Categories
ဗုဒ္ဓဘာသာ ဘာသာရေး

။ စာမေးပွဲဖြေဆိုတော်မူကြခြင်း ။

။ ကျောင်းတိုက်တွင်း၊ အစမ်းလေ့ကျင့်ခြင်း။

(ပါဠိပထမပြန်စာမေးပွဲ)
~~~~~~~~~~~~~~~~
(က) ပထမငယ်တန်းနှင့်
(ခ) အခြေပြုမူလတန်းစာမေးပွဲ။

(အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ)
~~~~~~~~~~~~~~~~~~~~~
(က) အဘိဓမ္မာ (ပထမဆင့်) ဖြေဆိုတော်မူကြသည်။

(၂၄.၉.၂၀၂၂) ရက်နေ့။

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရုပ်သံ

ဆရာတော် အရှင်ပညာသာမိ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ၏ (၆၂) နှစ်မြောက်မွေးနေ့ ရာဓနာႋ (ပတ္ထနာ) 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ 

ဆရာတော် အရှင်ပညာသာမိ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ၏ (၆၂) နှစ်မြောက်မွေးနေ့ ရာဓနာႋ (ပတ္ထနာ) 

ဆူ့ကေဝ် – စဝ်မူႋလျာႋဝဝ် 

အင်းတါင်ၜး – မူႋကျာ်နာဲပညာ 

ယိုင် – ဖၠံင့်ၯပါင်၊ မူးမူး

မှတ်တမ်းဗီဒီယို – PEDU Group 

Studio : 91, Band : The Donkey ,
Mixing & Mastering : Saw Du Du, 
Filmmaker: HLTM Film Production, 
Edit : Saw Thike Tun (HLTM Production) 

ထာခေါဟ် လိက်ဖၠုံး

မုက်မုက်လာလာ ဍေ ၰီ့ၰီ့လာလာ ထိုင့်ဖူ့ဝဲါလ်ုဖး ထုဂ်ဖၠဟ်ထင်းဝေ့ဍးဆေဝ်ႋလဝ့်

ယုဂ်ဂုဏ်ၜး မူႋကျာ်နာဲပညာ
စူးဆီ့ၜံင် ပါကဲတ်ုကဝ်ဖါ
ၜါက်ုလိုဝ် နာမ့်ဆာႋဍေနိုဝ်သာ

နာမ့်ဆာႋနိုဝ်သာ ဍေမနောသိုင့်မိင်ခၠါ
ယုဂ်ဂုဏ်က်ုလိုဝ် မူႋကျာ်နာဲပညာ
ဂုဏ်က်ုဆာႋ ထေရဂုဏဝါ

ဍေထ်ုအင် လ်ုၜုဂ်လ်ုယါင်ခင်းထါ်လ
ဍုံထ်ုအင် ပါ်ကျံင်ႋကာႋဖိုင်သာ
ထီ့ထၟုင်ႋ မွာဲတ်ုဝါန့်ဖၠုံပညာ့
ခေါဟ်လံင်ခေါဟ် ဍးစိုဝ်ဖၠဟ်အွာအွာ
မွာဲဝေ့ဍ ကၠံင်ယှံင်မြရတနာ

မြရတနာ ကၠံင်ယှံင်အ်ုဖင့်လ
အေးရိပ်သာ ပရိယတ် ပဋိပတ္တိဘာႋ
မဟာပဘာ ဍေ မဟာတေဇာ
မဟာပညာ ဍေ မဟဗ္ဗလာ
မဟာကရုဏီကာ မွာဲပညာ့လင်ႋဍာ

တါ်ခေါဟ်လေင်ႋ မူႋကျာ်ပညာသာမိ
နာယက ဖၠုံဆိုဒ်ဖေါဟ်သင့်ဂၟီ့
ဖၠုံဆိုဒ်ဖေါဟ် ၜေ့သိုဝ်မ်ုၯေဝ်ၰီ့
ဖၠုံဆိုဒ်ဖေါဟ် ၜေ့သိုဝ်မ်ုထံင်အ်ုခီ့
ကုက်ကၠေစိုဒ် ပညာ့ပါရမီ့

နာဲပညာ ဇာတါ်အ်ုတ်ုဝါန့်
လှယဥ်ကျေး အ်ှလ်ုလာ့တ်ုမျင့်
စောဖိုးသူ ၯင်ပေဝ့်အ်ုမိင်ယင်ႋ
စဝ်ထးခိုဲ ဆ်ုသှ်ေယာ့အ်ှလ်ုဏင်
စဝ်ဖဝ့်ၜူးသင့် လာတ်ုမျင့်ဆ်ုကိုဝ်လ်ုဏင်

နာဲအောင်ခင် မွာဲဝေ့အ်ုဖါႋက်ုဆာႋ
ၯာႋစိန်လှခင် မွာဲဝေ့အ်ုမောဝ်ႋမာတာ
၁၃၂၂ – ဏိင်း အ်ုခါ့
လာၰိုဝ်လင် (၇)သင့်မူႋဏီၜး
ဗြဴပ္တါ် က်ုၯးလင်အ်ုခါ့
အ်ှဖၠဲာဝေ့ဍ ဖါထင်းမူႋစဃွှာ

(၈) ဏိင်းပါင် အ်ုယုက်ထင်းၜါအ်ုခါ့
ထင်းတ်ုပိုဲ လ်ုလာ့တ်ုမျင့်ဘာႋ
ထင်းထါင်နာဲ လ်ုဘာႋဓမ္မပီယ
မောဝ်ႋဖါႋ ပစ္စယာနုဂ္ဂဟ
ဘာႋရွှေဘို ဖူ့ကျာ်သုဇာတ
ဥပဇ္စျာယ် မွာဲဝေ့အ်ုဆြာ့

ၯင်ပေဝ့်ခါ့ စါင်းအင်းၰူ့ပညာ့
ဍုံသထုံ ဇောတိကရာမဘာႋ
မဝ်လမျာင် သီရိမြောက်ကွင်းဘာႋ
ဝေဠုဝန် ပဲခူးဍုံမင်းလှ
မန္တလေး ရွှေရေးလ္ဂုင်ႋဘာႋ
ဘုရားကြီး ဒက္ခိဏရာမဘာႋ
ဍုံမှော်ဘီ ကိုးလုံးကွင်းဓမ္မာရုံဘာႋ

၁၉၈၇ ထံင်အ်ုခါ့
ၯယ့်ထါင်က်ုရေင့် လ်ုထီ့ထၟုင်ႋဘာႋ
သုင်းတါင်ထင်း ပရိယတ် ပဋိပတ္တိဘာႋ
ဍေဆီ့ဏင်ဓဝ်ႋ သီ့ကၠီဓဝ်ႋအ်ုလင်ဍာ
ၯယ့်ဖၠဟ်ထင်း သာသၞာ့အေးရိပ်သာ

အင်းတါင်ထင်း ကမ္မဋ္ဌာန်းဘာႋသယ်လ်ုဖး
ထီ့ခေါဟ်သိုဲ့ ရန်ကြီးအောင်ဘာႋ
ကြာအင်းတောင် လောကအတုလ
ရွှေကြက်ယက် မြရတနာဘာႋ
ပါယိုဝ်တ်ုဝါန့် ဝိဇယရံသီဘာႋ
ယးသ်ုဝင့် သာမိကာရာမ
ၰိင်ၰိင့်လေံ ပ္တံင်ဘာႋသာသၞာ့

သုင်းတါင်ထင်း သာသၞာ့ကမ္မဋ္ဌာန်းဘာႋ
ခါန်ႋဍွယ်ဖိုင် ထံင်ယိုဝ်သီးလ်ုကာ
လ်ုခါန်ႋခၠုံ့ ထံင်ၯခါန်ႋမ်ုညာႋ
ဍုံမဲလဘုန်း ထီ့ခါန်ႋဩစတြေးလျ
သုင်းတါင်ထင်း ဖၠုံထ်ုယဝ်ႋပြာထာ့ဘာႋ

အမေရိကန် နော့ကိုရိုလါင်းနား
လေဝ်က်ုညာ ထံင်ဝေ့ဍအ်ုခါ့
သုင်းတါင်ထင်း မြင့်မိုရ်ဦးဘာႋ
လ်ုခါန်ႋမ်ုညာႋ ၰုဲးလင်သာသၞါႋ
ၜးယုဂ်ဂုဏ်ႋ မူႋကျာ်နာဲပညာ

မူႋဆာ့လ်ုဏီ မူႋကျာ်နာဲပညာ
(၆၂)ဏိင်း အ်ှထင်းအ်ုယုက်အ်ုထာ့
(၄၂)ဝ်ှ သိက္ခာဍဝ်ထင်းၜါ
လ်ုသာသၞာ ဍုဂ်ပါင်ဝေ့အ်ုတာ

(၆၂) အ်ှဖၠာဲမူႋဏီအ်ုခါ့
တါင်မာၜုံး မာၜုံးပျဖိုင်သာ
ဒကာမူးခွါ့ သဒ္ဓါႋစေတၠါ့
ကဲထင်းယုဂ်ဖဝ်ႋ ဖိုင်သာၯေဝ်ၯေဝ်ၜး

မြတေဇာ မြနဝင်းဖိုင်သာ
မြပိတောက် ဖိုင်သာမြမြရာ
မြမဟော် မြကံ့ကော်ဖိုင်သာ
မြချင်းတွင်း ဍေမြကျော်ဖိုင်သာ
ကဲထင်းယုဂ်ဖဝ်ႋ ဘာႋရာမ်ႋဖိုင်ဝှးဝှး

ပ်ုမူႋကျာ် မာန်နာဲပညာသာမိ
(၆၂) အ်ှဖၠဲအ်ုမူႋဏီ
ပုဂ်ထင်းဖ်ုလျာႋ ဍေဖိုင်သာၰီ့ၰီ့
ကိုဝ်ၯာဍေ သုင်းမုက်ဍေသာၰုဲ့

ဖၠုံဆိုဒ််ဖေါဟ် သင့်ဃာ့နာဲပညာ
ဖၠုံဆိုဒ်အ်ုၯင်ႋ ကုက်ၯယ်ကိုဝ်ဆိုဝ်တာ
အင်းတါင်ထင်း ဆ်ုမာလောဟ်လိက် ဘ/က
မူ့လာႋဝေ့ ဆိုဒ်ဖေါဟ်သှ်ေပညာ့
ဆ်ုမူ့လာႋ ဘာႋသာ့ထင်းထဝ့်လာ
မူ့လာႋဝေ့ သာသၞာ့ဖၠဟ်စီကြာ

နာဲပညာ မွာဲကေဝ်လိက်အ္စာတၠာ
ကေဝ်လိက်အုဂ် အ်ုအုဂ်မွာဲလ်ုယှာ
တောမှီရဟန်း ဖၠုံသှ်ေယာ့ကိုဝ်ၯာ
အဲခိုး အ်ုမိင် ကေဝ်လိက်ပြိုင့်ဖိုင်အ်ုခါ့
သံတော်ဆင့် လိက်ပြိုင့်မွာဲမူ့လာ

ပ်ုမူႋကျာ် မူႋကျာ်နာဲပညာ
(၆၂) အ်ုယုက်ပါင်ထင်းၜါ
ရာဓနာႋ အ်ှမုက်ဆံင်းခၠါင့်လာႋ
ရာဓနာႋ ဆ်ုစုဂ်ဆာ့ဖံင်ဖၠေလာႋ
ရာဓနာႋ ယုက်ထဝ့်အ်ုဏိင်းလ်ုယာ

ယှူးခၠိင်းလာႋဆာ်
ယှူးၜ်ှလာႋဆာ်

ယှူးၜ်ှလာႋဆာ်
ယှူးခၠိင်းလာႋဆာ်

ပ်ုမာန်နာဲကျာ် နာဲပညာ
အဂ္ဂမဟာ ဇောတိက
ဖၠုံဆိုဒ်အ်ုၯင်ႋ ၜေ့မူႋၜေ့လာ
ယုက်ထဝ့်လာႋဆာ် ယုက်ထဝ့်လာႋဆာ်
အ်ုဏိင်း . . . အ်ုဏိင်း . . . လ်ုယာ

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ လူမှုရေး အလှူဒါန

။ မှာခဲ့ပါရစေ ။

။ ငါသေသောခါ၊ ငါ့မသာကို
တန်ဆာပြုပြင်၊ ပွဲကြီးယင်၍
သဘင်ကချေ၊ ဆို ငို တွေနှင့်
ငွေကြေးကုန်ကျ၊ မပြုကြနှင့်
ဘာမျှအကျိုးမရှိပါ။

။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍
အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်
မဖွယ်မရာ၊ မပြုပါနှင့်
သံသာ ပစ္စုပ်၊ အကျိုးယုတ်​၏။

။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟု
စိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကို
တော်ရာဌာန၊ ဆောင်ယူကြလျှက်
ပြာချသင်္ဂြိုဟ်လိုက်ပါလေ။

။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်
ရှုဆင်ပွားကြ၊ အသုဘဟု
နှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍
ချုပ်ပျက်တင်ကာ၊ ဘာဝနာကို
နှစ်သာရပိုင်၊ ရယူနိုင်မှ
ဆုတ်ကိုင်ဖြည့်ဆည်း
နိဗ္ဗာန်နီးမည် …
ဘုန်ကြီးမှာခဲ့ပါရစေ။

သန်လျင် (ကရင်ဆိပ်ဆရာတော်)

။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။

။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ ကကြရွှင်ကြပျော်နေကြလို့ တီးကြခုန်ကြပျော်နေကြလို့နဲ့ ဆိုင်းဝိုင်း၊တီးဝိုင်း အစုံအလင်ပါပဲ။ ရှေးခေတ်က သာဓုကီဠန( သူတော်စင်များပျော်ရွှင်သည့်ပွဲ) လို့ သတ်မှတ်ခဲ့ကြပေမယ့် လူတွေက တကယ့်ကိုပျော်ရွှင်ပျကြတဲ့ ပွဲလမ်းသဘင်ကြီးလိုပါပဲ။

။ ဘုန်းတော်ကြီးဈာပနပွဲတွေမှာ မြင်ရတဲ့ဈာပနပွဲတွေဟာ ရွှေရောင်ငွေရောင်တောက်တဲ့ ပြာသာဒ်ဆောင်ကြီးငယ်တွေ ၊ ဇော်ဂျီ အနီအနက် အဖြူအဝါတွေ ကလို့ခုန်လို့ စုံလို့ပါပဲ။ ဧယင်ကျူးတဲ့အဖွဲ့၊ကခုန်တဲ့အဖွဲ့တွေကလည်း များစွာပါပဲ။ ဧယင်ကျူး မကျူးရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေရှိကြသလို ကကြခုန်ကြတဲ့ပျော်ရွှင်ကြတဲ့သူတွေကလည်း မကရမခုန်ရမပျော်ကြရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေလည်း အရှိရှိပါပဲ။

။ ကိုင်း……
ပြောပြချင်တာကတော့ ငွေကြေးကုန်ကြ၊ကျိုးမမြတ်တဲ့ ကုန်ကျပွဲတွေကို နည်းနည်းလျော့ရင်တော်မည်လားပါပဲ။
(မည်သည့် ဈာပနပွဲကိုမျှ မရည်ရွယ်ပါ)

အဲးခိုး
(၃.၇.၂၀၂၂) ရက်နေ့နံနက်)

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ ဘာသာရေး

၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တောင်ကလေးကျောင်းတိုက်မှ (၅) ပါး အောင်မြင်

။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ကရင်ပြည်နယ် (ဘားအံ) စာဖြေဌာန အခြေပြုမူလတန်းအောင်စာရင်းမှ တောင်ကလေးကျောင်းတိုက်တွင် အခြေပြုမူလတန်းစာမေးပွဲကို အောင်မြင်ကြသော သီလရှင်များ။

။ ပါဠိပထမပြန်စာမေးပွဲ ပြန်ပြီးမဖြေဖြစ်တာကြာပြီဆိုပေမယ့် စမ်းသပ်ဖြေဆိုကြည့်လိုက်တာ (၅) ပါး အောင်မြင်ပါတယ်။ ၂၀၂၃ ခုနှစ်စာမေးပွဲမှာ ပြန်ပြီးစမ်းသပ်ပါဦးမယ်။

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ ဘာသာရေး

၁၃၈၄ (၂၀၂၂) ခုနှစ် ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း

။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းနှစ်ကျမ်းအောင် (၄၂၄) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းသုံးကျမ်းအောင် (၂၆၁) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းတစ်ကျမ်းအောင် (၆၁၀) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပါဠိပါရဂူအောင် (၁) ပါးနှင့် မြန်မာဂုဏ်ထူးအောင် (၂) ပါး အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

Loading

Categories
ပညာရေး ဖွံ့ဖြိုးရေး ဗုဒ္ဓဘာသာ

။ အဝေးကတပည့်များသို့ ။

။ တိမ်လိပ်တိမ်ရိပ်
တအိမ့်အိမ့်နှင့်
တိတ်ဆိတ်သာယာ ကုန်းမြင့်မှာ။

။ မိဘ ဘိုးဘွား
တည်ကာထားတဲ့
ဘုရားစေတီ မြရတနာ။

။ မြတ်သောနေရာ
နေလာကြတဲ့
သင်ကြပညာ သူသူငါ။

။ ခုတော့
ခေါင်းလောင်းသံသာ
ကြားနေပါပြီ
သူငါစာကျက် တစာစာ။

။ ပြန်မရောက်ကြာ အဝေးရွာက တပည့်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ ။
~~~

မာန်နာဲပညာ
(ဖလုံပညာ့တ်ုဝါန့် )
(၁၅.၆.၂၀၂၂) ရပ်နေ့။

Loading

Categories
စကားလက်ဆောင် ပရဟိတ ဗုဒ္ဓဘာသာ

။ မပျံသန်းနိုင်တော့ခြင်း ။

။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးပါတယ်။ သူ့အသက်ရှင်လာလေမည်လားပါ။ပြန်ပြီးမရှင်လာလေတော့ ကယ်သူကပဲ ဝေဒနာအဖြစ်ခံစားရပါတယ်။ သတ္တဝါတိုင်း အသက်ရှင်နေခြင်းကိုတောင်းတနေကြစမြဲမဟုတ်လား။

။ ဒီမနက်စာရေးနေတဲ့အချိန်လေးမှာပဲ အရှိန်ပြင်းပြင်းနဲ့ပျံသန်းလာနေတဲ့စာငှက်ကလေးဟာ မှန်တံခါးကို တိုက်မိလို့ ကျနေတာကိုမြင်ရလို့ အလျင်အမြန်ကောက်ယူပြီး လေမှုတ်သွင်းပေးတယ်။ အတောင်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်အုပ်ကို အသာကလေးဖိပြီး လှုပ်ပေးနေတယ်။ နှုတ်သီးကိုဟပ်ပြီးတော့ လေလေး အကြိမ်ကြိမ်အခါခါမှုတ်သွင်းပေးတယ်။ အခြားကုသစရာတွေနဲ့လည်းကြိုးစားခဲ့ပေမဲ့ အသက်ပြန်မရှင်တော့ဘဲ လက်ပေါ်မှာပဲအသက်ပျောက်သွားတယ်လို့ပဲဆိုရမပေါ့။

။ ငှက်ကလေးရဲ့ခန္ဓာအစိတ်အပိုင်းကိုပြန်ပြီးကြည့်တဲ့အခါ လည်ပင်းရိုးကြိုးနေတာတွေ့ရတယ်။ ဘဝမှာဘယ်နေ့သေရမည်လည်းဆိုတာကို သေချာမသိကြတဲ့သတ္တဝါတွေရဲ့အဖြစ်ဟာ သံဝေဂရစရာပါပဲ။

။ ဒီနေ့တော့ မရဏာနုပဿနာပွားများခဲ့ပါတယ်။

(ပျံသန်းခြင်းမှမပျံနိုင်တော့ခြင်း)

တောမှီရဟန်း
(၁၄.၆.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ

။ ဝေဠုဝန်ကို မမေ့ဘူး ။

☘️မင်းလှကနေ ပြန်လာပြီးနောက် 🌿🌿🌿

။ 🌿မင်းလှမှာ အေဒီနှစ် ၁၉၈၀/၈၁ မှာ နေခဲ့တယ်။ အစက ပါဠိစာပေသင်ယူဖို့ မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်မှာ ပါဠိဘာသာအထူးပြုသင်ယူဖို့ပါပဲ။ အဲဒီမှာ မရောက်ဖြစ်ဘဲ မင်းလှကိုရောက်ခဲ့တယ်။ မင်းလှဝေဠုဝန်စာသင်တိုက်မှာ တစ်နှစ်နီးပါး နေခဲ့တယ်။

။ 🌿အဲဒီတုန်းက စာသင်ပေးတဲ့ဆရာတော်က
၁) ဆရာတော် ဥူးကုဏ္ဍလ( ဘုန်းတော်လေး – အများဒါယကာအခေါ်)
၂) စာချဆရာတော် ဥူးပဏ္ဍဝံသ
၃) ဥူးကဝိနန္ဒ တို့ပါ။ အထူးသဖြင့် ဆရာတော်ဘုန်းတော်လေးက အဘိဓမ္မာဘာသာရပ်ကို သင်ပေးပါတယ်။ အခြားသောဘာသာရပ်တွေက စာချဆရာတော် ဥူးပဏ္ဍဝံသက သင်ပေးပါတယ်။

။ 🌿ဆရာတော်တို့ထံမှာ ပညာသင်ယူခွင့်အချိန်ကာလနည်းပါးကြပေမယ့် သင်ကြားလိုတဲ့ဘာသာရပ်တွေသင်ယူခဲ့ရလို့ပဲ ဝမ်းမြောက်မိပါလေရဲ့။ ဒီမှာမနေခင်က မန္တလေးစာသင်တိုက်ကြီးတွေမှာနေခဲ့ဖူးတော့ သင်ယူလိုတဲ့ဘာသာရပ်တွေ မစိမ်းပါဘူး။ ပျော်စရာပါပဲ။

။ 🌿တစ်ခါတစ်လေ ဆရာတော်နဲ့ဆွမ်းစားအတူကြွဖူးပါတယ်။ မြို့ထဲမှာပေါ့။ တစ်ချိန်မှာ ဆွမ်းစားအတူကြွလို့ ဆရာတော်က ဆွမ်းအနုမောဒနာပြုပေးဖို့ တရားချီးမြှင့်စေပါတယ်။ ဆရာတော့်ရှေ့မှောက်မှာပဲ တရားချီးမြှင့်ခဲ့ဖူးတယ်။ ကျောင်းရောက်တော့ ဆရာတော်က ” မဆိုးဘူး” လို့မိန့်ပါတယ်။ အားရှိသွားတာပေါ့။

။ 🌿အမှတ်ရစရာတစ်ခုက သက်ရွယ်ရလာကြတဲ့ဆရာတော်တို့ကို ကြည်ညိုရင်းစိတ်ရှိခဲ့တဲ့အတိုင်း ဆရာတော်တို့ခရီးသွားလာဖို့ အခက်အခဲမရှိအောင် မော်တော်ယာဉ်တစ်စီးလှူဒါန်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးက တရားချီးမြှင့်ပေးဖို့ မိန့်ပါသေးတယ်။ အဲဒီမှာ တရားမချီးမြှင့်ရဲတော့ပါကြောင်း လျှောက်ကြားတော့ ဆရာတော်က ပြုံးပြပါလေရဲ့။

။ 🌿အသက်(၂၀) ရဟန်းငယ်ဘဝကနေခဲ့ဖူးတဲ့မင်းလှဝေဠုဝန်ကျောင်းဟာ ခုတော့ငယ်ကဆရာတော် လွန်တော်မူသွားပြန်တော့ မင်းလှကိုပြန်မရောက်ဖြစ်တော့မှာကိုလည်းစိုးရိမ်မိပါလေရဲ့။ ဒါပေမဲ့ မမေ့အပ်ရာတစ်ပါးထဲက မိမိပညာသင်ယူခဲ့ရာနေရာကို အသက်ဆုံးတိုင်မမေ့အပ်ဘူးလို့ ပညာရှင်တွေ ဆုံးမဩဝါဒရှိခဲ့လို့ မင်းလှမြို့နဲ့ဝေဠုဝန်ကျောင်းကို မမေ့ပါဘူး။

။ 🌿ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာမှာ ဝေဠုဝန်ကျောင်းတော်ဟာ ပထမအဦးအစဝိဟာရကျောင်းဖြစ်ခဲ့လို့ အိန္ဒိယမှာရှိတဲ့ဝေဠုဝန်ကျောင်းကို မမေ့နေသလိုပဲ ပဲခူးတိုင်း၊မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုလည်း မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဝေဠုဝန်ကျောင်းတွေဟာ ချမ်းချမ်းမြေ့မြေ့ ရှိနေကြလို့ပါပဲ။

။ 🌿ဒါကြောင့် ဒီနေ့တော့
၁) ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုအောက်မေ့နေရသလိုပဲ
၂) အိန္ဒိယမှာရှိတဲ့ ဝေဠုဝန်ကျောင်းမြတ်ကိုလည်း အောက်မေ့တသ သတိရနေမြဲပါပဲ။

☘️☘️ဝေဠုဝန်ကို မမေ့ဘူး။☘️☘️

တောမှီရဟန်း
(၅.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
ဗုဒ္ဓဘာသာ

။ ဘန်တေ ခမထ ။

။ အတီတံ ဒေါသံ၊ ပစ္စုပ္ပန္နံ ဒေါသံ ၊ အနာဂတံ ဒေါသ၊ သဗ္ဗဒေါသံ ဘန္တေ ခမထ ။

Loading

Categories
ဗုဒ္ဓဘာသာ အခြား

အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။

အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။

(မှတ်ချက်။ ဖော်ပြသောဓာတ်ပုံကို မှတ်တမ်းတင်သူကို အသိအမှတ်ပြုပါသည်။)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး