Categories
စကားလက်ဆောင် ဘာသာရေး အလှူဒါန

အလှူရှင် အလိုရှိသည်

။ အလှူရှင်အလိုရှိပါသည် ။
~~~~~~
။ ကာလတစ်ခုတုန်းက တည်ရှိခဲ့သော ဤစေတီတော်မြတ်သည် မှုန်ဝါးဝါးအလင်းရောင်အဖြစ်တည်ရှိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့သည်။ ဤသည့်နောက်ပိုင်းတွင် ဤသို့စည်ကားသိုက်မြိုက်စွာရှိလာရာမှ စေတီရင်ပြင်ပေါ်တွင် ပေါက်ရောက်ခဲ့သည့် သမိုင်းဝင် ထန်းပင်သည် သဘာဝဘေးဒဏ်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ” ထန်းပင်လှူဒါန်းရန်” သတင်းပေးရခြင်းဖြစ်ပါသည်။

။ လှူဒါန်းစိုက်ထားနိုင်သည့် နေရာမှာ ဤမြင်တွေ့ရသည့်နေရာတွင်ဖြစ်သည်။

တိုက်တွန်းခြင်းပြုသူ
~~~~~~
တောင်ကလေးဆရာတော်
(၁၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

နေဝင်သောခါ

အလင်းပျောက်ချိန်

စိတ်နောက်ချိန်မှာ

တည်ငြိမ်နေပါသူငယ်ချင်း။

တောမှီရဟန်း

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ ယနေ့ နံနက်ခင်းဩဝါဒကထာ(စကား)။

တိုးတက်သည့်ခေတ်စနစ်ကို သတိထားပါ။။ လူ့ကျေးဇူးတရားကို မမေ့ပါနှင့်။။ လူ့ဂုဏ်သိက္ခာကို မညှိုးမှိန်စေပါနှင့်။။ လူ၌ အသိဉာဏ်တရားပြည့်ဝစွာရှိ၏။။ ဆင်ခြင်စဉ်းစားဉာဏ်တရားရှိ၏။။ အတိုင်းမသိ လျှို့ဝှက်နက်နဲမှုကိုသိ၏။။ သိမြင်နိုင်စွမ်းရှိသူများဖြစ်၏။။ ဖော်ထုတ်နိုင်သော စွမ်းရည်ပြည့်ဝသူဖြစ်၏။။ ရပ်တည်ကာကွယ်ပေးနိုင်သူများ ဖြစ်၏။။ အသိဉာဏ်အရာ၌ မြင့်မြတ်စင်ကြယ်သူများဖြစ်၏။။ ထို့ကြောင့် လူ၌လူသည် အဓိကသတ္တဝါကြီးဖြစ်၏။

တောင်ကလေးဆရာတော်(၁၃.၄. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ နံနက်ခင်းချိန် ဩဝါဒကထာ(စကား) ။

လာဘ်လာဘကို ကြိုက်ရင် စရိုက်ကြမ်းတမ်းမယ်။။ စိတ်အလိုကို လိုက်ရင် လူမိုက်ဖြစ်နေမယ်။။ မာန်မာနကို ပိုက်ရင် စိတ်ထားညစ်နွမ်းမယ်။။ သူ့အလိုကို လိုက်ရင် အကျင့်ပျက်စီးမယ်။။ ကိုယ့်အလိုကို လိုက်ရင် မောဟဖိစီးမယ်။။ ဘာသာရေးနောက်ကို လိုက်ရင် အမျိုးမျိုးမှားမယ်။။ နိုင်ငံရေးနောက်ကို လိုက်ရင် အမျိုးမျိုးယုတ်မာမယ်။။ စီးပွားရေးနောက်ကို လိုက်ရင် အကျိုးအမျိုးမျိုးပျက် မယ်။။ လူမှုရေးနောက်ကို လိုက်ရင် အမျိုးမျိုးရှက်ရမယ်။။ နောက် မလိုက် သတိစိုက်ပြီး နေထိုင်စေ။

တောင်ကလေးဆရာတော်(၂.၅.၂၀၁၉)ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ ယနေ့ နံနက်ခင်းဩဝါဒကထာ(စကား)။

။ တိုးတက်သည့်ခေတ်စနစ်ကို သတိထားပါ။
။ လူ့ကျေးဇူးတရားကို မမေ့ပါနှင့်။
။ လူ့ဂုဏ်သိက္ခာကို မညှိုးမှိန်စေပါနှင့်။
။ လူ၌ အသိဉာဏ်တရားပြည့်ဝစွာရှိ၏။
။ ဆင်ခြင်စဉ်းစားဉာဏ်တရားရှိ၏။
။ အတိုင်းမသိ လျှို့ဝှက်နက်နဲမှုကိုသိ၏။
။ သိမြင်နိုင်စွမ်းရှိသူများဖြစ်၏။
။ ဖော်ထုတ်နိုင်သော စွမ်းရည်ပြည့်ဝသူဖြစ်၏။
။ ရပ်တည်ကာကွယ်ပေးနိုင်သူများဖြစ်၏။
။ အသိဉာဏ်အရာ၌ မြင့်မြတ်စင်ကြယ်သူများဖြစ်၏။
။ ထို့ကြောင့် လူ၌လူသည် အဓိကသတ္တဝါကြီးဖြစ်၏။

တောင်ကလေးဆရာတော်
(၁၃.၄.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

 ။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အာဏာမက်ရင် ခက်ထန်သည်။
။ ဓနမက်ရင် အခက်လန်သည်။
။ ဘဝမက်ရင် အကျိုးယုတ်သည်။
။ မဟုတ်မမှန် လုပ်ကြံရင် အကျည်းတန်သည်။
။ အခဲမကျေစိတ်မွေးရင် ပေပေတေတေ နေရမည်။
။ မာနလွန်ရင် စကားကျွံတတ်သည်။
။ အကုသိုလ်အပြစ် မမြင်တတ်ရင် အသိဉာဏ် လျော့ကျတတ်သည်။
။ ကောင်းသောအသိဉာဏ် မတိုးပွားရင် လူတိုင်းကို ရန်ရှာတတ်သည်။
။ လူသားချင်းကို မစာနာတတ်ရင် နေ့စဉ် နှလုံးပူပန်ရသည်။
။ ကျေးဇူးရှင်ကို ပြစ်မှားရင် နေ့စဉ်အမြဲ ပူလောင်ရသည်။

တောင်ကလေးဆရာတော်
( ၂၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ ကိုယ်ပိုင်အလုပ်ကို မေ့နေသမျှ ဒုက္ခကမမေ့ဘူး။
။ ဒုက္ခက မနေရင် ဒုက္ခအကြောင်းကို သေချာသိပါစေ။
။ ပြီးပြီးပျောက်ပျောက် မနေပါနှင့်။
။ အမှတ်တမဲ့ မနေပါနှင့်။
။ မျှော်မှန်းတွက်ချက်တတ်ပါစေ။
။ ဂုဏ်လာဘ်ခြွေရံကျော်စောမှု သတိအမြဲပြုပါ။
။ ရုန်းကန်ရမယ့်အလုပ်ကို ရုန်းကန်ပါ။
။ အရှုံးခံရမယ့်အလုပ်ကို စိတ်ကူးမနေပါနှင့်။
။ အောက်ကျနောက်ကျမဖြစ်ချင်ရင် အချိန်လေးစားမြတ်နိုးပါ။
။ ကုသိုလ်မရတဲ့နေ့ မဖြစ်ပါစေနှင့်။
။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို မဖျက်ဆီးနှင့်။
။ တစ်နေ့အတွက်မမေ့ဖို့ အလေ့ကောင်းကို သတိပြု။

တောင်ကလေးဆရာတော်
( ၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ လိမ်လည်မှု လှည့်ပတ်မှု မလုပ်ပါနှင့်။
။ ကိုယ်, နှုတ်, စိတ်မှု အမြဲလုံခြုံပါစေ။
။ ပြစ်မှုရမှ နောင်တမရပါနှင့်။
။ အပြစ်အနာအဆာ ကင်းပါစေ။
။ ကိုယ့်ဝန်ကိုယ်ထမ်း မကန်းပါနှင့်။
။ ကိုယ်လမ်းကိုယ်ထွင် ရှင်းလင်းတတ်ပါစေ။
။ သူရဲဘောကြောင် မဖြစ်ပါနှင့်။
။ မိမိအစွမ်းကို မိမိသိပါစေ။
။ အတတ်လွန် နှုတ်ကျွန် မဖြစ်ပါစေနှင့်။
။ လောဘလွန် လူကျွန် မဖြစ်ပါစေနှင့်။
တောင်ကလေးဆရာတော်
( ၁၃ . ၃ . ၂၀၁၉ )ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန်သြဝါဒ (ကထာ) ။

။ အများအကျိုးကို ရည်မှန်းရင် ကရုဏာမပျက်နှင့်။
။ ကိုယ်ကျိုးမပါအောင် ဆောင်ရွက်ပါ။
။ အေးချမ်းခြင်းကို လိုချင်ရင် ဘဝနှင့်ရင်းပါ။
။ မိမိကိုယ်ကို မမေ့ခြင်းဖြင့် နေပါ။
။ သူတစ်ပါးကောင်းစားမှုကို ဝမ်းမြောက်ပါ။
။ မနာလိုမှု၊ ဝန်တိုမှု မဖြစ်နှင့်။
။ သူတစ်ပါးကို ကန့်သတ်ခြင်းမပြုသော ဆောင်ရွက်ချက်ကို လုပ်ပါ။
။ အများအကျိုးကို မျက်နှာဖုံး မလုပ်ပါနှင့်။
။ အသိဉာဏ်တရားဖြင့် ဦးတည်ချက် မှန်ပါစေ။
။ ဝဋ်ချမ်းသာခြင်းသို့ ဦးမတည်ပါနှင့်။
။ မိမိမရှိဂုဏ်ကို ဟန်မဆောင်ဘဲ မိမိအပြစ်ကိုလည်း ဟန်ဆောင်မှု ကင်းပါစေ။
။ အလုပ်မှဖြစ်ပေါ်လာသော လာဘ်၊ အများချီးကျူးမှု၊ ထင်ပေါ်ကျော်ကြားမှု၊ သမိုင်းတင်ခံမှုအပေါ် ငဲ့ကွက်မှု မဖြစ်ပါနှင့်။
။ သတ္တိ အမြဲတမ်း ပြည့်ပါစေ။

တောင်ကလေးဆရာတော်
၂၁-၀၉-၂၀၁၈ ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒ (ကထာ) ။

။ မိုးမမြင်လေမမြင် မဖြစ်နှင့်။
။ ပျော်ရွှင်တက်ကြွပါစေ။
။ ကြေကွဲဝမ်းနည်း မဖြစ်နှင့်။
။ ဂုဏ်ရှိဂုဏ်မဲ့ မနေနှင့်။
။ စိတ်ကို အစိုးရသူဖြစ်ပါစေ။
။ အခက်အခဲ ဘယ်လိုဆုံဆုံ မတုန်လှုပ်ပါနှင့်။
။ အလိုက်အထိုက်သာ တုန်လှုပ်ပါစေ။
။ ဘဝတိုင်းမှာ မျဉ်းဖြောင့်လိုမဖြစ်။
။ အားငယ်စရာ မလို။
။ လောကဓံကို ကျော်ဖြတ်နိုင်ပါစေ။

တောင်ကလေးဆရာတော်
၂၀ – ၀၉ -၂၀၁၈ ရက်နေ့။

Loading