Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသက်ရှင်သန်ချိန်
။ အရွယ်ကောင်းသည့်ချိန်
။ အချိန်မလေးစားရင်
။ အနေမဆင်ခြင်ရင်
။ အလုပ်လက်မဲ့ရင်
။ အနား အားထားရသူ မရှိရင်
။ အနီး ကူသူ မရှိရင်
။ အမွေခံသူ မရှိရင်
။ အစေအပါးဘဝ ရောက်ခဲ့ရင်
။ ဘဝသစ်သစ်၊ကံသစ်သစ်၊ဖွင့်လှစ်တတ်ပါစေ။

တောင်ကလေးဆရာတော်
(၇.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ပေးဆပ်စရာရှိရင် ပေးဆပ်လိုက်ပါ။ ဝမ်းမနည်းပါနှင့်။
။ ရယူစရာရှိရင်လည်း မယူဘဲ ကျေနပ်လိုက်ပါ။
။ နိုင်စရာရှိရင်လည်း အနိုင်မယူဘဲ ခွင့်လွှတ်လိုက်ပါ။
။ ပေးကမ်းစရာရှိရင်လည်း လှိုက်လှိုက်လှဲလှဲ ပေးကမ်းလိုက်ပါ။
။ လှူဒါန်းစရာရှိရင်လည်း စေတနာမပျက် လှူဒါန်းပါ။
။ နေစရာမရှိရင်လည်း မိမိနေရာကို ပေးလိုက်ပါ။
။ စားစရာမရှိရင်လည်း မိမိအစားအစာကို ပေးစားလိုက်ပါ။
။ လုပ်ကျွေးသူမရှိရင်လည်း မိမိကိုယ်တိုင် လုပ်ကျွေးပါ။
။ အများတကာအတွက် မိမိအသက်ကို စွန့်မြဲပါစေ။ စွန့်ရဲပါစေ။
။ သူတစ်ပါးက မိမိကိုအထင်မကြီးမိပါစေနှင့်။
။ သူတစ်ပါးကို ဘယ်တော့မှ မနှစ်နာစေပါနှင့်။
။ သူတစ်ပါးရဲ့အကျိုးကို ဘယ်တော့မှ မဖျက်ဆီးပါစေနှင့်။
။ လောကကို မိမိနှင့်အတူတူသာ အေးအတူပူအမျှ အမြဲဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ ယနေ့နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကြင်နာသနား
စိတ်ကောင်းထား
မထားစိတ်ယုတ်မာ။

။ ရောင့်ရဲတင်းတိမ်
စိတ်ထဲငြိမ်
ငြိမ်ငြိမ်နေရမှာ။

။ ပူအေးဥတု
နိုင်အောင်ပြု
ဥတုနိုင်ရမှာ။

။ တရားဘာဝနာ
မြဲလေ့လာ
ဖတ်ပါလေ့လာပါ။

။ ဘုရားဂုဏ်တော်
မြဲပူဇော်
ကော်ရော်မပျက်နေထိုင်ပါ။

တောင်ကလေးဆရာတော်
(၅.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသစ်အဆန်းကို ဆင်ခြင်။
။ စနစ်ဟောင်းကို သုံးသပ်။
။ အကျင့်ကောင်းကို လိုက်နာ။
။ တရားမဲ့မှုကို မတွေး။
။ ပွားများမှုကို အောက်မေ့။
။ အယူပြောင်းမှုကို သတိပြု။
။ အမူအကျင့်ကို ပြင်ဆင်။
။ ဖြစ်ပျက်ခြင်းကို နှလုံးသွင်း။
။ သတ္တဝါကို သနားကြင်နာ။
။ မိမိကိုယ်ကို အားထား။
။ မေ့မေ့ပျောပျောက် မနေ။
။ ကြံ့ခိုင်ကျန်းမာ လေ့ကျင့်။
။ စိတ်ရင်းရွှင်လန်း လန်းဆန်း။
။ နေ့စဉ်သင်ခန်း ထားပါစေ။

တောင်ကလေးဆရာတော်
(၄.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ လူမှုရေး အလှူဒါန

။ မှာခဲ့ပါရစေ ။

။ ငါသေသောခါ၊ ငါ့မသာကို
တန်ဆာပြုပြင်၊ ပွဲကြီးယင်၍
သဘင်ကချေ၊ ဆို ငို တွေနှင့်
ငွေကြေးကုန်ကျ၊ မပြုကြနှင့်
ဘာမျှအကျိုးမရှိပါ။

။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍
အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်
မဖွယ်မရာ၊ မပြုပါနှင့်
သံသာ ပစ္စုပ်၊ အကျိုးယုတ်​၏။

။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟု
စိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကို
တော်ရာဌာန၊ ဆောင်ယူကြလျှက်
ပြာချသင်္ဂြိုဟ်လိုက်ပါလေ။

။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်
ရှုဆင်ပွားကြ၊ အသုဘဟု
နှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍
ချုပ်ပျက်တင်ကာ၊ ဘာဝနာကို
နှစ်သာရပိုင်၊ ရယူနိုင်မှ
ဆုတ်ကိုင်ဖြည့်ဆည်း
နိဗ္ဗာန်နီးမည် …
ဘုန်ကြီးမှာခဲ့ပါရစေ။

သန်လျင် (ကရင်ဆိပ်ဆရာတော်)

။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။

။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ ကကြရွှင်ကြပျော်နေကြလို့ တီးကြခုန်ကြပျော်နေကြလို့နဲ့ ဆိုင်းဝိုင်း၊တီးဝိုင်း အစုံအလင်ပါပဲ။ ရှေးခေတ်က သာဓုကီဠန( သူတော်စင်များပျော်ရွှင်သည့်ပွဲ) လို့ သတ်မှတ်ခဲ့ကြပေမယ့် လူတွေက တကယ့်ကိုပျော်ရွှင်ပျကြတဲ့ ပွဲလမ်းသဘင်ကြီးလိုပါပဲ။

။ ဘုန်းတော်ကြီးဈာပနပွဲတွေမှာ မြင်ရတဲ့ဈာပနပွဲတွေဟာ ရွှေရောင်ငွေရောင်တောက်တဲ့ ပြာသာဒ်ဆောင်ကြီးငယ်တွေ ၊ ဇော်ဂျီ အနီအနက် အဖြူအဝါတွေ ကလို့ခုန်လို့ စုံလို့ပါပဲ။ ဧယင်ကျူးတဲ့အဖွဲ့၊ကခုန်တဲ့အဖွဲ့တွေကလည်း များစွာပါပဲ။ ဧယင်ကျူး မကျူးရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေရှိကြသလို ကကြခုန်ကြတဲ့ပျော်ရွှင်ကြတဲ့သူတွေကလည်း မကရမခုန်ရမပျော်ကြရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေလည်း အရှိရှိပါပဲ။

။ ကိုင်း……
ပြောပြချင်တာကတော့ ငွေကြေးကုန်ကြ၊ကျိုးမမြတ်တဲ့ ကုန်ကျပွဲတွေကို နည်းနည်းလျော့ရင်တော်မည်လားပါပဲ။
(မည်သည့် ဈာပနပွဲကိုမျှ မရည်ရွယ်ပါ)

အဲးခိုး
(၃.၇.၂၀၂၂) ရက်နေ့နံနက်)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ လက်ရှိဘဝကို အပြစ်မမြင်ပါနှင့်။
။ နောက်ဘဝကိုလည်း မတောင်းတနှင့်။
။ ဉာဏ်အမြင်ဓာတ် အားကောင်းပါစေ။
။ ကံအသစ်ပြု ဖြူစင်ပါစေ။
။ စိတ်အသစ်ပြု လှပပါစေ။
။ မနောအလျင် ကြည်သစ်ပါစေ။
။ စေတနာပြု ဖွေးနုပါစေ။
။ မေတ္တာဝေပြု ကြည်နုအေးစေ။
။ နေ့စဉ်ကောင်းမှု ပြုသစ်လှစေ။
။ တည်ကြည်ငြိမ်းချမ်း ဆင်ခြင်နေစေ။
။ ခဏတိုင်း နှလုံးအေးမြစေ။
။ ဖြစ်ပျက်တရား မြဲစွာပွားနေ။
။ အေးမြမြ နေ့ညနေတတ်စေ။

တောင်ကလေးဆရာတော်
(၃.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အားကိုးစရာမရှိလို့ အားမငယ်ပါနှင့်။
။ ပစ်ပယ်ကျောခိုင်းနေလည်း မတုန်လှုပ်ပါနှင့်။
။ လွင့်လွင့်မျောမျော မနေပါနှင့်။
။ အားကိုးရာမဲ့သူ ဖြစ်ပါစေ။
။ စွန့်ပစ်ခံရသူဖြစ်ပါစေ။
။ အထီးကျန််သူဖြစ်ပါစေ။
။ ဘဝကိုငြီးငွေ့ စိတ်မပျက်ပါနှင့်။
။ တွေဝေစိတ်ပျက် မနေနှင့်။
။ စိုးရိမ်ထိတ်လန့် မနေနှင့်။
။ အရာရာတိုင်းကို ရင်ဆိုင်ရဲပါစေ။
။ ဘဝကို စွဲလမ်း မခံစားပါနှင့်။
။ အရာခပ်သိမ်း အချည်းးနှီးသည်သာ။
။ ကြုံလာသမျှ ရင်ဆိုင်လိုက်ရုံသာ ရှိပါစေ။

တောင်ကလေးဆရာတော်
(၂.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။


အောင်မြင်ဖို့အတွက် ~~~

။ အဆက်မပြတ်ကြိုးစားရမည်။
။ အချိန်တိုင်း သတိရှိရမည်။
။ ကိုယ်, နှုတ်, စိတ်ဖြစ်သော စင်ကြယ်သောကံရှိရမည်။
။ စူးစမ်းဆင်ခြင် ချင့်ချိန်တတ်ရမည်။
။ အရာရာကို စောင့်စည်းထိန်းသိမ်းတတ်ရမည်။
။ တရားနှင့်အညီ မိမိရဲ့အသက်ကို မွေးမြူရမည်။
။ မမေ့မလျော့အောင် နေတတ်ရမည်။

တောင်ကလေးဆရာတော်
(၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ကိုယ်ခန္ဓာကို စွန့်လွှတ်ရတဲ့အချိန်မှာ ဝမ်းနည်းမိပါသလား။
။ ဘဝကိုယ်ခန္ဓာကို ပြန်မသိနိုင်တာ ဝမ်းနည်းကြေကွဲရပါသလား။
။ ဘဝကြောင့် အမျိုးမျိုးပြောင်းလဲနေကြရတာဟာ နားလည်မယ်ထင်ပါသလား။
။ ဘဝမှာ ထင်သလိုဖြစ်မလာခဲ့ရင် မိမိကိုယ်မိမိ ဘယ်လိုမြင်နေမိပါသလဲ။
။ ပူပန်ရတဲ့အဖြစ်ဟာ ဝိုင်းစက်နေတဲ့စက်ဝိုင်းလိုပါပဲလေ။
။ အဆက်မပြတ်ဖြစ်နေတဲ့ သည်ခန္ဓာဒုက္ခကို သင်နားလည်ပါသလား။
။ အမြဲမပြတ်ဖြစ်ပျက်ရတဲ့ဘဝလောကကို သင်မြင်နေပြီးသားပါပဲ။
။ သည်နေ့တော့ သင့်အတွက် ကောင်းချီးနေ့ဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၃၀.၆.၂၀၂၂) ရက်နေ့နံနံက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ အချိန်နည်းလာတော့ အချိန်လိုချင်လာ။
။ မရောက်ဖြစ်တော့လည်း အချိန်မပေးနိုင်။
။ သတိရနေလည်း စကားမပြောဖြစ်။
။ သွားချင်မြင်ချင်လည်း အလုပ်မအားလပ်။
။ ပေးချင်ကမ်းချင်လည်း ကိုယ်တိုင်မရောက်နိုင်။
။ အားပေးချင်ပေမယ့် ပြန်ပြီးမမြင်ကြ။
။ အကြောင်းကြားပေမယ့် ကိုယ်တိုင်မကူညီနိုင်။
။ မေတ္တာရှိပေမယ့် ဘဝတစ်ခုဆီခြား။
။ ကူညီချင်ပေမယ့် အခွင့်အလမ်းမသာ။
။ အတူနေပေမယ့် ရင်တွင်း၌မအေးရ။
။ အဲဒီတော့ နေတတ်သလိုသာ နေတတ်စေ။

တောင်ကလေးဆရာတော်
( ၂၉.၆.၂၀၂၂) ရက်နေ့နံနက်။)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး