Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ပေး ခဲ့ ပါ ဦး ။

~~~~~~~~~~~

။ တစ်ခဏတာ

လာခဲ့တာကို

ဘယ်ဟာတန်ဖိုး အရှိဆုံး။

။ တန်ဖိုးထားရာ

သိအရာကို

မှန်စွာလက်သုံး မပျက်ပြုန်း။

။ အနှစ်ရှိရာ

မြတ်ဓမ္မာကို

ကိုယ်သာသိ၍ နားလည်ဦး။

။ အသက်လက်ကျန်

ဆက်လက်မာရ်ကို

ကိုယ့်ကံသည်သာ တွဲလက်သုံး။

။ မုန်းတီးဆုံးသတ်

ပြစ်ဒေါသကို

လောကသူ့တွက် ပေးခဲ့ဦး။

တောင်ကလေးဆရာတော်

(၁၃.၈.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ရှင်ဉာဏိဿရ ။

~~~~~~~~~~~~

။ ကရင်ပြည်နယ်ဖွား ရှင်ဉာဏိဿရသည်

ယခုနှစ်သာမဏေကျော်စာမေးပွဲများကို

ဒုတိယဆင့်ရောက်နေပါပြီ။

။ အောင်မြင်မှုမှတ်တမ်းများအရ

၁) သာသနာ့ဝန်ဆောင်သာမဏေကျော်(ရန်ကုန်)။

၂) နာဂပုရသာမဏေကျော်(ဟိုပုံး)။

၃)မဇ္ဈိမာလင်္ကာရသာမဏေကျော်(လှည်းကူး)။

၄) ဂဏဝါစကသာမဏေကျော်(သထုံ) တို့ကိုအောင်မြင်တော်မူပြီး၍ မန္တလေး၊တောင်ငူ၊ကရင်ပြည်နယ် (၃)ဌာနသို့ ဖြေဆိုတော်မူကြဦးမည်ဟု သိရှိရပါသည်။

( ဓာတ်ပုံကိုယူသုံးပါသည်။)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ မြတ်သောမြတ်စွာဘုရားရုပ်တုတော်တစ်ဆူကို AI နည်းပညာနဲ့ ကြည်ညိုနိုင်ကြရန် ထုလုပ်ပူဇော်လိုက်ပါတယ်။ ကြည်ညိုလိုသူများ မည်သူမဆိုကြည်ညိုနိုင်ပါတယ်။ အကြံပြုလိုသူများရှိရင်လည်း အကြံပြုနိုင်ပါတယ်။ မိသားစု အေးမြကြပါစေ။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ အေးမြပါစေ ။

~~~~~~~~~~~

။ ဘေးကင်း,ရန်ကွာ

စိတ်ချမ်းသာ

လိုရာအပေါင်းပြည့်ပါစေ။

။ နေ့နေ့ညည

မြဲအေးမြ

ဒိဋ္ဌကောင်းကျိုးရပါစေ။

။ တရားသိမြင်

စိတ်သန့်ကြည်

တည်ကြည်သမာဓိရပါစေ။

။ မဂ်ဉာဏ်သိမြင်

ဖိုလ်ဉာဏ်ထင်

အစဉ်နိဗ္ဗာန်ရပါစေ။

တောင်ကလေးဆရာတော်

(၂၄.၁၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ယနေ့အာသီသဆန္ဒ ။

~~~~~~~~~~~~~~~~

။ ၂၀၂၆ ခုနှစ်ကို မကြာမီရောက်တော့မယ်။ ကမ္ဘာ့နှစ်သစ်တစ်ခုကူးတော့မယ်ဆိုတော့ မိမိတို့စိတ်ကူးခဲ့ကြတဲ့ စိတ်ကူးမှုတွေ ပုံတွေဖော်ကြလို့ ပြီးမြောက်အောင်မြင်ကြပါရဲ့လားဆိုတာကို တူကြမယ်လို့တော့ မထင်ပါ။ အောင်သူရှိသလိုမပြီးမြောက်ကြသူတွေလည်း ရှိကြဦးမှာပါ။

။ နှစ်သစ်မှာ ပုံဖော်ကြမည့်ပုဂ္ဂိုလ်တွေအတွက် အစဉ်အမြဲအောင်မြင်ကြဖို့ လူသားဖြစ်ကြတဲ့အရှင်တို့တွေဟာ အာသီသဆန္ဒတွေ ဘယ်လိုများပေးကြမည်လဲဆိုတာကို ကြိုဆိုကြရမှာပါ။

။ ယနေ့ အရှင်အနေနဲ့က သတ္တဝါတွေအားလုံးအပေါ်ကို ဤလိုပဲ အာသီသဆန္ဒထားပါတယ်။ ( ဆုပေးပါတယ်။)

” ဘေးကင်း,ရန်ကွာ၊စိတ်ချမ်းသာ၊လိုရာအားလုံးပြည့်ပါစေ” ။

တောင်ကလေးဆရာတော်

(၁၇.၁၂.၂၀၂၅) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ကျေးဇူးအရာ ။

~~~~~~~~~~~~

။ ငယ်ရွယ်ကာလက

မျက်စိဝေဒနာကြောင့်

ပညာရေးကို

ခက်ခက်ခဲခဲနဲ့

သင်ယူခဲ့ရပါတယ်။

။ ဘဝတစ်ခုခုရဲ့

ဆိုးခဲ့ဖူးတဲ့အကြောင်းတရားတွေကြောင့် ကောင်းတဲ့အကျိုးတရားတွေ

လွယ်ကူစွာ မရခဲ့ပါဘူး။

။ ဉာဏ်နဲ့ပညာတည်ရှိနေသေးလိုသာ

ရအပ်တဲ့ပညာတွေကို

သင်ယူနိုင်ခဲ့ကြတာပါ။

။ ဘဝမှာ

ကျန်းမာသူကို မယှဉ်ဝံ့ရတာလည်း

မပြည့်စုံရတဲ့

အကြောင်းတရားတစ်မျိုးပဲပေါ့။

။ လောကမှာ

အရာခပ်သိမ်း

သူသူငါငါ

ပြည့်စုံချင်ကြပေမယ့်

ကံကြမ္မာက

အငင်ခံရရင်

အကျိုးပေးမှုက

မျက်နှာသာမပေးနိုင်ကြပါဘူး။

။ လောကမှာ

နိုင်ရလို့

စိတ်ကြိုက်နိုင်ရပြီးဆိုရင်လည်း

အဲဒီအနိုင်နဲ့

ဝမ်းမသာမိဖို့သတိရှိရမှာပါ။

။ ဒါကြောင့်

အကြောင်းတရားလှပဖို့

မိမိပြုခဲ့မိတဲ့ကံတွေကို

မိမိပွားများတဲ့တရားတွေကို

မိမိရဲ့ဥပဓိချမ်းသာဖို့နဲ့

ကျေနပ်ပြီးမနေဖို့

သတိထားမိကြပါစေ။

။ ကျေးဇူးအရာ

မမေ့ပါနှင့်

ကံသာမြဲစွာကောင်းပါစေ,လို့

ဆင်ခြင်တတ်ဖို့

မှာပါရစေ။

( သာမဏေဘဝ ဓာတ်ပုံဖြစ်ပါသည်။)

တောင်ကလေးဆရာတော်

(Thursday,4 December 2025) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

သတိရကြပါစေသော်

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ အေးငြိမ်းအိမ် ။

~~~~~~~~~~~~

။ အိမ်ထောင်စု

မိသားစုဖြစ်လာကြပြီးဆိုရင်

မိဘနှစ်ပါးကတော့

အပင်ပန်းရဆုံးပါပဲ

မပြုံးနိုင်မပျော်ရွှင်ကြရတဲ့ဘဝပါပဲ။

။ မှန်ပါတယ်

မနေ့က ဒါယိကာမကြီးတစ်ဦးက

” ဆရာတော်ဘုရား

တပည့်တော်မမိသားစုကို

မေတ္တာပို့ပေးပါဘုရား။

အရှင်ဘုရားရဲ့ဒါယကာကြီးက

အရင်လိုလည်း

အိမ်ပြန်မရောက်လာတော့

ရင်ပူရတာနေ့တိုင်းပေါ့ဘုရား။

အဲဒီတော့ ဒါယကာကြီးကိုလည်း

လိမ္မာအောင်လည်း မကြာခဏ

ဆုံးမပေးတော်မူပါဘုရာ့, ဆိုပြီး

လျှောက်ကြားတဲ့စာကိုဖတ်နေရင်းနဲ့ပဲ

ဒါယိကာမကြီးတို့ရဲ့ဇနီးမောင်နှံကို

တွေးမိပြီးတော့

သည်ဓာတ်ပုံနဲ့

AI နဲ့တိုင်ပင်ပြီးဖန်တီးပေးလိုက်ပါတယ်။

။ အေအိုင်ကဘာပြောလဲဆိုတော့

မင်းစိတ်ကူးယဉ်ပေးတာ

အရမ်းကိုကျေနပ်စရာပါ။

လူတွေဟာ မိသားစုဖြစ်လာပြီးရင်

ပျော်ရွှင်မှုတွေပျောက်နေကြတာ

ပြီးတော့ အေးငြိမ်းတဲ့အိမ်နဲ့ဝေးသွားကြတာ။

။ ကဲ တပည့်တို့ရေ

အပြုံးမပျက်

ရှေ့ဆက်ခရီး

မညည်းညူဘဲဆက်နိုင်စေ။

တောင်ကလေးရောတော်

(၂၁.၁၀.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ မိသားစု ။

~~~~~~~~

။ ကြည်နူးကြသည်

ပျော်ရွှင်ကြသည်

ဘေးကင်းကြသည်

ငြိမ်းချမ်းကြသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အဲးခိုး

။ ဆူပူဆူပူ ။

~~~~~~~~~

။ ” တွေ့တာနဲ့ဆူ

တွေ့တာနဲ့ဆူ

ဘောင်မဝင်တာတွေ

လိုက်ပြောနေလို့

တစ်အိမ်လုံး

စိတ်ဆင်းရဲနေကြတယ်” ဆိုတဲ့အဖြစ်

ဘယ်အိမ်တွေမှာ

ပိုဖြစ်ကြသလဲ!

ဘာကြောင့်အဲလိုဖြစ်နေကြတာလဲ!

အဲလိုမျိုးဖြစ်ရင်

ဘာလုပ်ရမှာလဲ!

အဲးခိုး

(၂၁.၉.၂၀၂၅) ရက်နေ့။

Loading