့ညနေခင်းချိန်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.